Monday, April 16, 2012

Myanmar's Happy New Year 1374 နှစ်ဆန်း အထူး နှစ်သစ်ကူး


Myanmar's Happy New Year 1374 နှစ်ဆန်း အထူး နှစ်သစ်ကူးကို ကြိုဆိုသော အနေအားဖြင့် နှစ်ဟောင်းက မကောင်းသော စနစ်ဟောင်းတွေ မကောင်းမှုတွေကို စွန့်လွတ်လို့ ဆေးကြောပြီ ကောင်းမှု ကုသိုလ်တည်းဟူသော အတာရေစင်နဲ့ ဖြန်းပတ်ကာ ကောင်းကျိုးတွေကို သယ်ဆောင်လို့ ပျော်ရွှင်မှုတွေ ကိုယ်စီကိုယ်စီ မိသားစုတွေမှာ ပိုင်ဆိုင် ရရှိပါစေလို့ ရှေးဦးပဏာမ နှုတ်ခွန်းချိုသာစွာဖြင့် ပြောပါရစေ။




နွေဂိမှန် ရွက်ဝါခြွေကျ ရွက်သစ်လှပစွာ တက်နေတဲ့ ဒီလို အတာသဘင် သင်္ကြန်ပွဲတော်မှာ ကောင်းတာ တွေလည်း ရှိသလို မကောင်းတာတွေလည်း ရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူဆိုသော သဘောတရားက မကောင်းတာကို စတင်မြင်တတ်နဲ့ အမျိုးဖြစ်လို့ အဲဒီ မကောင်းတာကို ပြင်ဆင်စေချင် တာလည်း သက်ရောက်သဖြင့် မကောင်းတာက ကောင်းရာကို ပို့ဆောင်ပေးတတ်တာ အမှန်ပါ။

စာရေးသူလည်း ထိုနည်းတူစွာ အတာသဘင်အခါတော်အတွင်း သတင်းတွေကို ကြည့်လိုက်တိုင် ကြည့် လိုက်တိုင်း မကောင်းတာက စတွေ့သဖြင့် သူတို့ကို အပြစ်မြင်မိပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် သတင်းမှာပါလာတဲ့ ဓာတ်ပုံတွေ စာတွေကို ကြည့်ပြီ စာ အချို့ကိုလည်း ရေးခဲ့ပါတယ်။ အဲဒါတွေကလည်း အကောင်းကို ရောက်စေချင်သည့် သဘောဖြစ်ပါသည်။ သို့သော် တခါတရံ ကိုယ်တိုင်လည်း ပုထုဇဉ် လူသားပေမဲ့မို့ ဒေါသ စသည် သဘောတွေ ဖြစ်မိပါတယ်။

ထို့အပြင် မြင်သည့်အတိုင်း မော်ဒန်ကဗျာနဲ့ စပ်မိစပ်ရာ ကဗျာတွေကိုလည်း တိုက်ရိုက်ရေးစပ်လို့ ပြန်လည် တင်ပြခဲ့ပါတယ်။ နောက်ပိုင်းတော့ ခေတ်ကာလာအတိုင်း စီးဆင်းနေတဲ့ လူငယ်တွေရဲ့ လွတ်လပ်မှု၊ အားလပ်ရက်၊ အခွင့်ရေးတွေကို ကြည့်ပြီ သူတို့ ပင်ပန်းမှုတွေကို လွတ်လပ်စွာ ပျော်မြူးနေကြပါလား၊ သူတို့ ပျော်ရွှင်မှုတွေက ကာယိနြေ္ဒ ပျက်ပြားနေပါလား စသည်တို့ကို တွေးတောမိပြန်တော့ စိတ်မကောင်း ဖြစ်ရ ပြန်တယ်။ သူတို့ အခွင့်ရေးတွေလည်း တစ်နှစ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်တာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် ရတာဖြစ်လို့ ဒီလိုဖြစ်တာပဲ ဆိုပြီ စာရေးသူလည်း စိတ်ဖြေဆေးတစ်ခွက် သတင်း ဖတ်ပြီတိုင်း ဖတ်ပြီးတိုင်း ဖြစ်ရပါတယ်။

