Friday, June 11, 2010

အမေဆိုတာ အဘိဓမ္မာရဲ့ မိခင်ပါ

လောကအဘိဓမ္မာရယ် ကျယ်ပြန့်ပါသော်လည်း အမေဆိုတာ အဘိဓမ္မာရဲ့ကျေးဇူးရှင်ပင်ဖြစ်သည်။ တို့များသင်ကြားသော အဘိဓမ္မာသည် အမေကျေးဇူးကြောင့် သင်ကြားရခြင်းဆိုနိုင်မည် အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလ ကာလပတ်လုံး မယ်တော်မိနတ်သားလို့ခေါ်သော အမိနတ်သားကျေးဇူးဆပ်ခဲ့တာ ဗုဒ္ဓဘာသာလူမျိုးတိုင်း သိကြမည် အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် အဘိ ဟူသောပုဒ်ကို ဒီနေရာမှာ ကျေးဇူးဆပ်သော မြင့်မြတ်သော ပုဒ်ဟူ၍ ယူလိုပါသည်။ သို့သော် ပညာရှင် မဟုတ်သောကြောင့် အမှားပါမည်ကို ဆိုးကြောင့်ပါသော်လည်း နားလည်လွယ်သော အသိဖြင့်ဖတ်ရမည်ပင်ဖြစ်သည်။ အဘိဓမ္မာ ကျေးဇူးတရားတို့၏မြင့်မြတ်သောအသိ နက်ရှိုင်းသောဥာဏ်ဖြင့် သံသာရာခရီးကို လွန်မြောက်နိုင်သောတရားကိုဆိုဖြင်းပင် ဖြစ်ပေသည်။ သိုသော် လောကထဲက လူသားတယောက်ဖြစ်သော သူတို့ကို အကျိုးများစေရန် အမေဆိုတာ အဘိဓမ္မာတရားရဲ့မိခင်တင်စားခေါ်ဝေါ်ချင်ပါသည်။ ဘုရားရှင်တိုင်းသည် အနက်ရှိုင်းဆုံးသော ဓမ္မတွေကိုဟောကြားခဲ့သည်မှာ စာပေကျမ်းဂန်တို့ကို ထောက်ကြည့်၍သိနိုင်ပါသည်။ မည်သို့ပင် ဆိုစေဦးတော့ အမေကျေးဇူးကို ဆပ်သောအခါ အထူးကောင်းမွန်သော တရားတို့ဖြင့်ကျေးဇူးဆပ်သည်မှာ အဘိဓမ္မာ ဆိုသော ပုဒ်ကိုကြည့်၍ သိရှိနိုင်ပေသည်။ ထို့အပြင်လည်း အမေကျေးဇူးတရားကို ဥပမာပေးရန်များပြားသော သဘာဝလောကကြီးထဲမှာ ပြယုဂ်ဆိုသော ဥပမာတွေက အလွန်ပေါများသောကြောင့် အထူးပြောရန် မရှိချေ။ သို့သော် ဥပမာထက် တန်ဖိုးကိုပြောစရာရှိပေသည် ဤအရာတို့သည်ကား သင်္ချာ၏ သဘောတရားပင်ဖြစ်သည်။ သင်္ချာတစ်ပုဒ်၏ အတွင်းရှိသော တစ် ဂဏာန်းသည် နေရာလိုက်တန်ဖိုးရှိသည်။ ထို့အပြင်လည်း နှစ် ၊ သုံး ၊ လေး ၊ စသော ဂဏာန်းတို့သည် သူ့နေရာလိုက် တန်ဖိုးရှိကြသည်။ နောက်ဆုံးအနေဖြင့် သုည သော်မှ ထားတက်ရင် တန်ဖိုးရှိသကဲ့သို့ ပင်ဖြစ်ပေသည်။ ဤကဲ့သို့ ဥပမာပေးခြင်းသည် အမေဟူသော တန်ဖိုးကို မြတ်နိုးတက်စေဖို့ပင်ဖြစ်သည်။ တကယ်တော့ အမေဆိုသော ဥပမာဟူသည် လောကမှာ ပြယုဂ်မရှိသော အနှိုင်းမဲ့ မေတ္တာရှင်ပင်ဖြစ်သည်။ ထို့ကြောင့် လူသားတိုင်းက အသိမှတ်ပြုကြသည်။ အဘိဓမ္မာနှင့် အမေဆိုသော အဘိဓမ္မာရဲ့မိခင်ကို ဆက်လက်ဆိုဦးအံ အဘိဓမ္မာသည် လူသားတို့အတွက် အထူးမြတ်ဆုံးသော တရားပင်ဖြစ်သည်။ ထို့အတူ အမေဆိုသော အဘိဓမ္မာသည်လည်း လူသားတို့အတွက် အထူးမြတ်ဆုံးသော အရာပင်ဖြစ်ပေသည်။
နောက်ဆက်တွဲ မကြာမှီ ရေးသားပေးရန်ရှိသည်

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...