Monday, May 7, 2012

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု

 

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု

တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂

မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို ပြောသည်။

“ရန်ပုံငွေရှာတာရယ်၊ လှုပ်ရှားမှုလေးတွေပေါ့။ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုပြီးတော့ ရန်ပုံငွေရှာတာပေါ့။ အလှူငွေ မရရင်လည်း ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကို သီချင်းဆိုရင်း ပြောနေမှာပေါ့ဗျာ။ လူထုကြားထဲကို ရောက်သွားအောင်ပါ” ဟု ကိုရဲလွင် က ပြောသည်။


ပန်းရဲ့လမ်း အဖွဲ့တွင် အဆိုတော်နှင့် တေးရေးဆရာများye-lwin ဖြစ်သည့် သားထွေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်တို့ဖြင့် ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ
Morning Star လက်ဘက်ရည်ဆိုင်၊ အလုံမြို့နယ်ရှိ IC၊ ကြည့်မြင်တိုင်ရှိ ဒေါ်ကြည် လက်ဘက်ရည်ဆိုင်များတွင် ဖျော်ဖြေခဲ့ပြီး ရန်ပုံငွေ ၉ သိန်းကျော် ရရှိသည်ဟု ကိုရဲလွင် က ပြောသည်။

“ကျနော်တို့က တကယ်ငြိမ်းချမ်းရေး လိုချင်လို့ ထလုပ် တာပဲလေ။ အရင်တုန်းကတော့ ဒါမျိုးလည်း ကျနော်တို့ ထလုပ် တာမရှိဘူး။ ကျနော်တို့ လုပ်ခွင့်ရတာလည်း မရှိဘူး။ ကျနော်တို့ သီချင်းဆိုတာက လွတ်လွတ်လပ်လပ် ဆိုခွင့်ရတယ် ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ ဖန်တီးတာပဲ။ ကိုယ့်ကို အားပေးတဲ့ဆိုင်တွေမှာ အလှူငွေ ကောက်တဲ့ ပုံစံမျိုးလေးပါ။ အရေးကြီးဆုံးကတော့ စစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ရည်ရွယ်ပါတယ်။ လူရင်းတွေချည်းပဲ ကျနော်တို့ စုဖွဲ့ထား တာပါ” ဟုလည်း ကိုရဲလွင် က ပြောသည်။

ပန်းရဲ့လမ်း အဖွဲ့သည် ရန်ကုန်မြို့တွင်း လက်ဘက်ရည်ဆိုင်များတွင် တပတ်လျှင်တကြိမ် ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်ပြီး ရရှိသည့် လှူဒါန်းငွေများကို တလတကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များထံ ပေးပို့ လှူဒါန်းသွားမည်ဟုလည်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ကြား ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသတွင် တနင်္ဂနွေနေ့က တိုက်ပွဲငယ် တခု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၀ ခန့် တရုတ်နယ်စပ်သို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည်ဟုလည်း KIO စစ်ပြေး ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“မနေ့ကဆိုရင် အိမ်ခြေ ၂ဝ ကျော်ရှိတဲ့ ရွာမှာ လက်နက်ကြီး ကျည်ဆံကျလာတဲ့အတွက် ပြောင်းလာဖို့ ရှိပါတယ်။ မိုးကလည်း ဝင်လာတော့မယ်။ လူဦးရေကလည်း ဒီလောက် များတယ်ဆိုတော့ စားရေးသောက်ရေးကတော့ ပူပန်ပါ တယ်။ ဒါ့ကြောင့် ကူမယ့်လူ မရှိရင်တော့ ကျနော်တို့အတွက် စိတ်ပူစရာတွေ အများကြီးရှိပါတယ်” ဟု မဇ္ဈိမကို ပြော သည်။

တရုတ်နယ်စပ်တွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၁၉ ခုခန့် ရှိနေပြီး ကချင်ပြည်နယ် အတွင်းရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်းမော်နှင့် မန်ဝင်းကြီး မြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄ဝ ကျော်ရှိနေသည်။
ဒုက္ခသည်စခန်းအားလုံးတွင် ဒုက္ခသည်ပေါင်း ငါးသောင်းကျော် ခုံလှုံနေနိုင်သည်ဟု ဒုက္ခသည် ကူညီရေးကော်မတီက ခန့်မှန်းထားသည်။

ဧပြီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဒုက္ခသည်စခန်း ၁၁ ခုသို့ သွားရောက်ကာ အလှူငွေ သိန်း ၃ဝဝ လှူဒါန်းခဲ့သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က မဇ္ဈိမကို ပြောသည်။

“စုနေကြတယ်၊ စုချက်စားကြတယ် ကူညီမယ့်လူကတော့ ဒုက္ခရောက်နေတဲ့သူထက်စာရင် နည်းတယ်ဗျ။ သူတို့ပြော တာကတော့ အဓိက လိုတာကတော့ ငြိမ်းချမ်းရေးပဲပေါ့။ သူတို့ ဒုက္ခသည် စခန်းတွေမှာ မနေချင်တော့ဘူး။ အဲဒါမျိုးတွေ ပြောကြပါတယ်” ဟု ရဲတိုက်က မဇ္ဈိမကို ပြောသည်။
 

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...