Monday, October 29, 2012

အသိထူးလှ သီတင်းကျွတ်လ





အသိထူးလှ သီတင်းကျွတ်လ

ဒီနေ့ဟာ လောကကြီးရဲ့ ဦးခိုက်ရာဖြစ်သော မြတ်စွာဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ် ဝါမြောက်တွင် မွေးမိခင်ဖြစ်ခဲ့ဖူးတဲ့ မယ်တော်မိနတ်သားရဲ့ ကျေးဇူးတွေကို အမြိုက်တရား အမြတ်တရား အဘိဓမ္မာဖြင့် ပေးဆပ်ပြီးသောနေ့ဖြစ်သလို အဘိဓမ္မာနေ့လည်းဖြစ်(သို့မဟုတ်) ဥပုသ်သီလ အကျင့်တရားတို့ဖြင့် ကျင့်ကြံပွားများကြသော သူတော်ကောင်းတို့၏ ကျွတ်တန်း ဝင်ရောက်သောနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်ပင် ဖြစ်သည်။


မြတ်ဗုဒ္ဓ၏ သာသနာ့ရင်ခွင် ပုခတ်တွင်းမှာ မွေးဖွားကြသော သူတော်စင် အပေါင်းတို့ ဒီနေ့ဟာ မြတ်စွာဘုရားရှင်သည် မိခင်ကျေးဇူးဆပ်ပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည် ကြွတော်မူသောနေ့၊ အဘိဓမ္မာနေ့၊ အသက်ကြီးပူဇော်ပွဲနေ့၊ မီးထွန်းပွဲတော်နေ့၊ နိဗ္ဗာန်ဈေး ပွဲတော်နေ့၊ ခေါင်းဆေးမင်္ဂလာနေ့၊ မင်္ဂလာအပေါင်း ခညောင်းသောနေ့ပင်ဖြစ်သည့် အတွက် အောက်ပါ တရားတော်ဖြင့် ဂါရဝပြုလိုက်ပါသည်။

အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနီ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the Devas (gods).

တောင်ဇလပ် စန္ဒကူးပန်းတို့၏ ရနံ့သည် မပြောပလောက် အနည်းငယ်လောက်မျှလောက်သာဖြစ်၏။ သီလရှိသော သူတို့၏ သီလရနံ့သည်သာ ထူးကဲမွန်မြတ်သည်ဖြစ်၍ အထက်ဘဝဂ် နတ်ပြည်ထိ ပြန့်နှံ့၏။

လောကသုံးပါးတို့၏ ရှိခိုးဦးခိုက်ရဖြစ်သော သုံးလောကထွဋ်တင် ဘုရားရှင်သည်....
မွေးမိခင်.. မယ်တော်မာယာ (ခေါ်) သန္တုဿိတနတ်သားကို ခက်ခဲနက်နဲသော အဘိဓမ္မတရားဖြင့် ကျေးဇူးခဲ့ပြီ...။

ကျွေးမိခင်...ပဇာပတိ ဂေါတမီ (ခေါ်) ဂေါတမီထေရီကြီးကိုလည်း သာသနာဝင်ရောက်ခွင့်ပြု၍ အရဟတ္တ ပန်းခိုင်ကိုဖြင့် မြတ်နိဗ္ဗာန်ကို အရောက် ပို့ဆောင်နိုင်ပြီ...။

ဝါတော်ကျွတ်လို့ သင်္ကဿနဂိုရ်ပြည် ရောက်သော်လည်းပဲ ဝေနေယျ သတ္တဝါနတို့ အား အကျွတ်တရားတို့ကို ဟောကြားတော် မူခဲ့လေပြီ..။

မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ကြည့်ပြန်သောအခါ အသက်ကြီးသူ အဘိုးအဘွား မိဘနှစ်ပါး အစ်ကို အစ်မတို့အား ညီငယ် ညီမငယ်တို့က လေးစားသမှုပြုလို့ ပူဇော်ကန်တော့ပွဲပြုကြတယ်..။

