Sunday, April 15, 2012

Titanic နှစ် (၁၀၀) ပြည့် အခမ်းအနားများ ကျင်းပ

 
Titanic နှစ် (၁၀၀) ပြည့် အခမ်းအနားများ ကျင်းပ

လွန်ခဲ့တဲ့ ၂၀ ရာစုက ဗြိတိန်နိုင်ငံ ဆောက်သယ်မ်တန် (Southampton) ဆိပ်ကမ်းမြို့ကနေ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ခုတ်မောင်းလာတဲ့ အဲဒီအချိန်က ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ပင်လယ်ကူး သင်္ဘောကြီး တိုင်တဲနစ် (TITANIC)၊ အတ္တလန္တိတ် သမုဒ္ဒရာထဲ ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြှုပ်ခဲ့တာ ဒီနေ့ ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်နေ့မှာ နှစ်ပေါင်း (၁၀၀) ပြည့်သွားခဲ့ပါပြီ။ ခရီးသည် ၁,၅...၀၀ ကျော် သေဆုံး သွားခဲ့ရတဲ့ အတ္တလန္တိတ် သမုဒ္ဒရာထဲ က နယူးဖောင်လန်ကျွန်း (New Fouland Island) ကနေ မိုင် ၄၀၀ အကွာ တိုင်တဲနစ် သင်္ဘောကြီး နစ်မြှုပ်ခဲ့ရာနေရာကို ဒီကနေ့ ဧပြီ ၁၅ ရက်နေ့မှာ ကျန်ရစ်သူမိသားစုတွေရဲ့ လက်ရှိမျိုးဆက်တွေက ဘားလ်မော်ရယ်လ် (Balmoral) သင်္ဘောကြီးနဲ့ သွားရောက်ပြီး ရေထဲကို လွမ်းသူ့ပန်းခွေတွေ ပန်းစည်း တွေကြဲချတာနဲ့ ကွယ်လွန်ခဲ့သူတွေရဲ့ နံမည်တွေကို တစ်ဦးချင်းအလိုက် ရွတ်ဆိုပေးပြီး တစ်မိနစ် ငြိမ်သက်စွာ အာရုံပြုကြတာတွေ အပါအ၀င် အောက်မေ့ သတိရခြင်း အခမ်းအနားကို ဒီသင်္ဘောကြီးပေါ်မှာ ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့မှာပဲ နယူးယောက်မြို့ကနေ ဥရောပကို ခုတ်မောင်းလာတဲ့ ဂျာနီ (Journay) အမည်ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးဟာလည်း တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်ခဲ့ရာနေရာကို လာရောက်ပြီး ကွယ်လွန်ခဲ့သူတွေ အတွက် အောက်မေ့သတိရခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ တိုင်တဲနစ် သင်္ဘောကြီးကို စတင် တည်ဆောက်ခဲ့ရာ အိုင်ယာလန် ဘဲလ်ဖတ်စ် (Belfast) မြို့က ဟာလဲန်အင်ဝုလ်ဖ် (Harland and Wolf) သင်္ဘောကျင်းကြီးမှာ ပြတိုက်အဖြစ် ဒီသင်္ဘာကြီး တည်ဆောက်ခဲ့ပုံကို ပြသခဲ့တာမှာ လူပေါင်း ၄၅,၀၀၀ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဘဲလ်ဖတ်စ်မြို့လယ်ခေါင်မှာ ဒီနေ့ နှစ် ၁၀၀ ပြည့်အမှီ တည်ဆောက်ခဲ့တဲ့ တိုင်တဲနစ် သင်္ဘောကြီး အမှတ်တရဥယျာဉ်ကြီးကို စပြီး ဖွင့်လှစ်ခဲ့ပါတယ်။ တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်ခဲ့စဉ်က ကွယ်လွန်ခဲ့သူ ၁,၅၀၀ ကျော်ရဲ့ နံမည်တွေနဲ့ ကမ္ဗည်းရေးထိုးထားတဲ့ ကြေးရုပ်တစ်ရုပ် ကိုလည်း ဘဲလ်ဖတ်စ်မြို့ လယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကမ္ဘာ့မြို့ကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စုက ဟူစတန် (Houston)၊ ဆန်ဒီယေးဂိုး (Sandeigo)နဲ့ စင်္ကာပူ တို့မှာလည်း တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်ခဲ့တဲ့ နှစ် (၁၀၀) ပြည့် အောက်မေ့သတိရခြင်း အထိမ်းအမှတ်တွေ ကျင်းပခဲ့ကြပါတယ်။ အော်စကာရုပ်ရှင်အကယ်ဒမီ် ဆုတွေများစွာရရှိခဲ့ပြီး မင်းသား လီယိုနာဒို ဒီကာပရီယို (Leonardo di Caprio) နဲ့ မင်းသမီး ကိတ်ဝင်းဆလက် (Kate Winslet) ပါဝင်ကြတဲ့ ဒါရိုက်တာ ဂျိမ်းစ် ကယ်မ်ရွန် (James Cameron) TITANIC ရုပ်ရှင်ရဲ့ သုံးဘက်မြင် 3-D ရုပ်ရှင်ကိုလည်း ကမ္ဘာတ၀န်းမှာ ပြသနေပါတယ်။
 

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...