Sunday, September 30, 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြောဆို

ဘီဘီစီHardTalk တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ်
ဦးသိန်းစိန် လက်ခံ ကြောင်း Stephen Sackur ၏ BBC Hard Talk အစီအစဉ် တွင် ဦးသိန်းစိန်
က ပြောကြား သွား ခြင်း ဖြစ်သည်။

HardTalk ဉ် ဒေါ်အောင်ဆန်းစုကြည် နှင့် လက် တွဲ ဆောင် ရွက် ရသည် မှာ မိမိဉ် ဘာပြဿနာ အခက်
အခဲ မှ မရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ် ဖို့  အတွက် ပြည်သူ အပေါ် တွင်သာ မူတည်
ကြောင်း ပြည်သူက သမ္မတ အဖြစ် ရွေးချယ် ခဲ့ လျှင် မိမိက သမ္မတ အဖြစ် လက်ခံ သွားမည် ဖြစ်ကြောင်း
ပြော ဆိုခဲ့ သည်။

၂၀၁၅ ရွေးကောက် ပွဲ မှာ ပြည်သူ တွေ က ရွေးချယ် မှု နဲ့  ပြည်သူ တွေ ရဲ့  ဆန္ဒ ကို အလေးထားရ မှာ
ပဲ ၊ ပြည်သူ တွေ က ဘယ်သူ့  ကို ရွေးချယ်ခြင်တာ လဲ ဆို တာ ကို အသိအမှတ် ပြု ရမယ် ဟု ပြော သည်။

ဦးသိန်းစိန် သည် ဘီဘီစီ သတင်းဌာန နှင့် တွေ့ ဆုံ ပြောကြားရာ တွင် လွှတ်တော် တွင်းဉ် တပ်မတော်
သား ကိုယ် စားလှယ် များ ၏ အခန်း ကဏ္ဍ သည် လည်း အရေး ပါသည့် နေရာ မှ ရှိ နေသေးကြောင်း
သူက ထည့် သွင်း ပြောကြား ခဲ့ သည်။

တွေ ဆုံ မေးမြန်းမှု ကို ဘီဘီစီ သတင်း ဌာန ၏ နယူးယောက် ဌာန ခွဲ တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်သည်။

ဦးသိန်းစိန် ၏ ထိုသို့  ပြောကြား မှု သည် သူ ၏ ပြုပြင် ပြောင်းလဲ ရေး နှင့် ပတ်သက်သည့် ပထမ ဦးဆုံး
ခြေလှမ်း အစဖြစ်သည့် မြစ်ဆုံ ဆည် စီမံ ကိန်း ရပ်ဆိုင်း ပြီး တစ်နှစ် အကြာ တွင် ဒုတိယ မြောက် အရေး
ပါသည့် ပြု ပြင် ပြောင်းလဲ မှု ခြေလှမ်း တစ်ခု ကို ထပ်မံ ဖော် ဆောင် ခဲ့ ခြင်း ဖြစ်သည်။

ဦးသိန်း စိန် ယခု ကဲ့ သို့  ပြောကြား မှု ကြောင့် နိုင်ငံ ခြား သား နှင့် အိမ်ထောင် ပြု ခဲ့ ခြင်း ကြောင့် ဒေါ်အောင်ဆန်း
စုကြည် သည် ပြည်ထောင်စု မြန်မာ နိုင်ငံ တော် ၏ သမ္မတ မဖြစ် နိုင် ကြောင်း ခန့် မှန်း ချက်များ သည် နိဂုံး
ချုပ် သွား ပြီ ဖြစ်သည်။

Saturday, September 29, 2012

မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဆန်ဖရန်စစ္စကိုမှ အဆိုအမိန့်များ


မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ 

အဆိုအမိန့်များ


(၁) သူတော်ကောင်းတွေဆိုတာဟာ
ကိုယ့်ကျေးဇူးတရားကို မချဲ့ ကားဘူး...
သူများ ကျေးဇူးတရားကိုပဲ ချဲ့ ကားတယ်..
တချို့ တွေ မြန်မာပြည်ကိုကယ်တင်မယ်တဲ့ ..
အဲ့ဒါက ကိုယ့်ကျေးဇူးကို ချဲ့ကားရာ မရောက်ဘူးလား...
ကျမ တခါမှ မပြောဖူးဘူး မြန်မာပြည်ကို ကယ်တင်မယ်လို့  ...
အတူလုပ်ကြမယ်ဆိုတဲ့ စိတ်လေးနဲ့ 
ပြန်လာကြပါလို့  ကျမ ပြောချင်ပါတယ်......။

(၂) အသက်ကြီးလာလို့ လား မသိဘူး..
ကဗျာကို ပိုနှစ်သက်လာတယ်..
ကိုယ့်ရဲ့  အတွေးနယ်ချဲ့ ပိုင်ခွင့် ပေးတယ်လို့  ယူဆတယ်..
လူသားတွေ အချင်းချင်း ဆက်နွယ်ခွင့်ပေးတယ်လို့ 
ယူဆလို့  ကဗျာကို အင်မတန် နှစ်သက်ပါတယ်...။

(၃) လူတယောက်ကို ဘာလို့ မနာလိုတာလဲဆိုတာ
ကိုယ့်ကိုကိုယ် ပြန်စီစစ်တဲ့အခါ
ဖြောင့်မတ်စေချင်ပါတယ်..
ဒီလူကို မုန်းလား ဘာကြောင့်မုန်းတာလဲ
ဒီလို မုန်းနေတယ်ဆိုထဲက
ကိုယ့်အားနဲချက်ကို သူထောက်ပြနေလို့ 
ဒါမှမဟုတ် ကိုယ့်မှာ အားနဲချက်ရှိနေလို့ ..
အဲ့လူကို မနာလိုမယ့်အစား ကိုယ့်အားနဲချက်ကိပြုပြင်ရမှာပေါ့..။

(အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ ၂၉၊ ၉၊၂၀၁၂ ခုနှစ်မှာ ပြောကြားခဲ့တာပါ)


Friday, September 28, 2012

မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်များ


မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်များ


(1) A populist leader is not the same as a good leader. I hope you'll keep that in mind.

