Thursday, May 31, 2012

မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

 

မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)


သောကြာနေ့၊ ဂျွန်လ ၁၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

Wednesday, May 30, 2012

Aung San Suu Kyi starts world tour

Burmese pro-democracy leader Aung San Suu Kyi talks to reporters during a news conference after a meeting with India's Prime Minister Manmohan Singh in Rangoon. Photograph: Soe Zeya/Reuters

Aung San Suu Kyi starts world tour


irishtimes.com - Last Updated: Tuesday, May 29, 2012, 16:02
 
For 24 years, Aung San Suu Kyi was either under house arrest or too fearful that if she left Burma, the government would never let her return.
Now, in a sign of how much life there has changed, she is back to being a world traveller, catching an 85-minute flight to neighbouring Thailand today.

With the installation of an elected government last year, and her party’s own entrance into parliament this year, she can claim at least partial success for her long fight and feel a freedom to explore the world.

Ms Suu Kyi is to spend several days in Thailand, meeting poor migrant workers and war refugees from her homeland, as well as international movers and shakers at the World Economic Forum on East Asia.

တွေ့ကြုံခဲ့တဲ့ တခဏတာ

တွေ့ကြုံခဲ့ တခဏတာ


ခေတ်ကာလက မော်ဒန်ခေတ်ဖြစ်လို့ ကျနော်တို့ အတွေးအခေါ်တွေဟာ ပွင့်လင်းရာသီကို ရောက်ခဲ့ပါပြီ။ ဒီလို ပွင့်လင်းရာသီဖြစ်တဲ့ ကျနော်တို့ ဘဝလောကဓံ ကိုယ်တိုင် ဖြတ်သန်းခဲ့ကြတဲ့ အတွေးအခေါ် အသိပညာတွေကို ပြောပြဖို့လိုအပ်လာပါပြီ။ အခုလိုအခါမျိုးမှာ ကျနော်တို့ မပြောခဲ့ဘူးဆိုရင် ကျနော်တို့ နောင်တတွေရလိမ့်မယ်။ နောက်ပြီ နိုင်ငံခြားမှာ နေထိုင်ရတဲ့ အလုပ်သမားတွေ ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ အနီးကပ်ဆုံး ထိုင်းနိုင်ငံမှာ ဘဝအတွက် ရုန်းကန်ရင်း အလုပ်လုပ်နေရတဲ့ မြန်မာပြည်သူတွေကို ကြည့်လိုက်ပါ။ သူတို့ထဲမှာ အထက်တန်း အလုပ်သမား၊ အလယ်အလတ်တန်း အလုပ်သမား၊ အခြေခံ အလုပ်သမား၊ ပညာသင် ကျောင်းသားတွေ၊ ပညာရှင်တွေ စသည် အသိုင်းဝိုင်းများစွာရှိကြပါတယ်။ သို့သော် အဲဒီထဲမှာ အလယ်အလတ်တန်း အလုပ်သမားများနဲ့ အခြေခံ အလုပ်သမား အများဆုံး ကြုံတွေ့နေတဲ့ ဘဝပြဿနာက တော်တော်လေး ရင်နာစရာကောင်းလှပါတယ်။

"ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ"

 

 "ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ"

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်         ဒေါ်အောင်ဆန်းစုကြည် ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း နေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန် ထုံးတမ်းများကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။

ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး

 

ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး

လျှပ်စစ်မီး ရရှိရေးနှင့်လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူထုလှုပ်ရှားမှု များ၌ နိုင်ငံရေးပါတီ များ ပါဝင် ပတ်သက်ခြင်း မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ - Reuters)

နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပါမည်ဟု ၀န်ခံကတိပြုထားပြီး ဖြစ်ကြောင်း၊ ထိုဝန်ခံချက်အား ပါတီဝင် တဦးဦးက ချိုးဖောက်လျှင် ၎င်းအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ရေးသားထားသည်။

Monday, May 28, 2012

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး

 

ကျောက်ကြီး၊ မွန်းလွဲ ၃ နာရီခွဲ၊  မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊

သူရမျိုး (YPI)


ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP  ၃၆ ဦးအား ပြန်လည်လက်ခံကာ မှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း ကျောက်ကြီးတွင်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) မှ ဦးတူးတူး၊  နော်ဝေ ဒုနိုင်ငံခြားရေး ၀န်ကြီး ၊ နော်ဝေသံအမတ်ကြီး နှင့်  ဒေသတပ်နယ်အာဏာပိုင်များ  တက်ရောက်ကြသည်။

အခမ်းအနားဖြင့် ယခုပေးအပ်သည့် ၃၆ ဦးအပြင် လူဦးရေ ၁၅၀၀ ကျော်ရှိသည့် IDP ကျေးရွာ တရွာကိုလည်း ယခုတခေါက်တွင် မှတ်ပုံတင်ထုတ်ပေးသွားမည်ဟု သိရှိရသည်။

လူ့ဘဝရဲ့ ငြိမ်းချမ်းရေးသမိုင်း


လူ့ဖြစ်လာတဲ့ ဒီဇာတ်ခုံထဲ
ငါတို့ ဖြတ်သန်းနေတဲ့ ဇာတ်ဝင်ခန်းထဲက
ဘဝဆိုတာ လက်ခမောင်းခတ်မှ
ကြိုးဝိုင်းအတွင်း ရောက်တာမဟုတ်ပါဘူး
အလိုလိုနေရင်း တိုက်ခိုက်နေတဲ့
စစ်ပွဲကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြတာပါ
အနိုင်ယူတာ တခဏတာ ကောင်းပေမဲ့
တစ်ခါတရံ အရှုံးပေးလိုက်တာ
ကိုယ့်ဘဝရဲ့ ဆေးလိပ်တိုတို
နေညိုညို တောင်စွယ် မာန်ပြိုတဲ့
နောက်ဆုံးနေ့ရက်အထိ အကောင်းဆုံးပေါ့...။

ယုံကြည်မှုတွေ ချိပ်ပိတ်ခံရ
ရိုးသားမှုတွေ အကျဉ်းကျခံရ
လောကဓံဇာတ်ကွက်မလှတဲ့
တို့အတိတ်တွေက အိပ်ယာဝင်ခဲ့တာ ကြာခဲ့ပြီပေါ့..။

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်

 

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်


အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်း (Manmohan Singh) ဟာ မနေ့က့မေလ ၂၇ ရက် တနင်္ဂနွေ ညနေက နေပြည်တော်ကို ရောက် နေပါပြီ။ ဒါဟာ ၂၅ နှစ်တွင်း မြန်မာနိုင်ငံကို အိန္ဒိယ ၀န်ကြီးချုပ် တဦးရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အိန္ဒိယ ၀န်ကြီးချုပ်ဟာ နိုင်ငံတော် သမ္မတနဲ့ရော အစိုးရအဖွဲ့တွေနဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပြီး ရန်ကုန်မှာလည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မေလ ၂၇ ရက် တနဂ်နွေ ညနေ ၆ နာရီ ၄၅ မိနစ်မှာ နေပြည်တော်ကို လေယာဉ်နဲ့ ရောက်လာခဲ့ တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့ပါတယ်။ မနက်ဖြန် မေလ ၂၈ ရက် တနင်္လာနေ့ မနက်မှာတော့ နေပြည်တော် မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့နဲ့ပါ တွေ့ဆုံဖို့ရှိပြီး နေလည်ပိုင်းမှာတော့ နေပြည်တော်က MICC မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင် အသင်းက လုပ်ငန်းရှင်ကြီးတွေနဲ့အတူ ကုန်သွယ်ကူးသန်း ကိစ္စတွေအတွက် တွေ့ဆုံဖို့လည်း စီစဉ်ထား ပါတယ်။

