Wednesday, November 30, 2011

လောဘရမက်နဲ့ ပန်းအဝင် (၅၁)


အဆုံးအစမဲ့ အနာဂါတ်
မျှော်လင့်ခြင်းတွေက မိုးထိမြင့်မား
အောင်မြင်မှုတွေက တောင်တန်းများကျော်လွှား
ရည်မှန်းချက်တွေက လှိုင်းထက်လေကြမ်း
ဘဝလောကဓံ ခရီးများဖြတ်ကူး
ကံကြမ္မာတွေက ဆူးငြောင့်ပြည့်လျှံ
စည်းစိမ်း ကန္တာရစိန်တွင်း
ခရီးရောက်မှ လောဘ ရမက်နဲ့
နောက်ပြန်လှည့်ကြည့်
အလို...........
လျှောက်လှမ်းလာတဲ့ ခရီး
သေတွင်းနီးလို့
အမှားကြီး မှားခဲ့လေသလား...။

ဝိုးတဝါး မနက်ဖြန် (၅၀)


ချည်တိုင်မှာ ကြိုးမရှိ
ဥပဒေမဲ့တဲ့ မှတ်တိုင်
ရပ်ချင်တဲ့ ကားတွေပြည့်
ငွေကြေးတွေရဲ့ ဖောင်ပွမှုအောက်
မသုံးမကျခြင်း လက်ထိုးမှုတွေ
မီးပွိုင့်ထောင့်မှာ မီးမောင်းထိုးလို့
ပွင့်လင်းလာမည့် မနက်ဖြန်ကို
စောင့်မျှော်နေတာ အခုတော့
အရုဏ်အလင်း ဝိုးတဝါးနဲ့ပေါ့...။

Tuesday, November 29, 2011

ကမ္ဘာဦး အမ်အေ


ဥပဒေမဲ့တဲ့ ကောင်းကင်ယံမှာ
ပန်းချီကားတစ်ချက်ကို ရေးဆွဲရင်း
ကာရံမဲ့ ကဗျာတစ်ပုဒ်ရဲ့ ဖော်မြူလာနဲ့
ကျမ်းပြုခဲ့တာ အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်..။

မျှော်လင့်ချက် ကောင်းကင်ယံမှာ
ကာရံတွေနဲ့ တံတိုင်းဖွဲ့ရင်း
အမည်မဲ့ လိပ်စာတစ်ခုကို
ရှာဖွေစုံစမ်းခဲ့တာ မရှိမသိတဲ့
အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်...။

အဆုံးအစမဲ့ ခရီး မိုးသားပြင်ကျယ်မှာ
အထီးကျန် တပင်တိုင် နန်းစံရင်း
ကြယ်တွေရေတွက်လာတဲ့ ကဗျာတစ်ပုဒ်နဲ့
ကောက်ကြောင်းတွေက သဏ္ဍာန်မဲ့ အဖြေထုတ်ခဲ့တာ
အခုတော့ အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်...။

ဘဝနိယာမတစ်ခုရဲ့ ကြမ်းပြင်ပေါ်မှာ
ကြမ်းတိုက် ခွက်ဆေးရင်း အခြေခံလူ့သမိုင်း
ရေသောက်မြစ်ခြေကို မြင့်တင်ဖို့
ကြိုးစားနေဆဲ အခိုက်တန့်မှာ
အမ်အေ (မ) ဆိုတာ အတိတ်မေ့လို့
လူ့တာဝန်မဲ့ခဲ့တာ အပြစ်လား....။

တန်ဘိုးထားတက်တယ် တန်ဘိုးရှိရင်ပေါ့
မတန်ရာ သဘောတရားတွေနဲ့
နိယာမနှစ်ခုက ဗျူဟာနည်းစနစ်တွေခင်းလို့
ပြန်လှန် တိုက်ခိုက် အနိုင်ယူကြရင်း
အမ်အေ (မ) ရဲ့ စစ်ဝင်္ဂဘာတွင်း
နပိုလီယံ စစ်ဘုရင်ကြီး ကျဆုံးခန်းရောက်ခဲ့တာ
သမိုင်းမှာ ထင်ကျန်ခဲ့ပြီလေ...။

Monday, November 28, 2011

နှစ်ဆဲ့တစ်ရာစု ဒဿန


ငါ့နှလုံးသားက ပေပေတေတေ
အနစ်နာခံ အလိုက်ထိုက်နဲ့
ရေလာမြောင်းပေးရင်း နင်ဘက်ကိုချောင်းဖြစ်စေခဲ့
နင်မသိသော ငါလက်ရာတွေ
စားသောက်ရင်း ပီဇာ ခေါက်ဆွဲ
ကော်ဖီတွေလည်း အေးခဲလို့
အသိမှတ်ပြုတဲ့ ငါ့ဖိတ်စာတွေ
နင့်ရင်ဘက်ထဲမှာ အရောင်မတောက်တော့
စိတ်ညစ်မိတယ် နေ့တိုင်းပေါ့...။

မတန်ဘူးလို့ နင်ထင်ထားတဲ့
ငါ့ စားသောက်ကုန်တွေက ဂိုထောင်ထဲမှာ
ပုတ်သိုးမသွားအောင် ထိန်းသိမ်းရင်း
နင် စားဖို့တွက် နေရာပေးခဲ့
နင်..သာ မသိတာပါ ငါ့ မှာတော့
နစ်နစ်နာနာနဲ့ ကူပွန်ပေးလိုက်မိတယ်..
နင့် အတွက် ငါ ပေးတဲ့ .. အောင်လက်မှတ်ပေါ့..။

ကမ္ဘာဦးက ရှိခဲ့တဲ့ ငါတို့ သိက္ခာတွေ
ရွှေပေးလို့ မရဘူးလို့ ပညာရှင်တွေဆိုခဲ့
ဒါပေမဲ့ ငါ.. ရိက္ခာတွေကို ဖဲ့ချိုးလို့
ငါ.. နင့်ကို အရိပ်တစ်ခုလို
ရေလာ မြောင်းပေးရင်း နင့်.. အရှေ့မှာ
ဖွင့်မပြောသော်လည်း နင်... ပြောလာတဲ့
ဖေဖဝါရီ (၁၄)ရဲ့ ချောကလက် တစ်ကိုက်ကို
မျှော်တလင့်လင့် စောင့်မျှော်မိခဲ့တာ.. အခုထိပေါ့..။

မော်ကျွန်း ပြင်စလူမှာ ထင်ကျန်ခဲ့တဲ့ သီတဂူမေတ္တာရေစဉ်



မော်ကျွန်း ပြင်စလူမှာ ထင်ကျန်ခဲ့တဲ့ သီတဂူ မေတ္တာရေစဉ်

သီတဂူ လမင်းသို့ မေတ္တာလွှာ


သီတဂူ လမင်းသို့ မေတ္တာလွှာ

Sunday, November 27, 2011

နှင်းပျောက်တဲ့ ဆောင်း (၄၇)


ဝင်သက်ထွက်သက် အသက်ရှုမရပ်ခင်
ချစ်သက်တွေခြွေ လွမ်းမျက်ရည်စက်တို့
စီးဆင်းနေတဲ့ မြစ်ပင်လယ်ထဲ
နှင်းစက်လေးတွေ ငိုကြရင်း
သတိရမိတယ် ဒီ ဆောင်းဟေမာန် ရယ်...။

ဒီဇင်ဘာ မိုးစက်များက
နှင်းစက်လေးများအောက် ခစားရင်း
မြူနှင်းတိမ်ယံ ဟိုတောင်တန်းထက်မှာ
ရစ်သိုင်းကာ ချစ်သက်သေတွေ ထူနေပါရဲ့
မသိတက်တဲ့ ဒီ ဆောင်းတစ်ညမှာတော့
အေးစက်စက် ချမ်းတုန်ခိုက်လို့
ရင်ခွင်မှားထဲ အိပ်ခဲ့ဖူးတယ်.. ဒီ ဆောင်းဟေမာန်..။