(၁) နာမည်ကောင်းရုံ၊ ကျော်ကြားရုံ ထင်ရှားအောင် လုပ်သည့် ခေါင်းဆောင်နှင့် တကယ်လုပ်တဲ့ ခေါင်းဆောင် ဆိုတာ မတူပါဘူး။ အဲဒါလေး တစ်ခုတော့ စိတ်ထဲမှာ အမြဲ မှတ်ထားစေချင်ပါတယ်...။

(2) In the end, real progress must be reflected in the improvement of the lives of ordinary people.

(၂) သာမန်ပြည်သူတွေရဲ့ ဘဝကို တိုးတက်မှုပေးနိုင်မှ တကယ့်တိုးတက်မှုအစစ်လို့ အန္တိမအနေဖြင့် ခေါ်နိုင်မယ်။

(3) Don't think about getting a place or a role but to take responsibility.

(၃) နေရာရဖို့နဲ့ ဘယ်တော့မှ မစဉ်းစားပါနှင့် တာဝန်ယူဖို့  စဉ်းစားကြပါ။

(4) We will surely get to our destination if we join hands.

(၄) ငါတို့ ခိုင်မြဲသော လက်တွေ တွယ်ထားမယ်ဆိုရင် ငါတို့ ရည်မှန်းသော ပန်းတိုင်ကို ရလိမ့်မယ်ဆိုတာ သေခြာပါတယ်။

တက္ကသိုလ်မြတ်မင်း

Thursday, September 27, 2012

Yale University မှ မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

Daw Aung San Suu Kyi of Burma, who won the Nobel Peace Prize in 1991 for her work promoting international human rights and democratic government, will present a public address at Yale on Thursday, Sept. 27. Her talk, which is sponsored by the Chubb Fellowship at Yale, will take place 11:30 a.m. to 12:50 p.m. in the Sprague Hall auditorium, 470 College St. There will be a simulcast in the Law School's Levinson Auditorium, 127 Wall St. The simulcast is open to members of the Yale community; no ticket is required. The talk will also be carried on Yale Livestream. Daw Aung San Suu Kyi currently is a member of the Burmese parliament, where she also chairs the National League for Democracy in Burma. Her long, non-violent advocacy for the democratic evolution of Burma has been hailed as a powerful inspiration to others around the world. Since being released from house arrest in November 2010, she has continued to participate directly in Burma’s political transition and re-engagement with the international community. The Chubb Fellowship is one of the highest honors accorded to a visiting speaker. The fellowship is administered by the master of Timothy Dwight College, currently Jeffrey Brenzel, who is also the dean of admissions for Yale College. Since 1949, Chubb Fellows have included former U.S. presidents, numerous heads of state, and prominent public figures in government, industry, and the arts.

သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း



သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း


ယခင်ကနိုင်ငံရေးအဓိကအတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌဌအနေနဲ့လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။

အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-

အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အ‌ထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးကစဉ်းစားဆွေးနွေး ဆောင်ရွက်သွားလျက်ရှိပါတယ်။ အဆွေတော်ရဲ့ ဉာဏ်ပညာ ကြီးမြင့်မှု၊ အတွေ့အကြုံ ကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ မျှော်မှန်းတဲ့ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည် ပါတယ်။

အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂအ‌ထွေထွေညီလာခံကြီးရဲ့ သဘာပတိအဖြစ် အဆွေတော်ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့မစ္စတာနာဇီးအယ်လ်နာဆာကိုလည်း ပြောင်မြောက် စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်းအတွက် တန်ဖိုးထားကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
 

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးအတွက် တက်ကြွစွာပါဝင် ဆောင်ရွက်သွားရန် ပြဋ္ဌဌာန်းထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းရေးကို
အားပေးအားမြှောက် ပြုသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များ အဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြုချမှတ်ခဲ့တဲ့ ဘာသာရပ် ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်းများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုင်း သွားရန် သို့မဟုတ်‌ ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။

Tuesday, September 25, 2012

သွေးသစ်လောင်းသော လက်များ


သွေးသစ်လောင်းသော လက်များ


လူ့ဘဝ အစိတ်အပိုင်းတွေကို
ရရှိဖို့အတွက်...
နေဝင်လိုက်.. မိုးချုပ်လိုက်နဲ့..
ခရီးက ကြမ်းတမ်း
ဝေးကွာလွန်းတဲ့ ခရောင်းလမ်းထဲ
ဖြတ်သန်းရတဲ့ လူ့အခက်ခဲတွေက
တကယ်တမ်း ပြောပြမိတော့
နားထောင်မိတဲ့ သူအတွက်တော့..
ရယ်စရာ ဟာသတစ်ပုဒ်ပေါ့...။

အလွှာဒြပ်တွေ နိမ့်လိုက် မြင့်လိုက်နဲ့
ဘဝ လေဟာနယ်မှာ ပြေးလွှားနေပါရဲ့
အခက်ခဲဆုံး ဖြတ်သန်းခဲ့တဲ့
ဘဝရဲ့ လှုပ်ရှားမှုတိုင်းက
အဆင့်တစ်ခု ရောက်တိုင်း
အမောပြေ ဟာသတွေသာ ဖြစ်ခဲ့ပေါ့..။