ညဘက်မှာတော့ အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကို သမ္မတက ညစာနဲ့ တည်ခင်းဧည်ခံမှာ ဖြစ်ပါ တယ်။

ဒါဟာ ၂၅ နှစ်ကြာကာလတွင်း အိန္ဒိယနိုင်ငံက ၀န်ကြီးချုပ်အဆင့် အဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံလုံခြုံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ကူးသန်း ကိစ္စတွေကို အထူးအလေးပေး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Sunday, May 27, 2012

ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ


ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။

လျှပ်စစ်မီး၊ အလုပ်သမားများ အခွင့်အရေးရရှိရေး ဆန္ဒပြပွဲများ

 
ဓာတ်ပုံ ASSOCIATED PRESS

လျှပ်စစ်မီး၊ အလုပ်သမားများ အခွင့်အရေးရရှိရေး ဆန္ဒပြပွဲများ



ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့ မြို့ ကြီးတွေ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ရန်ကုန်မြို့ အနီးတဝိုက် စက်ရုံအလုပ်ရုံတွေမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားတွေရဲ့  လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပကတိဖြစ်စဉ်အတိုင်း ရှုမြင်ပြီး ပြေလည်အောင်ဖြေရှင်းပေးလိုတဲ့ ဆန္ဒနဲ့သာ ကိုင်တွယ်ဖြေရှင်းပေးသင့်ပြီး အားလုံးအနေနဲ့လည်း လက်ရှိမြန်မာနိုင်ငံအတွင်း အသွင်ကူးပြောင်းနေတဲ့ ဖြစ်စဉ်တွေ၊ အသွင်ကူးပြောင်းနေတဲ့ ဆောင်ရွက်ချက်တွေကို မထိခိုက်အောင် ဝိုင်းပြီးသတိထားသင့်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ မှာရှိတဲ့ ဦးကိုကိုကြီး ကို ကျနော်ဆက်သွယ်မေးမြန်းထားတာပါ။

Saturday, May 26, 2012

ပဟေဠိများတဲ့ လမ်းစဉ်


လျှိုဝှက်ချက်များနိုင်လွန်းတဲ
ထောင်ချောက်များလွန်းတဲ့
လောကဇာတ်ခုံပေါ်မှာ ကကြိုးစုံပါရဲ့
လှည့်စားတတ်တဲ့ အရာတွေက
နည်းပညာမတက်မြောက်ခင်တော့
မျက်လှည့်ဆရာ တော်တုန်းပဲပေါ့..။

မတည်မြဲတဲ့ စည်စိမ်းတွေကို ယစ်မူးခြင်းက
ဘဝပင်လယ်မှာ ကိုယ်မောင်းနှင်တဲ့ လှေ..
မပြိုကျခင်တော့ ဦးမော့နေအုန်းမှာပေါ့...
ပြိုကျ ပျက်စီးသွားတဲ့ တနေ့တော့
ခဝါချလို့ ဦးချို ကျိုးခဲ့ရင်...
အရင်တိုင်း နေနိုင်မလား...?

ခေါင်းထောင်နေတဲ မြွေဟာ
အဆိပ်ရှိတဲ့ အခိုက်အတန့်မှာ
မာန်ထောင်လို့ ပါးပျဉ်းခွက်နေတာပါ
အဆိပ်ကုန်ခန်း မာန်ကုန်ခန်းတဲ့ တနေ့...
ပါးပျဉ်ခွက်ဆိုတာ ဖြစ်နိုင်မလား?

Friday, May 25, 2012

ဂုဏ်ထူးဆောင် ပါရဂူဆု ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်


 

 

ဂုဏ်ထူးဆောင် ပါရဂူဆု ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်

 

အမေရိကန်နိုင်ငံ မေရီလန်ပြည်နယ်မှာရှိတဲ့ Johns Hopkins တက္ကသိုလ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

မေလ ၂၄ ရက်နေ့ မနက်က ကျင်းပတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာ့စီးပွားရေးနိုဘယ်လ်ဆုရှင် Amartyr Sen နဲ့ စုစုပေါင်း ၅ ဦးကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။

ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမည်


ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမည်

မြန်မာသတင်းများ မေလ ၂၅ ရက် ၂၀၁၂ ခုနှစ်....

မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ရက်နေ့အထိလုပ်မဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မဲ့ ညီလာခံကို ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ဖို့ ဇွန်လ ၂၈ ရက်နေ့ ဘန်ကောက် သွားမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဦးသိန်းစိန်လဲ တက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားထွက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

Wednesday, May 23, 2012

ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့


ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား 

ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့


ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။

စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်သူလူထုထံ တရားဝင် သတိပေးထားပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူ ၅ ဦးထက်ပိုသည့် လူစုဝေးခြင်းကို ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ စာဖတ်ပြပြီးနောက်တွင် ကိုဟန်ဝင်းအောင်က ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်ဟု ဆိုကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို စတင်လိုက်ကြသည်။

မီးအိမ်ရှင်


အမှောင်ထုက ကြီးစိုးမင်းမူနေတယ်..
ပတ်ဝန်းကျင်အသံတွေ
လောက ဥပဒေသအရ ငြိမ်သက်မှုမှာ
အတုန်းအရုံး လဲပြိုကျ
မာကျူရီ မပြောနဲ့
ပိုးစုန်းကြူးတောင် မဖြတ်သန်းတဲ့
အလင်းရောင်မရှိတဲ့ လျှောက်နေကျ
လမ်းကလေးက အခုတော့လည်း
ဖယောင်းတိုင် မီးအိမ်လေးတွေ တန်းစီလို့
လိုအင်ဆန္ဒနဲ့ အေးချမ်းတဲ့
တိတ်ဆိတ်မှုတွေ ပျောက်ဆုံးခဲ့ရ..။

ခေတ်က ရိုးရိုးသားသား
တရွေ့ရွေ့ လှုပ်ရှားမှုများ
တနေ့ထက် တနေ့ ကိစ္စတွေ များပြားလာပြီ
အများဆန္ဒတွေ ဒီလိုနဲ့ အဆင်ပြေမှာလား
ဘာကိုဘယ်လို ဖန်တီးမလဲ
မာကျူရီအလင်းပျောက်တဲ့ ဒီလမ်းကြီးထဲ
ဖြတ်ကနဲ ပြက်လိုက် ဖြတ်ကနဲ လာလိုက်နဲ့
လက်ရှိအနေထားက တကယ်ပဲ... တိုးတက်မှုလား...
မီးက မီးအတိုင်း လင်းဖို့..
ရေက ရေအတိုင်း အေးဖို့....
အတ္တတွေ ခေါက်သိမ်းဖို့ လိုမယ်
ကမ္ဘာတခြမ်းမှာ တယောက်တည်း
တွေဝေမနေပါနဲ့ သူတို့ဆန္ဒတွေ ပေးလိုက်ပါ..
သန်းခြောက်ဆယ်ရဲ့ မီးအိမ်ရှင်...။