ဘာပဲဖြစ်ဖြစ်လေ ဒီနေ့တော့ နှစ်သစ်ကူးသော နှစ်ဆန်း တစ်ရက်ပါ။ သူတို့လေးတွေ မောပန်းစွာ ကစားခဲ့ တဲ့ အတာသင်္ကြန်က သူတို့လေးတွေကို နှုတ်ဆက် ထွက်ခွာသွားပါပြီ။ ကျန်ရစ်နေတဲ့ သူတို့လေးတွေ ဘဝ အတွက် အကောင်းဆုံး ဘာတွေလုပ်ကြမလဲ ဆိုတာ သူတို့ ရင်တွင်းက ဆန္ဒတွေ၊ ပေါ့ပါးနေတဲ့ စိတ်ဓာတ် တွေ၊ တစ်နှစ်လုံး ပင်ပန်းမှု အပန်းဖြေခဲ့ပြီတဲ့ အတာသင်္ကြန်က ပျော်ရွှင်မှုတွေ စသည်တို့က သူတို့အတွက် ပြန်လည် လန်းဆန်းစေတဲ့ လွတ်လပ်မှုတစ်ခုဖြစ်လာပါတယ်။

မကြာမှီ ကိုယ်စီ လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်တော့မည့် သူတို့တတွေ ဒီလို နှစ်ဆန်း တစ်ရက်နေ့မှာ အရင်ပြုပြီတဲ့ မကောင်းမှု အကုသိုလ်၊ ပြုလုပ်ပြီဆဲ မကောင်းမှု အကုသိုလ်၊ ပြုလုပ်တော့မလို့ ကြံဆနေဆဲ မကောင်းမှု အကုသိုလ်တွေကို ဆေးကြောလို့ ကောင်းမှု ကုသိုလ်တွေ နှစ်သစ်ကူးသော နှစ်ဆန်း တစ်ရက်မှ နောက်နှစ်သစ်ကူးသည့်အထိ ဆီး နှင်း မြူ တိမ် သူရိန် မီးခို ကင်းစင်သော လပြည့်ည လမင်းကြီးလို အေး ချမ်း သာယာစွာဖြင့် ကောင်းကျိုးတွေ ဝေဆာစွာ ငြိမ်းချမ်းသော အနာဂတ် ကိုယ်စီ ပန်းတိုင်ဆီသို့ တက် လှမ်းနိုင်အောင် လုပ်ဆောင်ကြမည်လို့ ယူဆမိပါတယ်။

ဒီလိုနဲ့ တစ်နှစ်တာ စိတ်သောက အဖြာဖြာတို့ ဆေးကြော သန့်စင်ခဲ့ပြီးလို့ လွတ်လပ်သော အတာသင်္ကြန် ကိုလည်း အောင်မြင်စွာ ပျော်ရွှင်မြူးခဲ့ပြီးပါပြီ။ နှစ်သစ်ကူး အတာတံခူး ပိတောက်တွေလည်း အချိန်အခါထူး လို့ ပွင့်ဖူးခဲ့ပါပြီ။ Myanmar's Happy New Year 1374 မြန်မာ့အတာသင်္ကြန်က အေးချမ်းသော နှစ်သစ် ကူးမှာ ငြိမ်းချမ်းရေး နှစ်ဆန်း တစ်ရက် အထူးနေ့ကို အောင်မြင်စွာ ရောက်ခဲ့ပါပြီ။

ထို့အတွက်ကြောင့် နှစ်ဆန်း တစ်ရက်မှာ မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား၊ လုပ်ငန်းတိုင်းမှာ အားတက်ပါ၊ မှတ်ပါ အကျင့်တရား။ ဆိုသည့်အတိုင်း ဘဝတက်လမ်း အောင်မြင်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ မေတ္တာ စိတ်ထားဖြင့် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
 
 
May you be happy, healthy, wealthy, and getting the greatest achievement of life as a wholesome deed associated with peace and tranquility.
May you be free from suffering, sorrow, lamentation, painful, greed, anger, hatred and all kinds of hindrances to attain the realization of Nibbana in this very life. 


တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...