Friday, March 14, 2014

အာစရိယမှ အာစရိယပူဇာ


အာစရိယမှ အာစရိယပူဇာ


တပေါင်းလပြည့် သဲပုံစေတီပွဲနှင့် သီတဂူ ဆရာတော်ဘုရားကြီး၏ (၇၇) နှစ်မြောက် မွေးနေ့ ဝိဇာတ မင်္ဂလာပွဲတော်ပင် ဖြစ်ပါတယ်..။ ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် ဆထက်မက သာသနာပြုနိုင်ပါစေ...။ ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများနှင့် တပည့်များလည်း ကျန်းမာ ချမ်းသာနိုင်ကြပါစေ...။ ထို့အပြင် ဤနေရာမှ ဆရာတော်ကြီးအား ရှေးဦးပဏာမ အနေဖြင့် မင်္ဂလာ နံနက်ခင်းမှာ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုး ဂါရဝပြုလိုက်ပါတယ်။

ဤကဲ့သို့ ဂါရဝပြုပြီးသည့်နောက် လွန်ခဲ့သော နှစ်များက the voice of Samgha မဂ္ဂဇင်းမှာ
ရေးသားခဲ့ဖူးသော "အာစရိယမှ အာစရိယပူဇာသို့" ဆိုသည့် ဆောင်းပါးလေးဖြင့် ဆရာတော်ကြီးအား ထပ်မံ ပူဇော်လိုက်ပါတယ်။


ယနေ့ကမ္ဘာမှာ နိုင်ငံအသီးသီးက ပြုလုပ်ကြသော အာစရိယပူဇာ ဆရာများကို ပူဇော် ကန့်တော့ပွဲ ပြုလုပ်ကြသည့်အထဲမှာ ကျွန်ုပ်တို့နိုင်ငံသည် ရှေ့တန်းက ပါဝင်လာခဲ့သည်မှာ အထူးပြောဆိုစရာ မရှိအောင်ပင် ဖြစ်သည်။ ဤကဲ့သို့သော ရည်ရွယ်ချက် ကောင်းမွန်သော အလုပ်သည် လူမှုရေး စီးပွားရေး ဘာသာရေးတို့၌ မဖြစ်မနေ လိုအပ်သည်မှာ အမှန်ပင်
ဖြစ်ပါသည်။ လူ့ အသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်နှင့် လူ့ဝန်းကျင်မှာပါ မဖြစ်မနေ ရှိသင့်သော အရာတို့သာ ဖြစ်သည့်အပြင် ဘဝ အောင်မြင်မှု၏ လမ်းညွန်းလည်း ဖြစ်ပါသည်။
ငယ်ရွယ်စဉ်အခါက ဆရာသမားတိုင်းက ကောင်းမွန်သော နည်းလမ်းများစွာကို သွန်သင် ဆုံးမရင်း လိမ္မာ ယဉ်ကျေးလာအောင် ပြုပြင်ပေးကြသည်။