ထို့အပြင် မြတ်ဗုဒ္ဓ တာဝတိံမှ ပြန်လည်ကြွတော်မူသဖြင့် ကြိုဆိုသူ လူပေါင်းတို့က ပီတိ သောမနဿဖြစ်၍ အစဉ်အလာတစ်ခု အနေဖြင့် မီးရှုးမီးပန်းများဖြင့် ပူဇော် ကန်တော့ကြတယ်...။

ဒါတွေဟာ ကောင်းမွန်သော အစဉ်လာတွေပင် ဖြစ်သဖြင့် လွန်စွာဝမ်းမြောက်သလို စာဖတ်သူ သူတော်ကောင်းတို့ကို ကျေးဇူး အထူးတင်မိပါတယ်..။


ထို့အပြင် အထက်ပါ ဓမ္မပဒ အပ္ပမာဒဝဂ္ဂ (၅၆) ခုမြောက် ဂါထာလေးဖြင့် ဒီနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်မှာ သီ ကျွတ်ပေမဲ့ သီ မချွတ်ပါစေနဲ့လို့ ဆုတောင်း မေတ္တာပို့ရင်း နိဂုံးချုပ်လိုက်ပါသည်။

Sunday, October 28, 2012

ကိုယ်ပိုင် ကြောက်စိတ်မှ အောင်မြင်ခြင်း

 

To Conquer Fear By Himself


It is better to conquer yourself
than to win a thousand battles.
Then the victory is yours.
It cannot be taken from you,
not by angles, or by demons,

heave or hell.

(Buddha)

စစ်ပွဲမှာ ရန်သူ တစ်ထောင်ကို အနိုင်ရတာထက်
ကိုယ့်ကိုယ်ကို အနိုင်ရ
 အောင်မြင်ခြင်းက အကောင်းဆုံးပါ။
အဲဒီအချိန်မှာ ရရှိလာတဲ့ အောင်မြင်မှုက
ကိုယ်ပိုင်အောင်မြင်မှုပါပဲ။
ကိုယ်ပိုင် အောင်မြင်မှုကို
ဘယ်ဘုံ ဘယ်ဌာန ဘယ်နတ်
ဘယ်သူကမှ မယူဆောင်နိုင်ပါဘူး။

Inactive breeds doubt and fear.
Action breeds confidence and courage.
If you want conquer fear,
do not sit home and think about it.
Go out and get busy.

(Dale Carnegie)

မင်းရဲ့ ကြောက်စိတ်တွေ သံသံယတွေ
မရှင်သန်လာအောင် မွေးဖွားဖို့ ကြိုးစားပါ။
ရဲရင့်သော သတ္တိတွေ ယုံကြည်မှုတွေ
ရှင်သန်လာအောင် မွေးဖွားပေးဖို့ ကြိုးစားပါ။

မင်း ကြောက်နေတဲ့ စိတ်ကို
အောင်မြင်အနိုင်ရချင် တယ်ဆိုရင်
မင်းသေခြာ စဉ်းစားပါ
ဒီအတိုင်း ထိုင်မနေပါနဲ့
အလုပ်ရှိတဲ့ နေရာသွားပါ
အဲဒီအလုပ်တွေကို အချိန်ပြည့် လုပ်ပါ။

Fear is the main source of superstition,
and one of the main source of cruetly.
To conquer fear is the beginning of wisdom.

(Bertrand Russel)

ကြောက်စိတ်သည် အဓိကကျသော
ရက်စက်မှုနှင့် ဆင်ခြေပေးတတ်သော
အယူသည်းမှုမှ ဖြစ်တယ်။
အဲဒီကြောက်စိတ်ကို
အောင်မြင်တယ်ဆိုတာသည်
အခြေခံ ပညာရပ် တစ်ခုသာဖြစ်တယ်။

To strive with difficulties,
and to conquer them,
is the highest human felicity.

