Thursday, April 26, 2012

NLD လွှတ်တော်တွင်းဝင်ရောက်လျှင် ကျမ်းသစ္စာကျိမ်ဆိုမည် Respect & Defence ဥပဒေဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်း

ဦးအံ့ဘုန်းမြတ် (ဒီမိုကရက်တစ် မြန်မာ့အသံ)

NLD လွှတ်တော်တွင်းဝင်ရောက်လျှင် ကျမ်းသစ္စာကျိမ်ဆိုမည် Respect & Defence ဥပဒေဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနိုင်ရလွှတ်တော်ကိုယ်စာလှယ်တွေ လွှတ်တော်တက်ဖို့ရာအတွက် ဥပဒေဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်မှာ ဘယ်လိုများဆွေးနွေးမှုတွေ ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ် မြန်မာ့အသံမှ ဦးအံ့ဘုန်းမြတ်မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။



ဦးဘုန်းမြင့်အောင် (အမျိုးသားလွှတ်တော် ကိုယ်စာလှယ်) ဒီမိုကရေစီ ပါတီသစ်



* ဦးဘုန်းမြင့်အောင်ခင်ဗျ၊ အခုပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စာလှယ်တွေ လွှတ်တော်တက်ရောက်ဖို့ရာအတွက် ဥပဒေဆိုင်ရာ အခက်အခဲ ဖြစ်နေတယ်ဆိုပြီးတော့ သိရပါတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်မှာဆိုရင် ဘယ်လိုအခြေအနေမျိုးတွေရှိနေလဲပေါ့နော်၊ အန်ကယ်တို့ဘက်ကရော ဒီဟာနဲ့ပတ်သက်ပြီးတော့ အဆိုတွေပါတွေ၊ ဒီမိုကရက်တစ် အင်အားစုထဲကရော သွင်းဖို့ရော ရှိပါသလား  သိချင်ပါတယ်ခင်ဗျ

- ပထမဆုံးပေါ့နော်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်ကြည်က ဒီနိုင်ငံရေးပါတီနဲ့ပတ်သက်လို့ ဥပဒေအတည်ပြုပေးဖို့ဆိုပြီးတော့ တင်ပြလာတယ်။ တင်ပြတဲ့အချိန်မှာ အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်တင်ပြတဲ့အချက်တွေကို အလွယ်တကူလက်ခံလိုက်တယ်။ ပြောရရင် အဲဒီဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ ကိုယ်စာလှယ်တွေတောင်မရှိပဲနဲ့ အမျိုးသားလွှတ်တော် တစ်ရပ်လုံးကနေပြီးတော့ ဦးအောင်ကြည် လိုချင်တဲ့အချက်တွေကို လက်ခံပေးလိုက်တယ်။ တစ်အချက်ကတော့ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်တယ်၊ နှစ်အချက်ကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လေးစားလိုက်နာရေးဆိုတဲ့ အချက်ပါတယ်။ အဲ့ဒီနှစ်ချက်လုံးကို အတည်ပြုပေးလိုက်တယ်။ အသေးစိတ်ကျတော့ အမျိုးသားလွှတ်တော် ဒုတိယအကြိမ်မှတ်တမ်းတွေ ထွက်လာရင်တွေ့ရလိမ့်မယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်က ဆွေးနွေးတဲ့သူမရှိပဲနဲ့ တပ်မတော်သား ကိုယ်စာလှယ်များ အပါအဝင်အာလုံးက လက်ခံပေးတဲ့ အချက်ကို ပြည်သူ့လွှတ်တော်ကို ပေးလိုက်တယ်။ ပြည်သူ့လွှတ်တော်ကလည်း အလွယ်တကူပဲ လက်ခံလိုက်တယ်၊ ဆွေးနွေးတယ်တို့ ဘာတို့အသံမကြားဘူးပေါ့နော်။ အဲဒီနောက်ပိုင်း NLD က မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်တာအသိပဲ၊ ရွေးကောက်ပွဲဝင်ပြီးတော့မှ ဒီအချိန်ကျမှ ဒီအချက်လက်ကို ပြန်ပြီးတော့ပြောတယ်။ အဲဒီတုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုပဲ လွှတ်တော်က ပြင်ပေးလိုက်တာ၊ အဲဒီ ဥပဒေတွေကျတော့ ပြင်ရတာလွယ်တယ်၊ လွယ်တော့လည်း အလွယ်ပဲ ပြင်ပေးလိုက်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကျတော့ သူ့ Procedure ကျတော့ ဒီလို အလွယ်တကူပြင်ပေးလို့မရဘူးပေါ့၊ ၂၀% က Proposal   လုပ်ပေးရမယ်။ နောက်အဆင့်ဆင့် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်ပေါ့။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့ ပုံစံမျိုးနဲ့ မပြင်တော့ ရွေးကောက်ပွဲကော်မရှင် ရုံးကနေပြီးတော့ ထောက်တာပေါ့၊ ကော်မရှင်ကထောက်တာက မှန်တယ်။  ကိုယ်က အဲဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်တဲ့ပုံစံနဲ့ ပြင်ပြီးမှဘဲ ကော်မရှင်က လက်ခံလို့ရမှာပေါ့နော်။