ညိုပြာရီမှောင် ညသန်းခေါင်မှာ
ဆောင်းနှင်းမြူ မြောက်လေရူးတွေ
ဆော့ကစားလေတော့ ချမ်းစိမ့်စိမ့်
နှလုံးသားတွင်း ကျိတ်မှိတ်ခံစား
မနေ့က ဆရာဝန်ပေးတဲ့
ဆေးစာနဲ့ ဆေးများကို ကောက်ယူရင်း
မော့သောက်မိတယ် ဒီ ဆောင်းတစ်ညပေါ့....။

Saturday, November 26, 2011

ထာရစ်ခဲ့တော့ ခင် (၄၆)


နစ်နာခြင်းတွေ ကာရံဖွဲ့လို့
နှလုံးသားတေးတစ်ပုဒ် သီဆိုနေပါရဲ့
နောက်မကျခင် နေဝင်ဆည်းဆာချိန်မှာ
တပ်ခေါက်ကာ ပြန်လာလှည့်ပါ...ခင်...။

ညိုပြာပြာ တိမ်လွာရိပ်မှာ
ချစ်တေးတွေ ဆိုနေမိပါရဲ့
နေစောင်းတာ အခါများရင်ဖြင့်
လွမ်းနယ်ကို တစ်ခါလှမ်းလိုနဲ့
ဆွေးခဲ့ပေါ့ ကြင်ချစ်သူ.... ခင်...။

Friday, November 25, 2011

အတ္တမဲ့ ကွက်လပ်ဖြည့် (၄၅)


တစ်ပါးသူကို အထင်ကြီး စိတ်ကြီးဝင်
မာနတွေ ရင်မှာခိုအောင်းလို့
အထင်သေးခံလိုက်ရတဲ့ ဝန်ဆောင်မှုတစ်ခု
တန်ဘိုးအားဖြင့် တိုင်းတာကြည့်ခြင်းက
အရာရောက်လာမည် မဟုတ်သလို
ပျက်စီးသွားခြင်းလည်းမဟုတ်ကြ......
သူ့တန်ဘိုးတွေ အထင်သေးခြင်းမှ တစ်ဆင့်
အရောင်တက်လို့ ဘဝအဆင့်မြင့်တဲ့
နေရာတစ်ခု ရောက်ခဲ့တာ
ကိုယ်တိုင် ကြိုးစားမှုရဲ့ ရလာဒ်တစ်ခုပါ...။

ကိုယ်ကပဲ ကောင်းတယ် သူက မကောင်းဘူးဆိုတဲ့
အမြင်တယ်လီစကုတ်ထဲ အဝန်းအားဖြင့်
သေးသိမ်လွန်းတော့ ကိုယ်အတ္တကို
ဘုရားထင် ဘဝင်တွင်လေဟက်
သေကျေပျက်စီးရတဲ့ ဝံပုလွေတစ်ကောင်ရဲ့
မိုက်ဇာတ်တွေကို သခင်ကိုယ်တော်မှိုင်း
ကိုယ်တိုင်ပြောခဲ့ဖူးတော့ နမူနာနည်းနာတွေယူ
တိုက်ခိုက်မူတွေ ရပ်ဆိုင်ပြီ
ရှေ့ဆက်ကြမဲ့ လမ်းကြောင်းတွေကို
အိုဝေအသံပေးလို့ ကကြိုးတွေနဲ့ အလှဆင်
အများတွေပင် ချစ်ကြည်ရေး အားထုတ်လို့ပေး...။

ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
ဘဝင်တွင် လေမဟက်ခင်
ဒေါသ မာနကို ခဝါချ
ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
ကြံဆောင်ကာ နေရာပေးလို့
ကြိုးစားကြစို့....လက်တွဲမဖြုတ်နဲ့လေ...။

ဘဝခင်းတဲ့ တံတားတစ်စင်း (၄၄)


ခါးသက်သက် ဘဝတစ်ခုရဲ့
ထီးတစ်ချောင်းကို ကိုင်ဆောင်ရင်း
အသိုင်းဝိုင်းရဲ့ ချစ်မုန်းဟန်တွေကို
ခါးပိုက်ထဲ သိုဝှက်လို့
မနက်ဖြန် ခင်းတော့မည့်
ချောင်းကူးတံတားကို အောင်မြင်စွာ လုပ်ကိုင်ဆဲ....။

အသွားအလာ အဆင်ပြေတဲ့
ချောင်းကူးတံတားတစ်စင်းက အသိုင်းဝိုင်း
မရွေးချယ်ခဲ့ဘူး မမုန်းမပွားခဲ့ဘူး
မေတ္တာသီးခြား မရှိခဲ့ဘူး
လူချမ်းသာလား လူမွဲလား
မကွဲခြားခဲ့တဲ့ တံတားတစ်စင်းပေါ့...။

အရာအားလုံးက ပေါင်းဆုံရာ
တံတားတစ်စင်းလို အရာဝတ္ထုတိုင်း
တန်ဘိုးတွေဖြစ်ခဲ့တာ လူတိုင်းအသိပါ....။

ဒါဆိုရင် အသိရှိတဲ့ လူသားတွေ
မိတ်ဆွေချစ်ခြင်း ပေါင်းဆုံခြင်းဆိုတာ
ဘာတွေလုပ်သင့်လဲ ဖြစ်သင့်တာ ဆက်လုပ်ရင်း
အသိုင်းဝိုင်း မရွေး တိုးတက်ရေးပေါ့.....။

Thursday, November 24, 2011

သီတဂူ အာယုဒါန ဆေးခန်းဖွင့်ပွဲ



သီတဂူ အာယုဒါန ဆေးခန်း

ပဲခူးရေဘေးအတွက် သီတဂူ အလှူတော်



ပဲခူးရေဘေးအတွက် သီတဂူ အလှူတော်

Wednesday, November 23, 2011

သကာရည် ပကာသန အဆိပ် (၄၃)


နူးညံ့လွန်းလို့ ကောက်ရိုးတောင်
လျှပ်တစ်ပျက် ဝုန်းခနဲ မီးထတောက်
ဆေးလိပ်ပြာအောက်က မီးခိုးတွေရစ်ဝိုင်း
ငွေအသိုင်းဝိုင်းနဲ့ ပျားတွေဝိုင်းခဲ့ပြီ....။

ပျားကလေးတွေရဲ့ နယ်ပယ်
မာယာလွင်ပြင် သဲသောင်ပြင်မှာ
လေရူးတွေရစ်ဝိုင်း သဲမုန်းတိုင်လည်း
ဖြတ်ကျော်လို့ ပျားကြိုက်တဲ့
အသပြာကို ပေးခဲ့တဲ့... လူမိုက်စည်းစိမ်း..။

စည်းစိမ်းတွေယစ်မူး နှစ်သစ်ကူးတော့
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေတဲ့
ပျားဖယောင်းပန်း တစ်ပွင့်ကို
အသပြာပေးလို့ ယစ်မူးစွာ နမ်းရှိုက်ရင်း
ဘဝပျက်သူတွေ ရှိခဲ့ဖူးတယ်.....။

ပကာသနတွေ ဝိုင်းရံ စည်းစိမ်းခံရင်း
သန့်စင်သော ပျားပန်းတစ်ပွင့်ကို
ခြွေဖျက်နင်းခြေ သောကတွေဝေ
သူ့ဘဝလည်း သည်းခြေပျက်ခဲ့လေပြီ....။

သဘာဝရင်ခွင်မှာ ပွင့်သော ပျားပန်းကို
အချိုသကာတွေ လက်သစ်လောင်းရင်း
စည်းစိမ်းတွေကြားမှာ ခါချဉ်တွေ ဝိုင်းအုံ
အလှလည်းပျက် ဘဝလည်းပျက်ခဲ့ပြီလေ....။