ညတွေလည်း...
တစတစ ပြိုလဲပျက်စီးခဲ့ပြီ...
လမင်းကြီးလည်း...
အေးမြသော ချပ်ဝတ်တန်ဆာတွေနဲ့
ဆွဲယူ ရုပ်သိမ်းလို့
တိမ်လွှာ တိမ်ရိပ်တွေ နောက်မှာ
ပျောက်ကွယ်သွားပြန်ပြီပေါ့...။

မိုးသောက် အာရုဏ်ကလည်း...
တရွေ့ရွေ့နဲ့ မနက်ခင်း တနေ့ရဲ့
ရက်စွဲလေးတွေကို သယ်ဆောင်လာခဲ့ပြန်ပြီ..
မြူခို ငွေ့ငွေ့ တိမ်လွှာရိပ်အောက်မှာ..
နေမင်းကြီးလည်း ...
ပူလောင်လွန်းတဲ့ သူ့အရောင်တွေကို
ကမ္ဘာမြေကြီးပေါ်ကို အရောက်ပို့ခဲ့ပြန်ပြီပေါ့...။

ဒီလိုနဲ့...
ကံကြမ္မာ မုန်တိုင်းမြင်မှ တွေ့ကြုံ ခံစားရတဲ့..
လူ့ဘဝ ဆင်းရဲ ဒုက္ခတွေရယ်...
အမှန်နဲ့ အမှား လူမိုက်နဲ့ ပညာရှိ
နေနဲ့ ည ပြေးသွားနေတဲ့
သံသရာ လွင်ပြင်ထဲ..
မျှော်လင့်ချက်တွေနဲ့ ခရီးဆက်လို့
အသက်ရှင်နေတဲ့ သူ...။

သဏ္ဍာန်ကွဲ အဆင်မည်းနဲ့
မည်းပြာပုဆိုးများ လူ့ဝန်းကျင် အခြားမဲ့မှာ ထားရစ်ခဲ့ပါ...
စေတနာပါပါ ယုံကြည်မှုများ တည်ဆောက်
မှားနေတဲ့ အမြင် သံသယတွေ ခဝါချရင်း
ခါးပိုက်ထားတဲ့ အတ္တတွေကို
အသုံးမဝင်တဲ့ အမှိုက်ပုံထဲမှာ ထားရစ်ခဲ့ပါ....
ငြိမ်းချမ်းရေး ရေစင်တစ်ခွက် သောက်သုံးဖို့အတွက်
မတူညီသော လက်များ ဝိုင်းရံလို့
ညီညွတ်ရေး အင်းအားများ တည်ဆောက်ရင်း..
အသုံးချ အမြှောက် ကျည်ဆန်များ
ပညာတက်ရင် ဆေးဖြစ်လာမှာပါ...။

ကိုယ့်တာဝန် ကိုယ့်အသိတွေ
ကိုယ့်သတိအိမ်မှာ တည်ဆောက်
ကိုယ့်တက်သလောက်နဲ့ ကူညီ
ကိုယ့်အတ္တတွေ ခဝါချ
အမှန်တရားအတွက်...
အကြောက်တရားတွေ ဒေါသတွေ
မာန်မာနတွေ ဂုဏ်ပြိုင်ခြင်းတွေ
အတိတ်မှာထားခဲ့...
အနာဂတ် ကျန်ရှိနေတဲ့
သမိုင်းတွေကို အကောင်းဆုံး ရေးဆွဲ
မျက်စိ မမှိတ်ခင် သူငယ်မပြန်မိစေနဲ့...။

Sunday, September 23, 2012

ဒေါ်အောင်ဆန်းစုကြည်၏ Queens College မှ မိန့်ခွန်း

Queens College မှာ သူမ ပြောခဲ့တယ်.... "ကျွန်မတို့ လုပ်နေတဲ့ အလုပ်ဟာ ရည်ရွယ်ချက် တစ်ခုကြောင့် ဖြစ်တယ်.. ယုံကြည့်ချက် တစ်ခုကြောင့် ဖြစ်တယ်.. မျှော်မှန်းချက် တစ်ခုကြောင့် ဖြစ်တယ်.. ပန်းတိုင် တစ်ခုကြောင့် ဖြစ်တယ်.. ဒီရည်ရွယ်ချက်.. ယုံကြည်ချက်.. ဒီပန်းတိုင်ကြောင့် ခံရလျင်လည်း အဲဒါကြောင့် ခံရတာဖြစ်တယ်... သူလုပ်လို့ ခံရတာ မဟုတ်ဘူးလို့ ကျွန်မတို့ ခံယူပါတယ်.. ဒါကြောင့်... ကျွန်မတို့ ကိုယ့်ရဲ့ ဒေါသစိတ်တွေ ထိန်းရမယ်.. ကိုယ့်ရဲ့ မခံချင်စိတ်တွေ ထိန်းရမယ်.. ကိုယ့်ရဲ့ အာဃာတတွေ ထိန်းရမယ်.. တက်နိုင်သမျှ.... ကိုယ့်ဟာ ကိုယ်နေ နေရတဲ့ ကမ္ဘာကြီးအတွက် တန်ဖိုးရှိအောင်လို့ နေနိုင်လို့ ကြိုးစားပါ.. အထူးသဖြင့်... လူငယ်များ ကြိုးစားကြပါလို့ ကျွန်မ မေတ္တာ ရပ်ခံအပ်တယ်...။" ဒါတွေ အားလုံးဟာ ငြိမ်းချမ်းရေးနှင့် လူ့ဘဝရဲ့ ညီမျှခြင်းတွေ ဖြစ်ပါတယ်...။

