Sunday, August 1, 2010

စာပေနှင့်စာပေအကြောင်း အပိုင်း (၁)


စာပေနှင့်စာပေအကြောင်းဟူသည် လူသားတို့အတွက် အရေးကြီးသော အချက်အလက်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ပထမဆုံး အနေနဲ့ ကျွန်တော် ဘ၀တကွေ့မှာ ကြုံတွေရသော အချက်အလက်လေးတစ်ခုကို ရေးသားချင်ပါသည်။ ထိုအရာတွေသည် သေခြာစဉ်းစားကြည့်သော အခါမှာ အခန်းကဏ္ဍ အနေဖြင့် အကြောင်းအရာမြောက်များစွာပါဝင်နေသည်ကို တွေ့ရှိရသည်။ အခန်း (၁) အနေဖြင့် လူသားသည် အမိဝမ်းက ကိုးလလွယ် ဆယ်လဖွားလာသည်နှင့် တပြိုင်နက်တည်း အငိုနှင့်စလာခဲ့ပြီ ဘ၀ခရီးအစကို ရောက်လာခဲ့ပါတယ်။ ထို့နောက် လူသားလောက လူသားကမ္ဘာအတွင်းသို့ရောက်လာလို့ ငါးနှစ်မှ ဆယ်နှစ်အတွင်း လူသားဝန်းကျင် နှင့် ပတ်ဝန်ကျင်မှာ နေထိုင်သည့်အတွက်ကြောင့် စာပေနှင့်စာပေအကြောင်းကို စတင်သင်ကြားရတော့သည်။ အဲဒီအချိန်မှစ၍ မိဘတို့က မတက်သေးသော အတက်တွေကို လက်ဦးဆရာအဖြစ် သင်ကြားပေးခဲ့သည်။ စာပေကို မသိသေးသော သားသမီးတွေကို ဘ၀လည်း စစေခဲ့သလို စာပေလည်း စတက်စေခဲ့သည်။ နောက်ပိုင်း အတန်းတွေ အသီးသီးတက်လာခဲ့ပြီး စာပေနှင့်စာပေအကြောင်း သိလာပြီလားလို့ မေးဖွယ်ရာရှိလာပါတော့သည်။ အကြောင်းမှာ စာပေနှင့်စာပေအကြောင်းကို သိဖို့ရန် အလွန်ခက်ခဲလှပါသည်။ စာပေနှင့်စာပေအကြောင်းမည်သည် လူ့ဘ၀အတွက် အဖြေရှာရန် ခက်ခဲလှသည်အမှန်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော လူသားဘ၀မှာ အဖြေရှာရန်ခက်သော ပုစ္ဆာတရပ်ပင် ဖြစ်သည်။ သို့သော် စာပေနှင့်စာပေအကြောင်းသည် လူသားတို့ အကြောင်းပင်ဖြစ်သည်။ ဆိုလိုရင်းမှာ အကြောင်းနှင့်အကျိုးရှိသကဲ့သို့ စာပေနှင့်စာပေအကြောင်းသည်လည်း အတူတူပင်ဖြစ်သည်။ လူဘ၀သည်ပင် အကျိုး အကြောင်းပေါ်မှာ မူတည်၍ လူဖြစ်လာရသည် အကျိုး အကြောင်းမဲ့သော လူဘ၀နှင့် စာပေနှင့်စာပေ အကြောင်းမဲ့သော လူ့ဘ၀သည် အဘယ်မှာကောင်းမွန်နိုင်မည်နည်း။ ထို့ကြောင့် လူသားသည် အကျိုးအကြောင်းရှိသလို လူသားသည်ပင် စာပေနှင့်စာပေအကြောင်းတို့ ဒွန်တွဲနေသည်ပင်ဖြစ်သည်။

စာပေစာသား၊ စာစကားနှင့်
စာပေပေါ်တွင်၊ စာကိုမြတ်နိုး
စာကြမ်းပိုးတို့၊ စာပေနှင့်သာ
စာမှာပျော်ခဲ့၊ စာကြောင်းရေးရာ
စာသားရေးဖို့၊ စာအလင်္ကာ
စာကဗျာနှင့်၊ စာရတုများ
စာကိုးကားလို့၊ စာဆန်းတွေဖွဲ့
စာသားလှကြောင်း၊ စာလောကကို
စာပေလည်းလှ၊ စာကြောင်းလှတို့
စာအုပ်ပြုစု၊ စာကောင်းပြု၍
စာပေလူသား၊ စာကိုဖတ်လို့
စာလည်းဆုံးသော်၊ စာမှာမြင့်မြတ်
စာသူတော်ဟု၊ စာသွင်စေသော်။ ။


တက္ကသိုလ်ရဟန်းကမ္ဘာ။ ပုည (ရာမည)

Monday, June 21, 2010

မွေးရပ်မြန်မာ လွမ်းတယ်


(လေးချိုး တေးထပ် ရေးစပ်ပါသော် နိဒါန်းလည်းလှ နိဂုံးလှတည်း)

မြူနှင်းတွေ ရစ်ကာဝိုင်း
ညို့ညို့မှိုင်း ၀လာ
အုန့်ဆိုင်းကာ မှောင်ဝေဖြာ
ကြဲသွန်းကာလေ ပက်ဖျန်း
တောင်တန်းပြာ မမြင်စမ်းအောင်
နှင်းဝေေ၀ ဖုံးအုပ်လို့လွှမ်း


အေးချမ်းလှတဲ့ မြန်မာ(၀ယ်)
ရိုးချင်းကွဲအောင် ချမ်းတုံ
မေးခိုက်ကာ မြည်လွှမ်းလို့
ကြွေညည်းလု သွားတွေ
မီးဖိုနာ မခွာနိုင်
နှင်းပြိုင်ပြိုင် ငိုချနေလို့