သီတဂူ အလှူတော် မင်္ဂလာ



သီတဂူ အာယုဒါန အလှူတော်

Tuesday, November 22, 2011

ချစ်ကောင်းရဲ့ ကောင်တာချိုဆိမ့် (၄၂)


လမ်းဘေးက ကော်ဖီဆိုင်လေး
ကော်ဖီဖက်ရှင်း(လ်)တွေ အလန်းဇယားတွေ
ပတ်လည်ရိုက်ရင်း အမှတ်တမဲ့ ရောက်ရှိခဲ့
မနေ့က ကောင်တာပေါ်က ကော်ဖီတစ်ခွက်ကို
ငေးမောရင်း အလှမပျက် မော့သောက်မိတယ်..။

ပိုင်ရှင်မရှိသော ကော်ဖီတစ်ခွက်ကို
ငေးကြည့်နေတဲ့ အသိုင်းဝိုင်းက
ခေတ်ကြီးပတ်လတ်လှန်ချင်သလိုဖြစ်ခဲ့
အဲဒီနေ့က ကော်ဖီတစိတ်သောက်ဖို့
မေ့ခဲ့တာ ကောင်တာပေါ်က ချိုဆိမ့်ကြောင့်ပါ...။

မေ့မရသော ကော်ဖီဆိုင်လေး
ဘဝအတွက် မှတ်တမ်းတင်ရင်း
ချစ်ကောင်းတစ်ခွက်နဲ့ ချိုဆိမ့်ကိုမေ့ခဲ့
မချိုမြိန် အခါးသက်သော နေ့ရက်တွေကို
ကျော်ဖြတ်ရင်း မယဉ်ကျေးတဲ့
ကောင်တာချိုဆိမ့်က မာယာမြူဆွယ်လို့
သူတို့ အသရေ ပျက်ခဲ့တာ အခုထိပေါ့...။

နေ့ရက်တွေကုန်ဆုံး မနက်တုန်းကလို ထင်ခဲ့တဲ့
ကော်ဖီဆိုင်လေးရဲ့ ကောင်တာ နဘေးမှာ
ယင်ကောင်ဝိုင်းတဲ့ ချိုဆိမ့်တစ်ခွက်
ပျောက်ဆုံးလို့ သူတို့အသိုင်းဝိုင်းထဲ
ဈေးကွက်မဝင် တန်ကြေးမဲ့သွားခဲ့ပေါ့..။

Sunday, November 20, 2011

နှစ်ချို့ ကော်ဖီရဲ့ ကောက်ကြောင်း (၄၁)


အတိက်အရိပ်တွေ ဆွေးရိဟောင်းနွမ်းသွားတယ်
မလိုအပ်သော နှစ်ကာလတွေ ကြာညောင်းခဲ့တယ်
ခေတ်ကြီးကိုအမှီလိုက်ရင်း ချစ်သူကြိုက်စကားလုံးတွေလည်း ပျင်းရိ
ငြိုးစိတ် မုန်းမာန် ဒေါသ မတရားတာတွေလည်း စိတ်မဆိုးတော့
လစ်ဟင်းနေတဲ့ ဘဝချစ်ခြင်းမေတ္တာက အတိုင်းတာမဲ့ ကြာလွန်းတယ်..။

ဒါနဲ့ စိတ်ညစ်ညစ် ထွေရာလေးပါးကို စဉ်းစားရင်း 
တရာထိုင်ဖို့ လုပ်ငန်းစဉ်ကို လေ့လာမိတော့ 
အသားတခြား အသွေးတခြား ဘုရားစဉ်ရှေ့ 
တင်ပလ္လင်ခွေထိုင်ကြည့်တော့ တရားထိုင်ခြင်းက 
ကိုယ်ပိုင်စိတ်ဓာတ်ထဲ ဥာဏ်စဉ်ကမမှီခဲ့တာ...အခုထိပေါ့...။

တံတိုင်းခတ်ထားတဲ့ အရပ်လေးမျက်နှာ 
သံသာရာ နာရီလက်တံကြားမှာ လည်ပတ်ရင်း
အော်မြည်းသံက ကျယ်လွန်းလို့..
ငယ်ငယ်က ကျောင်းဆင်းသလိုမဟုတ်တော့ဘူးလေ
နာရီလက်တံ စက်သံကြားတာ ကြာမြင့်လာတိုင်း
အိုဟောင်းနွမ်းသော ဇရာမှတ်တိုင်ကို ဆိုက်ရောက်လို့
ပျော်ရွှင်မှုတွေ တဖြေးဖြေးဝေးခဲ့တယ်.....။

နေ့စဉ် တာဝန်တွေနဲ့ အလုပ်လုပ်လိုက် ထမင်းစားလိုက်
အိပ်တန်းဝင်လိုက် မလှတဲ့အလှကို အရောင်းကုန်တင်ရင်း
မှတ်တမ်းတင်နေ့ရက်တွေ ပါတီတခုအတွင်းမှာ
နာရီလက်တံ စက်သံတွေက ရွေ့လျားလို့
ဘဝစက္ကန့်တွေ ကုန်ဆုံး ကြာညောင်းခဲ့တယ် အခုထိပေါ့...။

မနေ့က ဖုန်တက်နေတဲ့ စာအုပ်စဉ်ကို ကြည့်မိခိုက်
အတွေးတစိတ်နဲ့ ခံတွင်းအချဉ်ဖောက်လို့
ကော်ဖီခွက်ကို လက်ကိုက်ရင်း မော့သောက်လိုက်မိတဲ့
အရသာဟာ နာရီလက်တံကြား စက်သံများနဲ့
တုန်လှုပ်ခြောက်ခြားခဲ့...... အဲဒီနေ့က
အိုမင်ရင်းရော်နေတဲ့ ခန္ဓာအိမ်ကို ငေးကြည့်ခဲ့တာ
ဘဝရဲ့စက္ကန့်မခြား ပြောင်းလဲမှုတွေနဲ့
အဆုံးအစမရှိတဲ့ ရည်မှန်းချက်တွေကြောင့်လေ...။

ဒါပေမဲ့.....
အရင်တုန်းကလည်းဘဝက လွတ်လပ်မှုတွေ မရှိခဲ့
တွေးကြည့်ပြန်တော့လည်း ကြာညောင်းခဲ့တဲ့ စက္ကန့်တွေကို
ကမ္ဘာ့သမိုင်းပေါ် အမည်မဲ့ သရုပ်ဖော် ရေးဆွဲရင်း
ဂရင်းနှစ် စံချိန်တင် မှတ်တမ်းတစ်ခုအနေနဲ့
မှတ်ကြောက်တင်ခဲ့တာ သံသာရာတခွင်
စိတ်ရိုင်းဝင်လို့ ဘဝတခု ကြာလွန်းခဲ့ပြီ...။

Saturday, November 19, 2011

အထီးကျန် ဒီလိုည (၄၀)


တပ်မက်မှု ရှတတ နေ့ရက်တွေ
ချိုမြိန်စွာနဲ့ ရှာဖွေနေဆဲ....
ပျောက်ကွယ်သွားတဲ့ ဒဏ်ရာတွေ
ချိုမြိန်မှုတွေနဲ့ လက်ခံနေလို့
မာယာကျော့ကွင်းထဲ ငါရောက်ရှိခဲ့ပေါ့...။

နွမ်းလျာနေတဲ့ နေ့ရက်တွေမှာ
တမ်းတခြင်းတွေ ခုံမင်တပ်မက်
ဝေးခဲ့တဲ့ အတိက်အချစ်ရိပ်တွေကို
မျှော်လင့်ရင်း ငါ့ကောင်းကင်ပျောက်ခဲ့ပေါ့...။

