Tuesday, May 8, 2012

လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးသွားကြတာပါ


 

ဂုဏ်ယူပါတယ်။ ကိုဇေယျာသော် . .


Members from the Republic of Miramar Parliament visit Parliament...
Ministers from the Republic of Miramar meet the Prime Minister of Australia, the Hon Julia Gillard MP , 07 May 2012. This image cannot be used without the express permission of AUSPIC +61 2 62773342 or auspic@finance.gov.au
( Zayar Thaw )


                                                                     အယ်ဒီတာ စကား

လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးသွားကြတာမှန်ပါတယ်။အနုပညာနဲ့နိုင်ငံရေး နိုင်ငံရေးနဲ့အနုပညာဟာဆပ်စပ်မူ့ရှိနေပါတယ်လို
ကျနော်ဆိုချင်တာပါ ။တစ်ကယ်တန်းကျတော့ လည်း လူတွေဟာ နိုင်ငံရေး သတ္တ၀ါတွေပါပဲ ။တစ်ချို့ ကလည်းပြောကြတယ် နိုင်ငံရေးကိုယ်နဲ့မဆိုင်ပါဘူးလို့ပြောကြတယ် ။ ခု..ကျနော် ဒီသတင်းလေးကိုကြည့်ပြီးကျနော်ကိုယ်တိုင်ကလည်း အရင်က ဟစ်ဟေ့
အဆိုတော် ဇောယျသော် ( ခ ) ဦးဇေယျသော်ကိုကြည့်ပြီး မိမိရဲ့ ယုံကြည်ချက်ကိုဆုပ်ကိုင်ပြီး  မြန်မာပြည်ရဲ့ နိုင်ငံရေးလောကထဲ
ကို စိတ်အားထတ်သန်အားကျမိပါရဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး ရွေးကောက်ပွဲစတင်ချိန်မှာ ကျနော်သတိထားမိသလောက် ပြောရရင်
မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုပ်ရှင် အနုပညာ သဘင် ...မော်ဒယ် ...သရုပ်ဆောင် ..တေးဂီတ အစရှိတဲ့ မောင်မယ်များကိုအကြောင်းကို
လေ့လာစဉ်ချင် သုံးသပ်ကြည့်တဲ့အခါမှာ အနုအညာရှင်တွေအတွက် ဇေယျသော် ( ခ ) ဦးဇေယျသော်ဟာ မြန်မာနိုင်ငံရေးသမိုင်း
လောကနယ်ပယ်ထဲတွင် မှတ်သားအတုယူစရာဖြစ်ခဲ့ရသလို့ ခုဆိုရင် မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ ။နိုင်ငံရေးလောကတွင် မည်သူမည်ဝါ
ကန့်သတ်ခြင်းမရှိ နိုင်ငံရေးသည် မြန်မာနိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည်ဟုလည်း ကျနော် ထင်မှတ်ဧ။် ။ ကျနော် ဆိုလိုချင်တာကို
ရှင်းရှင်းလင်းလင်းပဲ ပြောချင်ပါတယ်။ အဓိက ပြောချင်တာကတော့ ရုပ်ရှင် အနုပညာ သဘင် ...မော်ဒယ် ...သရုပ်ဆောင် ..တေးဂီတ
အစရှိတဲ့ သရုပ်ဆောင်တွေကိုပါပဲ။ ရုပ်ရှင်နယ်ပယ်သရုပ်ဆောင်က အနုညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ထွန်းအိန္ဒဗို ..အဆိုတော် သျှီး အဆိုတော်နှင့်သရုပ်ဆောင် ကိုရဲတိုက် သရုပ်ဆောင် ကိုလူမင်း  သရုပ်ဆောင် ဝေလု့ကျော်  ဦးဇင်ဝိုင်း အစရှိတဲ့ သူတွေကိုလည်း