ပျော်ဘူးကွဲ့ လင်္ကာမြေ (၀ယ်)
ဌာနေသာ ပြန်ချင်လှ
မငြမ်းသာလို့ နေသော်လည်း
ပန်းတိုင်သို့ လျှောက်နေမြဲ
ဌာနေသူ မိမာတာရယ်
သိစေချင်တယ်


ပညာတွက် နေရပါသော်လည်း
မွေးရပ်မြေ လွမ်းလွန်းလှလေး  ....။        ။


                                     တက္ကသိုလ်ရဟန်းကမ္ဘာ ပုည (ရာမည)

Sunday, June 20, 2010

အဖေနေ့ဂုဏ်ပြုသံ

အဖေဆိုတာ လောကကြီးကို အံတုလို့ ရန်မပြုသော်လည်း မာန်ဝံလို့ အနာဂါတ်ကို ချီတက်ကာ လာစမ်းတဲ့ လောကဓံကို ရင်ဆိုင်ကာ မိသားစုအတွက် ကြိုးစာခါ စီစဉ်ပေးခဲ့ပေါ့၊ အဖေဆိုတာ မိသားစုကို ကာကွယ်ပေးသော ညွန့်မောင်းတပ်မဟာလို အရွယ်မရွေးသော အပိုင်းခြားဖြင့် သားသမီးတွေကို ရှာကျွေးခဲ့ပေါ့၊ အဖေဆိုတာ နွေမိုးဆောင်း ဘယ်လိုပြောင်းလည်း အပန်မဖြေရှာသော အလုပ်တွေနဲ့ မိသားစုအပေါ် တာဝန်ထမ်းလို့ သားသမီးတွေ အနာဂါတ်ရေး ခွန်အားတွေ ပေးခဲ့ပေါ့၊ အဖေဆိုတာ အလုပ်ကြမ်းတွေ နေပူကျဲကျဲမှာ လုပ်ရသော်လည်း အပြန်လမ်းမှာ မိသားစုအတွက် အရိပ်ပေးခဲ့ပေါ့၊ အဖေဆိုတာ ဘေးရန်တွေဘယ်လောက်များများ အလုပ်တွေဘယ်လောက်များများ လောကဓံတရား ဘယ်လောက်ပင်ခက်ထန်နေလဲ မိသားစုအတွက် လုံးပန်ကာရှာဖွေပေးသူပေါ့၊ အဖေဆိုတာ ချွေးနဲ့သွေး ခွဲမရအောင် လုပ်ရရှာလဲ သားသမီး အနာဂါတ်ကို လမ်းဖွင့်ပေးသူပေါ့၊ အဖေဆိုတာ မိသားစုအတွက် အင်အားတစ်ခု ဖြစ်သလို သာသမီးတို့၏ ရှေ့ဆောင် ပန်တိုင်မှူးလည်းဖြစ်ခဲ့သူပေါ့၊ အဖေဆိုတာ ရင်နှင့်မလွယ်ရပေမဲ့ နှလုံးသားနှင့်လွယ်ကာ သားသမီးတွေကိုမွေးဖွားသူလည်းဖြစ် သားသမီးတွေအတွက် အနာဂါတ်ကိုကောင်းစေဖို့အတွက် ကမ္ဘာလည်းပတ် စာလည်းကျက်စေချင်ခဲ့သူပေါ့၊ အဖေဆိုတာ သားသမီးအတွက် နှင့် မိသားစုအတွက်ဆိုရင် အဖေဟာ တမိုးအောက်မှာ တယောက်ထူးလို့ အမည်ထူးနာမ ၀ိသေတွေနဲ့ လာစမ်းကွဲ့ လောကဓံကို ရင်ဆိုင်ကာဖြတ်သန်းလို့ နေ့စဉ်ရှာကျွေးခဲ့တာ အဖေပါ။ အဖေဆိုသော ဂုဏ်တွေကို ကုန်ဆုံးအောင် ဂုဏ်ပြုချင်ပါသော်လည်း ကမ္ဘာမှာ ဘယ်သူတွေနာမည်ကြီးနေပါစေ အဖေဆိုသော အနန္တဂုဏ်တွေကို တုမနှိုင်းသာခဲ့ပေါ့။ အဖေဆိုတာ အရာအားလုံးအတွက် ခွန်အားတခွက်ဖြစ်သလို သားသမီးအတွက် ဆေးတစ်ခွက်လည်းဖြစ် အောင်မြင်မှု၏ ဖခင်ပင်ဖြစ်သည်။
အားလုံးသော သူသူငါငါတို့အတွက် မှီသလောက် အသိလေးကို မျှဝေပေးလို့သော ဆန္ဒတစ်ခုက အဖေနေ့ကိုဂုဏ်ပြုသောအားဖြင့် ကလောင်သွားပေါ် အသက်ဝင်သလို ရေးသားမိပါသည်။

Saturday, June 19, 2010

အမေ့ဆီသို့ လွမ်းကဗျာ

Summer ကိုကြို ၊ Summer Bird ပျိုတို့
Song ချိုသံသာ ၊ Hear မိတာကြောင့်
Heart မှာတမ်းတ ၊ လွမ်းသမျှကို
Thinking ရေးသားလိုက်ပါ၏ ။ ။


Far away မြေခြား ၊ Mother နားမှာ
Talk တီတာ ၊ Chat ကာဖြင့်
Speech နေချင် ၊ နွဲ့နေချင်လည်း
Be အင် ငါ့မှာ ၊ Result မသာခဲ့ ။ ။


