Sunday, April 22, 2012

ပြည်သူတွေ ဥပဒေမဲ့ နှိပ်စက်ညှင်းပမ်း အနိုင်ကျင့်ခံရရင် တုန့်ပြန်နိုင်ဖို့နဲ့ ကြိုတင်တားဆီးနိုင်ဖို့ အကြံပေးပါရစေ



ပြည်သူတွေ ဥပဒေမဲ့ နှိပ်စက်ညှင်းပမ်း အနိုင်ကျင့်ခံရရင် 
တုန့်ပြန်နိုင်ဖို့နဲ့ ကြိုတင်တားဆီးနိုင်ဖို့ အကြံပေးပါရစေ

ပထမဦးဆုံးကတော့ ဥပဒေမဲ့ နှိပ်စက်ညှင်းပမ်း အနိုင်ကျင့်တာ ခံရတာနဲ့ ချက်ချင်းဆိုသလို ရပ်ကွက်လူထုနဲ့ အတူ (သို့) ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေနဲ့အတူ သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်တိုင်ကြားပြီး အမှု ဖွင့်စေဖို့၊ ပြီးတော့ လိုအပ်သလို ဆေးဝါးကုသမှုကို ခံယူဖို့ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ရဲနဲ့ တရားရေး ဝန်ထမ်းတွေက ဥပဒေ ဘက်တော်သားတွေ ဖြစ်ကြတဲ့အတိုင်း လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေး သွားကြမှာ ဖြစ်ပါတယ်။


နှိပ်စက်ညှင်းပမ်းခံရရင် ဆေးဝါးကုသမှု ခံယူဖို့ သိပ်လိုအပ်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ မမြင်ရတဲ့ ဦးနှောက်နဲ့ ကိုယ်တွင်းဒဏ်ရာတွေ ရနေတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြောက်ခြားမှုတွေလည်း ရှိနေ တတ်ပါတယ်။ ဥပဒေကြောင်းအရ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာ၊ ဆေးမှတ်တမ်းလည်း ရှိထား ရပါမယ်။

တရားဥပဒေ စိုးမိုးရေးက အမှန်တကယ် ရှိနေတယ်ဆိုရင် ဒီလိုဥပဒေမဲ့ အနိုင်ကျင့်မှုမျိုးတွေကို ချက်ချင်း အရေးယူ အပြစ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးက အားမကောင်း သေးပါဘူး။ ဥပဒေဘက်တော်သားတွေဖြစ်တဲ့ ရဲနဲ့ တရားရေးဝန်ထမ်းတွေ ကိုယ်တိုင်က အကြောင်း အမျိုး မျိုးကြောင့် ဥပဒေကို လစ်လျူရှုနေကြတာကို ခနခန တွေ့မြင် ကြားသိနေရပါတယ်။

ဒီလိုအချိန်မျိုးမှာ ခံရသူဘက်ကနေပြီး တုန့်ပြန်ရမယ့် အနည်းဆုံး နည်းလမ်းကောင်း ၃ ခု ရှိနိုင်ပါတယ်။

(၁) မီဒီယာက လူသိရှင်ကြားဖြစ်အောင် သတင်းဖြန့်ချိပေးဖို့ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုက နိုးကြားလာပြီး အစိုးရကို တောင်းဆိုတာတွေ၊ စောဒကတက်တာတွေ လုပ်လာရင် အစိုးရက လူထု လိုလားချက်အတိုင်း တုန့်ပြန်ပေးလာရမှာ ဖြစ်ပါတယ်။

(၂) မှုခင်းဖြစ်ပွားရာဒေသရဲ့ ပြည်သူ့လွှတ်တော်အမတ်က တာဝန်ခံပြီး အရေးယူ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တဦးဟာ သူရဲ့ မဲဆန္ဒနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးရသူဖြစ်လို့ သူ့မှာ တိုက်ရိုက်တာဝန်ရှိနေပါတယ်။

(၃) ဥပဒေမဲ့ပြုမူနေတာတွေကို ကာယကံရှင်ကဖြစ်စေ၊ အခြားကူညီသူ (သို့) ကူညီတဲ့ အဖွဲ့အစည်းတခုခုကဖြစ်စေ နိုင်ငံတော်သမ္မတ၊ တရားရေးချုပ်၊ လွှတ်တော်ရဲ့ ရေးရာကော်မတီ၊ လူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရထံ စတဲ့တနေရာရာ (သို့) အားလုံးကို စာရေးတိုင်ကြားတာ ဖြစ်ပါတယ်။