အဲဒီတော့ ခုချိန်ကျမှ ရှေ့ကခရီးရောက်နေပြီးတော့ ကိုယ်လုပ်ခဲ့လို့ကျန်တဲ့ကိစကို ပြန်ပြီးတော့ ကောက်ရတဲ့ သဘောဖြစ်နေတာပေါ့နော်။ ကျွန်တော်ပြောတယ် ဥပဒေကြမ်းကော်မတီကို ခင်ဗျာတို့ ဘာဖြစ်လို့ အဲဒီတုန်းက မစစ်တာလဲ အဲဒီအချက်နှစ်ချက်ကို၊ ကျွန်တော်တို့ အလွယ်တကူ ပြင်တဲ့အချက်နှစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ ဘာလို့မထောက်လဲဆိုတော့ သူတို့လဲဝန်ခံတယ်၊ လက်ခံတယ်၊ အဲဒီတော့ ကျွန်တော်တို့လို သာမာန်ဥပဒေပညာရှင်မဟုတ်တဲ့ ကိုယ်စာလှယ်တွေကလည်း ခင်ဗျားတို့မှာမှ မသိတာ၊ ကျုပ်တို့က ဘယ်လိုသိမလဲပေါ့နော်၊ အဲလိုပဲ ကျွန်တော်က ဆင်ခြင်ပေးတဲ့သဘောပေါ့၊ ပြောမယ်ဆိုတော့ ကျွန်တော့်မှာ တာဝန်ရှိတယ်ပေါ့၊ ကျွန်တော်တို့ ကိုယ်စာလှယ်တိုင်းမှာ တာဝန်ရှိတယ်ပေါ့နော်၊ ဒါပေမယ့် ကိုယ်ကတော့ ဥပဒေပညာရှင်တွေမှ မမြင်တဲ့အချက်ကို ကျွန်တော်လည်း ဘယ်လိုလုပ်မြင်မလဲလို့ဆိုတဲ့ အချက်ပဲ ကျွန်တော်လည်း အဲ့လိုပဲ ဆင်ခြင်ပေးတဲ့သဘောပါပဲ။ ခုချိန်ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုက်ရိုက် သက်ဆိုင်သွားပြီဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့ Method နဲ့ပဲ ပြင်ရမှာပေါ့နော်။ အားလုံး ပေါ့ပေါ့လျော့လျော့ အလွယ်တကူလုပ်လာတဲ့ ကိစ္စက ခုကျမှ ပြန်ပြီး ပြောစရာထောက်စရာဖြစ်လာတဲ့အချက်ပါဘဲ။


* ဦးဖုန်းမြင့်အောင်တို့အနေနဲ့ဆိုရင် ဒီလိုဖြစ်နေတဲ့ ပြဿနာကိစ္စရပ်အတွက်ရော ဒီအဆိုပြုတာတို့ မေးခွန်းမေးမြန်းတာတို့ ဒီလွှတ်တော်အစည်းအဝေး အတောအတွင်းမှာ လုပ်ဆောင်ဖို့များ ရှိမလားခင်ဗျ

- ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဦးသိန်းညိုက မနေ့ကပြောပါတယ်။ သူက NLD မှာ CEC နဲ့လုပ်ခဲ့တာ။ သူက ဥပဒေပိုင်နဲ့ပတ်သက်လို့ အတိုင်ပင်ခံ ဥပဒေပညာဘက်ပိုင်းက လုပ်ခဲ့တာပေါ့နော်။ အဲ့တော့ ဒီကိစ္စကို သူက ဦးဆောင်ပြီး လုပ်မယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေပညာရှင်များ မဟုတ်တဲ့အတွက် ကိုယ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေပြင်တဲ့အပိုင်းမှာ ကိုယ်က ထောက်ခံပြီးသားပါ။ ဥပဒေနဲ့ပဲလား ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လုပ်ရမယ့် အပိုင်းတွေကျရင်တော့ တကယ့် ဥပဒေပညာရှင်တွေရဲ့ နောက်ကနေ ကျွန်တော်လိုက်မှာပါ။

* ဒီနေ့ပေါ့နော်  ကျွန်တော်တို့ သိရတာက နိုင်ငံတကာ ဖွဲ့စည်းပုံအခြခံဥပေဒေမှာဆိုရင်လည်း ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အသုံးအနှုံးနဲ့ လွတ်တော်ကိုယ်စာလှယ်တွေက ကျမ်းသစ္စာကျိမ်ရတယ်ပေါ့နော်၊ သာမာန်ပြည်တွေအနေနဲ့ဆို လေးစားလိုက်နာရုံနဲ့တင် ရတယ်ပေါ့နော်။ လွှတ်တော်ကိုယ်စာလှယ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဖြစ်နေတဲ့အတွက် ပြင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ဆန့်ကျင်ဖက်အမြင်တွေလည်း ရှိပါတယ်ဗျ၊ ဦးဘုန်းမြင့်အောင်တို့ ဒီမိုကရက်တစ်အင်အာစုအနေနဲ့ရော ဘယ်လိုအမြင်ရှိပါသလဲခင်ဗျ။

- ကျွန်တော်တို့ကတော့ ပထမဦးဆုံး ဦးအောင်ကြည်ယူလာတုန်းကတော့ အလွယ်တကူ လက်ခံပြီးသားပေါ့နော်။ ခုချိန်ကျမှ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စကို ရှေ့ကတစ်မျိုးနောက်ကတစ်မျိုး ကိုယ်လည်း မျက်နှာပူပါတယ်။  ဒါပေမယ့် ဥပဒေနဲ့ပတ်သက်လို့ အသုံးနှုံး စကားလုံး ၏သည်မရွေး အဓိပယ်ဖွင့်ဖို့ကလည်း ကျွန်တော့်မှာလည်း ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်ယူမှာပါ။ ဒါပေမယ့် ဒီကိစ္စက ခုချိန်ကျမှ ပြန်ပြီး နောက်ကြောင်းပြန်တာမဟုတ်ပါဘူး။ ပထမရှေ့ပိုင်းမှာ လွှတ်တော်နှစ်ရပ်လုံးရော ဦးအောင်ကြည်ဘက်ကရော ဥပဒေကော်မတီကိစ္စတွေကို အလွယ်တကူလုပ်ခဲ့တဲ့ ကိစ္စတစ်ခုက အားနည်းချက်ပေါ်လာတာပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။



ဒေါက်တာ ဦးခင်ရွှေ (အမျိုးသားလွှတ်တော်ကိုယ်စာလှယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

 

* ဒီကနေ့စတင်ပြီးတော့ ပြန်လည်ကျင်းပပြုလုပ်နေတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရလွှတ်တော်ကိုယ်စာလှယ်များက ဖွဲ့စည်းပုံကျမ်းသစ္စာ ကျိမ်ဆိုရေးအပိုင်းမှာ စကားလုံးအသုံးနှုံးကွဲလွဲချက်အချို့ကြောင့်မို့ တင်ပြတောင်းဆိုထားပေမယ့်လည်း အချိန်မှီပြင်ဆင်နိုင်တာမျိုး မရှိတဲ့အတွက် အမျိုးသားလွှတ်တော်အစည်းအဝေးပွဲကို တက်ရောက်မလာတာ တွေ့ရပါတယ်။ ဒီလို အခြေအနေဖြစ်နေတာကြောင့် လွှတ်တော်ထဲမှာ ဘယ်လို အကြောင်းကြောင်းတွေကြောင့် ပြင်ဆင်နိုင်တာလဲ၊ မပြင်ဆင်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဦးခင်ရွှေကို မေးမြန်းကြည့်မှာ ဖြစ်ပါတယ်။

