Monday, October 29, 2012

အသိထူးလှ သီတင်းကျွတ်လ





အသိထူးလှ သီတင်းကျွတ်လ

ဒီနေ့ဟာ လောကကြီးရဲ့ ဦးခိုက်ရာဖြစ်သော မြတ်စွာဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ် ဝါမြောက်တွင် မွေးမိခင်ဖြစ်ခဲ့ဖူးတဲ့ မယ်တော်မိနတ်သားရဲ့ ကျေးဇူးတွေကို အမြိုက်တရား အမြတ်တရား အဘိဓမ္မာဖြင့် ပေးဆပ်ပြီးသောနေ့ဖြစ်သလို အဘိဓမ္မာနေ့လည်းဖြစ်(သို့မဟုတ်) ဥပုသ်သီလ အကျင့်တရားတို့ဖြင့် ကျင့်ကြံပွားများကြသော သူတော်ကောင်းတို့၏ ကျွတ်တန်း ဝင်ရောက်သောနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်ပင် ဖြစ်သည်။


မြတ်ဗုဒ္ဓ၏ သာသနာ့ရင်ခွင် ပုခတ်တွင်းမှာ မွေးဖွားကြသော သူတော်စင် အပေါင်းတို့ ဒီနေ့ဟာ မြတ်စွာဘုရားရှင်သည် မိခင်ကျေးဇူးဆပ်ပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည် ကြွတော်မူသောနေ့၊ အဘိဓမ္မာနေ့၊ အသက်ကြီးပူဇော်ပွဲနေ့၊ မီးထွန်းပွဲတော်နေ့၊ နိဗ္ဗာန်ဈေး ပွဲတော်နေ့၊ ခေါင်းဆေးမင်္ဂလာနေ့၊ မင်္ဂလာအပေါင်း ခညောင်းသောနေ့ပင်ဖြစ်သည့် အတွက် အောက်ပါ တရားတော်ဖြင့် ဂါရဝပြုလိုက်ပါသည်။

အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနီ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the Devas (gods).

တောင်ဇလပ် စန္ဒကူးပန်းတို့၏ ရနံ့သည် မပြောပလောက် အနည်းငယ်လောက်မျှလောက်သာဖြစ်၏။ သီလရှိသော သူတို့၏ သီလရနံ့သည်သာ ထူးကဲမွန်မြတ်သည်ဖြစ်၍ အထက်ဘဝဂ် နတ်ပြည်ထိ ပြန့်နှံ့၏။

လောကသုံးပါးတို့၏ ရှိခိုးဦးခိုက်ရဖြစ်သော သုံးလောကထွဋ်တင် ဘုရားရှင်သည်....
မွေးမိခင်.. မယ်တော်မာယာ (ခေါ်) သန္တုဿိတနတ်သားကို ခက်ခဲနက်နဲသော အဘိဓမ္မတရားဖြင့် ကျေးဇူးခဲ့ပြီ...။

ကျွေးမိခင်...ပဇာပတိ ဂေါတမီ (ခေါ်) ဂေါတမီထေရီကြီးကိုလည်း သာသနာဝင်ရောက်ခွင့်ပြု၍ အရဟတ္တ ပန်းခိုင်ကိုဖြင့် မြတ်နိဗ္ဗာန်ကို အရောက် ပို့ဆောင်နိုင်ပြီ...။

ဝါတော်ကျွတ်လို့ သင်္ကဿနဂိုရ်ပြည် ရောက်သော်လည်းပဲ ဝေနေယျ သတ္တဝါနတို့ အား အကျွတ်တရားတို့ကို ဟောကြားတော် မူခဲ့လေပြီ..။

မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ကြည့်ပြန်သောအခါ အသက်ကြီးသူ အဘိုးအဘွား မိဘနှစ်ပါး အစ်ကို အစ်မတို့အား ညီငယ် ညီမငယ်တို့က လေးစားသမှုပြုလို့ ပူဇော်ကန်တော့ပွဲပြုကြတယ်..။

ထို့အပြင် မြတ်ဗုဒ္ဓ တာဝတိံမှ ပြန်လည်ကြွတော်မူသဖြင့် ကြိုဆိုသူ လူပေါင်းတို့က ပီတိ သောမနဿဖြစ်၍ အစဉ်အလာတစ်ခု အနေဖြင့် မီးရှုးမီးပန်းများဖြင့် ပူဇော် ကန်တော့ကြတယ်...။

ဒါတွေဟာ ကောင်းမွန်သော အစဉ်လာတွေပင် ဖြစ်သဖြင့် လွန်စွာဝမ်းမြောက်သလို စာဖတ်သူ သူတော်ကောင်းတို့ကို ကျေးဇူး အထူးတင်မိပါတယ်..။


ထို့အပြင် အထက်ပါ ဓမ္မပဒ အပ္ပမာဒဝဂ္ဂ (၅၆) ခုမြောက် ဂါထာလေးဖြင့် ဒီနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်မှာ သီ ကျွတ်ပေမဲ့ သီ မချွတ်ပါစေနဲ့လို့ ဆုတောင်း မေတ္တာပို့ရင်း နိဂုံးချုပ်လိုက်ပါသည်။


တက္ကသိုလ်မြတ်မင်း

1 comment:

  1. မြတ်စွာဘုရားရဲ့ ငြိမ်းချမ်းတဲ့အရိပ်အောက်မှ ဘုန်းဘုန်းချမ်းမြေ့ပါစေ
    ပျော်ရွှင်စရာများတဲ့ သီတင်းကျွတ်လေးဖြစ်ပါစေ

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...