Monday, May 21, 2012

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။

မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ်ရှိဟုဆို

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ်ရှိဟုဆို


မန္တလေး၊ မေ ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်သောကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှစ်ရုံ ပြီးစီးပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီရောက်တိုင်း၂၄နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနုဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီးလျှပ်စစ်နှင့်စက်မှုရေးရာဝန်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအ၀င်မန္တလေး မြို့ခံများတက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါအတိုင်း ပြောကြားသည်။

မန္တလာမှာ လျှပ်စစ်ဆန္ဒ တောင်းဆိုတဲ့ ဆီမီးရောင်စုံည

 


===========================
လျှပ်စစ်မီးပုံမှန်ရရေးလှုပ်ရှားမှု ဒုတိယနေ့ (မန္တလေး)

မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု၏ ဒုတိယနေ့အဖြစ် ယနေ့ (၂၁.၅.၂၀၁၂) ည ၇ နာရီ၌၂၆ လမ်း၊ ၆၈ လမ်းနှင့် ၆၆ လမ်းကြားရှိ စွမ်းဟိုတယ်ရှေ့တွင် စတင် ဆင်နွှဲနေပြီဖြစ်ကြောင်း CJMyanmar က သတင်းရရှိသည်။

အဆိုပါ လှုပ်ရှားမှုကို မနက်ဖန် (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း ၄င်းနေရာ၌ပင် တတိယနေ့အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း အထက်ပါနေရာတွင် ဖြန့်ဝေနေသော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာအရ သိရသည်။

ဝင်္ကပါများသော လျှိုဝှက်ချက်


 အသိုင်းဝိုင်းက အသိဥာဏ်မဲ့
အတွေးခေါင် လွင်ပြင်ကျယ်ထဲက
လူ့ဘဝရဲ့ အစိတ်အပိုင်းကို
သင်္ချာတွတ်မိတော့ အစားထိုးတဲ့
ထပ်ကိန်းတွေသာများသွားတယ်
ရရှိလိုက်တဲ့ အဖြေက
ဘာမရှိတဲ့ သုညတဲ့...။

သုည...သုည..  သုည..
ငါ.. ကြားဖူးခဲ့တဲ့ ကမ္ဘာကျော်တွေ
ဟင်းသီးဟင်းရွက် ရောင်းလို့
ဘဝ စတင်ခဲ့တာလည်း ရှိတယ်..။

မြေပေါ်မှာ ဒုတ်ကလေးနဲ့
ဟို ခြစ် ဒီ ခြစ် လက်နှစ်ဖက်ကို ကျစ်လို့
ဘဝတစ်ခု စ ခဲ့တာလည်း ရှိမယ်..။

အိမ်အစုတ်ကလေးထဲ တကုတ်ကုတ်နဲ့
လျှပ်စစ်ထုတ်ခဲ့တဲ့ သူလည်းရှိမယ်..

အရူးလွယ်အိတ်ပမာ ဟိုထည့် ဒီထည့်
ကမ္ဘာပတ်ခဲ့တာလည်း ရှိမယ်..

ပင်လယ်စွန်တကောင်လို့ ရေပေါ်မှာ
ပျံသန်းသွားတာလည်း ရှိမယ်..

ကောင်းကင်ကြီးထဲက စွန်တွေလို သိန်းငှက်တွေလို
ဝဲပျံနေတာလည်း ရှိမယ်..

ကမ္ဘာ့စစ်မြေပြင် စစ်မျက်နှာပြင်မှာ
လူစွမ်းကောင်းတွေ လုပ်ခဲ့တာလည်း ရှိမယ်..

ဘာသာတရား အထင်အရှားနဲ့
ကျော်ကြားလာတာလည်း ရှိမယ်..

ပန်းတိုင်ကို ရောက်လာတဲ့သူတိုင်းရဲ့
သမိုင်းကြောင်း အခြေခံတွေက
အောက်ခြေက စတင်ခဲ့တာများတယ်
သူငယ်ချင်း မင်း... အားမလျော့နဲ့
လျှပ်တပျက် မိုက်တီးရဲ့ရိုက်ချက်က
လူစွမ်းကောင်း ဖြစ်မယ်ဆိုတာ
ငါ...ယုံကြည်တယ်..ဇွဲ မလျော့နဲ့ ရှေ့တက်ခဲ့..။

Sunday, May 20, 2012

"သန်းခြောက်ဆယ်ကိုထွက်ပေါက်ပေးခဲ့သူ"


"သန်းခြောက်ဆယ်ကိုထွက်ပေါက်ပေးခဲ့သူ"


ဌာနချင်းမတူလို့ သူသိပ်သိမှာမဟုတ်ပေမယ့်. . . တပ်မတော်သားဘဝက. . .။
သူနဲ့အတူ အမိုးအကာတစ်ခုထဲအောက်က ရုံးတစ်ရုံးမှာ
၇ နှစ်လောက် အတူရှိနေခဲ့ဘူးတယ်။


အဲဒီတုန်းက. . .။ မှူးကြီးနဲ့အထက်အဆင့်တွေသာအပေါ် Car Park
မှာရပ်ခွင့်ရှိပြီး ကျွန်တော်တို့အငယ်တွေက အောက်မှာကားရပ်ပြီး
သုံးဖာလုံလောက်လမ်းလျှောက်တက်ရလေ့ရှိတဲ့
ကားလမ်းရှည်ကြီးကို သူက ကာနယ်ဖြစ်ပေမယ့် မလှမ်းမကမ်းသူ့အိမ်လေးကနေ
ကားမစီးပဲ လမ်းလျှောက်ပြီးဘဲ အမြဲတက်လေ့ရှိတာမှတ်မိနေတယ်

အဲဒီကတည်းက နဲ့နဲ့. . နဲ့နဲ့. .နဲ့လူမမာပုံအမြဲပေါက်နေပေမယ့်
ရုံးမှာအချိန်ပြည့်အထိုင်နိုင်ဆုံးပုဂ္ဂိုလ်...စိတ်အရှည်ဆုံး...
ထက်အောက်အဆင်ပြေဆုံးပုဂ္ဂိုလ်အဖြစ်ထင်ရှားတယ်။

ကျွန်တော်တို့ရုံးအပေါ်ထပ်ကိုတက်သတင်းပို့ရင်းအလဲလဲ
အကွဲကွဲဖြစ်ပြီးထွက်လာရင် သူ့ရုံးခန်းနဲ့ သူ့အပြုံးက
ကျွန်တော်တို့နားခိုဖြေသိမ့်ရာအဖြစ် လူသိများတယ်။

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်


အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်


ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကျွန်ုပ်တို့မှ အမေ ဒေါ်အောင်ဆန်းစုကြည်အား ၀မ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါ သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊ အမျိုးသားရေး ဦးတည်ချက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင်
ကျွုနုပ်တို့ ရပ်တည်ချက်သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။
 

အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှု မရှိသေးသောအရည်အချင်းများကို အမေစုအား သိစေလိုပါသည်။ ထိုအကြောင်းအရာများကို စစ်အစိုးရက ယနေ့ ထက်တိုင်အောင် အင်မတန် မှကြောက်ရွံ့ နေပါတယ်။

သူ့ကြောင့် လူရှစ်ဦး အသက်ကယ်ခဲ့သလို လူနှစ်ဦး မျက်စိအလင်းရခဲ့ပြီ


ဦးနှောက်သွေးယိုစီးမှုဖြစ်ကာ သေဆုံးသွားသူလေး၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး လူနှစ်ဦး အမြင်အာရုံပြန်လည်ရရှိ


