Friday, May 25, 2012

ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမည်


ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမည်

မြန်မာသတင်းများ မေလ ၂၅ ရက် ၂၀၁၂ ခုနှစ်....

မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ရက်နေ့အထိလုပ်မဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မဲ့ ညီလာခံကို ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ဖို့ ဇွန်လ ၂၈ ရက်နေ့ ဘန်ကောက် သွားမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဦးသိန်းစိန်လဲ တက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားထွက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လထဲမှာလဲ ဥရောပကို ခရီးထွက်ဖို့ရှိပါတယ်၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ကျရင် မိန့်ခွန်း ပြောကြားဖို့ရှိပါတယ်။ ဗြိတိန်နိုင်ငံဆီ ဇွန်လ ၁၈ ရက်နေ့မှာ ရောက်တဲ့နောက်မှာလဲ လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန်ပါလီမန်မှာ မိန့်ခွန်း ပြောမှာဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ သူ့အပေါ် ကန့်သတ်တားမြစ်ချက်တွေကို သိသိသာသာ ဖယ်ရှားပေးခဲ့သလို ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှုးမြို့နယ် မဲဆန္ဒနယ်အတွက် အနိုင် ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးတွေ ထွက်ဖို့ စတင် စီစဉ်လာတာဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရက်ပိုင်းအတွင်း သွားရောက်မည်

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဟု သိရသည်။
ဘန်ကောက်တွင် ရှေ့တပတ် ဗုဒ္ဓဟူးနေ့မှ စတင်၍ ၃ ရက်ကြာ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum) သို့ တက်ရောက်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ထိုညီလာခံသို့ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာပြည်သားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိမရှိကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိသေးပေ။ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အများအပြား နေထိုင်လျက် ရှိသည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိရှိသည်။ စစ်ပြေးဒုက္ခသည် တသိန်း ၀န်းကျင်ရှိသည်။ နိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်ပြီး လှုပ်ရှားနေသူများလည်း ရှိသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်သည် အနှစ် ၂၀ ကျော်အတွင်း ပထမဦးဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်။ယခင်က ပြည်ပခရီးသွားရောက်ခြင်း မရှိခဲ့သည်မှာ မြန်မာပြည်သို့ ပြန်ဝင်ခွင့် မရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။
နော်ဝေး အပါအ၀င် ဥရောပနိုင်ငံတချို့သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဘန်ကောက်ခရီးစဉ်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးထွက်ရန် အချိန် နည်းပါးခဲ့ပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရခဲ့ရသည်။



ဒေါ်အောင်ဆန်းစုကြည် ထိုင်း သွားမည်

ရှေ့အပတ် ဘန်ကောက်တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုရန်ရှိနေကြောင်း ဘန်ကောက်သတင်းရပ်ကွက်များက ဆိုသော်လည်း ယခုထိ အတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။ ဖိုရမ်ကို မေလ ၃၀ နှင့် ဇွန် ၁ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး အာစီယံနိုင်ငံများ၏ စီးပွားရေးကို အထူးပြုဆွေးနွေးမည်ဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟု အိန္ဒိယ သတင်းစာ ရေး

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာရောက်လည်ပတ်ဖို့ တရားဝင် ဖိတ်ကြားမှာဖြစ်ကြောင်း Time of India သတင်းစာက ရေးသားဖော်ပြပါတယ်။
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်ဖို့ ရှိနေပြီး သူ့ရဲ့ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီး အင်္ဂါနေ့မှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ၀န်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံကို လာရောက်မှာပါ။
သူ့ရဲ့ခရီးစဉ်အတွင်း အိန္ဒိယမြို့ကြီးတွေကနေ မြန်မာနိုင်ငံကို လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ ပါဝင်သလို၊ အင်ဖာကနေ မန္တလေးကို ဘတ်စ်ကားလိုင်း ပြေးဆွဲဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကလက္ကတားနဲ့ ချနိုင်းကနေ ရန်ကုန်ကို ကုန်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းတွေ ပြုလုပ်ဖို့ကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။
လောလောဆယ် မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွေမှာ အိန္ဒိယ Gail, Essar နဲ့ ONCG ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါတယ်။ ဒီတစ်ခေါက် အိန္ဒိယ၀န်ကြီးချုပ် လာရောက်လည်ပတ်တဲ့အခါ မြန်မာနိုင်ငံကို နောက်ထပ်ငွေထုတ်ချေးဖို့ အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။
၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံကို အိန္ဒိယက ငွေထုတ်ချေးထားတာ ၂ ကြိမ်ရှိပြီဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထုတ်ချေးထားပြီး ဖြစ်ပါတယ်။