(Samuel Johnson)

အခက်ခဲဆုံး အရာတွေကို
ရရှိအောင် ကြိုးစားဖို့နှင့်
အခက်ခဲဆုံး အရာတွေကို
ရရှိ အောင်မြင်ဖို့ဆိုတာသည်
မြင့်မြတ်သော လူတွေရဲ့
ကြည်နူးမှု အရသာ ဖြစ်သည်။

The way of peace is the way of love.
Love is the greatest power on earth.
It conquers all things.

(Peace Pilgrim )

ငြိမ်းချမ်းရေးလမ်းကြောင်းသည်
မေတ္တာလမ်းကြောင်းဖြစ်တယ်။
မေတ္တာသည် ကမ္ဘာမြေပေါ်မှာ
ကြီးကျယ်ခမ်းနားသော တန်ခိုးရှိတယ်။
မေတ္တာသည် အရာအားလုံးကို အောင်မြင်နိုင်ပါတယ်။

Wednesday, October 24, 2012

အသိဥာဏ် Knowledge



အသိဥာဏ် Knowledge


It is the supreme art of the teacher
to awaken joy in the creative
expression and knowledge.

(Albert Einstein)

Knowledge ဆိုတာ...
အသိ ဥာဏ်ပညာနှင့် ခံစားချက်ကို
တည်ဆောက်ထားတဲ့အတွင်းမှာ
ပျော်ရွှင်မှုတွေ နိုးကြားလာဖို့ရန်
သင်ကြားပေးတဲ့ ကြီးကျယ်မြင့်မြတ်သော
ဆရာတစ်ဆူဖြစ်တယ်။

True friendship can afford true knowledge.
it does not depend on darkness and ignorance.

(Henry David Thoreau)

စစ်မှန်တဲ့ ရင်းနှီးကျွမ်းဝင်ခြင်းသည်
မှန်ကန်သော အသိဥာဏ်ကို
အားထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။

အဲဒီလို အသိဥာဏ်မျိုးက
မသိမှု အဝိဇ္ဇာနှင့် တွေဝေမိုက်မဲမှု
အမှောင်မိုက်ကို မှီခိုနေခြင်း မဟုတ်ပါဘူး။
တက္ကသိုလ်မြတ်မင်း

Tuesday, October 23, 2012

အမှန်တရားရဲ့ ကြေးမှုံပြင်



အမှန်တရားရဲ့ ကြေးမှုံပြင်


Be Sure you put your feet
in a right place, then stand firm.

                     (Abraham Lincoln)

မှန်ကန်တဲ့ နေရာမှာ
မင်းရပ်တည်နေတာ
သေခြာပါတယ်။
အဲဒီလို ရပ်တည်ခြင်းက
ခိုင်မာသော ရပ်တည်ခြင်းပါပဲ။

Give me Liberty or give me death.

                     (Patrick Henry)

လွတ်လပ်မှုကို ပေးရင်ပေး
သို့မဟုတ် ငါကို သတ်လိုက်ပါ။

Character is like a tree and
reputation like a shadow is
what we think of it;
the tree is the real thing.
                              
                        (Abraham Lincoln)

သစ်ပင်တစ်ပင်နဲ့ အလားတူတာ စာရိတ္တဖြစ်၍
ငါတို့ ယူဆထားတဲ့ ထင်ရှားကျော်ကြားဆိုတာသည်
အရိပ်တစ်ခုပမာဖြစ်တယ်။
တကယ်ရှိနေတဲ့ အရာဝတ္ထုသည်လည်း
စာရိတ္တနဲ့တူသော သစ်ပင်တစ်ပင်ဖြစ်တယ်။

The best thing about the future
is that it comes one day at a time.