- အဓိက ဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က Respect ဆိုတဲ့ စကားပေါ့လေ၊ အင်္ဂလိပ်လိုပြောရင်တော့ လွယ်တာပေါ့။ တကယ်တမ်း ကျမ်းသစ္စာကျိမ်တာက Defend ဆိုတာကို ကျိမ်တာပေါ့ ကာကွယ်စောင့်ရှောက်ပါမည်။ ဟိုက  လေးစားပါမည်။

နိုင်ငံတိုင်းကို ပြန်ကြည့်လိုက်ရင် အမေရိကန်မှာကိုက ပြောထားတာ ရှိတယ် I will Supposed to Defend of the Consultation. အဲဒီလို လာပြီးမှ ကိုယ်စာလှယ်ဖြစ်တာကိုး။ ကိုယ်စာလှယ်မဖြစ်တဲ့ ပြည်သူတစ်ယောက်က respect ပဲထားတယ်။ ကိုယ်စာလှယ်ဖြစ်ပြီးရင်တော့ Defend လုပ်ရတယ်။ ထိုနည်းလည်းကောင်းပဲ ဂျာမဏီဆိုလည်း ဒီတိုင်းပဲ Defend of the Basic Law. ဆိုပြီးတော့ အဲဒီတော့မှ ကျမ်းသစ္စာ ကျိမ်ရတယ်။ ထိုနည်းလည်းကောင်းပဲ ဂျပန်မှာဆိုလည်း I will protect of the Defense of national charter ဆိုပြီးတော့ ကတိသစ္စာဆိုရတယ်။ ထိုနည်းလည်းကောင်းပဲ ဂရိမှာလည်း ဒီတိုင်ပဲ၊ အိန္ဒိယမှာဆိုလည်း will to the Best of the Ability of the Protect of the Defend ဆိုပြီးတော့ Defend ကိုပဲ အဓိက သစ္စာဆိုရတာ။ အထူးသဖြင့် ဖိလစ်ပိုင်မှာလည်း ဒီတိုင်ပဲ Defense of the Constitution ဆိုတာကို သစ္စာဆိုတာ အထူးသဖြင့်စင်္ကာပူဆိုလည်း I will preserve, protect, and Defend its Constitution of the Republic of Singapore ဆိုပြီး သစ္စာဆိုပြီးမှ ကိုယ်စာလှယ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် However ပြည်သူတစ်ယောက်အနေနဲ့ပဲ နေမယ်ဆိုရင်တော့ Respect ဆိုတဲ့ စကာလုံးနဲ့ နေလို့ရတယ်။ လွတ်တော်ထဲဝင်မယ်ဆိုရင်တော့ Defense ဆိုတဲ့ စကားလုံးနဲ့ကျမှ ဝင်လို့ရတာ။

* ဟုတ်ကဲ့ခင်ဗျာ နောက်တစ်ချက် သိချင်တာက သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေထဲမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ စကာလုံး အသုံးအနှုံးအစား လေးစားလိုက်နာပါမယ်ဆိုတဲ့ အသုံးအနှုံးကို ပြင်ထားတာရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဥပဒေတရပ်မှာ ဒီအခမ်းကဏ္ဍကို ဒီလိုပြင်ထားပြီးတော့ နောက်အခမ်းကဏ္ဍမှာ ကွဲလွဲနေတဲ့အပေါ်တွေမှာ အန်ကယ်တို့ ကိုယ်စာလှယ်တစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