ဆွေးနွေးပြီး ရက်ပိုင်းအတွင်း ဖြစ်သည့်တိုက်ပွဲကိစ္စ SSA-S ဦးအောင်မင်းထံ စာပို့

မေလ ၁၉ ရက်နေ့တွင် အစိုးရနှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပြီး ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဟု ထင်ရှားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS-SSA) က ကြာသပတေးနေ့တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းထံ စာရေးသား ပေးပို့ခဲ့ကြောင်း
SSA-S သည် သမ္မတကြီး၏ စစ်မှန်သည့် ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် စေတနာကို ယုံကြည်သော်လည်း အစိုးရ စစ်တပ်ပိုင်းမှ မိမိတို့၏ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ရပ်ကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ယခုဖြစ်ရပ်ကို ဒေသတွင်းရှိ ၎င်းတို့၏ မိုင်းဆတ် ဆက်ဆံရေးရုံးမှ တဆင့် သက်ဆိုင်ရာ အစိုးရ စစ်ဘက် အရာရှိများနှင့် ဆွေးနွေး ဖြေရှင်းသွားမည် ဖြစ်ကြောင်းအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူချက်အရ မိုင်းဆတ်နှင့် အခြားမြို့နယ် များတွင် ဆက်ဆံရေးရုံ ၅ ရုံးနှင့် စီးပွားရေးရုံး ၁ ရုံးကို ဖေဖော်ဝါရီလအတွင်းတွင် SSA-S က ဖွင့်လှစ်နိုင်ခဲ့ကြောင်း

မေလ ၁၉ ရက်နေ့က ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး ကြီးကြပ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ စီးပွားရေး လုပ်ငန်းများဖေါ်ဆောင်ရေးနှင့် အကျဉ်းကျနေသော RCSS-SSA အဖွဲ့ဝင်များကိစ္စ စသည်တို့ ပါဝင်သည့် အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်းသိရပါတယ်။



မြေဈေးကြီးရင် FDI လာမည်မဟုတ်

မြေဈေးကြီးလွန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ နောက်ပြန်လှည့်နေကြသည်ဟု သမ္မတစီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောဆိုကြောင်း ရန်ကုန်အခြေစိုက် 7Day News ဂျာနယ်က သတင်းရေးသားပေးပို့သည်။ စက်မှုဇုန်မြေဈေးများ အိမ်နီးချင်းနိုင်ငံများထက် များစွာမြင့်နေကြောင်း၊ မြေဈေးကို ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ကြီးများက ထိန်းချုပ်ထားပြီး ဈေးကစားကြောင်း၊ အစိုးရက ဈေးကွက်ကို ဝင်မဖြေရှင်းဘဲ လက်ရှိအတိုင်း လွှတ်ပေးထားပါက ရင်းနှီးမြှုပ်နှံလိုသူတို့ မြန်မာဈေးကွက်တွင်း ဝင်ရောက်လာမည် မဟုတ်ဟု ဒေါက်တာဦးမြင့်က သတိပေးပြောဆိုခဲ့သည်။



ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ဖမ်းဆီး

ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူများကို မနေ့က နံနက် ၁၀ နာရီခန့်က လမ်းမတော်လမ်းထောင့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် တားဆီးကြောင်း၊ ဆန္ဒထုတ်ဖော်သူများထဲမှ ၅ ဦးကို ဖမ်းဆီး သွာကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး ဒဏ်ရာရသူများ ရှိကြောင်း၊ ပြည်မြို့ အကျဉ်းထောင်ရှေ့တွင် လူ ၂၀၀ ခန့် ဆန္ဒပြနေကြောင်း သိရသည်။ မန္တလေးမြို့အနှံ့လည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို နေရာချထားပြီး လျှပ်စစ်မီးရရှိရန် ဆန္ဒထုတ်ဖော်သူများကို တားဆီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။



ရန်ကုန်မြို့မှာ ဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွား

ရန်ကုန်မြို့မှာ ၂၄ နာရီ မီးရရှိရေး လှုပ်ရှားမှုအနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ယက်က ဦးဆောင်ပြီး ဆူးလေဘုရားလမ်းနဲ့ ဘုရားရင်ပြင်တော်မှာ မနေ့ညက ဒုတိယနေ့ ညအဖြစ် ဖယောင်းတိုင် ထွန်းညှိပြီး စီတန်းလှည့်လည် ဆန္ဒပြကြရာမှာ ပြည်သူလူထု ရာပေါင်းများစွာ ပူးပေါင်း ပါဝင်ကြတယ်လို့  သိရပါတယ်။



NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်

အခြေခံအလုပ်သမား လစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေအရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောဆိုတယ်လို့သိရပါတယ်။