ဂျမ်မီမာလေဇယ်အမည်ရှိ ၁၃နှစ်အရွယ် မိန်းကလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

သူသည်ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ် ဟော်တန်မြိုကရှိနေအိမ်တွင် ကျန်းကျန်းမာမာရှိရာမှ ရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သူသေဆုံးသွားသည့်အခါ သူ၏မိဘများသည် သူ၏ဆန္ဒအတိုင်း ဆေးရုံသို့ ခန္ဒာကိုယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ခြင်္သေ့မင်းရဲ့ ဇွဲ

ရှင်သန်နေတဲ့ အချိန်တိုင်း
အားမာန်တွေ အပြည့်နဲ့
လှုပ်ရှားသက်ဝင်နေမှာပါ..။

ကောင်းတဲ့ အချက်အလက်တွေနဲ့
ကောင်းမှုတွေကို ရှာဖွေနေမယ်
အတ္တမပါဘူး စွမ်းအားသာတယ်
ဝီရိယမညံ့ဘူး ခွန်အားရှိတယ်
အချိန်တိုင်း ဟောက်သံလို့ ထင်မယ်
အသံကြောင့် ဖားသေတာမျိုးမဟုတ်ဘူး
လုပ်ဆောင်ချက်နဲ့ တပြေးညီရှိတဲ့
ခြင်္သေ့မင်းရဲ့ ဇွဲသတ္တိပဲ..။

Saturday, May 19, 2012

အောင်မြင်မှု လျှိုဝှက်ချက်


မျှော်လင့်ချက်မဲ့တဲ့ အတွေးတစ်ခွက်
မော်ဒန် သကြားနှစ်ဇွန်းခတ်လို့
ဇိမ်ရှိရှိ သောက်သုံးချင်ပေမဲ့
ရည်ရွယ်ရာမဲ့တဲ့ ဘဝခြေလှမ်းတွေအောက်က
သဲသောင်ပြင်ထက် လောင်ချမိသလို
အဓိပ္ပာယ်မဲ့လို့ ပန်းတိုင်ပျက်သုဉ်းနေဆဲ...။

ဒါဟာ...
ဘဝအတွက် လျှောက်လှမ်းသော
ခြေလှမ်းအစ အသက်မဝင်လှတဲ့ အပြုံးနဲ့
ဟန်လုပ်သရုပ်ဖော်တဲ့ တဒင်္ဂတွေမို့
ပြီတော့လည်း ပြီသွားတာပဲ
ဘယ်သွားဘယ်လာ ခြေလှမ်းသာ ထင်ကျန်ခဲ့
အရာမရောက်တဲ့ ငါ့အတွက်တော့
လေလွင့်ငှက်တကောင်လို ပန်းတိုင်ပျောက်ဆုံးနေဆဲ...။

အော်.. ခုတော့...
ဂျစ်ပစီတယောက်လို တေလေတယောက်လို
ဟို ကုတ်ခြစ် ဒီ ကုတ်ခြစ်နဲ့
ကဗျာ နံရံတွေလည်း ညစ်ပတ်လို့
နံရံပေါ်က ကဗျာတွေကို ငါ့ ကို ဟားတိုက်ကြတော့
ကဗျာ အဖတ်ခံလိုက်တဲ့ ငါ... အခုတော့လည်း
ရည်ရွယ်ရာ ပန်းတိုင် ပျောက်ဆုံးနေဆဲ..။

ချစ်သူ မင်းလား ဝင်လာခဲ့လေ


အရိုင်းတကောင်လိုဖြစ်နေတဲ့
တသက်လုံး
သော့ခတ်ထားတဲ့
အမည်မသိ သံသေ သံမဏိတံခါးကို
ခြင်းကပ်လို့ လာခေါက်တယ်..။

သေးသွယ် သွယ်လျတဲ့ နူးညံ့သော လက်ချောင်းလေးတွေရှိတဲ့
ပန်းနီရောင် နှုတ်ခမ်းလေးက တဖွဖွနဲ့ တိုးဝှေ့လို့
ပိုင်ရှင်ကြည့်မိတဲ့ သူ့မျက်ဝန်းက ရှက်သွေးဖြန်းနေပါလျက်
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
အရောင်တလက်လက် မွေးညင်းကလေးတွေရှိတဲ့
အစိမ်းရောင်သွေးကြောသန်းနေတဲ့ လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

Friday, May 18, 2012

ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်သစ်မြန်မာ

 

ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲရေး

ခေတ်သစ်မြန်မာ ကွာခြားချက်

 
by ဇော်အောင် (မုံရွာ)

တိုင်းပြည်ကြီး၊ ပျက်စီးယိုယွင်းလာသည်ကို ပြုပြင်ပြောင်းလဲလိုသူများက ၁၉၈၆ ကွန်မြူနစ်ပါတီကွန်ကရက်ကြီးတွင် အစိုးရအဟောင်းကို အသစ်နှင့်အစားထိုးလိုက်သည်။ အသက် ၇၁ နှစ်အရွယ်ရှိသော ငုရင်ဗင်လင့်ဆိုသူ ပါတီအကြီးအကဲဖြစ်လာပါသည်။ ထိုမှစပြီး အရှေ့တောင် အာရှနိုင်ငံမှ၊ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများဖြင့် ဒီမိုကရေစီစနစ်ကိုလုပ်ဆောင်ခဲ့သည်။ Doi Moi အင်္ဂလိပ်စကားလုံ Renovation ဟု အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုတွင် ၄ နှစ်အတွင်း ဥရောပါ၊ အမေရိကတို့နှင့် ဆက်ဆံရေးပြန်လည်ရရှိခဲ့သည်။ စက်မှု၊ လယ်ယာ၊ ကုန်ထုတ်လုပ်ငန်းများတွင် တဟုန်ထိုးတိုးတက်ခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုးစွဲနေသောအကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေးသွားရပြန်သည်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ 

ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ


မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားတဲ့ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့တားမြစ်ထားတွေကို
လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန် သမ္မတ က မနေ့က ကြေညာချက်
ထုတ်ပြန် လိုက်ပါတယ်။

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူပေါင်းဆက်ဆံရေး လမ်းပွင့်လာတာဟာ မြန်မာ အစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အထောက်အကူ ပြုနိုင်ဖို့အတွက် အဓိက အရေးပါကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြ ပါတယ်။

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

by Lu Cifer on Thursday, May 17, 2012 at 8:27am ·

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။

Wednesday, May 16, 2012

ယာဉ်ပိတ်မှုကြောင့် ပြဿနာဖြစ်

 
ဈေးကြိုပို့ယာဉ်နှင့် ၂၃၂ ပါရမီယာဉ်တစ်စီးတို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများမှုဖြစ်ပွား၊ ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး BY-EMG

ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။

သမ္မတ ဦးသိန်းစိန် ၂ဝ၁၂ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရနိုင်ဖို့ ရှိ-မရှိ

 