Exam ပွဲကြီး ၊ answer ချိန်နီးလို့
Force ကြိတ်မှိတ် ၊ လွမ်းစိတ်တွေကို
မျိုသိပ်ခါခါ ၊ Have ခဲ့တာကြောင့်
Return ခဲ့မယ် ၊ မေမေရယ် ။ ။

Saturday, June 12, 2010

အမေဟူသော အဓိပ္ပာယ်သည် အမေပါပဲ

အမေဆိုတာ လောကကြီးအတွက်ကော သားသမီးအတွက်ကော မိသားစု ပတ်ဝန်းကျင် နေရေးထိုင်ရေးတွေကို စသည်သင်ကြားပေးသော လက်ဦးဆရာဖြစ်သလို မိသားစုနှင့် သားသမီးအတွက် အလင်းရောင်ဖြစ်စေသော အသိဥာဏ်၏ ခွန်အားတစ်ခွက်ဖြစ်သည်။ လောကကြီးမှာ ရှိသမျှအရာတွေအားလုံးနှင့်နှိုင်းပါသော်လည်း နှိုင်းစရာမရှိသော ဥပမာတွေပင်ဖြစ်သည်။ အမေအကြောင်းကို သေချာစဉ်းစားကြည့်တိုင်း ဥပမာပေးစရာမရှိသော အဓိပ္ပာယ်ပြည့်စုံနေသော ပုဒ်ဖြစ်နေသည်လည်း တွေ့နိုင်ပါသည်။ အကယ်၍သာ မည်သို့သော ပုဂ္ဂိုလ်တစ်ဦးတယောက်က အလင်္ကာ အဖွဲ့အနွဲ့တွေဝေဆာနေအောင်ရေးသားနေပေသော်လည်း အလင်္ကာတစ်ပုဒ်သာဆုံးပေမဲ့ အဓိပ္ပာယ်တစ်ခုသာ ဆုံးသွားခြင်းသာဖြင့် ရှိချေဦးမည်။ အဘယ်ကြောင့်ဆိုသော အမေဆိုသော အလင်္ကာသည် အဆုံးအစမရှိသောကြောင့် ပင်ဖြစ်ပေသည်။ ထို့ကြောင့် အလင်္ကာဟုဆိုစေဦး ကဗျာဟုဆိုစေဦး ၀တ္ထုလို့ဆိုစေဦး အမေအဓိပ္ပာယ်သည် အမေဟူသော ပကတိ စာသားလေးသာ လောကကြီးအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အမြဲလှပနေမြဲ လှနေဦးမည်သာဖြစ်သည်။ (၁)

Friday, June 11, 2010

အမေဆိုတာ အဘိဓမ္မာရဲ့ မိခင်ပါ

လောကအဘိဓမ္မာရယ် ကျယ်ပြန့်ပါသော်လည်း အမေဆိုတာ အဘိဓမ္မာရဲ့ကျေးဇူးရှင်ပင်ဖြစ်သည်။ တို့များသင်ကြားသော အဘိဓမ္မာသည် အမေကျေးဇူးကြောင့် သင်ကြားရခြင်းဆိုနိုင်မည် အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလ ကာလပတ်လုံး မယ်တော်မိနတ်သားလို့ခေါ်သော အမိနတ်သားကျေးဇူးဆပ်ခဲ့တာ ဗုဒ္ဓဘာသာလူမျိုးတိုင်း သိကြမည် အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် အဘိ ဟူသောပုဒ်ကို ဒီနေရာမှာ ကျေးဇူးဆပ်သော မြင့်မြတ်သော ပုဒ်ဟူ၍ ယူလိုပါသည်။ သို့သော် ပညာရှင် မဟုတ်သောကြောင့် အမှားပါမည်ကို ဆိုးကြောင့်ပါသော်လည်း နားလည်လွယ်သော အသိဖြင့်ဖတ်ရမည်ပင်ဖြစ်သည်။ အဘိဓမ္မာ ကျေးဇူးတရားတို့၏မြင့်မြတ်သောအသိ နက်ရှိုင်းသောဥာဏ်ဖြင့် သံသာရာခရီးကို လွန်မြောက်နိုင်သောတရားကိုဆိုဖြင်းပင် ဖြစ်ပေသည်။ သိုသော် လောကထဲက လူသားတယောက်ဖြစ်သော သူတို့ကို အကျိုးများစေရန် အမေဆိုတာ အဘိဓမ္မာတရားရဲ့မိခင်တင်စားခေါ်ဝေါ်ချင်ပါသည်။ ဘုရားရှင်တိုင်းသည် အနက်ရှိုင်းဆုံးသော ဓမ္မတွေကိုဟောကြားခဲ့သည်မှာ စာပေကျမ်းဂန်တို့ကို ထောက်ကြည့်၍သိနိုင်ပါသည်။ မည်သို့ပင် ဆိုစေဦးတော့ အမေကျေးဇူးကို ဆပ်သောအခါ အထူးကောင်းမွန်သော တရားတို့ဖြင့်ကျေးဇူးဆပ်သည်မှာ အဘိဓမ္မာ ဆိုသော ပုဒ်ကိုကြည့်၍ သိရှိနိုင်ပေသည်။ ထို့အပြင်လည်း အမေကျေးဇူးတရားကို ဥပမာပေးရန်များပြားသော သဘာဝလောကကြီးထဲမှာ ပြယုဂ်ဆိုသော ဥပမာတွေက အလွန်ပေါများသောကြောင့် အထူးပြောရန် မရှိချေ။ သို့သော် ဥပမာထက် တန်ဖိုးကိုပြောစရာရှိပေသည် ဤအရာတို့သည်ကား သင်္ချာ၏ သဘောတရားပင်ဖြစ်သည်။ သင်္ချာတစ်ပုဒ်၏ အတွင်းရှိသော တစ် ဂဏာန်းသည် နေရာလိုက်တန်ဖိုးရှိသည်။ ထို့အပြင်လည်း နှစ် ၊ သုံး ၊ လေး ၊ စသော ဂဏာန်းတို့သည် သူ့နေရာလိုက် တန်ဖိုးရှိကြသည်။ နောက်ဆုံးအနေဖြင့် သုည သော်မှ ထားတက်ရင် တန်ဖိုးရှိသကဲ့သို့ ပင်ဖြစ်ပေသည်။ ဤကဲ့သို့ ဥပမာပေးခြင်းသည် အမေဟူသော တန်ဖိုးကို မြတ်နိုးတက်စေဖို့ပင်ဖြစ်သည်။ တကယ်တော့ အမေဆိုသော ဥပမာဟူသည် လောကမှာ ပြယုဂ်မရှိသော အနှိုင်းမဲ့ မေတ္တာရှင်ပင်ဖြစ်သည်။ ထို့ကြောင့် လူသားတိုင်းက အသိမှတ်ပြုကြသည်။ အဘိဓမ္မာနှင့် အမေဆိုသော အဘိဓမ္မာရဲ့မိခင်ကို ဆက်လက်ဆိုဦးအံ အဘိဓမ္မာသည် လူသားတို့အတွက် အထူးမြတ်ဆုံးသော တရားပင်ဖြစ်သည်။ ထို့အတူ အမေဆိုသော အဘိဓမ္မာသည်လည်း လူသားတို့အတွက် အထူးမြတ်ဆုံးသော အရာပင်ဖြစ်ပေသည်။
နောက်ဆက်တွဲ မကြာမှီ ရေးသားပေးရန်ရှိသည်

