မုန်းမာန် ကင်းဝေး မေတ္တာရေး
နေညိုညို ညနေချမ်းမှာ လျှောက်နေကြ ဂျလပစ္စလမ်းနှင့် မရဒါနလမ်းပေါ်မှာ လမ်းလျှောက်
ရင်း အတွေးတစ်ခု ဝင်လာပါတယ်။ လူတွေ ပြောနေကြတဲ့ " မေတ္တာဆိုတာ ဘာလဲ " ဆိုတာ
တစ်လမ်းလုံး စဉ်းစားပြီး ကျောင်းသို့ ပြန်ရောက်လာပါတယ်။ ကျောင်းရောက်တော့ မေတ္တာ
အကြောင်း ရေးသားရန် ဟန်ပြင်လိုက်ပါတယ်။ ဒါနဲ့ ထိုင်နေကြ အခန်းထောင့်နားက ကွန်ပြူ
တာရှေ့ကို ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ မေတ္တာနှင့် ပတ်သက်သည့် အချို့ အကြောင်းအရာ
လေးများကို ကျောင်းတိုက်ထဲက စာကြည့်တိုက်ထဲမှ စာအုပ်များ ပြန်လည်ကြည့်ပြီး အချက်
အလက်များကို ယူဆောင်လာခဲ့ပါတယ်။ အရင်က မှတ်သားဖူးသည့် မှတ်ချက်များနှင့် လက်ရှိ
စုဆောင်းထားသော အချက်အလက်ကို ယူ၍ ဤဆောင်းပါးလေးကို စတင် ရေးသားလိုက်
ပါတယ်။
လောကကြီးမှာ ကွဲပြားမှုတွေ များစွာရှိနေကြပါတယ်။ တချို့က မေတ္တာနှင့် တဏှာ မကွဲပြားနိုင်
အောင် ဖြစ်နေတာတွေ ရှိနေကြသဖြင့် မေတ္တာအကြောင်း သိဖို့ရန် လိုအပ်လာပါတယ်။
ဘာကြောင့်လည်းဆိုတော့ တဏှာဆိုတာ မေတ္တာ အယောင်ဆောင်ပြီး အလည်လာတဲ့ ဧည့်
သည်ပါ။ တဏှာအကြောင်း ကောင်းကောင်း မသိကြသဖြင့် မေတ္တာဆိုတာ မသိကြတာလည်း များစွာရှိပါတယ်။
ပါဠိတော်မှာ တဏှာနှင့် မေတ္တာကို သဏ္ဍာန်ပြယုဂ် ထုတ်ပြထားပါတယ်။ အဲဒါက ဘာလဲဆိုရင်
မေတ္တာယနာ မုခေန ရာဂေါ ဝဉ္စေတိ တဲ့ တဏှာရာဂသည် မေတ္တာအသွင်ဆောင်ပြီး ဖျား
ယောင်တတ်၏ ဟု ဖော်ပြထားတာ နေတ္တိပကာရဏာဋ္ဌကထာမှာ တွေ့ရှိရပါတယ်။ ဒါကြောင့် မေတ္တာစစ် မေတ္တာမှန်ဆိုတာ အဖြေရှာဖို့ အမှန်တကယ် လိုအပ်လာသလို မေတ္တာ
ဆိုတာကို ဘာကြောင့် ခေါ်တာလဲဆိုတာ အဖြေမှန် သိဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။ တချို့က တစ်ထောင့်ငါးရာ တဏှာနှင့် ရင်းနှီးထားတဲ့ ကိလေသာတွေကို မေတ္တာအဖြစ်
ပုံမှားရိုက်ပြီး မေတ္တာလို့ တင်စားကာ ခေါ်ဆိုကြတာလည်း ရှိကြပါတယ်။ ဒါဟာ မှားယွင်းမှု တစ်ခုသာ ဖြစ်တယ်။
ပြီးတော့ တစ်ထောင့်ငါးရာ ကိလေသာတွေနှင့် ရောနှောလျက် တစ်ဦးနှင့် တစ်ဦး သဘောတူ နားလည်မှု ယူပြီး သံယောဇဉ်တွေ ဖြစ်လာကြတဲ့ အရာဟာ မေတ္တာ မဟုတ်တဲ့ အချစ်သာ
ဖြစ်ပါတယ်။
မေတ္တာဆိုတာ ဘာလဲ?
မေတ္တာဆိုတာသည် ဗြဟ္မဝိဟာရတရား လေးပါးထဲက တစ်ပါး ပါဝင်ပါတယ်။ ထိုမေတ္တာသည် တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို အလေ့
ထားပြီး အထူးဂရုစိုက်တာ မေတ္တာပင်ဖြစ်ပါတယ်။