Friday, May 25, 2012

ဂုဏ်ထူးဆောင် ပါရဂူဆု ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်


 

 

ဂုဏ်ထူးဆောင် ပါရဂူဆု ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်

 

အမေရိကန်နိုင်ငံ မေရီလန်ပြည်နယ်မှာရှိတဲ့ Johns Hopkins တက္ကသိုလ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

မေလ ၂၄ ရက်နေ့ မနက်က ကျင်းပတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာ့စီးပွားရေးနိုဘယ်လ်ဆုရှင် Amartyr Sen နဲ့ စုစုပေါင်း ၅ ဦးကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။

အခမ်းအနား ဖွင့်လှစ်ပြီး မကြာခင်မှာပဲ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကနေ တဆင့် ဘွဲ့နှင်းသဘင်ကို တက်ရောက်ကြတဲ့ ထောင်ချီတဲ့ ပရိသတ် ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

"ဒီဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြင့်လိုက်ခြင်းဟာ လူသားတွေ အကျိုးအတွက် တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်ပြီး ပေးအပ်လိုက်တယ်လို့ ကျမ ခံယူပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားဖို့ အတွက် ကျမရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ ဘွဲ့လို့လည်း ခံယူပါတယ်။ လူ့အခွင့်အရေး ရရှိရေးအတွက် ကျမတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရခါစ ကနဦးကာလတွေလို့ လက်ရှိ မြန်မာနိုင်ငံက အခြေအနေကို ပြောနိုင်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် တက်ရောက်ကြတဲ့ ပရိသတ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား Johns Hopkins တက္ကသိုလ် Bloomberg ပြည်သူ့ကျမ္မာရေး စောင့်ရှောက်မှုကျောင်းက နိုင်ငံတကာ အေအိုင်ဒီ အက်စ် ရောဂါဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ Dr. Chris Beyrer က ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။

Johs Hopkins တက္ကသိုလ်က Dr. Chris Beyrer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီရုံးချုပ်မှာ HIV/AIDS ပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ပေးခဲ့ဖူးပြီး အဲဒီလို လုပ်ငန်းတွေကြောင့် လူငယ်အတော်များများဟာ HIV/AIDS ပညာပေးရေး နဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ရေးမှာ အားတက်သရော ပါဝင်လာကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တွေ များနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ် ပညာရေးဟာ လူငယ်တွေ အလုပ်ရအောင် အာမခံချက် ပေးနိုင်တဲ့ ပညာရေး စနစ်အဆင့် မဟုတ်သေးကြောင်းလည်း ပြောပါတယ်။

ပညာရေး နဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖြစ်တာကြောင့် Johns Hopkins လို နာမည်ကြီး ကျောင်းတွေမှာ မြန်မာနိုင်ငံသား လူငယ်တွေ အတော်များများ ပညာသင်ကြားနိုင်မယ့် အနာဂတ်ကို ကျမအနေနဲ့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...