Thursday, September 20, 2012

ဝါရှင်တန် ဒီ စီ မှ မြန်မာ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ

make a gif at gickr.com
make gifs
ကမ္ဘာ့စာမျက်နှာထဲက သမိုင်းခြေရာများ တစ်ခုခြင်းဆီ ရွေ့လျားလို့ ကမ္ဘာမှာ မြန်မာ ထင်ရှားခဲ့ပြီ...။ (တက္ကသိုလ်မြတ်မင်း)

ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ကရက် ရွှေတံဆိပ် လက်ခံရယူပွဲ မိန့်ခွန်း

ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါ တယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။ ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ တချို့ဆိုရင် ကျမ နေအိမ်မှာအကျယ်ချုပ် အချခံထား စဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်း မှာ တွေ့ခဲ့ရ သူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံ သွား မယ် ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီတော့ အမေရိကန်ပြည်သူတွေ နဲ့အတူ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အားလုံးကို ကျမ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ကျေးဇူး တင်ကြောင်း ပြောပါရစေ။ လွတ်လပ်မှု နဲ့ မျှတမှုဆိုတာကို လက်လှမ်းမမီခဲ့တဲ့ ကျမတို့ဘ၀ အမှောင် ကျနေတဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထားဆောင်ရွက်ပေးခဲ့တာတွေကို ကျေးဇူးတင် ပါတယ်။ ကျမတို့ အကျိုးအတွက် ဆောင်ရွက်ပေးခဲ့သူတွေ အများအပြားရှိခဲ့တဲ့အတွက် လူတွေအားလုံးရဲ့ နာမည်တွေကို အမည်ဖော်ထုတ်ပြီး ကျေးဇူးတင်စကားပြောနေရ မယ်ဆိုရင် ဒီတနေ့လည်ခင်း နဲ့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမအနေနဲ့ ဒီနေ့၊ ဒီနေရာမှာ ကျမနဲ့အတူ ရှိနေစေချင်တဲ့ သူတယောက်ရဲ့ အမည်ကိုတော့ ဖော် ပြပါရစေ။ သူကတော့ လွှတ်တော်အမတ် Tom Lantos ပါ။ (ကွယ်လွန်သွားပြီမို့) သူရှိနေချိန်မှာ ကျမ အရောက်မလာနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ်။ သူ့ကိုလက်ဆွဲ နှုတ်ဆက်ပြီး ကျမတို့အတွက် လုပ်ပေးသမျှတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခွင့် မရလိုက်တဲ့အတွက်လည်း ၀မ်းနည်းပါတယ်။ ကျမ သူနဲ့ တခါမှ ဆုံတွေ့ခွင့်မရလိုက် ပါဘူး။ ဒါပေမယ့် လည်း သူ့ရဲ့ နွေးထွေးမှုတွေ နဲ့ ကျေးဇူးတရားတွေကို ကျမအမြဲသတိရနေမှာပါ။ ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစောင့်ရှောက်နိုင်မယ့်၊ တရားဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခု ဖြစ်စေရေး ထူထောင်သွားကြရမယ့် ကျမ တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက် မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမအခုရောက်ရှိနေတာပါ။ ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။ ရှေ့မှာ အခက်အခဲတွေအများကြီးတော့ ရှိနေဦးမှာပါ။ ရှေ့ဆက်အခက်အခဲတွေအများကြီးရှိဦးမယ်ဆိုပေမယ့် ဒီအခက်အခဲအတားအဆီးတွေအားလုံးကို မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုတွေ နဲ့ ကျော်လွှားနိုင်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ကမ္ဘာပေါ်က သြဇာအရှိဆုံး ဒီမိုကရေစီနိုင်ငံကြီးက ကိုယ်စားလှယ်တော်တွေ နဲ့ မြန်မာ့ဒီမိုကရေစီမြတ်နိုးသူတွေ အကြား တည်ဆောက်နိုင်ခဲ့တဲ့ ရင်းနှီးမှု နဲ့ နားလည်မှုတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ နဲ့ ချီပြီး ကျမတို့ ခံစားနာကျင်ခဲ့ရတာတွေကို ကြေပျက်သွားစေခဲ့ပါပြီ။ အားလုံးယုံကြည်တဲ့ ပန်းတိုင်တွေဆီကိုရောက်ဖို့ အတူတကွ ဆက်လက်ဆောင်ရွက်နေကြတာနဲ့အမျှ ဒီရင်းနှီးမှုနှောင်ကြိုးတွေဟာ ပိုပြီးခိုင်မာလာမှာပါ။ ဒီနေ့ ဒီနေရာကိုလာရောက်ရတာဟာ ကျမအတွက် အခွင့်ထူးတရပ်ပါပဲ။ ဒါပေမယ့် ဒီလိုမျိုး အခွင့်ထူးတွေ မခံစား ရသေးတဲ့သူတွေ အများကြီးရှိသေးတယ်ဆိုတာ ကျမတို့ သတိရကြရပါလိမ့်မယ်။ ကျမတို့ တနိုင်ငံတည်းတင်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို အိမ်မက်တောင် မမက်နိုင်သေး တဲ့ နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါသေး တယ်။ ကျမတယောက်တည်းအတွက်တင်မက ကျမရဲ့ မိတ်ဆွေရောင်းရင်းတွေ၊ ပြည်သူတွေ အားလုံး ကိုယ်စား ကျမယုံယုံကြည်ကြည် နဲ့ ပြောလိုတာကတော့ ဒီနေ့ဟာ ပေါင်းစည်းညီညွတ်မှု၊ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကိုလိုလားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ က ပြည်သူပြည်သားတွေ အပြင် ကမ္ဘာ့ပြည်သူတွေအားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာရဲ့ အစပျိုးနေ့ပဲဖြစ်ပါလိမ့်မယ်။ ကျမတို့အားလုံးအတွက် ဘ၀လုံခြုံမှုနဲ့ လွတ်လပ်မှုအကြား အကောင်းဆုံးချိန်ခွင်လျှာညှိပေးနေတာဟာ ဒီမိုကရေစီလမ်းစဉ်ပဲဖြစ်တယ်ဆိုတာ ကျမအမြဲယုံကြည်ပါတယ်။ လူသားဘ၀ရပ်တည်မှုအတွက် လုံခြုံမှု နဲ့ လွတ်လပ်မှု နှစ်ခုစလုံးလိုအပ်ပါတယ်။ လုံခြုံမှုမရှိလျှင် ကမ္ဘာလောကကြီးရဲ့ လှပမှု နဲ့ ငြိမ်းချမ်းမှုတွေ ကို အပြည့်အ၀ ရှာဖွေ ခံစားနိုင်မှာမဟုတ် သလို၊ လွတ်လပ်မှုမရှိဘူးဆိုလျှင်လည်း ကျမတို့ဟာ လူသား ပိုပြီး ဆန်သထက် ဆန်လာနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးကြရမှာပါ။ ဒါ့ကြောင့်ပဲ ဒီမိုကရေစီရဲ့ အခြေခံ နဲ့ တန်ဖိုးတွေကို ကျမတို့ မပြတ်စွဲကိုင်ထားကြရတာပါ။ ဒါပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင် တာ သေချာပါတယ်။ အမှားအယွင်းမကင်းတဲ့ လူသားတွေရဲ့ ဘ၀မှာ ပြီးပြည်စုံတဲ့ စံနစ်တရပ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒီလိုမပြည့်စုံမှုတွေကြားကပဲ ဒီမိုကရေစီဆိုတာ ကျမတို့ အားလုံး မျှော်လင့်ချက်တွေ ရဲ့ ရှေ့ဆောင် လမ်းပြဖြစ်နေပါတယ်။ ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့အတွက် ကမ္ဘာတ၀ှမ်း ကျမတို့ အားလုံးညီညွတ် လာခဲ့ကြရပါ တယ်။ မြန်မာပြည်သူပြည်သားတွေ နဲ့အတူ အားလုံးငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယှဉ်တွဲနေထိုင်နိုင် မယ့် စစ်မှန်တဲ့ဒီမိုကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲတဲ့ခရီးလမ်းကို လှမ်းကြတဲ့နေရာ မှာ ကျမတို့အားလုံး ငြိမ်းချမ်း ညီညွတ်စွာ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံတခုပါ။ ဒီလို ငြိမ်းချမ်းညီညွတ်စွာ လုပ်ဆောင် ခြင်း အားဖြင့် အားလုံးရဲ့ လှပတဲ့ အိမ်မက်တွေအကောင်အထည်ပေါ်လာနိုင်မယ့် ပန်းတိုင်နေရာတခု ကို ရောက်ရှိနိုင်ပြီး ကူညီတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်း ကျေနပ်မှုတွေရစေလိမ့်မယ်လို့လည်း ကျမယုံကြည်ပါတယ်။ ကျေးဇူးပါ။