သမ္မတ ဦးသိန်းစိန် ၂ဝ၁၂ ခုနှစ်အတွက်

 နိုဘဲလ် ငြိမ်းချမ်းရေးဆု ရနိုင်ဖို့ ရှိ-မရှိ


ကမ္ဘာပေါ်မှာ အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဘဲလ် ဆုတံဆိပ်ကို ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ရရှိပြီးတဲ့နောက် ဒုတိယ မြန်မာနိုင်ငံသားတဦးက ထိုက်တန်စွာ ဂုဏ်ပြုခံရတာကို တကယ်ပဲ မျှော်လင့်မိပါတယ်။ နာမည်ကိုက Peace Prize ဖြစ်နေတော့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ လုပ်နိုင်ခဲ့တာကို သုံးသပ်ပြီး (သို့) လုပ်ပေးနိုင်စွမ်းရှိမှာကို မျှော်လင့်ပြီး ဂုဏ်ပြုတာ ဖြစ်ပါတယ်။ ဒီလိုဆုကြီးမျိုး ရရှိခဲ့သူတွေကို ကြည့်လိုက်ရင် တချို့က အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီးမှ ရတာဖြစ်သလို တချို့ကတော့ ကြိုးပမ်းနေဆဲကာလမှာပဲ တွန်းအားတရပ်နဲ့ ပေးအပ်ဂုဏ်ပြုတာမျိုး ရှိပါတယ်။

Tuesday, May 15, 2012

( အာဇာနည်ဗိမာန်သွားတဲ့ တောင်ကိုရီးယား သမ္မတ )


‎( အာဇာနည်ဗိမာန်သွားတဲ့ တောင်ကိုရီးယား သမ္မတ )



(အာဇာနည်ဗိမာန် ပထမဆုံး ပြန်ဖွင့်ပေးတဲ့ တောင်ကိုရီးယားသမ္မတ။ တချိန်က မြောက်ကိုရီးယားက တောင်ကိုရီးယာသမ္မတကို ဗုံးခွဲခဲ့သည့်နေရာ။)

 
မြန်မာပြည်ကို အလည်ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုပါတယ်။

ဒါဟာ ၂၉ နှစ်အတွင်း ပြည်ပခေါင်းဆောင်တဦး အာဇာနည်ဗိမာန်ကို သွားရောက်ခြင်းပါ။

၁၉၈၃ ခုနှစ်က ရန်ကုန်ရောက်လာတဲ့ အဲဒီတုန်းက တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်လည်း အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ စီစဉ်ခဲ့ပါတယ်။
အဲဒီကာလ အာဇာနည်ဗိမာန်ဟာ နိုင်ငံရပ်ခြားအကြီးအကဲများ ရန်ကုန်ရောက်တိုင်း မပျက်မကွက် သွားရောက် ဂါရ၀ပြု အလေးပြုကြတဲ့ နေရာပါ။
ဒါကို သိထားတဲ့ ရန်ဘက် မြောက်ကိုရီးယားနိုင်ငံက ချန်ဒူးဝမ် ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်မှာ ဗုံးထောင်ပါတယ်။

အီရန်နျူကလီယား စစ်ဆေးခွင့် IAEA ထပ်မံတောင်းဆို


အီရန်နျူကလီယား စစ်ဆေးခွင့် IAEA ထပ်မံတောင်းဆို

ကမ္ဘာ့သတင်းများ 15/05/2012

နိုင်ငံတကာသတင်း
အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက်ထုတ်ဖို့ ကြိုးပမ်းနေမှုရှိမရှိဆိုတာကို လေ့လာ စုံစမ်းနိုင်ဖို့အတွက် အီရန်နိုင်ငံအတွင်းက နျူကလီယားစက်ရုံတွေ၊ အထောက်အထားတွေ လူပုဂ္ဂိုလ်တွေကို စုံစမ်းရေးမှူးတွေ ကိုယ်တိုင် သွားရောက် တွေ့ဆုံစစ်ဆေးခွင့်ပေးဖို့ IAEA ကုလသမဂ္ဂ နျူကလီယား စွမ်းအင်အေဂျင်စီက ထပ်မံတိုက်တွန်း တောင်းဆိုပါတယ်။
အခုလာမယ့် တနင်္လာနေ့ ဗီယက်နာမှာလုပ်မယ့် နှစ်ဘက် ဆွေးနွေးပွဲမတိုင်ခင်မှာ IAEA ကိုယ်စားလှယ် အဖွဲ့ အကြီးအကဲဖြစ်သူ Hermann Nackaerts က အခုလို ပြောသွားတာပါ။
အီရန်နိုင်ငံနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ သူက သတင်းထောက်တွေ ကို ပြောပါတယ်။ နှစ်ရက်ကြာ လုပ်မယ့် အဲဒီ ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းရပ်ကတော့ အီရန်နိုင်ငံ Tehran အနီးက Parchin စစ်ဘက်ဆိုင်ရာ နေရာကို IAEA က သွားရောက်ခွင့်မရတဲ့ ကိစ္စပဲဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ အဲဒီနေရာမှာ အလုံပိတ်အခန်းတခုကို တည်ဆောက်နေပြီး အဲဒါဟာ နျူကလီယား စမ်းသပ်မှုလုပ်ဖို့ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက သံသယရှိနေကြပါတယ်။ အဲဒီနေရာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ မလာနိုင်ခင်မှာပဲ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် အီရန်ဘက်က ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။ ဒီ စွပ်စွဲချက်ဟာ ကလေးကလား ဆန်ပြီးတော့ အခြေအမြစ်မရှိဘူးလို့ အီရန်ဘက်ကတော့ ငြင်းဆန်ပါတယ်။

Monday, May 14, 2012

တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး


တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး


မြန်မာသတင်းများ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ်
 
တောင်ကိုရီးယား သမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရကြောင်းသူဟာ ၁၅ ရက် မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း
တောင်ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးအပြင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးမယ်လို့ ဆိုကြောင်းတောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုရှိတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆိုကြောင်း..။
တောင်ကိုရီးယား သမ္မတ မစ္စတာလီဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ပြီး ဆွေးနွေးတာ ဖြစ်ကြောင်း၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ Chun Doo-hwan နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက ဗုံးဖောက်ခွဲ လုပ်ကြံတိုက်ခိုက်တာကြောင့် လူပေါင်း၂၁ ဦး သေဆုံးခဲ့ရကြောင်း သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးနဲ့ ၀န်ကြီးအဖွဲ့ဝင် ၃ ဦးအပြင် တောင်ကိုရီယား အရာရှိကြီးတွေ ပါဝင်ခဲ့ကြောင်းသိရပါတယ်။

တရုတ်က လုပ်ကြံရန် ကြံစည်မှုကို ဒလိုင်းလားမား ဖွင့်ချ


201251315354284734_20 

တရုတ်က လုပ်ကြံရန် ကြံစည်မှုကို ဒလိုင်းလားမား ဖွင့်ချ

 by FNG on May 14, 2012

တရုတ် အစိုးရ ကနေ လေ့ကျင့် ပေးထား တဲ့ တိဘက် အမျိုးသမီး တွေ ဟာ ဆံပင် နဲ့  သူ တို့ 
ရဲ့  အ၀တ် အထည် တွေ မှာ လူကို ထိတာနဲ့  သေစေ နိုင်တဲ့ အဆိပ် တွေ ကို သုတ် လိမ်းပြီး
လုပ်ကြံ ဖို့  ကြံစည် ထား တာ ကို တိဘက် တွေ ရဲ့  သတင်း ပေး မှု အရ ဖော်ထုတ် နိုင် ခဲ့ တယ်လို့  ဒလိုင်လား မား ရဲ့  ကိုယ်ရေး အတွင်းဝန် ချီမီး ချုပ်ကျက်ပါ  ဗြိတိသျှ သတင်းစာ
Sunday Telegraph
သတင်းစာ ကို ပြောပါတယ်။