Friday, May 28, 2010

အမေနေ့နှင့်မဟာသမယ အခါတော်နေ့

                                                                 
ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ၊ တနှစ်ပတ်လုံးလအလိုက်ပွဲတော်တွေ ကျင်းပလေ့ရှိကြပါတယ်၊တန်ခူးမှာသင်္ကြန်၊ကဆုန်ကြတော့ညောင်ရေသွန်း
ဟော..အခုနယုန်ကြပြန်တော့..မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပွဲ။တချိ့လ
နှင့်တချို့ပွဲတော်တွေက..မြန်မာ့ရိုးရာဓလေ့ပွဲတော်..တချို့ကဘာသာရေးပွဲ၊

အခုကျင်းပတဲ့ပွဲကတော့ဘာသာရေးပွဲတော်စစ်စစ်၊ဗုဒ္ဓဘာသာပွဲတော်ပေါ့ဗျာ၊

မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာက

တော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့
အချိန်ကာလပေါ့ဗျာ၊ဒီနယုန်လပြည့်နေ့ဟာ၊ထူးမြတ်တဲ့နေ့လို့ဆိုလို တာပေါ့ဗျာ၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊
မဟာသမယနေ့ဖြစ်ပေါ်လာပုံတွေက၊ဒီလိုဗျ…ဒီလို…

မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိ ယပြည်သား

တွေပြဿနာဖြစ်ကြသတဲ့၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သ မားတွေပါ၊
သိကြတဲ့အတိုင်းပဲလေ၊ လယ်သမားတွေဖြစ်တဲ့ပြဿနာဆိုမှတော့ လယ်ယာမြေ
နှင့်စပ်တဲ့ပြဿနာပေါ့ဗျာ၊လယ်ယာမြေဆိုတာကလဲ၊လယ်သမား တွေရဲ့အသက်
ကိုးဗျ၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊၊ဖြစ်ပုံက၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြ
သကိုး၊ ရေကလည်း၊ရောဟိနီမြစ်ကနေမှရပြန်၊ ဒီရောဟိနီမြစ် ဆိုတာကလဲ၊နှစ်
ပြည်ထောင်အလယ်ဗဟိုကနေစီးပြန်ဆိုတော့၊သူအရင်သုံးမည်၊ငါအရင်သုံးမည်၊
ဖြစ်ကုန်ကြတာပေါ့၊နှစ်စဉ်နှစ်တိုင်းတော့အစဉ်ပြေပါရဲ့၊ ဒီနှစ်မှာတော့အစဉ်မပြေ
နိုင်တော့ဘူးလေ၊မိုးကခေါင်တာကိုး၊ဒီနှစ်လယ်သမားတွေအတွက်ရေကလုံလုံ
လောက်လောက်မရနိုင်တော့ဘူးကိုး၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊
..အဲ..လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မ ပြီးဘူး၊နှစ်ပြည်
ထောင်မင်းညီမင်းသားတွေဆီရောက်ပါရော၊ဒီတော့လဲပြဿနာ ကမငြိမ်းတော့ဘူး
လေ၊ကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်ကရောပဲ၊
တဖက်နှင့်တဖက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြ
ပါလေရော၊

ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမှမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူရီးတွေလေ၊မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေလေ၊ဒီတော့မြတ်ဘုရားရှင် ကငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရားတွေဟောကြားကြရတော့တာပေါ့၊ ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား

ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန
တေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက အနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်

များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြိ
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)

ရပ်ပြ ပြီးတရားရေအေး၊ တိုက်ကြွေးကာ၊စေ့စပ်ရေးတရားဟောကြားခဲ့ပါ
တယ်၊ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်း
ရေးရခဲ့ကြပါတယ်၊အဲ..ဒါတင်ကပါရိုးလား…နှစ်ပြည်ထောင်ကမင်းသားပေါင်း
(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်ကရောပဲဗျ၊ စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကရောပဲဗျ၊အဲဒီနေ့ဟာ.နယုန်လ
ပြည့်နေ့ပေါ့ဗျာ၊ ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့
နေ့၊ မဟာသမယနေ့လို့ဆိုသပေါ့ဗျာ၊