- ပြင်မယ်ဆိုရင်တော့ ဒီမှာကတော့ ၉၅ ရာခိုင်နှုန်းသော ကိုယ်စာလှယ်တွေက Defense နဲ့ သစ္စာဆိုပြီးရင်ဖြစ်တယ်လေ။ နောက်ထပ် ဝင်လာမှာက ၅ရာခိုင်နှုန်းသော ကိုယ်စာလှယ်တွေပဲ၊ အဲဒီတော့ ၅ရာခိုင်နှုန်းက ဒီထဲမှာဝင်လာပြီးရင် ဒီထဲမှာ သူတို့လိုချင်တာကို Propose လုပ်လို့ရတယ်။ အဲဒီတော့မှ ဒီကိုယ်စာလှယ်တွေက ၁၀၀ ရာခိုင်နှုန်းကိုယ်စာလှယ်တွေက ဝိုင်းဆွေးနွေးကြမယ်။
ပြီးရင် ပြင်သင့်ရင်တော့ ဒီကိုယ်စာလှယ်တွေကပဲ ပြင်ပေးလို့ရတယ်။ တောက်လျှောက်လည်း ပြင်ပေးလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အထဲရောက်လာတာပဲ၊ ဒါပြင်လို့လဲရပါတယ်။ 

Defense ပဲဖြစ်ဖြစ် Respect ပဲဖြစ်ဖြစ် ဥပဒေ တစိတ်တဒေသ လွှဲမှားတယ်ဆိုင်တော့ အားလုံးရဲ့ ညီညွှတ်မှုနဲ့ ပြင်လို့ ရပါတယ်။ အရေးကြီးတာက အထဲဝင်လာဖို့ပဲအရေးကြီးတယ်။ ဝင်လာပြီးမှ ဆွေးနွေးတာအကောင်းဆုံးပဲ။

* ဟုတ်ကဲ၊ ဒီတစ်ကြိမ်လွှတ်တော်အစည်းအဝေးမှာဆိုရင်ရော အန်ကယ်တို့ အဓိကအားဖြင့်ဆိုရင် ဒီလိုမျိုး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အဆိုတင်သွင်းတာတို့ မေးမြန်းတာတို့ ဒါမျိုးတွေ လုပ်ဖို့ အစီအစဉ်များပါဝင်နေသေးလားလို့။

- တချို့လည်း တချို့ပါတီက အဆိုတင်သွင်းဖို့ရှိတယ်၊ အဲဒီအပေါ်မှာလည်း ဆွေးနွေးမှုရှိလိမ့်မယ်။



ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စာလှယ်) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရလွှတ်တော်ကိုယ်စာလှယ်တွေ လွှတ်တော်မတက်ရောက်နိုင်တဲ့အခြေအနေမျိုးတွေဖြစ်နေတဲ့ ဒီဥပဒေမူကြမ်း ဥပဒေစကားရပ်အသုံးအနှုံး ကွာဟမှုတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စာလှယ်တစ်ဦးဖြစ်သလို အစိုးရရဲ့ ကတိကဝတ်နဲ့ အာမခံချက်များ စောင့်ကြည့်လေ့လာရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျ။

* အန်ကယ် ဒေါက်တာအေးမောင်ခင်ဗျ အခုပေါ့နော် ဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စာလှယ်အနေနဲ့ ဘယ်လိုမျိုးများဆောင်ရွက်မယ် စိတ်ကူးထားတာရှိပါသလဲခင်ဗျ။


- ကျွန်တော်တို့ဘက်ကတော့ ညှိုနှိုင်းတုန်းအပိုင်း လိုပါဦးမယ်။ ဘာလို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စပြင်မယ့် ကာလလည်းဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီနဲ့ပတ်သက်လို့ အစကတည်းက ဝင်လာစေချင်တဲ့ ဆန္ဒရှိတာပေါ့။ အဲဒါကြောင့်မို့လည်း ကျွန်တော်တို့က ဒီလွှတ်တော်မှာပဲ စပြီးကာမှ ကျွန်တော်တို့ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်တဲ့ ကော်မရှင် ဥပဒေကို ပြင်ခဲ့ပါတယ်။ အဲဒီမှာလည်း အချက်သုံးချက်ပါတာပေါ့နော်။ အဲဒီမှာ ခဏကပြောကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့အပိုင်းကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အပိုဒ်နဲ့ အစားထိုးနိုင်ခဲ့တာပေါ့နော်။ အဲဒီကာလတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ၁၉၉၀ မှာ အနိုင်ရခဲ့တဲ့ ပါတီတွေ ရှိခဲ့တာပေါ့။ အဲဒီပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာပြီးမှ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဖြစ်ဘူး၊ အဲဒီကာလနောက်ပိုင်းမှာ ဝင်နိုင်အောင်ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့မှာပါ။