***မြန်မာစီးပွားရေး တရုတ်နိုင်ငံသားတွေလက်ထဲရောက်နေ*** ***

***မြန်မာစီးပွားရေး တရုတ်နိုင်ငံသားတွေလက်ထဲရောက်နေ***
***နိုင်ငံတော် အစိုးရက အမျှော်အမြင် ရှိရှိ တရားဥပဒေအရ တင်းတင်းကြပ်ကြပ် တားဆီးပေးသင့်***

  
မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ

မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး (YPI)

မန္တလေးမြို့အပြင်ဘက် အဝေးပြေးကားလမ်းဘေးများ အနီးကျေးရွာ မြေကွက်များနှင့် လယ်ယာမြေ များကို တရုတ်လူမျိုး ကုန်သည်များမှ လိုက်လံဝယ်ယူလျှက်ရှိကြောင်း အဆိုပါရွာခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“မြို့ပြင်ဘက်က မြေတွေကို လိုက်ဝယ်နေတော့ မြေဈေးတွေက (၅)ဆလောက်တက်သွားတယ်”ဟု မြေပွဲစားတစ်ဦးက YPI သို့ပြောသည်။

ယခင်နှစ်ပိုင်းများက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြေကွက်များကိုသာ တရုတ်ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစားဝယ်ယူကြပြီး ယခုရက်ပိုင်းကာလအတွင်း ပြင်ဦးလွင်ကားလမ်း ဘေးနှင့် မတ္တရာကားလမ်းဘေးအနီးရှိ လူနေမြေကွက်များနှင့် လယ်ယာမြေများကို ရင်းနှီးမြှုပ်နှံဝယ်ယူ လာကြောင်း မန္တလေးမြို့ခံ မြေပွဲစားများထံမှသိရသည်။

“ဒီရက်ပိုင်းအတွင်းမှာ မြို့ပြင်ကမြေကွက်အတွက် အရောင်းအ၀ယ်စာချုပ် ချုပ်ဖို့ ဥပဒေအကျိုးဆောင် ပေးရတာ (၅)ခုလောက်ရှိသွားပြီ” ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါမန္တလေးမြို့ အပြင်ဘက်ကားလမ်းဘေးများရှိ မြေကွက်များနှင့် လယ်မြေများသည် ပိုင်ဆိုင်မှု ဂရန်များမရှိကြဘဲ အရပ်စာချုပ်ပိုင်ဆိုင်မှုများနှင့် ဘိုးဘွားပိုင် အရောင်းအ၀ယ်စာချုပ်များသာ ရှိကြပြီး မြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့်အခါ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၀ယ်ယူသူဘက်မှ ကိုယ်စားလှယ်၊ ရှေ့နေများနှင့် မြေပိုင်ဆိုင်သူ ရွာခံများဖြင့် လွှဲပြောင်းမှုလုပ်ကြကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။

အာရှ လက်နက်အားစမ်းစစ်ပွဲကြီး ဆင်နွှဲတော့မည်လော

 

အာရှ လက်နက်အားစမ်းစစ်ပွဲကြီး ဆင်နွှဲတော့မည်လော

 
by General Knowledge 
 
ယခင်က အထိအခိုက် မခံသောဒေသ (Sensitive Region)အဖြစ် အရှေ့အလယ်ပိုင်းဒေသကို လူသိများခဲ့ကြသည့်အကြောင်းမှာ အစ္စရေး၊ ပါလက်စတိုင်း ပြဿနာအစ ဘာသာရေးစစ်ပွဲဆင်နွှဲရန် စိန်ခေါ်မှုပြုနေကြသည့် အာရပ်နိုင်ငံများ၏ ပြဿနာဖြစ်သော အထိမခံသောနယ်မြေအဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နားစိုက်နေကြပေသည်။
ယခုအခါ လက်နက်ပြိုင်ဆိုင် ရန်လိုမှုများရှိသောဒေသများအဖြစ် ကျွန်ုပ်တို့ နေထိုင်ရာ အာရှသို့ ရောက်ရှိလာကြောင်း တွေ့မြင်ရသည်။

Sunday, May 13, 2012

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား?

 
"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

အမေနေ့ တုနှိုင်းမမှီ အမေ့ရင်ခွင်ဆီ

အမေနေ့ တုနှိုင်းမမှီ အမေ့ရင်ခွင်ဆီ


မာတာ ယတာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ' မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဟူသော မြတ်ဗုဒ္ဓ ဟောကြားတော်မူအပ် ပါဠိတော်ကို ထောက်၍ ကြည့်မည်ဆိုလျှင် အမေဟူသော ဂုဏ်ပုဒ်ကို ပြောပြနိုင်းစွမ်း မရှိလောက်အောင်ပင် ဖြစ်သည်။ မာနေတီတိ မာတာလို့ ပါဠိတော် လာအတိုင်းဆိုသော အမေဟူသည် သားသ္မီးတွေကို အာယုဿ သမံကတွာ အသက်ရင်းနှီးပြီး ချစ်မြတ်နိုး ခဲ့သည်။ ဘ၀ဿ သမံကတွာ ဘ၀နဲ့ ရင်းနှီးပြီးလည်း ချစ်မြတ်နိုးခဲ့သည်။ ဟဒယဿ သမံကတွာ နှလုံးသားနဲ့ ရင်းနှီးပြီး ချစ်မြတ်ခဲ့တာသည် အမေ ဟု ခေါ်သည်။

Friday, May 11, 2012

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

 

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်



မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။

အိန္ဒိယ လုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ

 

အိန္ဒိယ လုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ



မြန်မာသတင်းများ မေလ ၁၂ ရက် ၂၀၁၂ ခုနှစ်
ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ မသွားရောက်မီတွင် အိန္ဒိယ
ကော်ပိုရေးရှင်းများ၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများ အရှိန်မြှင့်လာနေ သည်ကို တွေ့ရကြောင်း...။
မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ ချို့တဲ့မှုနှင့် နိုင်ငံရေး မရေရာမှုများကြောင့် အိန္ဒိယကုမ္ပဏီများအတွက် သွားရောက် ရင်းနှီးမြှုပ်နှံရန် နှောင့်နှေးခဲ့ရသော်လည်း ယခုအခြေအနေတွင်မူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ONGC Videsh ရေနံကုမ္ပဏီက ယူဆကြောင်းONGC Videsh မှာ ရွှေ သဘာဝဓါတ်ငွေ့လုပ်ကွက် နှစ်ခုတွင် ဒေါ်လာသန်း တထောင် ရင်းနှီးမြှုပ်နှံထားကြောင်းထိုသို့သော မြေအောက်သယံဇာတလုပ်ငန်းတွင် သာမက အခြားသော ကဏ္ဍများ၌လည်း ရင်းနှီးမြှုပ်နှံရန် အိန္ဒိယမှ ဆန္ဒရှိကြကြောင်း..။

Wednesday, May 9, 2012

ဒေါ်အောင်ဆန်းစုကြည် ဒုတိယ သမ္မတ အရည်အချင်းနှင့် ပြည့်စုံလာနိုင်စေမဲ့ နည်းလမ်းတစ်ခု



ဒေါ်အောင်ဆန်းစုကြည် ဒုတိယ သမ္မတ အရည်အချင်းနှင့် ပြည့်စုံလာနိုင်စေမဲ့ နည်းလမ်းတစ်ခု

by ခွန် ဒီးယမ်



နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များ ၏ အရည်အချင်းများကို လေ့လာကြည့်ရအောင်... ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ထဲက အပိုဒ် ၅၉။ထဲမှာ ဖော်ပြထားပါတယ်....