ခါးသက်လွန်းတဲ့ နေ့ရက်တွေ
ဆေးတစ်ခွက်လို ဖျော်သောက်ရင်း
မကြည်လင်တဲ့ စိတ်ဓာတ်တွေကို
အရည်ဖျော် ရွှင်ပျော်ပျော်
သေပွဲဝင်ရင်း မနက်က
သေလွန်သွားတဲ့ ချစ်သူတွေရဲ့အကြောင်း
စိတ်မကောင်းဖြစ်ခဲ့တယ် အခုထိပေါ့....။

လွမ်းစေတီရဲ့ ပုံပြင်လေး (၄၉)


တို့ပိုင်ဆိုင်ခွင့်လည်း မရှိခဲ့တော့
ထိတွေ့ခွင့်လည်း မရှိခဲ့တော့
မင်းရင်ခုန်သံလှိုင်းကို တည်ငြိမ်အောင်
ဖုံးလွှမ်းပေးပိုင်ခွင့်လည်း မရှိခဲ့တော့
မင်းလည်း အတိက်ကို မေ့လိုက်ရုံပေါ့
ငါလည်း အတိက်ကို မေ့လိုက်ရုံပေါ့
သမိုင်းကို သမိုင်းအတိုင်းထားလိုက်ရုံပေါ့
ဒီမျှလောက်ပဲ ငါမှာတက်နိုင်ခဲ့တယ်။

သူ့ကို မင်းမချစ်ခဲ့ဘဲနဲ့
မင်းကို သူကဘာလို့ သိမ်းပိုက်အနိုင်ယူခဲ့တာလဲ
မင်းနဲ့ငါ ချစ်ခဲ့လျက်နဲ့ ငါတို့ ဘာလို့ ကမ္ဘာခြားခဲ့တာလဲ
သမိုင်းတခေတ် သက်ဦးဆံပိုင်း ရာဇဝင်တွင်းက
မင်းရာဇာ ပဒေသရာဇ်တို့ ရာဂစက်နဲ့တဏှာမီး
အတားအဆီးကင်းမဲ့ ကာမထောင်အိမ်တွင်းမှာ
ချစ်သူစုံတွဲတို့ ဇာတ်နာသမိုင်းတွင်ခဲ့ဖူးတယ်..။

ဇာတ်စနစ် အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးနောက်
အဆိပ် အငွေ့အသက်တွေ ကျန်ရစ်ကြမယ်
ရှုမဆုံးတဲ့ အလွမ်းဆွေးတွေ ငါမွေးဖွားရင်း
တောင်ကုန်းလေးပေါ် တက်ခဲ့ဖူးတယ်..။

တောညောင်ပင်က နှစ်သက်စရာ
ဓမ္မတေးကို ဆိုနေပါရဲ့
ရိုးဗြက်တောက ငရဲလိုနေပူထဲမှာ
ချွေးစတွေနဲ့ ငိုနေပါရဲ့
ငါ့နှလုံးသားက လူ့သမိုင်းမရိုင်းအောင်
သွတ်သွင်းခံရလို့ လဲကျခဲ့ရတယ်…။

နိယာမ စိတ်မိုက် (၄၈)



တွေဝေမိုက်မဲဆဲ ညသန်းခေါင်ယံ
ငါ စိတ်ကူးတွေနဲ့ ရီဝေမိုက်မဲလို့
ချောက်ချားနေခဲ့တာ တစ္ဆေတွေတောင်
ကြောက်လန့်ခုံပေါက် ထွက်ပြေးသွားတယ်
အခုတော့ ငါစိတ်တွေက ထောင်ချောက်တစ်ခုဆီ
ဦးတည်သက်ဆင်း နယ်ကျွန်ခဲ့ပြီးပေါ့.......။

အတွေးအိမ်က မိုက်မဲလွန်းလို့
စိတ္တဇတစ္ဆေခြောက်လန့် ပြေးထွက်သွားတာ
စိတ်ထွက်ပေါက်တံခါးဆီ ငါရောက်ခဲ့တဲ့အချိန်
အလင်းရောင်ပျောက်လို့ စမ်းတဝါးဝါးနဲ့
စိတ်ချောက်ချားသော အကျဉ်းခန်းကို
ငါရောက်ခဲမိတယ် အခုထိ ဒီဝင်္ကဘာထဲ
ငါရုံးထွက်နိုင်ဖို့ ကြိုးစားနေဆဲ နယ်ကျွန်နေဆဲ..။

ရင်းတွင်းဖြစ် ငါ့ဆုတောင်းများ (၄၇)




သူ့ရဲ့ယှဉ်ပြိုင်ခြင်း၊ ကိုယ့်ရဲ့ ယှဉ်ပြိုင်ခြင်း
အားလုံးရဲ့ ယှဉ်ပြိုင်ခြင်း ထိုယှဉ်ပြိုင်ခြင်းမှာ
မြိုချလို့ ရပ်တန့်မယ်ဆိုရင်
ကိုယ်ငြိမ်းချမ်းရေး တောင်းလိုက်ချင်တယ်။

သူ့ရဲ့ မာန်မာန၊ ကိုယ့်ရဲ့ မာန်မာန
အားလုံးရဲ့ မာန်မာန ထိုမာန်မာနပြိုင်ပွဲမှာ
ခဝါချလို့ မျိုသိပ်ရပ်တန့်မယ်ဆိုရင်
ကိုယ်အလွတ်တန်း ငြိမ်းချမ်းရေးတောင်းလိုက်ချင်တယ်။

သူ့ရဲ့အာဃာတ၊ ကိုယ့်ရဲ့ အာဃာတ
အားလုံးရဲ့ အာဃာတ၊ ထိုအာဃာတတွေကို
မေ့ပျောက်လို့ ရပ်တန့်ရမယ်ဆိုရင်
နိုဘယ်ဆုတွေနဲ့ ငြိမ်းချမ်းရေးပေးလိုက်ချင်တယ်။

သူ့ရဲ့အမုန်း၊ ကိုယ့်ရဲ့အမုန်း
အားလုံးရဲ့ အမုန်း၊ ထိုမုန်းမာန်မျိုးကို
ပြာချလို့ ရပ်တန့်ရမယ်ဆိုရင်
ကိုယ့်ဒေါသမိုးကြိုးကို ကလေးကစားစရာရုပ်လုပ်လိုက်ချင်တယ်။

Friday, November 18, 2011

အိမ်ပြန်လမ်း (၄၆)



ရင်ဝှက်ပန်း သိုဝှက်အလွမ်း
သခင်မဲ့အနမ်း တိတ်တခိုးကျွမ်းရင်း
ငိုမဲ့မဲ့နဲ့ အိမ်ပြန်ခဲ့ပေါ့..။

သိုဝှက်အလွမ်းတွေ သခင်မဲ့လမ်းမှာ
တိတ်တခိုးကျွမ်းရင်း ငိုမဲ့အနမ်းကို
ငါ..ခုံမင်စွာ မျှော်လင့်ခဲ့တာ
အိမ်ပြန်လမ်းကို ရောက်ခဲ့တဲအထိပေါ့..။

လောကအိမ်ဦးနတ် (၄၅)



အဖေဆိုတာ ကျွန်တော်တို့အတွက်
ကာကွယ်စောင့်ရှောက်ပေးလို့ ပြုစုပျိုးထောင်ခဲ့တယ်
အဖေဟာ ကျွန်တော်တို့မိသားစုအတွက်
အရာအားလုံးကို အဆင်ပြေစေဖို့ ရေမရှိတဲ့အိုးကို
ရေဖြည့်ခဲ့သလို ဆန်မရှိတဲ့အိုးကိုလည်း
အချိန်မှီ အိုးတွင်းသို့ ဖြည့်တင်းပေးခဲ့တယ်…။

ထို့အပြင် အဖေဟာ သားသမီးတွေကို
ချစ်ပါလျက်နဲ့ အနီးကပ်မနေရသောလည်း
သူ့ချစ်သော သားသမီးအပေါ်ထားသည့်
မေတ္တာရေစဉ်တွေက မသိခဲ့လေတော့ သူတို့သမိုင်းမှာ
အဖေဆိုတာ အရိပ်မထင်သလိုဖြစ်နေခဲ့တယ်..။