အလုပ်သမားထု တောင်းဆိုချက်များ အငြင်းခံရ

အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီအနေနဲ့ လိုက်လျောပေးမှာ မဟုတ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
သံရည်ကျိုစက်ရုံ အလုပ်သမားတွေက တစ်လ ကျပ်လေးသောင်း ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က တောင်းဆိုခဲ့တာကို ကုမ္ပဏီက ငြင်းပယ်လိုက်တာ ဖြစ်ကြောင်းဒီအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ မှော်ဘီမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ကြားဝင် စေ့စပ်ပေးခဲ့ကြောင်းဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက သက်ဆိုင်ရာဌာနတွေနဲ့ ILO ကို တင်ပြသွားမှာဖြစ်သလို ဆက်လက်ပြီး တောင်းဆို ဆန္ဒပြသွားမယ်လို့ သိရကြောင်း
ဒီအတောအတွင်းမှာပဲ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က Hi-Mo ဆံပင်တုစက်ရုံက အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင် သဘောတူထားတဲ့ စာချုပ်ကို အလုပ်ရှင်က တရားဝင်မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့အတွက် အလုပ်သမားတွေကမနေ့က ထပ်မံဆန္ဒပြခဲ့ကြကြောင်း
မေလ ၈ ရက်နေ့ကစပြီး အခြေခံလစာ တိုးမြှင့်ပေးရေး ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း မေလ ၁၀ ရက်နေ့မှာ စက်ရုံတာဝန်ရှိသူနဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လစာ ကျပ် သုံးသောင်း တိုးမြှင့်ပေးရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း
ဒီသဘောတူစာချုပ်ကို တရားဝင်မဟုတ်ကြောင်း ပြန်လည်ချုပ်ဆိုရမှာ ဖြစ်ကြောင်း အလုပ်ရှင်က မေလ ၁၇ ရက်နေ့က ငြင်းဆိုခဲ့တဲ့အတွက် ထပ်မံပြီး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ အသစ်ရောက်ရှိလာတဲ့ ကိုးရီးယားအလုပ်ရှင်က အလုပ်သမားတွေကို အခြေခံလစာ ကျပ်တစ်သောင်းခွဲနဲ့ စာချုပ်ချုပ်ဆိုဖို့ တိုက်တွန်းခဲ့ပေမဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက သဘောမတူတဲ့အတွက် စက်ရုံထဲမှာပဲ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် လှိုင်သာယာစက်မှုဇုန် အတွင်းက နောက်ထပ် အထည်ချုပ်စက်ရုံ နှစ်ရုံကလည်း အလုပ်သမား အခြေခံရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုနေကြောင်း၊ ဆန္ဒပြနေတဲ့စက်ရုံ စုစုပေါင်း (၁၀) ရုံရှိသွားပြီ ဖြစ်ပါတယ်။



ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေဟုဆို

ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိ မြန်မာ-တရုတ်နယ်စပ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းပေါင်း ၂၀ ကျော်ခန့်ရှိကြောင်းနှင့် ဒုက္ခသည်အရေအတွက် မြင့်တက်လာမှုကြောင့် အချို့ကယ်ဆယ်ရေးစခန်းများတွင် နေရာအခက်အခဲနှင့် အစားအစာ လိုအပ်ချက်များ မြင့်တက်လျက်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်း၌ ကယ်ဆယ်ရေးစခန်းများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တည်ရှိနေကာ တရုတ်နိုင်ငံတွင်း၌လည်း ကယ်ဆယ်ရေးစခန်းအချို့ ရှိနေကြောင်း သိရသည်။


မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာမီ ပြေလည်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတအကြံပေး ပြောကြား

မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်ကိစ္စ မကြာမီ ပြေလည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။လက်ရှိ ရန်ကုန်-မန္တလေးအပါအ၀င် နယ်မြို့များတွင် ဖြစ်ပွားနေသည့် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်မှုများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က "ဆန္ဒပြတယ်ဆိုတဲ့ကိစ္စသည် ပြည်သူတွေရဲက ဆန္ဒကို ဒီမိုကရေစီနိုင်ငံတွေမှာ ဖော်ပြတာ ထုံးစံပဲ။ သို့သော် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတိုင်း ဆန္ဒပြလို့ ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေအရ ခွင့်ပြုထားတာက မတ်တပ်ရပ် လမ်းလျှောက်ပြီး ဆန္ဒပြရင် ရတယ်။ ထိုင်လို့ရှိရင် ဆွဲတာပဲ။ နိုင်ငံတကာမှာ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြလို့ ပြန်ထွက်လာရင် ဆွဲတာပဲ။ ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့လိုပါတယ်" ဟု ယနေ့(မေလ ၂၄ ရက်နေ့)တွင် ပြောကြားခဲ့သည်။
"တစ်ကယ်တမ်းပြောရရင် ဥပဒေကထွက်ပြီး နည်းဥပဒေ မထွက်သေးဘူး။ တစ်ကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းရမယ်။" ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ဦးကိုကိုလှိုင် အပါအ၀င် နိုင်ငံတော်သမ္မတ အကြံပေးများဖြစ်သည့် ဒေါက်တာနေဇင်လတ်နှင့် အခြားပုဂ္ဂိုလ်များ တက်ရောက်ရှိကြောင်း သိရှိရသည်။



LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...