Sunday, May 20, 2012

သူ့ကြောင့် လူရှစ်ဦး အသက်ကယ်ခဲ့သလို လူနှစ်ဦး မျက်စိအလင်းရခဲ့ပြီ


ဦးနှောက်သွေးယိုစီးမှုဖြစ်ကာ သေဆုံးသွားသူလေး၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး လူနှစ်ဦး အမြင်အာရုံပြန်လည်ရရှိ


ဂျမ်မီမာလေဇယ်အမည်ရှိ ၁၃နှစ်အရွယ် မိန်းကလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

သူသည်ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ် ဟော်တန်မြိုကရှိနေအိမ်တွင် ကျန်းကျန်းမာမာရှိရာမှ ရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သူသေဆုံးသွားသည့်အခါ သူ၏မိဘများသည် သူ၏ဆန္ဒအတိုင်း ဆေးရုံသို့ ခန္ဒာကိုယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။


သူ၏နှလုံးကို အသက်ငါးနှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးထံသို့လည်းကောင်း အဆုတ်များကို အသက်၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးထံသို့ လည်းကောင်း အသည်းကိုခွဲခြမ်းပြီး အသက်၁ဝလနှင့် ငါးနှစ်အရွယ် ယောက်ျားလေးများထံသို့ လည်းကောင်း အစားထိုးကုသပေးခဲ့သည်။

အသက်၁၉နှစ်နှင့် ၂၄နှစ်အသီးသီးရှိသော လူနှစ်ဦးကို သူ၏ကျောက်ကပ်များဖြင့် အစားထိုး ကုသပေးခဲ့သည်။ အသက်၎ဝအရွယ်ရှိ လူတစ်ဦးကို သူ၏ပန်ကရိယကို ပေးခဲ့ပြီး သူ၏အူသိမ်များကို အသက်သုံးနှစ်ခွဲအရွယ်ရှိ ယောက်ျားလေးတစ်ဦးထံ အစားထိုးကုသပေးခဲ့သည်။

ဂျန်မီမာလေဇယ်သည် ထူးချွန်သည့်အနုပညာရှင် တစ်ဦးဖြစ်ပြီး စာရေးဆရာဖြစ်ရန် ရည်မှန်းချက်ထားရှိကာ ကဗျာများ သီချင်းများ ဝတ္ထုများနှင့် လေးနက်သော အတွေးများကို ရေးသားထားခဲ့သည်။ သူ၏မျက်လုံးတစ်သျှူးများကို မျက်မမြင်လူနှစ်ဦး၌ အစားထိုးခဲ့ရာ ထိုသူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

http://swesonemedia.org/index.php?q=2422

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...