                                (Abraham Lincoln)

အနာဂတ်မှာ ဖြစ်လာမည့် အကောင်းဆုံး
လုပ်ဆောင်ထားတဲ့ အရာဆိုတာ
တနေ့နေ့ တစ်ချိန်မှာ
ရောက်လာမှာပါ။

တက္ကသိုလ်မြတ်မင်း

Monday, October 22, 2012

ဒြပ်မဲ့ ငှက်ငယ်

 

ဒြပ်မဲ့ ငှက်ငယ်


အလင်းနှစ်ကို ရေတွက် ငါပျံသန်းနေပါရဲ့
ဒါပေမဲ့ စကြာဝဠာကြီးက ကျယ်လွန်းတယ်
ဘယ်ကို သွားသွား ဘယ်ဆီမှ မရောက်ခဲ့သလို
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေတာ ခံစားမိတယ်
အသိမဲ့တဲ့ အမှောင်ညမှာ ကြွေကျခဲ့ပေမယ့်
အဲဒီည ဘဝဟာ နယ်လွန်သွားပြီလေ....။

မျောလွင့်နေတဲ့ အတိတ်တွေနဲ့
ပစ္စုပ္ပန်မှာ ရောယောင် နားထောင်မိတဲ့
အလကားလူတစ်ယောက်ရဲ့ စကားက
အသိဥာဏ် အခြားမဲ့မှာ တစ်ဘဝလုံး
နံဟောင်နေတဲ့ သမိုင်းကြောင်းကတော့
ရိုးရှင်းလွန်းပါတယ်..။

အတိတ်မိုးစွေသော ဟိုတနေ့က
အရိပ်ထိုးကျနေတဲ့ သစ်ပင်အောက်
ရနံ့သင်းသင်း ခရေပွင့်တွေ
ကောက်နေမိတယ် ကြွေလွင့်လို့ပေါ့...။

အမြည်းမရှိ လေလွင့်နေတဲ့ ည
ခုနှစ်စင် ကြယ်တွေလည်း
ဣနြေ္ဒမရ ငိုက်မည်းလို့ အိပ်တန်းဝင်ခါနီးပြီ
ဒါပေမဲ့ အချိန်လွန် သက်ကြီး ခေါင်းချမှ
အိပ်မပျော် လင်းကြက်တွန်လာပြီလေ..။

မကြာခင်..
အိပ်တန်းပြန်တော့မှာပါ..
သကာရည် စကားလုံးများ နစ်မွန်းခံပြီရင်
ချိုးကူသံလို ချိမြိန်တဲ့ ခြူသံပေးလိုက်ရုံပါ
အကန့်သတ် များလွန်းတဲ့ လမင်းကို
ကိုယ် ကိုယ်တိုင် လက်လှမ်းမမှီဘူးလို့ ပြောရတာ
ထာဝရ ခါးလွန်းတဲ့ ဆေးတစ်မျိုးပဲပေါ့..။


ပစ္စုပ္ပန်...
အတွေးအိမ်ထဲမှာ ကိုယ်ထင်တာပါ
ကမ္ဘာဦးက သတ်မှတ်ထားတဲ့
နာမ်စားတစ်ခုဟာ ဘဝတစ်ခုရဲ့
နံရိုး တစ်ချောင်း မဟုတ်ဘူးဆိုတာပါပဲ..။

ကြာခဲ့ပြီ...
အတိတ်တွေဟာ ရင့်ကျက်လာပြီ...
တစ်နေ့ပြီး တစ်နေ့ ရေးနေရတဲ့
ကျောင်းစာတွေကို မပျင်းရိခဲ့ဘူး
ဘဝသမိုင်းက ခြေဆင်းထိုင်နေရုံနဲ့တော့
ဒီလို မပြောပါနဲ့ ပင်ပန်းလွန်းလို့...။

Thursday, October 18, 2012

အပြန်လမ်းက မေတ္တာ

အပြန်လမ်းက မေတ္တာ

 

လွတ်မြောက်မှု ချိန်ခွင်မှာ
ဇွဲမာန်အပြည့် မျှော်လင့်နေဆဲ
လှောင်အိမ်ထဲက လွတ်မြောက်လာခါမှ
လေးမှန်လို့ ဖြိုကျ ပျက်စီးခဲ့ပြန်ပြီပေါ့...။