အမေကန်နိုင်ငံ ဝါရှင်တန် ဒီ စီ ရောက် မြန်မာ နိုဘယ်ဆုရှင်

Sunday, September 16, 2012

အောင်မြင်မှု သီအိုရီရဲ့ နောက်ဆုံးစာမျက်နှာ


အောင်မြင်မှု သီအိုရီရဲ့ နောက်ဆုံးစာမျက်နှာ


လျပ်တပြတ် ဘဝထဲကို
တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်လို့
လောကဓံက အပေါ်ယံ စကား တစ်ခါ နှစ်ခါ စိုးစွတ်ရုံနဲ့
မြင့်မိုရ်တောင်ကြီး မွန်းတည်းနိုင်မလား...
ဘာကိုမှ ဘဝကို ခြေတော် မတင်ခိုင်းတော့ဘူး..
လှောင်အိမ်ထဲက အစိမ်းသက်သက်နဲ့
မျှော်လင့်မိတဲ့ တနေ့တော့ ဆိုတဲ့
လေရိုင်းထဲက ပန်းတစ်ပွင့် ပွင့်လာမလဲ....။

လေရိုင်းတွေ တိုက်ခိုက်လာတဲ့
မီးလျှံတစ်ခုလို နာကျင်ယိမ်းထိုး
စုတ်ပြဲသွားတဲ့ ပြက္ခဒိန်မှာတော့
ဘဝရဲ့ မနက်ဖြန်အတွက်
ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်တော့
နာမည်ဆိုး မရှိခဲ့ဘူးလေ...။

ရပ်တည်မှု မတူညီတဲ့
လူ့ဘဝ ဇာတ်ခုံထဲ
အမှား လက္ခဏာ အမှန် လက္ခဏာ
ဝေဖန် သုံးသပ်ရင်း ဘောင်ခတ်ထားတဲ့
ကန့်သတ်ချက်တွေကို ကျော်ဖြတ်ခဲ့ပေါ့...။

ကိုယ်တိုင် ကျော်ဖြတ်ခဲ့တဲ့
လူ့ဘဝရဲ့ ခရောင်းလမ်းထက်မှာ
သွားလာ လှုပ်ရှားနေတဲ့ သူတိုင်း
လောကဓံ လှိုင်းကြီး လှိုင်းငယ်တွေကြားမှာ
လူးလားလို့ လူ့ဘဝ ပန်းတစ်ပွင့် ဖြစ်ခဲ့ကြပြီပေါ့..။