အဖေဟာ ဒါတွေကို ဥပေက္ခာပြုလို့
သားသမီး ချစ်သည်ထက် မေတ္တာတရားတွေနဲ့
ရင်မှာပိုက်လို့ တနေ့တာအလုပ်ကို
သေခြာလုပ်ရင်း အချိန်တန်အိမ်ပြန်ရောက်မှ
အမောပြေ သားသမီးတွေကို ကြည့်ရင်း
ကြည်နူးမှုတွေက အပန်းဖြေဆေးပမာ
တနေ့တာတွက် အနားယူရင်း အိပ်ပျော်ခဲ့ရတယ်..။

Wednesday, November 16, 2011

ငါတို့အမေရဲ့ ရောင်နီဦး (၄၄)


ကမ္ဘာကြီးက ရွာကြီးဖြစ်လို့
အင်တာနက်ပေါ် ဈေးရောင်းရင်းနဲ့
မနက်တိုင်း အမေကိုယ်တိုင်
ကြော်ပေးတဲ့ ထမင်းနဲ့ငါးခြောက်လေး
ငါတို့ မစားရတာ နှစ်တွေကြာညောင်းပြီလေ...။

ကမ္ဘာ့ရွာထဲမှာ စီးပွားရှာရင်း
အောင်မြင်မှုရဲ့ လမ်းကြောင်းတွေကို
လျှောက်လှမ်းခဲ့... အမေပြောတဲ့
ငါတို့ရှေ့က ခေါင်းဆောင်တွေ
ပထမဆုံး ငွေကြေးနဲ့ လက်ထိတ်ခတ်ပြီ..တဲ့..။

၂၁ ရာစုခေတ်ကြီးထဲ ကမ္ဘာကြီးရွာဖြစ်ခဲ့
အမေက အမှာစကားပြောခဲ့တယ်
သူတို့ဘာတွေ လုပ်ခဲ့လုပ်ခဲ့
ရေးစရာသမိုင်းမလိုဘူး အကုန်သိတယ်
အိုးနဲ့စလောင်းဖုံး ဟန်ချက်ညီလည်း
ဒီရွာထဲမှာ သူတို့အကြောင်းအကုန်သိလို့
ရွာဆော်ကို ဖမ်းချုပ်
အာဏာရှင်တွေက ကမ္ဘာလှုပ်မယ်တဲ့  သူတို့အမှား..။

Tuesday, November 15, 2011

အချစ် အဆိပ်ဆူး (၄၃)


အတိက်ကိုခွာချလို့ ဇာပုဝါအောက်က
တစိတ်စိတ်နဲ့ နေရောင်ထိုးခဲ့တဲ့
အရိပ်ဆိုးတွေကို မောင်းထွက်ဖို့
ထွက်ခွာလာရင်း လမ်းခုလတ်မှာ
အဆိပ်ဆူးတွေကို ထိယှက်မိတာ
ငါ့အတွက် အချစ်ဖြစ်ခဲ့တယ်လေ....။

ငါကိုယ်တိုင် ထိယှက်မိတဲ့
အဆိပ်ဆူးတွေဟာ ရင်ခွင်လမင်းကို
စီးဝင်ဖြတ်သန်းလို့ အမှောင်ထုတွေဖုံးလွှမ်းသော
လမိုက်ညကို ငါရောက်ရှိသွားခဲ့တာ
အချစ်မိုက်နဲ့ စုံလုံးကန်းသွားလို့လေ...။

အမှောင်ညက အချစ်စုံလုံးကန်းနဲ့
ငါ...ဟာ ပိုးဖလံလို မီးပုံတိုးရင်း
မိုက်လုံးကြီးခဲ့တဲ့ ငါ့အချစ်အရိပ်တွေက
အရာမရောက် အချစ်ပျောက်ခဲ့တယ်လေ..။

အလွမ်းအဆွေးတွေ ရင်မှာပုံအပ်လို့
ရင်ခွဲမတက်ခံစားရင်း သေးမင်းနဲ့စစ်ဖြစ်ခဲ့
မျောနေတဲ့ အချစ်စိတ်တွေကို
အိပ်မက်ပြင်မှာ ယစ်မူးနေရင်းနဲ့
အရိပ်တစ္ဆေတွေ ခြောက်လန့်လို့
အချစ်အတွက်အိပ်ပျက်တဲ့ ညတွေဖြစ်ခဲ့တယ်...။

Monday, November 14, 2011

သူမသိသော မနက်ဖြန် (၄၃)


ဒီလိုနေ့တစ်နေ့ကို ကျော်ဖြတ်ရင်းနဲ့
မှောင်ရီဝေသော ညမဟူရာကို
ခရီးဆက်ခဲ့တယ် ထိုညမှာ
ကောင်းကင်ပေါ်က ကြယ်တွေဒဏ်ရာတွေနဲ့
မျက်စပစ်နေကြသလို လမင်းကြီးလည်း
ငိုနေခဲ့တယ် ငါ့နှလုံးသားကလည်း
အချစ်မဲ့သော စစ်လွင်ပြင်မှာအထီးကျန်ရင်းနဲ့
လွမ်းနာကျလို့ ငိုနေခဲ့တာကို
ချစ်သူညီမ သိနိုင်မည်မဟုတ်ပါ..။

ဒီလိုနေ့သစ်လေးကို ကျော်ဖြတ်ဖို့အတွက်
ငါ..ခရီးဆက်ရင်းနဲ့ မဟူရာအမှောင်တိုက်က
ငါ့ ကမ္ဘာကို ကြီးစိုးတိုက်ခိုက်လို့
သန်းခေါင်ယံ ညနက်တွင်းမှာ
ငါ..ခရီးတစ်ထောင့် ရပ်နားဖို့ရန်
စဉ်းစားနေခိုက် ငါ့အတွေးကမ္ဘာထဲ
မျှော်လင့်ခြင်းလမင်းလေးက ငါ့..စိတ်ကူးထဲကို
ငိုပြနေလို့ ငါ့..ခရီးတွေ တွေးဝေမိန်းမောရင်း
ထိုညမှာ ရပ်တန့်ခဲ့တာ ချစ်သူညီမ သိလေမလား..။

သမိုင်း၏ စေရာ အမေ (၄၂)



အပြင်အကြောင်း သူမသိဘူး
သမိုင်းအကြောင်း သူမသိဘူး
ပတ်ဝန်းကျင်ကို မလေ့လာဘူး
အာဖဂန်မှာ သွေးစီးနေတာ သူမသိဘူး
ငိုစရာရှိရင် သူငိုနေတယ်
ပျော်စရာရှိရင် မျှဝေပေးတယ်
လေယာဉ်ပျံကြီးလာရင် ငေးမောနေတယ်
သူ့ကလေးတွေ ပညာတက်တာ မသိရှာဘူး
သူဆုံးမစရာရှိရင် အချိန်မစောင့်ဘူး
ပြောစရာရှိရင် ပြောမယ်
ဆူစရာရှိရင် ဆူမယ်
ပတ်ဝန်းကျင်ငိုနေတာ သူမသိဘူး
အသိုင်းဝိုင်းငိုနေတာ သူမသိဘူး
မိသားစု ပြဿနာကို ဖြေရှင်းမယ်
သေမင်းတောင် အံတုကာ စိန်ခေါ်နေတယ်
ဒါတွေဟာ သမိုင်း၏ စေရာ အမေတာဝန်တဲ့။
 
တက္ကသိုလ်မြတ်မင်း

Hawaii မှတ်စု (၄၁)

Hawaiiကမ်းခြေနားက မှတ်တိုင်တစ်ခုက
မှတ်သားဖွယ်ကောင်းလေး တစ်ချက်ကို ကောက်မှတ်လိုက်မိတယ်
ငါတို့အတွက် တိုက်ဆိုင်လို့လားမသိ ခလုတ်တိုက်မိတဲ့ မှတ်ချက်ကို
ကမ္ဘာကျော်မှတ်ကျောက်တင်လို့ ရေးသားမိလိုက်တယ်..