အဲ….ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည်

ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ...ခင်ဗျား
ဤကဲ့သို့ ၀င်ရောက်လာခြင်းသည် အမေကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။ လောကကြီး နေရာတိုင်းတွင် မိဘကျေးဇူးရှိနေသည်ဆိုတာ အထင်အရှားပင်ဖြစ်သည်။ မိဘတိုင်းကို ကျေးဇူးဆပ်နိုင်သော သားကောင်းသမီးကောင်းတို့ကို အသိမြင်စေချင်သော ဆန္ဒဖြင့်ရေးသားအပ်သည်. 

Monday, May 10, 2010

အမေ့ကိုဂုဏ်ပြုသောနေ့တစ်နေ့၏ အကြောင်း

ကမ္ဘာလောကကြီးက သတ်မှတ်ပေးသော အမေနေ့ ခေါ်နေသောနေ့ထက် သားသ္မီးတိုင်း သတ်မှတ်သော အမေနေ့က မြတ်နိုးစရာကောင်းသော အရာပင်ဖြစ်သည်။ သားသမီးတွေ မိဘတိုင်းအပေါ်ထား တက်သော မွန်မြတ်သော စိတ်ထားကို မြတ်နိုးကြမှာ အမှန်ပင်ဖြစ်သလို လောက ဘယ်လိုပင် သတ်မှတ်ပေးသော အမေနေ့ကို အများလုပ်မှ သိသော အရာထက် သားသ္မီးတိုင်းလုပ်ပေးသော အရာကိုလိုချင် ကြသည်ကိုလည်း ထိုနေ့ကို ကြည့်ရ်ျသိရှိနိုင်ပါသည်။ သို့သော် မည်သည့်အရာမဆို ထင်ရှားရှိမှ ကောင်းသည်ထက် မိမိကိုယ်တိုင်ခံစား နားလည်တက်လျှင် မိမိ မိဘများကို ကျေးဇူးဆပ်တက်သော အသိ စိတ်ဓာတ်ရှိမှသာလျှင် ကောင်းမွန်မြင့်မြတ်ပါသည်။ မိဘသည်လည်း မွေးမိဘ ကျွေးမိဘ သင်မိဘစသည်များစွာရှိပေသည်။ ထို့ကြောင့် မိမိတို့ စဉ်းစားနိုင်စွမ်းရည်ရှိသော ပညာရှင်များပင် ဖြစ်သကဲ့သို့ ကျေးဇူးတရားတို့ သဘာဝဓမ္မကို ကောင်းစွာသိပေမည်ပင်ဖြစ်သည်။ ထို့တွင် ကျွန်ုပ်သည်ပင် မိဘများ၏ ကျေးဇူးတရားများကို အစဉ်အောက်မေ့နေသည်ပင်ဖြစ်ပေသည်။ မည့်ကဲသို့ ဆိုစေဦးတော့ သားသ္မီးတို့ဘ၀ကို တိုးတက်စေသော အောင်မြင်စေသော အဆင့်တန်းရှိစေသော ဘ၀ကိုမြင်စေချင်သော မိဘတိုင်းကို ကျွန်ုပ်မိဘကဲ့သို့ပင်ဖြစ်ပေသည်။ မည်သူတစ်ဦး တယောက်က အမြင်မှားသော သံသယရှိစေကာမူ အမေဆိုသော မေတ္တာရှင်တို့က အမြဲခွင့်လွတ်နေမည်ပင်ဖြစ်သည်။ သင်လည်း သင့်မိဘကို ကြည့်ရှုနိုင်သော သားသမီးကောင်းဟု အမြဲယုံကြည်မိပါသည်။ ယုံကြည်သလိုလည်း သင်အတွက် အမေဟူသော မေတ္တာက ကြိုဆိုလျှက်ပင်သည်။ နောက်ဆုံးတော့ အမေ့ မေတ္တာဟာ မည်သူကမှ ပေးဆပ်ခြင်းငှာမစွမ်းနိုင်ပါ။ အမေဟူသော မိခင်တိုင်းကသာ ပေးစွမ်းနိုင်သော အရာပင်ဖြစ်သည် ဟု ထင်မြင်ရေးသားရင်း အမေ့ မေတ္တာတွေကို သဲပွင့်ပမာလောက် မဆိုလောက်သော ရေးသားခြင်းမျိုးဖြစ်ရေးသားမိပါသည်။         ။
                                                                                                              ပုည(ရာမည)