ဒီလမ်းရောက်မှ ဒီလမ်း မသွားချင်ဘူး..
ကိုယ်တိုင် ငြင်းဆိုနေပေမဲ့
လူ့ဘဝဆိုတာ ခန့်မှန်းချက် တွက်ထားတဲ့
သခ်ာၤတစ္ပုဒ္လုိမွ မဟုတ္တာ...။

ဒါပေမဲ့....
နိယာမတစ်ခုရဲ့ ဘဝဝန်းကျင်ထဲ
ညီမျှခြင်း တစ်ခု ရှုထောင့်တစ်ခုအနေနဲ့
ဘဝသခ်ာၤေတြ တြက္ဆထားတဲ့
ရလာဒ် အဖြေမှန်ဆိုတာ
ကိုယ့်အထွာ ကိုယ့်မြင်ကွင်း
ကိုယ့်အတိုင်းတာ တစ်ခုလောက်ပဲ ဖြစ်မှာပေါ့..။

တကယ်တော့...
ဘဝဆိုတာ ရေစီးထဲက ဗေဒါလို..
မသေခြာဘူး မရေရာဘူး...
စိတ်ကူးနှင့် မျောနေတဲ့ ပုံရိပ်တစ်ခုပေါ့..။

ကိုယ့်ပုံရိပ်တွေနှင့် မျှော်လင့်ချက်ရဲ့
ဆေးရေး ပန်းချီတစ်ချက်ဟာ
အရိပ် အရောင် မတောက်ပလို့
မစွန့်ပစ်လိုက်ပါနဲ့ ...
ကံတရားရဲ့ ဝိညာဉ်နိုးကြားလာတဲ့ တနေ့..
ရှင်သန်လာလိမ့်မယ်လေ...။

Saturday, September 15, 2012

စကြာဝဠာ အနှိုင်းမဲ့ ဝတ်ရုံ


စကြာဝဠာ အနှိုင်းမဲ့ ဝတ်ရုံ


နေ့စဉ် ဆာလောင် မွတ်သိမ့်နေတဲ့
ကမ္ဘာမြေကြီးရဲ့ တောက်တင်းနေတဲ့
ခပ်မို့မို့ ရင်အုံထဲကို အနက်ရှိုင်းဆုံးတူးဆွလို့
ကျောက်မိုင်းလ်တွေနဲ့ လျပ်တစ်ပျက် ဖောက်ခွဲခဲ့
ဒါမှ မဟုတ် အနက်ရှိုင်းဆုံး တူးဆွလာတဲ့
အလုပ်သမားဟာ ထိုးဖောက်မှု တစ်ခု မှားသွားခဲ့ရင်
အဖိုးထိုက်တန်တဲ့ ပြည်တန် ကျောက်မျက် ရတနာ
ပွန်းပဲ့ ကြေမွသွားနိုင်သလို ဟန်ချက်မညီလို့
တစ်ချက် မှားသွားပြန်ရင်လည်း တန်ပြန် ဆူးတွေ
မဖိတ်ခေါ်ပဲ ရောက်လာပြန်တယ်လေ...။

လောကဓံက နပန်း အသတ်ကောင်းလို့
လဲကျတိုင်း ပြန်ရုန်းထဖို့ အားစိုက်ခဲ့
ထိရှတိုင်းလည်း ကုသရင်း
လေ့ကျင့်ခန်း မြောက်များစွာ ကျော်ဖြတ်
သိတက်လာတဲ့ လာလမ်းတိုင်း
ပတ်ဝန်းကျင်ကို လေးစားတက်လာတယ်...။

တကယ်တော့ မေတ္တာဆိုတာ....
ပတ်ဝန်းကျင်ကို စက္ကန့်မခြားတဲ့
အပြုံးတွေနဲ့ ကြိုဆိုရေး မိတ်ဖွဲ့လို့
အတွင်းစိတ် အပြင်စိတ်တွေကို
ငြိမ်းအေးစေတဲ့ ကောင်းကင်ကြီးပေါ့...။

ရာသီဥတု အင်း အိုင် ချောင်း မြောင်း
ကာလတွေ ပြောင်းလွဲနေပေမဲ့
လူသားရဲ့ ဘဝ လောကဓံ စစ်မြေပြင်က
စွမ်းအား အကောင်းဆုံးဆိုတာ
အအေးမြဆုံး မေတ္တာပေါ့...။

ဘဝမြေမျက်နှာပြင် မတူညီလို့
အခြေနေတွေ ခြားနားနေပေမဲ့
ကာရံတံတိုင်းတွေ ကာဆီးမှုကင်းတဲ့
ကောင်းကင်ဟာ မေတ္တာကောင်းကင်ကြီးပေါ့...။

ရုပ်ဝတ္ထု ကိုယ်ထည် အချိုးကျကျနဲ့
မွန်းမံထားတဲ့ ရုပ်ကြွပုံထက်မှာ
မေတ္တာဆိုတာ ရှာမရခဲ့...
နှစ်တွေကြာခဲ့ပေမဲ့ အိုဟောင်းသွားတဲ့
ရင့်ကျက်လွန်းတဲ့ ကိုယ်ကျင့်တရားရဲ့
အတွင်းကျကျ ရုပ်ကြွပုံရဲ့ နောက်ကွယ်မှာ
အအေးမြဆုံး မေတ္တာတွေ ရှာတွေခဲ့လို့ပေါ့...။