"Most leaders understand that politics
is not always measure or on level"

"ခေါင်းဆောင်တိုင်းသည် နိုင်ငံရေးကို
အမြဲတမ်း တိုင်းတာလို့မရသလို
အဆင့်တန်းတစ်ခုအနေနဲ့ ခွဲခြားထားလို့
မရဘူးဆိုတာ နားလည်ရမည်တဲ့...။"

အိုဘားမားရဲ့ ကောက်ချက်တစ်ခုကို
Honolulu Hawaiiကမ်းခြေမှာ
ဒီကနေ့ထင်ကျန်လို့ မှတ်သားရင်း
သူတို့ထံပါး လက်ဆောင်ပါးလိုက်ချင်တယ်...။

နောက်တစ်ချက် ကောက်ရမိတဲ့
ကောက်ချက်တိုတစ်ချက်ကို တစ်ရူးစထုတ်သလို
ဆွဲထုတ်လိုက်ရင်း မှတ်စုလေးထဲမှာ
ရေးခြစ်ကိုးကားလို့ အသိပေးလိုက်ချင်တယ်..။

"We ready to go out and compete with
anybody because of freedom"

"ငါတို့ လွတ်လပ်စွာ ဘယ်သူမဆို ယှဉ်ပြိုင်ရင်ဆိုင်ဖို့
အဆင်သင့်ပဲတဲ့.."

အိုဘားမားရဲ့ လွတ်လပ်စွာ ဖွင့်ဟချက်တွေ
Hawaiiမှာ ဒီကနေ့ ထင်ကျန်လို့
သမိုင်းကောင်းတစ်ခု စီးဆင်းလာခဲ့တာ
ငါတို့လည်းအတုယုစရာ သူတို့လည်းအသိဝင်သင့်တာပေါ့..။

ဒါပေမဲ့
တိုက်ဆိုင်မှုတွေ ဖြစ်လာခဲ့လို့
တစ်နှစ်ပြည့် အထိမ်းမှတ်တစ်ခု
အရိပ်ထိုးလာရင်း နိုဘယ်(လ်)ရှင်က
အမှန်တရားတွေ ဖွင့်ဟမိန့်ဆိုလို့
Press Conferenceမှာ မှာတမ်းပါးကာ
မေတ္တာဓာတ်တွေ ဝေမျှခဲ့တာ သူတို့သိစေချင်တယ်လေ..။

Sunday, November 13, 2011

အကောင်းအဆိုး နှစ်တန် (၄၀)


သဏ္ဍာန်မဲ့တဲ့ ပြယုဂ်နှစ်ခုကြားက
အကောင်းအဆိုး ခွဲခြားခြင်းဟာ
တိုင်းပြည်ကြီးထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပြည်နယ်တွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
တိုင်းခရိုင်တွေထဲ ဖြတ်သန်းစီးဆင်းသွားတာမဟုတ်ဘူး
နိုင်ငံရေးတွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပါတီတွေထဲ ဖြတ်သန်းသွားတာမဟုတ်ဘူး
စီးပွားရေးတွေထဲကို ဖြတ်သန်းသွားတာ မဟုတ်ဘူး
အဲဒီအကောင်းအဆိုး နှစ်တန်ခွဲခြားဟာ
ပြည်သူတွေထဲ ဖြတ်သန်းစီးဆင်းသွားတာပါ။

ယှဉ်ပြိုင်ခြင်း (၃၉)


ကွင်းဖွင့်ပွဲနေ့မှာ ကိုယ်ပိုင်နှလုံသား
နိုင်ငံတော်သီချင်းဆိုပြီး အပြုံးနဲ့မိတ်ဆက်ခဲ့
တာလွတ်ပွဲစတော့မည့် ဒီနေ့ရက်မှာ
မင်းတို့အသင်း ငါတို့အသင်း ယှဉ်ပြိုင်ရင်း
လေးသုံးသုံး ကစားကွက်ကို မင်းပုံဖော်ခဲ့
ငါတို့အသင်းမှာတော့ လေး လေး နှစ်နဲ့
တန်ပြန်တိုက်စစ် ကစားကြရင်း
ငါ့အသင်းသားတွေ လူကျွန်ဘောမိခဲ့တယ်..။

ပွဲမစခင်က မင်းကိုယ်တိုင်ခင်းကျင်းထားတဲ့
လေး သုံး သုံး ကစားကွက်တွေက
အရမ်းကောင်းလွန်းလို့ ငါကိုယ်တိုင် မျက်စိကျ
သဘောဖက်မိတာ ငါ့နှလုံးသား အရည်ပျော်စက်ရုပ်တကောင်လို
အငိုက်မိတဲ့ ဆဲ့ငါးမိနစ်ကာလတိုတွင်းမှာ မင်း ငါ့နှလုံးသား ဂိုးပေါက်တည်တည်ကို
ကန်သွင်းခြင်းခံရလို့ ငါ့စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်ခဲ့တယ်..။

အချိန်နဲ့အရှိန်ရလာတော့ မင်းတိုက်စစ်က
ငါကို ဖိအားပေးခဲ့လို့ ငါအလူးအလဲ ကာကွယ်ရင်း
ခံစစ်အသွင်သို့ စီးဝင်လာတဲ့အခိုက်မှာ
အလယ်တန်းလည်းပျက် တိုက်စစ်လည်းပျောက်လို့
နောက်တန်းအဖောက်ခံလိုက်ရတာ မင်းတစ်ဂိုးသွင်းသွားလို့ပေါ့..။

မင်းရဲ့နောက်တန်း ခံစစ်တွေက မဟာတံတိုင်းတစ်ခု
တားဆီးကာကွယ်ချက် ကောင်းလွန်းလို့
ငါ့တိုက်စစ်မှူးမျက်စိ အရူးမျက်ရည်ဝိုင်းသလို ဖြစ်ခဲ့တယ်
အသိစောတဲ့ ငါ့အတွက် အကောင်းဆုံး အစားထိုး
တိုက်စစ်တစ်ခုနဲ့ တန်ပြန်တိုက်စစ်ဆင်ရင်း
နောက်တန်းက မင်းခံစစ်တွေကို ကျော်ဖြတ် ခွ..ချက် ထိုးလို့
အချိတ်အဆက်မိမိနဲ့ ကန်သွင်းဂိုးယူခဲ့ပြီတော့
ပထမပိုင်း သရေအဖြစ်နဲ့ ပြီးဆုံးသွားတာ ငါအရမ်းညံ့လို့ပါ..။

Saturday, November 12, 2011

အနှိုင်းမဲ့ မေတ္တာရှင် (၃၈)

မိသားစုကို အချိန်မပေးနိုင် ဝါသနာ စေတနာ အနစ်နာ
"နာ" သုံးနာကို လက်မှာကိုင်စွဲ အာဏာတွေ မသုံးဆောင်ပဲ
တပည့်တွေ ပညာတက်စေဖို့ ဘုတ်တစ်ချက်ပေါ် ကမ္ဘာပတ်လို့
ဆရာဟာ တပည့်တို့အတွက် အတွေးခေါ်ပညာရှင်လည်း လုပ်ခဲ့သူပါ..။