"ဗမာ့သမိုင်းရဲ့ နိုးကြားမှုတိုင်းဟာ အမျိုးသားရေးကို အခြေခံကြတယ်"

"ဗမာ့သမိုင်းရဲ့ နိုးကြားမှုတိုင်းဟာ အမျိုးသားရေးကို အခြေခံကြတယ်"



ခုအချိန်အထိလည်း ယေဘုယျ ပြောရရင် မပြောင်းလဲသေးဘူး။ လူတွေက အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ အသံကြားရင် စည်းရုံးရတာ လွယ်တာကြောင့် ဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ မွေးဖွားရာ ကလည်း၊ တနည်းအားဖြင့် နိုင်ငံရေးမှာလည်း အမျိုးသားရေးဆိုပြီး ဝိုင်အမ်ဘီအေ ခေတ်ကတည်းက အခြေတည်ခဲ့တယ်။ နောက်ပိုင်းမှ အမျိုးသားရေး နိုးကြားမှုကနေ နိုင်ငံရေး နိုးကြားမှု ဖြစ်အောင် ဦနု၊ သခင်စိုး၊ သခင်သန်းထွန်းတို့က လက်ဝဲစာပေတွေ ဗမာပြည်ကို တင်သွင်းလာတာကြောင့် နိုင်ငံရေးဝါဒ ပီပီပြင်ပြင်ဖြစ်လာပြီး နိုင်ငံရေး အုံကြွမှု၊ နိုင်ငံရေးအရ တော်လှန်မှုတွေ ဖြစ်လာတယ်။

သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသောအငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး by သန်းဝင်းလှိုင်





သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသောအငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး
by သန်းဝင်းလှိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သဘာပတိအဖွဲ့နာယက အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဘက်၌ အစဉ် ရပ်တည်လျက်ရှိသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် စနေနေ့တွင် ဧရာဝတီတိုင်း (ယခုတိုင်းဒေသကြီး) ပုသိမ်မြို့နယ် ရေ ကျော်ရွာကြီး၌ အဖဦးမောင်ကြိုင်၊ အမိဒေါ်မြတင်တို့မှ ဖွားမြင်ခဲ့သည်။

Tuesday, May 8, 2012

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

       
 တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း (ဓါတ်ပုံ မဇ္ဈိမ)

ချင်းမိုင်(မဇ္စျိမ) ဖနိဒါ | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။


သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးသွားကြတာပါ


 

ဂုဏ်ယူပါတယ်။ ကိုဇေယျာသော် . .


Members from the Republic of Miramar Parliament visit Parliament...
Ministers from the Republic of Miramar meet the Prime Minister of Australia, the Hon Julia Gillard MP , 07 May 2012. This image cannot be used without the express permission of AUSPIC +61 2 62773342 or auspic@finance.gov.au
( Zayar Thaw )

Monday, May 7, 2012

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု

 

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု

တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂

မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို ပြောသည်။

“ရန်ပုံငွေရှာတာရယ်၊ လှုပ်ရှားမှုလေးတွေပေါ့။ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုပြီးတော့ ရန်ပုံငွေရှာတာပေါ့။ အလှူငွေ မရရင်လည်း ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကို သီချင်းဆိုရင်း ပြောနေမှာပေါ့ဗျာ။ လူထုကြားထဲကို ရောက်သွားအောင်ပါ” ဟု ကိုရဲလွင် က ပြောသည်။

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ

 

မြန်မာသတင်းများ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ



မြန်မာ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်သွင်းတဲ့ကိစ္စ အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တနင်္လာနေ့မှာ အစည်းအဝေးတရပ် ကျင်းပပြီး သတင်းထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောကြောင်း ဦးတင်အောင်မြင့်ဦးဟာ ပြုပြင် ပြောင်းလဲရေး မလိုလားသူ၊ သဘောထားတင်းမာသူ၊ စီးပွားရေးလုပ်ငန်းတွေမှာ လက်သင့်ရာဦးစားပေးသူ အဖြစ် နံမည်ကြီးပြီး၊ သူ့ရဲ့ နှုတ်ထွက်မှုဟာ မြန်မာအစိုးရအတွက် ထူးကဲတဲ့ဖြစ်စဉ်တရပ် ဖြစ်တယ်ဆိုတဲ့ ရန်ကုန်သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး မေလ ၆ ရက်နေ့ထုတ် Financial Times သတင်းစာမှာလည်း ဖော်ပြထားကြောင်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါကြောင်း ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်း သိရှိရသမျှတွေကို တင်ပြပေးထားပါကြောင်း
မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နှုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ပြောကြောင်း ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါကြောင်း ...

Sunday, May 6, 2012

ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ


ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ

SUNDAY, 06 MAY 2012 14:02


အင်းဝမြို့ဟောင်းရှိ ဗားကရာကျောင်းတိုက်သို့ လာရောက်လေ့လာကြသော ကမ္ဘာလှည့် ခရီးသည်များ
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်ထားသည့် နယ်မြေခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့် အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်မြေကန့်သတ်ချက်တွင် ဖော်ပြထားခြင်းမရှိသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နယ်မြေအချို့အား ခရီးစဉ်သစ်များအဖြစ် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာပေးလျက် ရှိကြောင်းလည်း သိရှိရသည်။

ငြိမ်းချမ်းရေးရမှ တိုင်းပြည်တိုးတက်မယ် ဟု ဒဂုန်တာရာပြောကြား

 
 

ငြိမ်းချမ်းရေးရမှ တိုင်းပြည်တိုးတက်မယ် ဟု ဒဂုန်တာရာပြောကြား...

ပီတာအောင်- ဒီဗွီဘီ- ၀၆ မေ ၂၀၁၂


ငြိမ်းချမ်းရေးမရရင် တိုင်းပြည်တိုးတက်မှုရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရမှာ တိုင်းပြည်ကောင်းစားမယ် လို့ စာရေး ဆရာကြီး ဒဂုန်တာရာက သူ့ ရဲ့ အသက်(၉၃)နှစ်ပြည့်မွေးနေ့ ပွဲ မွေးနေ့ အထိမ်းအမှတ် မြန်မာပြည်သူတွေကို ဒီဗွီဘီ ကနေ တဆင့် ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ကျော်ကြာ သည့်တိုင် ပြည်တွင်း ငြိမ်းချမ်းရေးမရသေးတဲ့ပေါ် ဆရာကြီးဒဂုန် တာရာက မှတ်ချက်ပေး ပြောကြားသွားတာပါ။

စာရေးဆရာကြီး ဒဂုန်တာရာရဲ့  အသက် (၉၃)နှစ်ပြည့်မွေးနေ့ ပွဲကို ရှမ်းပြည်နယ် အောင်ပန်းမြို့ က မဟာဂနာရုံကျောင်းတိုက် မှာ တနင်္ဂနွေနေ့ မနက်က ကျင်းပသွားခဲ့ရာမှာ ဆရာဦးအံ့မောင်၊ မောင်သာနိုး၊ မောင်သင်းခိုင်၊ ထက်မြက် စတဲ့ ရန်ကုန်၊ မန္တလေး၊ ရေနံချောင်း၊ ပျဉ်းမနား၊ တောင်ကြီး စတဲ့အနယ်နယ်အရပ်ရပ်က ဆရာကြီးကို ချစ်ခင်လေးစားတဲ့ စာပေအ သိုင်းအ၀ိုင်း က ပုဂိုလ်တွေအပြင် ကိုမင်းကိုနိုင် ၊ ကိုမြအေး၊ လှမျိုးနောင်၊ ပနိတ်ထွန်း စတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ လည်း တက်ေ ရာက်ခဲ့ပါတယ်။