အဲဒါကြောင့်လည်း မှတ်ပုံတင်နိုင်အောင် ဝင်ပေါက်ကို ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ တချို့ကိုလည်းပဲ အမျိုးသားလွှတ်တော် ကိုယ်စာလှယ်အတော်များများ သဘောတူညီမှုနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်နိုင်ခဲ့ပါတယ်။ ဆိုတော့က ကျွန်တော်တို့က ပြုပြင်ပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း မှတ်ပုံတင်နိုင်ခဲ့တာပေါ့နော်။ မှတ်ပုံတင်လာနိုင်ခဲ့တဲ့အပိုင်းမှာ Volition  က ပေါ်လာတယ်။ Volition ကိုလည်း တရားမျှတနိုင်အောင် လွတ်လပ်ပြီးတရားမျှတနိုင်အောင် ကြိုးစားပြီး ကျင်းပပေးခဲ့တယ်။ ဒါကို အနိုင်ရလာတဲ့ကာလ နောက်ပိုင်းမှာမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပြင်ဆင်မယ့်အပိုင်းက ဒုတိယအပိုင်းဖြစ်လာ တာပေါ့နော်။ ဒါကို ALITICE ဖြစ်ပြီးကာမှ လွှတ်တော်အမတ်တွေက ကျမ်းကျိမ်ရမယ့် ကတိပြုရမယ့်အချက်ပါ။ ဆိုတော့ ခုနလို ပြန်တွေးကြည့်တဲ့အခါမှာ ပထမမှတ်ပုံတင်နိုင်အောင် ဖွင့်ပေးခဲ့တယ်။ မှတ်ပုံတင်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ပြီးတဲ့နောက်မှာ လွတ်တော်အမတ်အဖြစ် ကျမ်းကျိမ်လွှာမှာ ကျမ်းကျိမ်ရတော့မယ်ဆိုတဲ့ ကဏ္ဍမှာ ကတိသစ္စာပြုတဲ့အပိုင်းပေါ်လာတယ်။

အဲတော့ ကတိကို တာဝန်ကို လွယ်လွယ်မပေးတတ်တဲ့ပုဂ္ဂိုလ်တွေ အထူးသဖြင့် ဆိုးကဲစေမြဲစေပေါ့ဗျာ။ ကတိကို တာဝန်ကို လွယ်လွယ်မပေးဘူး တစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို စိစစ်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒါနဲ့ပတ်သက်လို့ အလေးနက်ထားပါတယ်။ အဲဒါကြောင့်မို့လို့ ကျမ်းကျိမ်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားရဲ့အစား လေးစားလိုက်နာပါမယ် ဆိုတဲ့စကားအရ မူလပါတီတည်ထောင်စဉ်တုန်းကလိုဟာမျိုးနဲ့ အစားသွင်းပေးနိုင်မယ်ဆိုရင် အင်မတန်လည်း အမျှော်အမြင်ကြီးရာကျပါတယ်။ ဖိတ်ခေါ်ရာလည်းကျပါတယ်။

အဲဒါကြောင့် ပြုပြင်နိုင်အောင်လည်း ကြိုးစားမှာပါ။ အမျိုးသားလွှတ်တော်မှ ကြိုးစားလို့ မရဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ အဓိက ဦးတည်တာကဖြင့် အများစုအမတ်တွေကို ရထားတဲ့ USDP ပါတီကပဲ ဦးဆောင်ပြီးကာမှ အမျှော်အမြင်ကြီးစွာနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီးကာမှ ဦးဆောင်ရွက်ပြုပါ။ ကျွန်တော်တို့ကတော့ တိုင်းရင်းသားပါတီက ၁၀၁ ဦးလောက်ပဲရှိပါတယ်။ အမျိုးသားဒီမိုကရေစီ လက်ရှိပုဂ္ဂိုလ်တွေအပါအဝင် ၁၃၀ ကျော်မှပဲ ၂၀ရာခိုင်နှုန်းသော ပုဒ်မ (၄၃၅)နဲ့ပေါ့ဗျာ။ ကျွန်တော်တို့က ပြုပြင်နိုင်ဖို့အတွက် အဆိုပြုနိုင်မှာ ဆိုတော့ USDP မပါလို့တော့မရဘူး။ အဲ့လိုပဲ ၇၅ ရာခိုင်နှုန်းသော လွှတော်အမတ်တွေရဲ့ ထောက်ခံချက်တွေလိုတယ်။ ၄၃၆ (က)အရ (ခ)အရ ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ဟာ ညီညွှတ်ဖို့လိုတယ်။ ဥပဒေတစ်ခုကို ခေတ်ကာလ အချိန်နဲ့လျှော်ညီအောင် ပြုပြင်ချင်တယ် ပြုပြင်ရမယ် ဆိုတဲ့ အပိုင်းရောက်လာလျှင်တောင်မှ ညီညွှတ်မှပဲရမယ်။ ညီညွှတ်တဲ့အခါမှာ ပါတီစွဲမရှိဖို့လိုတယ်။