အတွေးခေါ်ပညာရှင် ဆရာဟာ
ကျောင်းသင်္ခန်းစာတွေနဲ့ တနေကုန်လည်ပတ်ရင်း
တပည့်တွေ စိတ်မသုဉ်းအောင် အပျော်ဖက်တဲ့
ဟာသဇာတ်ကွက်တွေ ပြဇာတ်ခင်းရင်း
မျက်လှည့်ဒုတ်ကို ဟန်ပါပါ ကိုင်ဆောင်လို့
စာသင်္ခန်းထဲမှာ ဆရာဟာ တပည့်တို့အတွက်
ကမ္ဘာကျော် လူမိုက်ကြီးလည်း လုပ်ခဲ့သူပါ..။

ဆရာဆိုတာ အရွယ်နုနယ်ကလေးငယ်တွေ
ကျောင်းသားဘဝ အတွေးခေါ်မတက်သေးတဲ့
အတွေးတွေကို တွေးခေါ်တက်စေဖို့
အသိဥာဏ်တံခါးတွေ ဆရာ ဖွင့်ပေးလို့
ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအမွေနှစ်တွေ
သမိုင်းပညာရပ်တွေ သိပ္ပံသဘောတရားတွေ
ဝိဇ္ဇာသိပ္ပံပေါင်းကူးနည်းတွေ ဘာသာဗေဒတွေ
ပထဝီဆိုင်ရာတွေ သချာင်္ဗေဒတွေ
ဘောဂဗေဒတွေ ရူပဗေဒတွေ
ဆိုင်ရာဆိုင်ရာ ဘာသာရပ်တွေ
နေရာလိုက် တပည့်တွေ အဆင့်မြင့်စေဖိွု့
တပည့်တွေတိုးတက်စေဖို့ "နာ" သုံးနာကို
အခြေခံအုတ်မြစ်ချလို့ သင်ကြားပေးခဲ့သူပါ..။

ငါ့စိတ်မိုက်ရဲ့ ချစ်ဇယားကွက် (၃၇)




ပစ္စုပ္ပုန်ကမ်းခြေမှာ တွေးဝေမိန်းမောရင်း
အိပ်ငိုက်လာတဲ့ ငါ့စိတ်မိုက်ကို
သွင်းချလိုက်တာ အတိက်မိခင်က
ငါ့ကို..ကျိန်စာတိုက်ခဲ့လို့ ငါ..ထိခိုက်ခဲ့တယ်
အခုတော့ ငါ့..အတွေးတိမ်တိုက်မှာ
မြူတိမ်တွေ ပြေးလား ဆော့ကစားရင်း
လှောင်ပြောင်နေတဲ့ မာနစိတ်မိုက်ဟာ
ငြီးတွားနေတဲ့ ငှက်ခိုမိုက်လို
ငါ ငြီးတွားနေတဲ့အခိုက်တန့် အနာဂါတ်ဆိုတဲ့
မင်းသ္မီးက ငါ့ကို ချစ်ကြိုက်လို့
ငါ့ စိတ်မိုက်ဟာ မာနတောင်ကိုထိခိုက်သွားတယ်..။

သို့သော် ကျော်လွန်ခဲ့တဲ့ ငါ့..အတိက်ပစ္စုပ္ပုန်ကို
ပိုင်စိုးမှုတွေနဲ့ ရင်ခွင်ကမ်းခြေကိုသိမ်းပိုက်လို့
ငါ့..စိတ်မိုက်ရဲ့ စစ်တပ်မကြီးက မင်းရှေ့မှာ ဒူးထောင့်ကာ
အီရတ်မှာ စစ်ရှုံးသလို ငါ့မာနစစ်တောင်တန်းကြီး
ပြိုကြခဲ့တာ မင်းကို ငြိမ်းချမ်းရေး ချစ်စစ်တမ်းပေးချင်လို့ပါ…
အခုတော့လည်း ငါ့စိတ်မိုက်ရဲ့ စစ်သမိုင်းကြောင်းတွေ
အတိက်ကောင်းခဲ့ပေမဲ့ ပစ္စုပ္ပုန်ထုချေစာတန်းနဲ့
အနာဂါတ်ပြန်တမ်း ဥပဒေတွေက
ငါ့စစ်ကြောင်းကို ဟစ်တလာကိုခွင့်မပြုခဲ့သလို
ငါ့စိတ်မိုက်လဲပြိုကာ မင်းရင်ခွင်ထဲ ငါအိပ်ခဲ့ရပြီလေ..။

သီတင်းကျွတ်အလွမ်း (၃၆)




ခါတော်မှီလို့ သီတင်းကျွတ်ရောက်ရင်
မျှော်တော်ယောင် ချစ်သတင်းတွေနဲ့
စောင့်မျှော်ရင်း ငါ့..ရင်တွေ မိုးချုန်းသလို
ခုန်ပေါက်လို့ တုန်လှုပ်နေပြီလေ..။

ပျော်ရွှင်ခြင်းတွေ ရင်မှာသိမ်းပိုက်ရင်း
မင်းပြောခဲ့တဲ့ ဒီသီတင်းကျွတ်
မနေ့က ငါ… ကျော်ဖြတ်လို့
ရောက်ရှိခဲ့တာ မင်းအဖြေကို သိချင်လို့ပါ..။

ဝါတော်ကျွတ်ပြီးမို့ ခါတော်မလင့်ပါဘူး
မှာတော်ပါး ဟိုအတိတ်ဆီက
မင်းသစ္စာတရားကိုမှ စောင့်မျှော်ရင်း
လွန်မြောက်လေမလား မသိလေသူ မောင်အမှား..။

အချစ်ခွန်းခြွေခဲ့တဲ့ နွေပိတောက်သင်္ကြန်မှာ
လွန်မြောက်လာတဲ့ ငါ့ မျှော်လင့်ခြင်းတွေနဲ့
ဝါတော်ကျွတ်လို့ ခါတော်မှီချစ်ခြင်းတွေက
ချစ်သူရယ်…အလွမ်းဆိပ်သင့်ခဲ့ပြီလေ…။

Friday, November 11, 2011

လပြည့်ကျော် ၁ ရက်၊ ၁၁ လ၊ ၁၁ ရက်၊ ၁၁ ခုနှစ်၊ ၁၁ နာရီ (၃၅)



မြန်မာရက်က တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်
ခရစ်သက္ကရာဇ်က နိုဝင်ဘာ တစ်ဆဲ့တစ်ရက်
ခရစ်နှစ် နှစ်ထောင်တစ်ဆဲ့တစ်ရဲ့
ခရစ်နှစ် နိုဝင်ဘာ တစ်ဆဲ့တစ်လပိုင်းမှာ
ကာရံမညီသော တစ်ဂဏာန်းများ
ပြိုင်တူကခုံရင်း တနင်္ဂနွေနမ်စား
သောကြာညီဘွားတို့ ခုနှစ်တွေကိုသရုပ်ဖော်
အလုပ်ပေါ်မှာ သက်သေပြ အာဏာရှင်စစ်တွေ
ဖျက်သိမ်းကြ နဝင်း တစ်ကိုးလုံး ပေါ်တဲ့ည..။


တက္ကသိုလ်မြတ်မင်း

Thursday, November 10, 2011

အနှိုင်းမဲ့နေ့ရဲ့ ညတန်ဆောင်မုန်း (၃၄)


ကံကြမ္မာကို ပုခုံးလွဲထမ်းရင်း
လောကဇာတ်ခုံပေါ်မှာ လူလားမြောက်ခဲ့
မိဘနှစ်ပါးရဲ့ ရင်ခွင်မှာမှေးစက်ခိုက်
အနာကိုက်လို့ လန့်အော်မှာကြောက်မိတဲ့
မိဘနှစ်ပါးက သတိပေးမှတ်တိုင်လို
စောင့်ကြည့်ရင်း ဖခင်ရဲ့ချစ်ခြင်းတွေအပြည့်
သားငယ်ကိုချစ်စိတ်နဲ့ ကိုက်နေတဲ့အနာကို
ခံတွင်းတွင်းငုံပေးမိတဲ့အခိုက် အနာအိမ်ပေါက်ကွဲ
အစာအိမ်ထဲစီးမျောခဲ့ အိပ်ပျော်နေတဲ့သားတော်
လန့်မနိုးအောင် ဆက်လက်ချော့သိတ်ခဲ့တာ
အဖေမေတ္တာတွေရဲ့ အနာဂါတ်တနေ့
နောက်တနေ့ အာရုဏ်အလင်းသို့ရောက်ခဲ့တယ်..။