အတွေးပြည့်နှယ် လောကအလယ်
အမှန်တရားအတွက် လှမ်းလျှောက်ပါလျက်
အမှောင်ကျနေတဲ့ ညတွေကို
ဖြတ်သန်းခဲ့ရပြန်တယ်...။

အကွေ့အကောက်များလွန်းတဲ့
နံရံတစ်ဖက်ကို ရောက်ခဲ့ဖူးတယ်
ဖြိုမကျခဲ့ဘူး....
လူ မှန် နေရာ မှန် ရောက်လာခါမှ
လွတ်မြောက်ရာ လမ်းမှာ
သွေးစွန်း ဖြိုပျက်ခဲ့ပြန်ပြီပေါ့..။

ကံဝဋ်ကြွေး ပေးဆပ်လို့
ဒေါသ အဖြေမှန်ကို
ဖြေဆိုခဲ့ပါရဲ့
ပေးဆပ်လိုက်တဲ့
လွတ်မြောက်မှု ငှက်ငယ်ရဲ့
နောက်ဆုံး ထွက်ပေါက်ဟာ
သွေးစွန်းခြင်း နိဂုံးတဲ့လား...။

Monday, October 15, 2012

စံပြပုဂ္ဂိုလ် သူလို လူ


စံပြပုဂ္ဂိုလ် သူလို လူ


(၁) အသိတရား အရှိတရားနဲ့
မာန်မာန ဂုဏ်ရိုန်အာဏာတွေ
ခဝါချလို့ ပြည်သူတွေကို နေရာပေးခဲ့သူ....။

(၂) တပါးသူ လက်ဖဝါးအောက်မှာ
အမှောင်ကျနေတဲ့ ကမ္ဘာတဖက်ကို
အလင်းပေးခဲ့သူ....။

(၃) အာဏာအတွက် အလုပ် မလုပ်
မျိုးချစ်စိတ်ဓာတ်နှင့် အများအတွက်
အလုပ်နှင့် သက်သေပြလို့
လွတ်လပ်ရေး ကြိုးပမ်းခဲ့..
အပြောကြမ်းပေမဲ့
နှလုံးသားလှတဲ့ သူ...။

(၄) မသိသေးသမျှ ဆိုနေမိမယ်
မလိုလို့လည်း ပြောနေမိမယ်
သူစိတ်နေ စိတ်ထား လွန်သိမ့်မွေ့လွန်းလို့
သူ့ ဝိညာဉ် သူ့မနော အလွန်သန့်တယ်
သူလို လူ ထူးချွန်သဘော...။

(၅) သူ့မွေးရပ်.. သူ့ ဇာတိ..
သူနေခဲ့တဲ့ နေရှင်နယ်ကျောင်း
သူနေခဲ့တဲ့ တက္ကသိုလ်
သူ့ပေးခဲ့တဲ့ မြေ သူ့ခြေရာတွေ
သူ့သမိုင်းကြောင်း မသိလို့ ထင်ယောင်ထင်မှား
မမြင်လို့ ပြစ်မှား
သူ့ဝိညာဉ် မသေပျောက်ပါဘူး
သူလို လူ ထွန်းတောက် ပြည့်ဘုန်း..။


တက္ကသိုလ်မြတ်မင်း

Sunday, October 7, 2012

ချိန်ခွင်ထဲက ဘဝဥဒါန်း

 

ချိန်ခွင်ထဲက ဘဝဥဒါန်း


တဖြေးဖြေး ကြယ်ပွင့်အောက်က
ဘီးကုတ်သဏ္ဍာန် လမင်းကြီးဟာ
လူသားဆန်တဲ့ အသိတရားရှိခဲ့ရင်....။

အမိုက်ဆိုတဲ့ ကျောရိုးတစ်ခုလုံး
အမှောင်ဖုံးပိတ်သောည
အကြောက်တရား ဒေါသတွေနဲ့
အသက်ရှု မွန်းကျပ်လွန်းပါရဲ့.....။