ဥပဒေမဲ့ အနိုင်ကျင့်မှုတွေကို ဖြစ်လာမှ အရေးယူ အပြစ်ပေးတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် တားဆီးထားတာဟာ အဖက်ဖက်က အကျိုးဖြစ်စေပါတယ်။
  • နှိပ်စက်ညှင်းပမ်းအနိုင်ကျင့်တာ မရှိရင် ဒဏ်ရာ အနာတရ ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။
  • နောက်ဆက်တွဲကိစ္စတွေဖြစ်တဲ့ ဆေးရုံနဲ့ ဆေးပေးခန်းကို သွားရတာတွေ၊ ငွေကြေးကုန်ကျတာတွေ၊ အလုပ်ပျက်ကွက်တာတွေ၊ နလံပြန်ထူနိုင်အောင် အချိန်ပေး ပြုစုစောင့်ရှောက် ဂရုစိုက်ရတာတွေလည်း ရှိမှာ မဟုတ်ပါဘူး။
  • ရာဇဝတ် ကျူးလွန်ချင်သူ အရေအတွက်က သိသိသာသာ လျော့နည်း ကျဆင်းသွားမှာ ဖြစ်သလို ရာဇဝတ်မှုခင်းတွေလည်း အထိုက်အလျောက် နည်းပါးသွားမှာ ဖြစ်ပါတယ်။
  • ရဲစခန်းနဲ့ တရားရုံးတွေမှာလည်း ဝန်ထုပ်ဝန်ပိုး လျော့ကျစေမှာ ဖြစ်ပါတယ်။
  • ရာဇဝတ်မှုခင်းတွေ လျော့နည်းတာနဲ့အမျှ အစိုးရအဖို့ တာဝန်သက်သာပြီး နာမည်ကောင်းလည်း ရစေပါတယ်။
  • အများပြည်သူတွေ စိတ်ချမ်းသာစရာကတော့ ဒီလို ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်တဲ့ သတင်းဆိုးတွေ မကြားရလို့ ထိတ်လန့်ခြောက်ခြားတာ မရှိဘဲ နေနိုင်မှာ ဖြစ်ပါတယ်။

ဒါတွေကြောင့် ကြိုတင်တားဆီးရေးဟာ အကောင်းဆုံး ဖြစ်ပါတယ်။ လုပ်သင့်တဲ့ကိစ္စ ၄ မျိုး အနည်းဆုံး ရှိသင့်ပါတယ်။

(၁) တရားဥပဒေ စိုးမိုးမှု အမှန်တကယ် အပြည့်အဝ ရှိနေရပါမယ်။

(၂) ပြည်သူတွေဟာ မွေးရာပါ လူ့အခွင့်အရေးတွေကို အမြဲတမ်း ခံစားခွင့် ရှိနေတဲ့အတိုင်း ဥပဒေရဲ့ အကာအကွယ်ပေးတာကို အပြည့်အဝ ရရှိနေစေဖို့ စီမံထားဖို့ လိုအပ်ပါတယ်။

(၃) အစိုးရက ဥပဒေဘက်တော်သားတွေဖြစ်တဲ့ ရဲနဲ့ တရားရေးဝန်ထမ်းတွေအပေါ်မှာ လိုအပ်သလို စီမံ ကွပ်ကဲ လမ်းညွှန်ပေးနိုင်ရပါမယ်။ ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်က တာဝန်ပျက်ကွက်နေခဲ့ရင် ဝန်ထမ်းစည်းမျဉ်း အရ ကျောသားရင်သား မခွဲခြားဘဲ အရေးယူ အပြစ်ပေးနိုင်ရမှာလည်း ဖြစ်ပါတယ်။

(၄) ပြည်သူတွေကိုယ်တိုင်ကလည်း ဥပဒေမဲ့ ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်မှုတွေ မကျူးလွန်မိအောင် ထိန်းချုပ်နိုင်စေမယ့် အသိနဲ့ ဆင်ခြင်တုံတရားတွေ ရှိနေကြရပါမယ်။ ဒီအတွက် လူထုပညာပေးရေး အစီအစဉ်ကောင်းတွေ အများကြီး လိုအပ်သလို စာသင်ကျောင်းတွေမှာ ကျောင်းစနေစဉ်ကတည်း လိုက်နာကျင့်သုံးအပ်တဲ့ ပြည်သူ့နီတိတွေကို သင်ကြားပေးနိုင်ရပါမယ်။

တတ်နိုင်ရင်တော့ လူမှုအဖွဲ့အစည်းတွေထဲမှာ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့တွေ၊ အခမဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့တွေ ဖွဲ့စည်းပြီး ကူညီပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ဒိလိုအဖွဲ့အစည်းတွေ ရှိနေတာကိုက ရဲစခန်းတွေ ရှိနေတာမျိုးလို ဥပဒေမဲ့ လုပ်ချင်တာတွေကို ကြိုတင်တားဆီးပေးရာလည်း ရောက်သွားပါတယ်။

လွင်အောင်စိုး
၂၂-၄-၂ဝ၁၂
http://www.facebook.com/notes/lwin-aung-soe/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC-%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%99%E1%80%B2%E1%80%B7-%E1%82%8F%E1%80%BD%E1%80%AD%E1%80%95%E1%80%B9%E1%80%85%E1%80%80%E1%80%B9%E1%80%8A%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%99%E1%80%B9%E1%80%B8-%E1%80%A1%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7%E1%80%81%E1%80%B6%E1%80%9B%E1%80%9B%E1%80%84%E1%80%B9-%E1%80%90%E1%80%AF%E1%80%94%E1%80%B9%E1%82%94%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%82%94%E1%80%94%E1%80%B2%E1%82%94-%E1%82%80%E1%80%80%E1%80%AD%E1%80%B3/404260856260528

ဆက်စပ်သတင်း - အငြိမ်းစားမြို့နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း



No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...