ဧပြီ ၁ ရက်နေ့ကစပြီး ကျနော်ရင်ထဲသို့ လေးစားဂုဏ်ယူ မှတ်ကျောက်တင်ခဲ့မိပါတယ် တစ်ချို့သောအနုပညာရှင်တွေကြတော့လည်း
မြန်မာပြည်ရဲ့ အရေးသည် သူတို့နှင့်မဆိုင်သလို စစ်အာဏာရှင်တည်မြဲရေးကို အားပေးသကဲ့သို့ ပြောဆိုနေထိုင်ကြပါတယ် ။ မြန်မာပြည်ကမော်ဒယ် သရုပ်ဆောင်တွေဟာဖြင့် ၀တ်စားဆင်ယာဉ်မူ့တွေကအစ ပြောရရင် အတုယူစရာမကောင်းသလို့ မြန်မာ့
ယာဉ်ကျေးမူ့ အနုပညာသယ်တွေကို စော်ကားသလို့မျိုးဖြစ်နေမလား..? ပြောရရင် မြန်မာပြည်မှာရှိနေတဲ့ မိန်းကလေးတော်တော်များ
များဖြစ်ချင်တိုင်းဖြစ်ပြီးပျက်စီးစေမဲ့လမ်းကြောင်းကို မရောက်ရောက်အောင် ပို့ဆောင်ပေးနေကြပါတယ်။ ဘယ်သူတွေလည်းလို့တော့ ကျနော် အနေနဲ့ အမည်နာမတွေကိုတော့ ပြောပြဘို့ လိုမယ်မထင်ပါဘူး။ ဥပမာ ပြောရရင် တစ်လောက ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင်းကျော် လိုမျိုးပေါ့..သူရဲ့ဝတ်စားစဉ်ယာဉ်မှု ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့အဲဒီလိုပုံစံမျိုးမဖြစ်သင့်ဘူးလို့
လည်းကျနော် မြင်မိပါတယ် ။ကျနော်တို့ မြန်မာလူမျိုးတွေဟာ အတုမြင်အတတ်သင် ဖို့ကတော့ သင်စရာမလိုဘူး။ အလိုလိုတတ်နေပြီးသားပါ။ အချိန်နဲ့ တစ်ပြေးညီ မြန်မာပြည်သူပြည်သားတွေ အတွက် ရှေ့ဆောင်လမ်းပြဖြစ်စေချင်တာကတော့ ကျနော် ရဲ့ပကတိဆန္ဒ
ဖြစ်နေလို့ ရေးသားဖော်ပြလိုက်တာပါ။ ခုတစ်လော အင်တာနက် face book စာမျက်နာတွေပေါ်မှာ မြင်ရတွေ့ရနေကြတဲ့ မော်ဒယ်
သရုပ်ဆောင်တွေကို ကြည့်ပြီး ကျနော် စဉ်စားကြည့်ပြီး မြန်မာပြည်က မိန်းကလေးတွေ အတွက် ရင်လေးမိပါတယ်။နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာကတော့ မြန်မာပြည်က မော်ဒယ် သရုပ်ဆောင်တွေ ရဲ့ ၀တ်စားဆင်ယာဉ်
မူ့တွေကိုလည်း ရုပ်ရှင်နှင့်အနုပညာ အသိုင်းဝိုင်းမှတစ်ဆင့် အထက်ကို တင်ပြတောင်းဆိုပေးစေချင်ပါသည်။ကြာလာရင် မြန်မာ
မော်ဒယ်တွေ ဟာ ကိုယ်တုံးလုံးချွတ်ပြတော့မယ်အခြေနေကိုရောက်နေတော့လာပြီမို့ ရုပ်ရှင်နှင့်အနုပညာ အသိုင်းဝိုင်း  ကို ကျနော်အနေနဲ့ တောင်းဆိုမူ့ တစ်ခု ပြုခြင်းဖြစ်ပါတယ်။ (မှတ်ချက်)  ဇေယျသော် (ခ) ဦးဇေယျသော် အားလေးစားဂုဏ်ယူမီကြောင်း ကျနော်မှ မှတ်တမ်း တင်အပ်ပါသည်။

                                                            မလေးရှားနိုင်ငံ ...မင်္ဂလာအိုးဝေ သတင်းဂျာနယ်
                                                                                            မှ
                                                                                      နေမင်းထွန်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...