တွေဝေမိန်းမောနေတဲ့ မောဟတွေနဲ့
သံသယလွင်ပြင်ထဲ အတွေးအိမ်မက်တွေ နယ်ချဲ့လို့
တစတစ တစ်လောကလုံး အမှောင်ဖုံးလာတဲ့ ညတွေ
မောပန်းလွန်းလို့ အသက်ရှု ရပ်တန့်မလို မွန်းကျပ်လွန်းပါရဲ့...။

လူ့ဘဝရဲ့ ဝန်းကျင်ထဲ
နာကြည်းလို့ လူတစ်ယောက်ရဲ့ ဘဝကို
အမိန့်တော် ပြန်တမ်းစာထွက်လို့
အဆိပ်သင့်စေတဲ့ မျှားတစ်စင်း လွှတ်လို့
ဖျက်သိမ်းဖို့ ကြိုးစားတယ်ဆိုရင် မှားမယ်...။

ဝေခွဲမရတဲ့ အတွေးခေါ် အာရုံဆူးတွေက
ဘဝမျက်နှာပြင်မှာ ဂယက်ရိုက်လို့
တစ်လောကလုံး စိန်ခေါ်မိရင်လည်း မှားမယ်....။

အမှားတွေရဲ့ လက်မတင် ဘဝထဲက
ကိုယ် ပေးပြီတဲ့ ဂတိတည်သော
ယုံကြည်မှု စကားတစ်ခွန်းကို
ပြန်ပြင်ဖို့ဆိုတာ....
ထွေးပြီးသား သံတွေးကို ပြန်မမြိုသလို
ကံကိုလည်း ပုံမချ
ဘဝတိုက်ပွဲရဲ့ အောင်လက်မှတ်အဖြစ်
လက်ခံလိုက်မယ်.. ကျေနပ်တယ်...။

ဒါပေမဲ့....
အချိန်တိုတို ကာလအတွင်းမှာ
အသက်တွေ ကြီးလာပြီး
အမှားတွေခဝါချလို့ ကိုယ့်ဘဝသမိုင်းကို
ကိုယ် ကိုယ်တိုင် ကိုယ့် သမိုင်းအလံထူဖို့ဆိုတာ
မေ့နေဦးမှာလား.... ဆက်မှားဦးမှာလား...။

တကယ်တော့...
ဘဝရဲ့ စာရိတ္တ အလံတစ်ခုကို
လွှင့်ထူဖို့ဆိုတာ အမှန်တရားရဲ့
လမ်းမပေါ်က အများအသိမှတ်ပြုတဲ့
ကြေးမှုံပြင် တစ်ခုပေါ့...။

Friday, October 5, 2012

အောင်မြင်ခြင်း လျှိုဝှက်ချက်

 

အောင်မြင်ခြင်း လျှိုဝှက်ချက်


အသိမကြွယ်သေးပေမဲ့
အကူစာအုပ်ကို
ဆော့ကစားလို့
ဥာဏ်ကစားခဲ့ဖူးတယ်..
ဒါပေမဲ့.....
အမှန်တရားအတွက်
ကြောက်စိတ်ဝင်ဖို့
မဟုတ်ဘူး....။

သမိုင်းစာအုပ်တွေ
အကြိမ်ကြိမ် ဖတ်ခဲ့ဖူးတယ်..
ဒါပေမဲ့...
ကိုယ့်သမိုင်းကို ဖတ်ဖို့ဆိုတာ
အကြိမ်ကြိမ် မေ့နေခဲ့ကြတယ်..။

ဘဝအကြောင်းတွေ တွေးမိတိုင်း...
စာတစ်ပုဒ် ရေးဖြစ်ခဲ့ရင်
အတ္တကို ခဝါချလို့
စစ်မှန်သော လမ်းကြောင်းပေါ်ကို
တက်လာခဲ့ပါ...။

အောင်မြင်မှုဆိုတာ
အချိန်ဆိုတဲ့ သော့နဲ့
အရည်ချင်းတို့ ပေါင်းစပ်ထားတဲ့
ကြီးစွာခမ်းနားသည့်..
လျှိုဝှက်ချက်ပဲပေါ့...။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...