Thursday, May 6, 2010

မိဘနှစ်ပါး ထံတော်ပါးသို့ သိစေချင်သည်


အမေဆိုတာ.....ယုယကြင်နာ၊ ပီတိဖြာလျက်
                        လိုတာမရွေး၊ ဖြည့်ဆည်းပေးတယ်။
အမေဆိုတာ....ချဉ်ငန်အစပ်၊ ပယ်ရှောင်ဖြတ်လို့
                        ပေးဆပ်ကျွေးမွေး၊ နိုးချိုကျွေးတယ်။
အမေဆိုတာ....ချိန်တန်ရွယ်ရောက် စာတက်မြောက်ဖို့
                        ဆိုငေါက်ချော့မြူး၊ သင်ပေးဖူးတယ်။
အမေဆိုတာ....အရွယ်ကိုရောက်၊ လူဖြစ်မြောက်ဖို့
                        ချင့်ထောင့်မျှော်တွေး၊ စီမံပေးလို့
                         နောင်ရေးအေးဖို့ ဖြစ်သတဲ့.........။
အဖေ..........
နေရောင်ပူပြင်း၊ နေ့လည်ခင်းလည်း၊ မငြင်းအလုပ်၊ ဇွဲအားထုတ်လို့ တုန်လှုပ်မသွား၊ မာန်စိတ်ထားကာ၊ နေ့စားအလုပ်၊ ရသမျှကုတ်လို့ ရှာလုပ်ခဲ့တယ်။
အဖေ.......
စားဝတ်နေရေး၊ ငွေရှာပေးလို့၊ ကျွေးမွေးထမ်းရွက် သားသမီးတွက်ပဲ ငဲ့ကွက်ခဲ့တယ်။
အဖေ..........
ငါ့သား ပင်ပန်း ဘ၀လမ်းမှာ၊ ကြမ်းတမ်းခက်ထော်၊ ၀မ်းရေးလျော်ဖို့ ချင့်ချိန်လုပ်ကျွေး၊ နေ့စဉ်ရေးကို၊ မအေးစိတ်မှာ၊ နေရရှာတယ်တဲ့...........
အဖေ..........
မှက်ကျောက်တင်ထား၊စံပြရှားတဲ့၊ ဖေ့အားနေ့စဉ်၊ ဂုဏ်ပြုချင်ရ်ျ၊ စွမ်းအင်ရှိသမျှ၊ ကြိုးစားပါမယ့်။


ကျွေးမွေးသင်လာ၊ မိမာတာနှင့်၊ ပိတာဖခင် ကျေးဇူးရှင်တို့၊ သားရင်နှလုံး၊ ပီတိထုံးမို့၊ ဦးဆုံးပန်ဆင်၊ ဆုတောင်းချင်သည်၊ ဘေးတွင် အနန္တ၊ ကင်းစင်ပါစေသတည်း..............

Monday, April 26, 2010

ကျေးဇူးတရားနှင့်ကျေးဇူးရှင်တို့အကြောင်း

လူသားတယောက်၏ မမေ့နိုင်သော အရာတွေထဲမှာ ဘုရား တရား သံဃာ မိဘဆရာ သူတော်ကောင်း နှင့် ခင်ပွန်းကြီး အားလုံးတို့ပင်ဖြစ်သည်။  ထိုအရာတွေထဲတွင် မိဘနှစ်ပါးသည် မိမိတို့ ငယ်စဉ်ကလေးဘ၀မှ စရ်ျ သွန်သင်ဆုံးမပေးသော လက်ဦးဆရာလည်း ဖြစ်သကဲ့သို့ မိမိတို့ဘ၀ လမ်းညွန်လည်းဖြစ်သည်။ ထိုအရာတွေသည် မိမိတို့ဘ၀၏ ကျေးဇူးရှင်ပင်ဖြစ်သည်။ မိဘတိုင်း မြတ်နိုးတက်သော မေတ္တာရေစဉ်သည် မည်ကဲ့သို့သော အတိုင်းအတာ ပမာဏ ဟူသည် မရှိချေ။ ထို့အပြင် မည်သူ တစ်ဦးတယောက်မျှ တားမြစ်သော်လည်း တားမြစ်ခြင်းငှာ မစွမ်းနိုင်ခြင်းဖြစ်သည်။ အကယ်ရ်ျ တဦးတယောက်က တားဆီးလာလျှင်လည်း မိဘနှစ်ပါးတို့က မိမိတို့ သားသ္မီး ရတနာ အပေါ် မပျက်စီးသော မေတ္တာမျိုးဖြစ် မြတ်နိုးနေမြဲပင်ဖြစ်သည်။ အကယ်ရ်ျသာ တဦးတယောက်က သုတလည်းကြွယ် ဗဟုသုတကြွယ်ဝရ်ျ ပညာရှင်ဖြစ်ပေကား ပြောစရာ မလိုအပ်သော အသိတရားတို့ဖြင့် မြတ်ဗုဒ္ဓ ဟောဖော်ညွန်ပြ ဆိုဆုံးမ ထားသော မိဘမေတ္တာ အကြောင်းကို သိမည်ထင်ပါသည်။ ပိုရ်ျထူးသည်မှာ မြတ်ဗုဒ္ဓ ဟောဖော် ညွန်ပြထားသော ပါဠိတော် တစ်ပုဒ်ရှိပေသည်။ ထိုအရာသည်ကား....... မာနေတိတီ မာတာ ဟူရ်ျ၎င်း မာနေတိ က္ကတိအတ္ထေတိ ဟဒယဿ သမံ ကတွာ ဘ၀ဿ သမံ ကတွာ အာယုဿ သမံ ကတွာပိ မာတာ ပင် ဖြစ်ပေသည်။ မိမိတို့ဘ၀ ဘယ်လိုပင်ဖြစ်ပါစေ အမေ အဖေတို့က မြတ်နိုးကြသလို အသက်နှင့်ရင်းပြီး ဘ၀နှင့်ရင်းပြီး နှလုံးသားနှင်းရင်းပြီး မြတ်နိုးတက်သောကြောင့် မိဘလို့ခေါ်ပါသည်။ ထိုအပြင် မိဘနှစ်ပါးမှ မဟုတ်သေးသော်လည်း မိဘနှစ်ပါး ပမာကဲ့သို့ မြတ်နိုးတက်သလို အသက်နှင့်ရင်းပြီး ဘ၀နှင့်ရင်းပြီး နှလုံးသားနှင့်ရင်းပြီး မြတ်နိုးတက်သော မိဘနှစ်ပါးကိုလည်း မိဘနှစ်ပါးဟူရ်ျ ခေါ်အပ်၏လို့ မြတ်ဗုဒ္ဓက ဟောဖော်ညွန်ပြခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ဥပမာကား နကုလပိတာ နကုလမာတာ တို့၏ ဇာတကထဲတွင် မြတ်ဗုဒ္ဓအား သားအရင်းပမာ မြတ်နိုးတက်ပုံကို သိရှိနိုင်ပါသည်။ က်ျကား ထင်ရှားသော ရှားပါးရှာကျန်ပြီး မြတ်နိုးတက်သော ဥပမာပင်ဖြစ်သည်။ ထို့ကြောင့် ဘ၀မှာ အလိုအပ်ဆုံးတရားသည် မိမိတို့ အပေါ်တွင် ကျေးဇူးတရားရှိသောသူနှင့် ကျေးဇူးရှင်တို့၏ အကြောင်းပင်ဖြစ်သည်။ မည်သို့ပင် အမြင့်သို့ ရောက်ပါစေအုန်း ထိုအရာတွေကို မမေ့သင့်သော အရာတွေပင်ဖြစ်သည်။ တခါတရံ သူတစ်ပါးထက် မိမိကိုယ်တိုင်ပင်မေ့တက်ပါသည်။ ထိုအရာကိုပင် ဘ၀မေ့ကြောင်း တရားဟုခေါ်သည်။ မည်ကဲ့သို့သော ဘ၀ကိုရောက်ပါစေ ကျေးဇူးတရားရှိသူနှင့် ကျေးဇူးရှင်တို့အကြောင်း မမေ့သော သတိတရားဖြစ် ဘ၀ကို အောင်မြင်စွာ ရပ်တည်နိုင်ပါစေ ဟု ရေးသားရင်း နိဂုံးချုပ်အပ်သည်။