အဲ့တော့ ပြည့်ခိုင်ဖြိုးပါတီကလည်း ပုဂ္ဂိုလ်တွေကလည်း ပြည်ထောင်စုကောင်းဖို့ ပြုပြင်လိုတဲ့ဆန္ဒရှိလျှင် ကျွန်တော်တို့အတွက် ပိုကောင်းတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီကလည်း ဒီတိုင်းပဲ၊ NLD ကလည်း ဒီတိုင်းပဲဖြစ်မှာပါ။ အဲဒါကြောင့် ကျွန်တော်ထင်တာက ဒါဟာ တစ်ဆို့မှုပြဿနာ မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ်၌က ပြုပြင်ပေးရမယ့် အပိုင်းလို့ပဲ ကျွန်တော် ယူဆပါတယ်။ ဒါမှလည်း တိုင်းပြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ခြေလှမ်းကို စလှမ်းနိုင်မှာပါ။





ဒေါ်နန်းဝါနု (ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ




* ဟုတ်ကဲ့ ဒေါ်နန်းဝါနုခင်ဗျ၊ အခုပေါ့နော် NLD ပါတီ လွှတ်တော်တက်ဖို့ကိစ္စဖြစ်နေတဲ့ အခက်အခဲတွေကို ဥပဒေအပိုင်းအရ လုပ်ထုံးလုပ်နည်းတွေအရ ဘယ်လိုတွေများပြုလုပ်မယ်ဆို အဆင်ပြေနိုင်တာများ ရှိမယ်လို့ထင်ပါသလဲခင်ဗျ။

- ကျမအမြင်နဲ့ပြောရမယ်ဆိုရင်၊ သူက ရွေးကောက်ပွဲမှာလည်း နိုင်လာပြီးပြီ၊ နိုင်လာတဲ့အနေအထားမှာ ကျွန်မတို့က ဖြစ်စေချင်တာက လွှတ်တော်နိုင်ငံရေးဖြစ်စေချင်တယ်။ အဲဒီတော့ သူတို့ကို လွှတ်တော်လာတက်စေချင်တယ်။ အဲဒီတော့ သူတို့ကို လွှတ်တော် လာတက်စေချင်တယ်။ လွှတ်တော်လာတက်ပြီးတော့ ကိုယ်က ပြင်ဆင်သင့်တဲ့ဟာတွေကို ပြင်ဆင်ဖို့ပေါ့နော်။ တချို့က ကျမတို့သည် Constitutions အရ ပြင်ဆင်ရမယ့် ဥပဒေတွေက တချို့က ဘယ်လောက်ရာခိုင်နှုန်းနဲ့ ပြင်ဆင်ရမယ်ဆိုတာတွေပါတယ်။ လွှတ်တော်ကိုယ်စာလှယ်တွေ ကျယ်ကျယ်ပဲတင်ပြီးတော့ ၁၀ရာခိုင်နှုန်းနဲ့တင်ပြီးမှ လုပ်တာတွေရှိတယ်။ ၂၅ရာခိုင်နှုန်းလောက်နဲ့ လုပ်တာတွေရှိတယ်။ နောက်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပြင်ရမယ့် ဥပဒေတွေရှိတယ်။ အဲဒီတော့ ကျမတို့က ဖြစ်နိုင်မယ်ဆိုရင် အပြင်မှာ မဖြစ်စေချင်ဘူး။ အပြင်မှာ မဖြစ်စေချင်ပဲနဲ့ လွှတ်တော်မှာ ကျယ်ကျယ်ပြန်ပြန်ဆွေးနွေးမယ်။ ကျမတို့ရဲ့ တိုင်းရင်းသားတွေအနေနဲ့ ဒါဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ဆွေးနွေးပြီးတော့ ဒီလွှတ်တော်မှာပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့အနေအထားရှိတယ်လို့ ကျမပြောချင်တယ်ဗျ။