ထို့အပြင်လည်း တိုးတက်မည့် လမ်းကောင်းများစွာနှင့် မပြုလုပ်သင့်သော အလုပ်တို့ကို ဝေးစွာ
ရှောင်ရန်၊ ပြုလုပ်သင့်သော အလုပ်တို့ကို ကောင်းစွာ လုပ်ဆောင်နိုင်ရန်၊ သူတစ်ပါး ဒုက္ခရောက်မည့် အလုပ်မျိုးကို မလုပ်မိစေရန်၊ သူတစ်ပါး သုခဖြစ်စေဖို့ကို ရည်စူး၍ မိမိကိုယ်တိုင် စွန့်လွှတ်တတ်စေရန်၊ စာပေတတ်မြောက်စေရန်နှင့် ဘဝသမိုင်း မရိုင်းစေရန် စသည်တို့ကို ဆရာသမားများက မိမိတို့ဘဝနှင့် ရင်းနှီးကာ မသိသေးသော ဗဟုသုတတွေ ထဲမှာ ပေါင်းစပ်ကာ မိန့်ဆိုခဲ့ကြသည်မှာ အထင်သား ဖြစ်ပါသည်။ ဤသို့ အာစရိယ ဂုဏ်ဝါတွေ တောက်ပသော ဆရာသမားတို့၏ ကျေးဇူးတရားတွေသည် ဘဝတစ်သက်တာ
ဖြတ်သန်းကြသော တပည့်များစွာတို့အပေါ်မှာ အရောင်တွေ လွှမ်းကာ မမေ့ရက်နိုင်သော အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့၏ လမ်းညွန်ကောင်းတို့ပင် ဖြစ်သည်။ ထို့အပြင် ယနေ့ကမ္ဘာမှာ သီတဂူတည်းဟူသော လမင်း တစ်ဆူနှင့် ကြယ်စင်များဖြစ်ကြသော သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီး၏ ဆရာအရှင်မြတ်တို့ထံပါးမှာ ပညာသင်ကြာကြသော တပည့်အပေါင်းများစွာ တို့ဟာ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ဖို့ အဆင့်မြင့်သောပညာတွေကို သင်ကြားခွင့်ရသည့်အပြင် အထွေထွေ ဗဟုသုတ ကမ္ဘာ့အတွေ့အကြုံ ဗဟုသုတများစွာနှင့် ပရိယတ္တိစာပေ ပဋိပတ္တိဓမ္မ ပဋိဝေဓ သဒ္ဓမ္မ အင်္ဂလိပ်စာပေ ဘာသာပြန် ဘာသာဗေဒနှင့် ပါဠိ သက္ကဋ အသွားအလာ စသည်တို့ပြင် အဆုံးအမ မြောက်များစွာတို့ကို သင်ယူနာကြား နာခံမှတ်သားသည်မှာ
လူမှုရေး ပညာရေး ဘာသာရေးသာမက အရာအားလုံးနှင့် အကျွမ်းဝင်ကာ စွယ်စုံသုတ အဖြာဖြာတို့၏ ဟင်းလင်းအိုးကြီးသဖွယ်ပင်ဖြစ်သည်။


ဤသို့သောအကြောင်းတို့သည် အာစရိယနှင့် အာစရိယဂုဏ်ဝါတို့၏ ကျေးဇူးတရားတွေ ပင် ဖြစ်သည်။ အာစရိယနှင့် အာစရိယဂုဏ်ရောင်တွေသည်လည်း ဥပမာညွန်းစရာ မရှိအောင် ရှားပါးလှပေသည်။ သို့သော် ဆရာတိုင်းသည် တပည့်တွေ မီးရောင်အောက်ကို ရောက် လာသောအခါ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသော ပီတိမျက်ရည်ဖြင့် ကန့်လန့်ကာရဲ့နောက် မှာ အားပေးမှုတွေအပြည့်နှင့် ဝမ်းမြောက်နေမှာ အမှန်ပင်ဖြစ်သည်။ ဆရာတိုင်းသည် တပည့်တွေ ဘဝမြင့်စေဖို့အတွက် ကမ္ဘာလည်းပတ် စာလည်းကျက်ရင်း တူမျှသော မေတ္တာ ဓာတ်ဖြင့် မညီညာသော ဘဝခရောင်လမ်းမှာ အညီအမျှ ပညာသင်ပေးခဲ့တာ ဆရာတို့ ၏ စေတနာတွေပင် ဖြစ်သည်။ ဆရာတိုင်းသည် တပည့်တွေ ဘဝနွမ်းသော်လည်း အလှ ဆန်းစေဖို့ ဘဝအောင်မြင်ရာ လမ်းကြောင်းပေါ် တတ်လှမ်းနိုင်ရန် ကမ်းလှမ်းသော လက်ဖြင့် လက်ဆင့်ကမ်းကာ ပို့ဆောင်ပေးသော တပည့်တို့၏ ဘဝလမ်းညွန်မှူးလည်း ဖြစ်သည်။ ဆရာများသည် တပည့်တွေ တိမ်မြှုပ်ပျောက်ကွယ်နေသော ဘဝရည်မှန်းချက် ပန်းတိုင်တို့ကို အတွေးခေါ် အသစ်ဆန်းတွေနှင့်အတူ တပည့်တို့၏ ရည်မှန်းချက် ပန်းတိုင်တို့ကို ရှာဖွေပေးခဲ့ သူလည်း ဖြစ်ပါသည်။ ဆရာများသည် တပည့်တွေ ဘဝအမှောင်ယံ ဖြတ်ကျော်စဉ်ကာလ လမ်းမှား မရောက်စေဖို့ စမ်းတဝါးဝါး ဖြစ်နေသော မဟူရာကြီးစိုးသော ညအမှောင်ယံ မှာ အေးချမ်းသော သီတဂူလမင်းကြီးပမာ လမ်းညွန်ပေးသူလည်း ဖြစ်သည်။


ထို့အပြင် ပါဠိတော်၌....