                                                                                                    ပုည(ရာမည)

Sunday, April 18, 2010

အမေရဲ့ သမာဓိအိမ်ရာက မေတ္တာတရား

အမေရဲ့ ထာဝရသစ္စာဖြစ်သော သမာဓိအိမ်ရာက မေတ္တာတရားက တို့တတွေအတွက် အကောင်းဆုံးသော နေရာလေးပေါ့။ ဒါပေမဲ့ အမေမေတ္တာတွေကို ခံစားတက်တဲ့လူသားတိုင်းမှ သာလျှင် အမေတွေရဲ့ တန်ဘိုးကို နားလည်နိုင်မည်ဖြစ်သည်။ အမေမေတ္တာနဲ့ မရင်းနှီးသေးသော ပုဂ္ဂိုလ်တို့က မည်ကဲ့သို့သော မိခင်တွေကို မိဘမေတ္တာလို့မခေါ်နိုင်ပဲ အတွေးလွဲမှား ခံစားချက်တွေနဲ့ သူတို့ပြောချင်တိုင်း ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အမေတိုင်းက အမေမေတ္တာတွေ မသိမ်ကောသွားတာ သဘာဝဓမ္မက လက်ခံနေပါသည်။ ထို့ကြောင့် အမေမေတ္တာကို တန်ဘိုးထားတက်သော လူသားတို့ကို ပေါင်းစည်းတက်သော သစ္စာနှင့်မေတ္တာတရားတွေက ကြိုဆိုနေပါသည်။ အမေဆိုသော ဘ၀ကိုခံစားတက်ရင် အစားထိုးကိန်းမလုပ်သော ချစ်ခြင်းတို့ဖြင့် တို့တတွေ အမေတိုင်းကို မြတ်နိုးကြပါစို့လို့ပြောပါရစေ စာပေချစ်သော မိတ်ဆွေတို့ရေ........။

အမေအိမ်က ကရုဏာ

အမေအိမ်က ကရုဏာတရားတွေပြည့်သော သာယာစိုပြည်သောအိမ်ရာဆိုတာ ကမ္ဘာလောကကြီးက မည်သူက မကြေငြာလည်းပဲ ကျွန်တော်တို့နှလုံးသားက လက်ခံခဲ့တာ အမေသိပါစေ။ မျှော်လင့်ခဲ့သော နေ့တနေ့ရဲ့ အောင်မြင်မှုကိုရောက်ခဲ့ရင် ကျွန်တော် အမေဆီ ရောက်အောင်ပြန်ဖို့ ရည်ရွယ်ပြီသားကိုလည်း အမေ တယောက်သိပါစေ။ ထို့အပြင် အမေ မေတ္တာကို အမြဲ ကျွန်တော်ရင်မှာ စီးဆင်းနေသည်ကို အမေ ကျွန်တော်ကိုသိစေခြင်းပါသည်။ ကျွန်တော် နာခံမြဲဖြစ်သော အမေ့ရဲ့ဆုံးမသံတွေ ကျွန်တော်နှလုံးသားဝယ် ကျောက်စာတင်သကဲ့သို့ပင်ဖြစ်သည်။ အမေ အမြဲပြောနေသော ဆုံးမသံတွေက ကျွန်တော်ဘ၀ကို ခွန်းအားတွေဖြစ်ပါသည်။ အမေကပင် ကျွန်တော်ဘ၀ကို အောင်မြင်စေသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အမေဆိုသော ဂုဏ်တွေက ကျွန်တော်ဘ၀ကို လွှမ်းမိုးပေးခဲ့တာ အမေဖြစ်သူ သိပါစေတော့ အမေ...................။