* ဟုတ်ကဲ့အမ၊ ဒီမိုကရက်တစ်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အနေနဲ့ပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စာလှယ်တွေ ရောက်ရှိလာမယ့် အခြေအနေမျိုးမှာဆိုရင်ရော် တိုင်းပြည်ရဲ့ ဥပဒေပြဋ္ဌန်းရေးပေါ့ အဲဒီအပိုင်းတွေအတွက် ဆိုရင်ရော် ဘယ်လိုအကျိုးဆက်တွေ၊ ဘယ်လို Effect တွေများ ရှိလာနိုင်မလဲခင်ဗျ။

- ကျမတို့ကတော့ တော်တော်လေးတော့ မျှော်လင့်ထားတာပေါ့နော်။ ဒီလွှတ်တော်အထဲကို ဒေါ်စုတို့ရဲ့ ပါတီကရောက်လာမယ်ဆိုရင် ပိုပြီးတော့ ထင်သာမြင်သာရှိမယ်၊ နောက်ပြီလို့ရှိရင် ဒီအစိုးရပိုင်းကို ပိုပြီးတော့ Check & Balance ကျမတို့က ပိုပြီးတော့ လုပ်နိုင်မယ်ဆိုတဲ့အနေအထားကို မျှော်လင့်ထားတယ်။ အဲဒီမျှော်လင့်ထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရောက်လာတာကိုလည်း ကျမတို့က ကြိုဆိုတယ်။ ကြိုဆိုပြီးတော့ လွှတ်တော်မှာ တူတဲ့ဟာတွေ ပူးပေါင်းပြီးတော့ လုပ်စေချင်တယ်၊ အဲဒီအတွက်ကြောင့် သူတို့က ကျမတို့ လွှတ်တော်ကို ဝင်လာပြီးမှ လွှတ်တော်မှာလည်း ဘယ်လိုမျိုး အခက်အခဲတွေရှိသလဲဆိုတာ လက်တွေ့သိစေချင်တယ်။


ကျမတို့လွှတ်တော်ထဲမှာလည်း အခက်အခဲတွေ ရှိပါတယ်။ အဲဒီလို အပြင်ကနေပဲပြောမယ် အပြင်ကနေပဲ လုပ်နေတဲ့ အနေအထား ဆိုရင်တော့ ကျမတို့ လွှတ်တော်အနေနဲ့က အရှေ့ကို ရွေ့စေဖို့ အခက်အခဲတွေရှိပါတယ်။ အဲဒီအတွက် ကျမတို့ လွှတ်တော်ထဲကို ဝင်လာပါ၊ လွှတ်တော်ထဲဝင်လာပြီးတော့မှ လွှတ်တော်နဲ့ပူးပေါင်းပြီးတော့ ကျမတို့က ဘယ်ဟာပြင်ဆင်ရမယ်၊ ဘယ်ဟာလုပ်ရမယ်ဆိုတဲ့ဟာကို ကျမတို့က ဖြည်းဖြည်းချင်းလုပ်ရမှာ။ ဖြည်းဖြည်းချင်း လုပ်ယူပြီးတော့မှ ကျမတို့က ဒီအစိုးရပိုင်းတွေကို၊ တရားစီရင်ရေးပိုင်းတွေကို Check & Balance လုပ်ပေးနိုင်ပြီးတော့ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေကို အပြည့်အဝ ထမ်းဆောင်နိုင်မယ်ဆိုတာကို ကျမ မျှော်လင့်ပါတယ်ရှင့်။

by Par Par Gyi

on Tuesday, April 24, 2012 at 9:51 pm
Video Link - https://www.facebook.com/photo.php?v=342122592519202

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...