Sunday, April 22, 2012

ကာလာစုံညီ လွတ်တော်အတွင်းဆီ...




အချိန်အခါနဲ့ အခြေနေကို စောင့်ကြည့်နေကြတဲ့ ပြည်သူများနဲ့ အခြားခြားသော တိုင်းပြည်တွေမှ မျက်လုံးတွေက လွတ်တော်အတွင်းရှိတဲအတိုင်း ဖြစ်ရပ်တွေကို နေ့စဉ်စောင့်ကြည့်လို့ သတင်းယူသူလည်း ယူကြ စသည် စိတ်ဝင်စားစရာတွေ အများကြီး ဖြစ်နေပါပြီး..။ အဲဒီလို ဖြစ်နေတဲ့ အချိန်အခါမှာ အီးယူစသည် နိုင်ငံများမှာလည်း စိတ်ဝင်စားကြပါတယ်..။ ဒီတော့ ဘာတွေ ဆက်လုပ်ကြမလဲ..။ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ဆိုတာ ခေါင်းဆောင်နဲ့ ပြည်သူ ညီတူညီမျှ စိတ်ထားရှိဖို့ လိုအပ်လာပါတယ်..။


ထို့အပြင် ခေါင်းဆောင်ကြီးပဲ ကောင်းပြီး ကျန်တာ မကောင်းရင်လည်း အဆင်မပြေလို၊ ပြည်သူကောင်းပြီး ခေါင်းဆောင် မကောင်းပြန်ရင်လည်း မကောင်းပြန်ဘူး...။ ပြည်သူနဲ့ ခေါင်းဆောင် ဟန်ချက်ညီအောင် လက်တွဲလို့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်ဆီသို့ ချီတက်လို့ သွားကြရင် အကောင်းဆုံးပေါ့..။

လက်ရှိအခြေအနေအရဆိုရင် ခေတ်မှီသော လမ်းသစ်ပေါ်ကို စတင်ခြေလှမ်းဖို့ ပြင်နေတုန်း ခေါင်းဆောင်တွေ အနေနဲ့ သူက ကောင်းတယ် ဟိုတယောက်ကတော့ မကောင်းဘူး စသည့် သံသယတွေ ခဏဖျောက်ထားပြီး တူညီသော လွတ်လပ်သော ရိုးသားသော ဖြောင့်မတ်သော ပြည်သူ့စိတ်ထားကို လေးစားသော ပြည်သူ့အကျိုးကို လိုလားသော နိုင်ငံချစ်သော ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်မှာ တိုးတက်ဖို့ လုပ်ဆောင်ဖို့တာ လိုအပ်ပါတယ်..။ ဒီလို တိုးတက်မှုတွေကို လုပ်ဆောင်တယ်ဆိုတာလည်း ပြည်သူ့အတွက်တာ ဖြစ်ဖို့ပါ..။

 ထို့အပြင်...တိုးတက် ပြောင်းလဲလာနေသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ အရှိန် ရလာသည်နှင့် အမျှ ချမှတ်ထားသော ရည်ရွယ်ချက်များကိုထိရောက် အောင်မြင်နိုင်ရေး နေပြည်တော် အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေပြီဟု သတင်းရရှိသည်။နေပြည်တော်အစိုးရနှင့် နီးစပ်သူများက ဝန်ကြီး ၃၇ ဦး ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို လာမည့် ရက်သတ္တပတ်များအတွင်း သမ္မတအနေဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ရာ နီးစပ်ရာ “ပြုပြင်ပြောင်းလဲလိုသူ” များနှင့် အကျိုးအပြစ်တို့ကို တိုင်ပင်နေကြောင်း သိရသည်။ ၄င်းတို့က “ခေါင်းမာသူ” များသည် “တာဝန်ပြောင်းခံရ” သို့မဟုတ် “တာဝန်လျှော့ချခံရ” နိုင်ကြောင်းလည်း ဆိုသည်။

လန်ဒန်ထုတ် ဖိုင်နန်ရှယ်တိုင်းမ် (Financial Times – FT) သတင်းစာ အွန်လိုင်း သတင်းတပုဒ်တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်နိုင်သွားခြင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု တဝက်တပျက်သာ လျှော့ချခြင်းတို့ကြောင့် “ခေါင်းမာသူ” များအကြား လက်ရှိပြုပြင်ပြောင်းလဲရေးကို သံသယများ တိုးလာနေသောကြောင့် အစိုးရအဖွဲ့တွင်းနှင့် လွှတ်တော်တွင်းတွင် အာဏာလွန်ဆွဲလာရသည်ဟု ရေးသားထားသည်။

“ဖြစ်ခဲ့တဲ့ ဖြစ်ထွန်းမှုတွေနောက်မှာ အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အချိန်ကောင်းပါ” ဟု နေပြည်တော်အစိုးရနှင့် နီးစပ်သူတဦးက FT ကိုပြောထားသည်။ “အခုဆို စိန်ခေါ်မှုအသစ်တွေက ဘယ်မှာလိုနေသလဲ၊ ပိုထက်တဲ့ ပိုအားကောင်းတဲ့သူတွေ ဘယ်မှာလိုနေသလဲ စသဖြင့် ပိုရှင်းလာနေပါတယ်။ ဘယ်သူဘယ်ဝါကို ချန်ထားရစ်မယ်၊ ဘယ်တာဝန်တွေ ဘယ်သူ့ပေးမယ် ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟုလည်း ဆက်လက်ပြောသည်။

အစိုးရနှင့်နီးစပ်သူ တခြားတဦးကလည်း ပြုပြင်ပြောင်းလဲရေး ရှေ့ဆက် အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ “ချိန်ခွင်လျှာသစ်” ဖြစ်ကြောင်း ဆိုသည်။

၎င်းက “အကြီးဆုံးစိန်ခေါ်မှုက ဒီချိန်ခွင်လျှာသစ်ကို ဘယ်လိုတည်ဆောက်မလဲ။ ဒီသုံးဦးဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဘက်က ခေါင်းမာသူတွေရဲ့ ထိုးနှက်ချက်တွေကို တန်ပြန်ဖို့ အင်အားကောင်းရမယ်။ ဒီပုံစံနဲ့ အလုပ်ဖြစ်မှာပါ” ဟု ဆိုသည်။

လူအများက “ခေါင်းမာသူ” များစာရင်းတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ကို ထိပ်ဆုံးတွင် နေရာပေးကြသည်။

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ ဧပြီလ ၁၂ ရက်နေ့က ရေးသားခဲ့သော “လူမှန်နေရာမှန်” ဆောင်းပါးတွင် “ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ စီမံကိုင်တွယ်မှုတွေမှာ အရည်အချင်းရောရှိရဲ့လား၊ အလုပ်ရော တကယ်လုပ် နိုင်ရဲ့လား၊ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်” ဟု တိုက်တွန်း ရေးသားခဲ့သည်။

“သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တနှစ်ကျော်တဲ့အထိ အလုပ်မဖြစ်ဘူး၊ အရင် စစ်အစိုးရတုန်းက လိုပဲ အမူအကျင့် မပြောင်းဘူး၊ နေရာမှန်မှာ ရှိနေတာ မဟုတ်ဘူးဆိုရင်တော့ သမ္မတ ဦးသိန်းစိန် အစိုးရက သင့်တော်တဲ့လူတွေ၊ အရည်အချင်း ရှိသူတွေနဲ့ ရဲရဲဝံ့ဝံ့ အစားထိုးပါလို့ တိုက်တွန်းပါရစေ” ဟုလည်း ရေးသားထားသည်။


By: Sandar Maw and တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...