Saturday, May 5, 2012

ရေကြောင်းပိုင်နက် ပြဿနာ၏ ဇစ်မြစ်


ရေကြောင်းပိုင်နက် ပြဿနာ၏ ဇစ်မြစ်



မြန်မာနှင့်ဘင်္ဂလားဒက်ရှ်တို့ ရေကြောင်းပိုင်နက်ပြဿနာနှင့်ပတ်သက်၍ ဘင်္ဂလားဒက်ရှ်အစိုးရနှင့် သတင်းစာများက ၄င်းတို့ ဘက်မှတောင်းထားသည်ထက် ပိုရကြောင်းရေးကြသော် လည်း မြန်မာအစိုးရဘက်မှမူ ထုံးစံအတိုင်းဘာမျှအတိအကျ သတင်းထုတ်ပြန်မှုမရှိဘဲ၊ ရှေ့နေချုပ်က လွှတ်တော်၌ ရှင်းလင်းချက်ကိုသာ ဖေါ်ပြပြီး " သူမသာ၊ ကိုယ်အသုဘ " ဖြစ်ခဲ့သလို ဝေ့လည်ကြောင်ပတ်ရှင်းပြခဲ့သည်။ သမိုင်းကြောင်းအရသော်ကား ရခိုင်ဘုရင်တို့ သည် အနောက်ဘင်္ဂါ (၁၂) မြို့ကိုပိုင်ခဲ့ပြီး၊ ရခိုင်ရေတပ်သည် ယခုအငြင်းပွားခဲ့သည့် ကမ်းခြေတလျှောက်တွင်ကြီးစိုးကာ ဘဂါင်္လီများကိုဝင်ဖမ်းပြီးကျွန်အဖြစ်ရောင်းစားခဲ့
သည့် သက်သေသာဓကများရှိခဲ့သဖြင့် အဆိုပါကျွန်းများနှင့်ရေပြင်ကို ရခိုင်တို့ ပိုင်ခဲ့ကြောင်းထင်ရှားပါသည်။

ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကိုသိမ်းပိုက်လိုက်ချိန်တွင် အိန္ဒိယရှိအင်္ဂလိပ်ဘုရင်ခံချုပ်က ယခင် ရခိုင်ဘုရင်ပိုင်နက်အားလုံးကိုဗမာဘုရင်ပိုင်သွားပြီဖြစ်ကြောင်း၊ ဗမာဘုရင်ကို ပဏ္ဏာဆက်နေရသောနိုင်ငံငယ်များကိုလည်း ဗမာဘုရင်၏လက်အောက်ခံအဖြစ်
အသိအမှတ်ပြုပါကြောင်း၊ ဗြိတိသျှအိန္ဒိယအင်ပါယာနှင့် ဗမာနိုင်ငံတော်တို့ နယ်နိမိတ်ထိစပ်မှုများရှိ လာပြီဖြစ်၍ နိုင်ငံတော်နှစ်ခုအကြားနယ်နိမိတ်အတိအကျသတ်မှတ်ကြပြီး စာချုပ်များချုပ်ဆိုလိုပါကြောင်း အကြောင်းကြားခဲ့ပါသည်။ ထိုအချိန်က ယိုးဒယား ဘုရင်သည် အမြင်ကျယ်စွာဖြင့် ပြင်သစ်ပိုင်အင်ဒိုချိုင်းနား မှ ပြင်သစ်ဘုရင်ခံချုပ်နှင့်လည်းကောင်း၊ မာလာယုကျွန်းဆွယ်မှဗြိတိသျှဘုရင်ခံနှင့်လည်းကောင်း အလားတူစာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်နေသော်လည်း၊ မိမိကိုယ်ကိုမိမိ ကမ္ဘာပေါ်တွင်တန်ခိုးအကြီးဆုံးဘုရင်ဟုဘ၀င်မြင့်ရူး ရူးနေသည့် ဘိုးတော်သည်လည်းကောင်း၊ မိမိတို့ ၏ စစ်အင်အားကို မဟာအတုမရှိ ဟုအထင်ကြီးခဲ့ကြသည့်မြန်မာစစ်ဗိုလ်များကလည်းကောင်း၊ မင်းဧကရာဇ်တပါးသည် " ဘင်္ဂလားမြို့ စား " နှင့်စာချုပ်ရန်အကြောင်းမရှိ၊ လန်ဒန်မြို့ တော်မှ
" ဗြိတိသျှ ဦးကိုင် "နှင့်သာစာချုပ်ရန် အဖက်တန်သည်ဟုယူဆခဲ့ကြသဖြင့်၊ နောက်ဆုံး စစ်ကိုင်းမင်း (ခေါ်) ဖလ်နန်းရှင် (ခေါ်)ဘကြီးတော် လက်ထက်တွင် ရှင်မဖြူ (ခေါ်) ရှပ်ပူရီကျွန်းကိစ္စမှစပြီး စစ်ဖြစ်ကြရသည်။ ရေတပ်နှင့် ခေတ်မီလက်နက်များမရှိသောမြန်မာတပ်တို့ အရေးနိမ့်ပြီး၊ ရန္တပိုစာချုပ်ဖြင့် ရခိုင်နှင့်တနင်္သာရီနယ်တို့ ကို အင်္ဂလိပ်တို့ လက်သို့ ထိုးအပ်လိုက်ရသည်။ အာသံနှင့်
မဏိပူရတို့ ကိုလည်းလက်အောက်ခံ ပဏ္ဏာဆက်သရသည့်နိုင်ငံများအဖြစ်မှ လက်လွှတ်လိုက်ရသည်။ မြန်မာဘုရင်များ၏ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့် ဆက်ဆံရေးညံ့ဖြင်းမှုကြောင့် တရားသည်ဖြစ်စေ၊ မတရားသည်ဇြစ်စေ ၄င်းကျွန်းများနှင့် ရခိုင်ရေပိုင်နက်
မှာ (၁၈၂၆) ခုမှစပြီး ဗြိတိသျှပိုင်ဖြစ်သွားသည်။နောင်တွင်မြန်မာတို့ ၏ စစ်အင်အားနည်းပါးခြင်း၊ ခေတ်မီလက်နက်များမရှိခြင်းတို့ ကိုသိရှိနေသောဗြိတိသျှနယ်ချဲ့သမားက
မတရားဗိုလ်ကျကာ ဒုတိယစစ်နှင့် တတိယစစ်တို့ ကိုအပြစ်ရှာ တိုက်ခိုက်ပြီး မြန်မာတပြည်လုံး သိမ်းယူခါ (၁၉၃၆) ခုနှစ်အထိအိန္ဒိယပြည်၏ ပြည်နယ်တခုအဖြစ်အုပ်ချုပ်ခဲ့ပြီး၊ (၁၉၃၇) ခုနှစ်တွင်မှသာ သီးခြားကိုလိုနီနယ် (Crown Colony) အဖြစ် အုပ်ချုပ်ခဲ့သည်။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...