သဏ္ဍာန်မတူတဲ့ အနိမ့် အမြင့်တွေကြား
တည်ဆောက်ထားတဲ့ အုတ်မြစ်တစ်ခုဟာ
ဥပမာစံထားလို့ တင်ပြရမယ်ဆိုရင်
အတွင်းကျကျ ခိုင်မာလွန်းသော
ရေသောက်မြစ်ပမာ အအေးမြဆုံး မေတ္တာပေါ့...။

လောကဓံ ပန်းမွေ့ရာနှင့် ခရောင်းလမ်းမှာ
အကောင်း အဆိုး အကျိုးနှင့် အကြောင်း
နေနှင့် လ နေ့နှင့် ည ဖွားဘက်တော်ဖြစ်ကြပေမဲ့
ကိုယ်လျှောက်ဖူးတဲ့ ဘဝလမ်းကြောင်းပေါ်မှာ
အဆင်မပြေတာတွေ အဆင်ပြေတာတွေရော
အကြိမ်ကြိမ် ကံဆိုးခြင်း ကံကောင်းခြင်းတွေရော
ဆင်းရဲခြင်း ချမ်းသာခြင်းတွေရော
ဆာလောင်မွတ်သိမ့်ခြင်း ဆာလောင်မွတ်မှု မရှိခြင်းတွေရော
ရောဂါဖြစ်ခြင်း ရောဂါမဖြစ်တွေရော
ချစ်ခြင်း မုန်းခြင်တွေရော
အကြိမ်ကြိမ် တွေ့ကြုံ ခုတ်မောင်း ထိတွေ့ခဲ့လို့
ပတ်ဝန်းကျင်မှာ တွေ့ကြုံလာတဲ့အခိုက်
ကျော်ဖြတ်ဖူးတဲ့ စာနာခြင်းတွေနဲ့
အကျင့်စာဂ သတိတရားတွေ ပေါင်းစပ်လို့
အအေးမြဆုံး မေတ္တာတွေ ပို့သခဲ့ပေါ့..။

Friday, September 7, 2012

ဝါခေါင်လပြည့် မေတ္တာနေ့ (ဇာတ်သိမ်းပိုင်း)


ဝါခေါင်လပြည့် မေတ္တာနေ့ (ဇာတ်သိမ်းပိုင်း)


မြတ်စွာဘုရား ဟောကြားတော်မူသော (According to Jatakas or Stories) ဝတ္ထုဇာတ်တော်များ အနေနဲ့ (Comparative Study) နှိုင်းယှဉ်ကြည့်မည်ဆိုရင် အပုဒ်ရေ ၂၃၁၈။ ရောဇမလ္လဝတ္ထု မှာ ကျမ်းဂန်လာအတိုင်း တင်ပြထားပါတယ်။ ဤဝတ္ထု၌ ဘုရားရှင် ကုသိနာရုံသို့ ကြွတော်မူသောအခါ ကြိုဆိုခြင်းမပြုသူတို့အား ဒဏ်ငွေ ငါးရာ တပ်ရိုက်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အရှင်အာနန္ဒာ၏ သူငယ်ချင်း ရောဇမလ္လမင်းသည် ဘုရားရှင်ကို စိတ်ကမပါသော်လည်း ကြိုဆိုခဲ့ရပုံ၊ ဘုရားရှင်သည် ရောဇ အပေါ် (Loving kindness) မေတ္တာစိတ် ဖြန့်နှံ့ပို့လွှတ်ရာ ဘုရားရှင်၏ (In Order Peerless Loving kindness or Metta) မေတ္တာကြောင့် မိခင်ပျောက် သည့် နွားငယ်သည် မိခင်ကို မတွေ့တွေ့အောင် ရှာသည့်ပမာ ရောဇမလ္လသည် ဘုရားရှင်ထံ (Approaching) ချဉ်းကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၅) (သာရတ္ထ၊ဋီ၊၃၊၃၃၁)

မေတ္တာသဟဂတေန

မေတ္တာနှင့် တကွဖြစ်သော၊ စေတသာ၊ စိတ်ဖြင့်၊ သဗ္ဗ ပါဏ ဘူတေသု၊ အလုံးစုံသော သတ္တ၀ါတို့အပေါ်၌၊ ဖရိတွာ၊ ပျံ့နှံ့၍၊ ၀ိဟရဏံ၊ နေ ထိုင်ခြင်းကို သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ။

မေတ္တာသဟဂတေန စေတသာ အရ ကျင့်သုံးရန်

ဒီနေရာမှာ (Eight kinds of Precept)ရှစ်ပါးသီလ၏ ကျင့်ဝတ်သိက္ခာ (၈)ပါးတွင် “မေတ္တာသဟဂတေန စေတသာ” ကျင့်ဝတ်သီလကို ထည့်သွင်းဆောက်တည်က (၉)ပါး သီလဖြစ်ကြောင်း န၀က အဂုင်္တ္တိုရ်ပါဠိတော်၌ တိုက်ရိုက်လာ၏။ သို့သော် မေတ္တာကား “ပါဏာတိပါတ” စသော သိက္ခာပုဒ်များကဲ့သို့ သိက္ခာပုဒ်တစ်ပါး မဟုတ်ချေ။ သူတစ်ပါးအသက်သတ်ခြင်း (ပါဏာတိပါတ)မှ တစ်နေ့လုံး ရှောင်ကြဉ်နေနိုင် သလို မေတ္တာစိတ်ဖြင့် တစ်နေ့လုံး မနေနိုင်သောကြောင့် ဖြစ်သည်။