လောကအလယ်မှာ သောကမလွယ်သော
ကလေးတယောက် အရွယ်ရောက်ခဲ့တဲ့အထိ
မိဘမေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ရင်း
အနန္တဂိုဏ်းဝင် ကျေးဇူးတွေကို
ကျေးစွတ်ခဲ့တဲ့ ဒီနေ့သစ်မှာ
ဒေဝဒတ်ရဲ့ အကြံပေးလက်ချက်ကြောင့်
သမာဓိခုံပေါ်က ဘဝရှင် တရားရှင်
ပလ္လင်ကိုလုလို့ မိဘနှစ်ပါးကိုထောင်သွင်း
အကျဉ်းချခဲ့တဲ့ မင်းမိုက်အဇာတသတ်ဟာ
ရာဇပလ္လင်ခွေးတက်သလို ပြည်သူ့ရင်ခွင်မှာ
ဇာတ်လိုက်ဖြစ်ခဲ့တာ နှစ်ပေါင်းကြာညောင်းခဲ့ပြီ..

နောက်တနေ့ အနာပေါ်ဒုတ်ကျတဲ့
အတွေးခေါ်တွေနဲ့ ဖခင်ခြေဖဝါးကို
ဓားတစိတ်စိတ်လှီး ဆားခတ်ပြီးနှိပ်စက်
သွေးထွက်လို့ မြေခလာလည်း
ချစ်စိတ်ဓာတ်က မပြယ်သော
မေတ္တာတွေနဲ့ သားတော်ကိုနှစ်သိမ့်ပေးခဲ့
မကြေနပ်တဲ့ မျက်နှာတစိတ်က
ဖခင်ကို တန်ပြန်အငြိုးထားလို့
အာဏာဆန်ဖိအား သတိစကားတွေနဲ့
စော်ကားရင်း အမိုက်ဇာတ်ခင်းနေတဲ့သားကို
အမေအို ခွင့်တောင်းဆိုလျက်
မျက်ရည်စို့တက်လို့ ငိုလျက်ဖြစ်ခဲ့တယ်...

အမိုက်မှာဗိုလ်ချုပ် လောကအုပ်မယ်လို့
ကြွေးကျော်သံတွေ လောကညံအောင်
အမိန့်မှာတမ်းတွေ ဆရာဒေဝဒတ်မိန့်ဆိုရင်း
နာခံမိတဲ့ အဇာတသတ်ရဲ့မိုက်လုံးကြောင့်
ဖခင်အသက်ဆုံးခဲ့တာ နှစ်တွေကြာညောင်းလို့
သောကတွေ ဗလောင်ဆူတောလို ဖြစ်ခဲ့တာ
သူကိုယ်တိုင် ဖခင်မေတ္တာသိလာထိတိုင်ပေါ့..

အမှားနောင်တ အလင်းရသော တန်ဆောင်တိုင် (၃၃)


ကျေးဇူးတရားတွေ စုံလုံးကန်းလို့
ငယ်အတိက် အရိပ်တွေကိုမေ့ပျောက်
နှစ်ဖြာမိဘကို ခြေစုံကန်ပြီး
ဖခင်ရဲ့ခြေဖဝါးတော်ကို အစိတ်စိတ်ခွဲခြမ်းလို့
ဆားခတ်ခဲ့တဲ့ အရူးတကောင်ရဲ့မိုက်ဇာတ်နဲ့
အဇာတသတ်ရဲ့ အာဏာရူးစိတ်တွေက
နှစ်ပေါင်းများစွာ တိုင်ပြည်ကိုအုပ်ချုပ်ခဲ့
မေတ္တာဆူးတွေ တန်ပြန်ရိုက်ခတ်တဲ့
ဖခင်ရဲ့နေရာသစ်ကို ရရှိပြီးမို့
မိခင်အိုကို ဖခင်အချစ်တွေမေးကြည်ပြန်တော့
အတိက်အိုက မင်းဖခင်ချစ်ပုံကို
အမေအို မျက်ရည်စို့လို့ အလေးနက်ပြောပြခဲ့တယ်
အကြောင်းရင်းမှန် သိခဲ့တဲ့ ဒီနေ့ရက်မှာတော့
အဖေအို နေညိုစောင်းသွားခဲ့ပြီး
မေတ္တာအရိပ်တွေလည်း အကိုင်းကျိုးခဲ့ပြီး
အဖေမီးအိမ်လေးလည်း ကွယ်ပျောက်ခဲ့ပြီး
အတိက်ရဲ့မိုက်ဇာတ်တွေလည်း ရာဇပလ္လင်မှာ
အနန္တရိယကံထိုက်လို့ ဖြေမပြေတမ်းတခြင်းတွေက
အမှားနောင်တ ကံမင်းတရားမြှောက်ပင့်ခဲ့တာ
စိတ္တဇတစ္ဆေခြောက်သလို အိပ်ယာပျောက်ခဲ့ပြီး..။

အခုတော့...
လောကဇာတ်ခုံပေါ်မှာ ဆရာတင်မှားလို့
ဒေဝဒတ်ကိုဆရာတင် ဖခင်ကိုပင် ထောင်သွင်း
လူသတ်ပြင်ထုတ် အမိုက်ဇာတ်ထုတ်ကောင်က
အာဏာရူးလို့ မိုက်ဇာတ်ခင်းခဲ့တဲ့
မင်းမိုက်ရဲ့ဇာတာချက်ကွက်က အခွင်းထူးလို့
ဒေဝဒတ်လက်အောက်မှာ လွတ်မြောက်ခဲ့တဲ့
အဇာတသတ်ရဲ့ အလင်းရောင်ပျောက်သော
စိတ္တဇနေ့အောက်မှာ ဇီဝကသမားတော်ရဲ့
အားပေးစကားတွေနဲ့ မြတ်ဘုရားကို
ဖူးမြော်ဖို့ရောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ည
အခါတော် မဟာသမယနေ့ရက်မှာ
ကြောက်စိတ်အဖြာဖြာနဲ့ ကိုယ်ရံတော်တပ်အဖြာဖြာ
ဝိုင်းဖွဲ့ကာရံရင်း အမြင်မှန်အသိစိတ်ဓာတ်တွေက
နောင်တမျက်ရည်ဝိုင်းလို့ တန်ဆောင်တိုင်နေ့ရက်ဖြစ်ခဲ့တယ်လေ..။

စွမ်းရည်ရှိသူတို့ ပန်းတိုင် (၃၂)




မုန်တိုင်းထန်သော ပင်လယ်ပြင်ကို
ကျော်ဖြတ်ဖို့ ခွန်အားတွေကို
စုစည်းရင်း ရွက်လွင့်ခဲ့တဲ့
ငါ့..အနာဂါတ်ဟာ တောက်ပကြယ်လိုပေါ့..။

ဦးတည်ရာကို ငါ…ရွက်လွင့်ရင်း
ငါ့ တက်မကို ခွန်အားအပြည့်နဲ့
လှော်ခတ်ခဲ့တာ ငါ့ရည်ရွယ်ရာ
ငါ့..အနာဂါတ် ပန်းတိုင်ထိပေါ့..။

လှော်ခတ်နေဆဲ ငါ့..တက်မ
ငါ့.. ခွန်အားတွေက မုန်တိုင်းပင် လဲပြိုလို့
ငါ့..ခရီး ငါ့..အနာဂါတ်တွေ
ငါ့..ရည်ရွယ်သော ပန်းတိုင်ထိရောက်ခဲ့ပေါ့..။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...