အမေရဲ့အလှူ သာဓုသံ

အမေပြုလုပ်နေသော ကုသိုလ်ကောင်းမှုမင်္ဂလာကို သာဓုသံအောင်နိမိတ်ဖြင့် ကောင်းချီးထောပနာပြုပါရစေ အမေ........................................။       
ဗုဒ္ဓဘာသာမိဘတိုင်းက သားသ္မီးအပေါ်မှာထားသောမေတ္တာတွေက ပိုရ်ျထင်ရှားပါသည်။ ဥပမာပြောရလျှင်........ 
တို့တတွေ ငယ်စဉ်တောင်ကြီး ကလေးဘ၀က အမေက စတင်ကာ ဆရာတစ်ဆူအနေနဲ့ ကမ္ဘာမှာရှားပါးသော အနစ်နာ စေတနာ ၀ါသနာတွေနှင့် တို့တတွေကို ဘုရားရှိခိုးတက်အောင် ဘုန်းကြီးတွေ သံဃာတွေကို ရိုသေတက်အောင် မိဘတွေကို မြတ်နိုးတက်အောင် ဆရာသမားတွေကို တန်ဘိုးထားတက်အောင် စသည်တွေကို သင်ကြားပေးခဲ့တာ အမေနှင့်အဖေပင်ဖြစ်ပေသည်။ ထိုအချိန်ကာလက အခေါ်အဝေါ် မခေါ်တက်သေးတဲ့ တို့တတွေကို အမေက ခေါ်တက်လာအောင် မစားတက်သေးတဲ့ အစားကို စားတက်လာအောင် မ၀တ်တက်သေးတဲ့ အ၀တ်ကို ၀တ်တက်လာအောင် မဆင်တက်သေးတဲ့ သဘာဝအလှကို ဆင်တက်လာအောင် လုပ်ဆောင်ပေးခဲ့တယ် သင်ကြားပေးခဲ့လို့ တို့တတွေ သိခဲ့ရတယ် ၀တ်ခဲ့ရတယ် ဆင်ခဲ့ရတယ် မြင်ခဲ့ရတယ်။ နောက်ပိုင်း တို့တတွေ ပညာတွေသင်ခဲ့ရသည် အထိ အမေနှင့်အဖေတို့က ဘ၀ကို သူရဲကောင်းကြီးပမာ ရှေ့ဆောင်ကာ လမ်းညွန်ပေးခဲ့တယ်။ ဒါတွေကို တို့တတွေ နားလည်လာခဲ့လို့ မိဘတိုင်းကို မြတ်နိုးခဲ့တယ်။ အခုလည်း အမေတို့ ပြုလုပ်နေသော ကုသိုလ်တွေကို တို့တတွေ လုပ်တက်အောင် သာသနာကို ကြည်ညိုတက်အောင် ရှေ့ဆောင်နေတာ ဗုဒ္ဓဘာသာမိဘတိုင်းပေါ့။ အော် အမေရယ် သားတို့ မောင်နှမတတွေက အမေ ကုသိုလ်တွေကို သာဓုသံ အောင်နိမိတ်ဖြင့် ကောင်းချီး ထောပနာပြုနေတာ အဝေးက အမေနှင့်အဖေ သိပါစေတော့လို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်...........။




                                                                                                    ပုည (ရာမည)

အမေပြောသော လောကအလှတရားနှင့် အမေတို့မေတ္တာတရား

တစ်ခါက ရွာတစ်ရွာမှာ လုင်ပျိုလေးတယောက်ရှိတယ်ကွဲ့ အဲဒီလုင်ပျိုလေးဟာ အလွန်စာတော်တာပေါ့ကွယ် တစ်နေ့သောအခါ လုင်ပျိုလေးဟာ အမေအိုကြီး အတွက် လိုအပ်တာလေးတွေ မြို့သို့တက်သွားဝာယ်ကွဲ့ ဒီလိုနဲ့ လမ်းခုလပ်ရောက်သောအခါ အမေလိုအပ်သော ပစ္စည်းလေးကို အမှတ်မထင်တွေတော့ ကောက်ခါငင်ကာ ၀ယ်ယူရှာတယ်ကွဲ့ ဒီလိုနဲ့ လုင်ပျိုလေးဟာ မြို့သို့တက်စရာမလိုပဲ ထိုနေ့မှာပဲ ပြန်ရောက်လာပါတယ် ဒီလိုနဲ့ အမေအိုကြီး သားလုင်ပျိုလေး သိပ်မကြာပဲ ပြန်ရောက်လာတာကို ကြည့်ပြီမေးရှာတာပေါ့ကွယ်။ ဒီလိုနဲ့ လုင်ပျိုလေးက ရိုရိုသေသေ ပြန်ဖြေရှာတယ် ပြီတော့ လုင်ပျိုလေးက အမေကိုမေးရှာတယ် သားတို့ရေ လုင်ပျိုလေးဟာ တစ်ခါမှ မမေးဘူးသော မေးခွန်းမျိုးကို မေးသောကြောင့် အမေဖြစ်သူမှာ အံ့သြဘနန်းဖြစ်နေပါသည်။ လုင်လေးက မေးတယ်ကွဲ့ အမေ.......အမေအမြဲပြောသော လောကအလှတရားနှင့် အမေတို့မေတ္တာတရား တွေက ထာဝရ ငြိမ်းချမ်းနေပါလျှက်နဲ့ ဘာကြောင့် သားသမီးတိုင်းမနေနိုင်တာလဲ အမေ? အော် သားရယ်
အမေဆိုတာ သားသမီးတွေဘာပဲဖြစ်ဖြစ် အမေမပြောလိုပေမဲ့ အမေမေတ္တာဟာ ထာဝရသားတို့အတွက်ပါကွယ်.........

အဲဒါဟာ အမေ့ရဲ့နှလုံးသားအလှစကားနှင့်မေတ္တာတွေပါ သားတို့ရယ်...........။ ။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...