သို့သော် (Loving kindness) မေတ္တာကား အကျိုးများလှသဖြင့် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် အချို့ပုဂ္ဂိုလ်များ (Observing Sila and Practicing Sila) ဆောက်တည် ကျင့်သုံးကြလေသည်။ မည်သို့ပင်ဖြစ်စေ (Loving kindness) မေတ္တာဟူသည် ပွားများရသော ဘာဝနာတရားဖြစ်၍ (၈)ပါးသီလ ဆောက်တည်ပြီးနောက် “မေတ္တာသဟဂတေန စေတသာ”ဟု မဆို မဆောက်တည်ဘဲ စွမ်းနိုင်သမျှ မေတ္တာပွားနေက (၉)ပါးသီလ မည်တော့သည်သာဟု အာစရိယ၀ါဒတစ်ရပ်ကို မိန့်ဆိုကြလေသည်။

ဤစကားမှန်၏၊ “မေတ္တာသဟဂတေန စေတသာ”ဟု သီလဆောက်တည်ပြီးမှ မေတ္တာပွားများသည်ဖြစ်စေ၊ မဆောက်တည်ဘဲ ပွားများသည်ဖြစ်စေ မိမိပွားများမှုနှင့် ထိုက်တန်သလောက် မေတ္တာပွားများခြင်း၏ အကျိုးရရှိမည်သာ ဖြစ်သည်။ ထိုသို့ဆိုသဖြင့် “မေတ္တာသဟဂတေန စေတသာ”ဟု ဆို၍ သီလဆောက်တည်ခြင်းသည် မလို၊ အပို-ဟုကား အပြစ်မမြင်သင့်။ ကုသိုလ်ဆိုင်ရာ ကြံစည်ခြင်း၊ ရွတ်ဆိုခြင်းဖြစ်၍ မနောကံကုသိုလ်၊ ၀စီကံကုသိုလ်များ ရရှိသည်သာ ဖြစ်သည်။

ခြုံ၍ဆိုရလျှင် ၉-ပါးသီလ ဆောက်တည်ကျင့်သုံး လိုသူသည် (၈)ပါးသီလ ဆောက်တည်ပြီးနောက် “မေတ္တာသဟဂတေန စေတသာ” စသည်ဖြင့် ရွတ်ဆိုဆောက်တည်၍ မေတ္တာပွားနည်း တစ်မျိုးမျိုးကို ပွားများနေပါက (၉)ပါးသီလ ကျင့်ဝတ်သိက္ခာပုဒ်ကို ဆောက်တည် ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း မှတ်ယူသင့်ပါသည်။

မေတ္တာ၏ သဘာဝ ကောက်ကြာင်း

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ အဒေါသ စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွါးချမ်းသာ လိုလား ချစ်ခင် ရာ၌ မေတ္တာဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား - မေတ္တာပွါး၍” ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တယောက်ယောက်အပေါ်ဝယ် သူ၏ အကျိုးစီးပွါးကို လိုလားသော (ကြီးပွါးအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု ခေါ်ဆိုပါတယ်။

မေတ္တာ၏ ကွဲပြားသောအမည်များ

မေတ္တာအကြောင်းနှင့် ပတ်သက်လာလျှင် အမည်ကွဲပြားမှုတွေ များစွာရှိနေပါလိမ့်မယ်။ အခြားမတူညီသော မေတ္တာဆိုတာလည်း လောက သဘောတရားအရဆိုကြတာလည်း ရှိပြန်သည်။ အဲဒီလို မေတ္တာမျိုးသည် ပေမ၊ တဏှာ ၊ ရာဂ ၊ သမုဒယ၊ သံယောဇဉ်ဆိုသော နာမည် များနှင့် ထင်ယောင်ထင်မှား ဖြစ်လာပါလိမ့်မည်။ တနည်းပြောရလျင် မေတ္တာအတုများ ဖြစ်ကြသည့် ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ" အိမ်၌မှီသော အချစ်” တည်း။

မေတ္တာပတ်သက်လို့ ကြိုတင်သိထားရမယ့် အချက်များ

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမည်။

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထား ပြီးဖြစ်ရပါမည်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာအလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်ကဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကိုမပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့ စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲ အတိုင်းဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီးအကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါ တယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာသက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲစိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလိုတစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ် ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။(တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာ မပွားရပါဘူး။(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့ (၁)မုန်းသူ (၂) အလွန်ချစ်သူ (၃) မချစ်မမုန်းသူနှင့် (၄) ရန်သူတို့ဖြစ် တယ်။ အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကိုချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင်မေတ္တာရဲ့ ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။ အလယ်အလတ်မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာမေတ္တာမပွားရပါဘူး။ မေတ္တာစိတ် အစစ်အမှန်ဖြစ်ပြီး တဲ့အခါမှာပဲ သူတို့ကိုမေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ် ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း) မိမိကိုယ်ကိုပဲမေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာအားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်းမိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင်မိန့်တော်မူထားပါတယ်။

ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာမေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ပြီးမှ သက်တော်ထင်ရှားရှိပြီးမေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာ ခံယူမည့် ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင် ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါ မယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကိုပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲ ရှိလာရင်တော့ မိမိကိုယ်ကိုပဲမေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။

တခါတရံ အချို့ပုဂ္ဂိုလ် ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန်ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာ ကျတော့ အခက်အခဲ ရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင်လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ် မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်းပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင်မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ် အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုးစိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင် ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ်သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့် လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိအသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။

မေတ္တာအကျိုး ဆဲ့တစ်မျိုး

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

ဆောင်ပုဒ်

အိပ်,နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူနတ်၊ စောင့်လတ်နတ်များ၊ မီး, ဆိပ်, ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ (ရှေးဆရာတော်များ၏ ဆောင်ပုဒ်)

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...