သာဝဇ္ဇေ ပဋိငေဓေန္တော၊ အနဝဇ္ဇေ နိယောဇကော။ ဘုသော စရတိ သိဿာနံ၊ အတ္တံ အာစရိယော တတော။

အကြင်ပုဂ္ဂိုလ်သည် အကြင်ကြောင့် အပြစ်ရှိသော အကုသိုလ်တရား၌ တားမြစ်လျက် အပြစ်မရှိသော ကုသိုလ်တရား၌ တိုက်တွန်းနှိုးဆော်လျက် တပည့်တို့၏ အကျိုးစီးပွားကို လွန်စွာပြုကျင့်တတ်၏၊ ထို့ကြောင့် ထို့ပုဂ္ဂိုလ်သည် ဆရာမည်၏ လို့ ပြဆိုထားပါသည်။

တဖန်ထပ်၍ ပါဠိတော်၌ လာသည်မှာ....

အတ္တလေဏာန သိဿာနံ၊ မေတ္တော ဒကေန သိဉ္စတိ။
တေဟိ ဝါ တေန သိဉ္စိတ္တော၊ ဂရု ဝုစ္စတိ သော တတော ဟူ၍ မိန့်ဆိုထားသည်ကို တွေ့ရှိရပါသည်။

ဤကဲ့သို့ စိတ်ထားကောင်းမွန် မြင့်မြတ်ကြကုန်သော ဆရာအရှင်တို့အား အာစရိယပူဇာဖြင့်
ရှိခိုးရခြင်းသည် တပည့်တတွေမှာ လွန်စွာဝမ်းမြောက်မိကြပါသည်။ ထိုမှတပါး အကျိုး အကြောင်းနှင့် ရည်ရွယ်ချက် ကောင်းမွန်မြင့်မြတ်ကြကုန်သော သီတဂူဆရာ အရှင်မြတ်တို့၏ သာသနာ့အောင်လံ တံခွန်သည် ကမ္ဘာနှင့် မြန်မာတွင်းဝယ် သီတလလွှမ်းခြုံကာ ကြားရသူ အပေါင်း နားဝင်ချိုမြစွာဖြင့် သာဓုသံအောင် နိမိတ်တွေနှင့် ခေါ်မိန့်ကြ ပညာရှင် ဇမ္ဗူမှာ တင့်ဆန်းသည့် အာစရိယဖြစ်ကြသည့် သီတဂူဆရာအရှင်တို့အား ပူဇော်ကန့်တော့ရသည့်
မြတ်ကောင်းမှုအဖို့ဘာဂကြောင့် တပည့်များစွာတို့၌ ရှိသော မသိသော အပြစ်၊ သိသာထင်ရှား အပြစ် ထိုထိုများစွာသော အပြစ်ဟူသမျှကို ဝန်ချ တောင်းပန်ကြပါကုန်၏။

ထို့အပြင် အာစရိယတို့သည် တပည်တွေကို ပညာသင်ကြားပေးသောအခါ ငယ်စဉ်က မိခင် ဖခင်တို့က ထိန်းသိမ်း စောင့်ရှောက် ဝတ်စားစီရင်ပေးသလို ဥပမာထား၍ မလိုက်ဖက်သော အရာကို လိုက်ဖက်လာအောင်၊ မစားတတ်သော အစားများကို စားတတ်လာအောင်၊ မနှစ်သက်သော အရာများကို နှစ်သက်လာအောင်၊ မဝတ်တတ်သော အဝတ်များကို ဝတ်တတ်လာအောင်၊ စကားမတတ်သေားသောအခါ စကားတတ်လာအောင်၊ မသန့်ရှင်းမှုကို သန့်ရှင်းလာအောင် စသည်တို့ကို ပြုပြင်ပေးကြသည့်နည်းတူ အာစရိယဖြစ်ကြသော ဆရာသမားတို့သည်လည်း ပညာမတတ်သေးသော တပည်တွေကို ပညာတတ်လာအောင်၊
အတွေးအခေါ်မတတ်သေးသော တပည့်တွေကို တွေးခေါ်တတ်လာအောင်၊ အမူအရာ မကောင်းသေးသော တပည့်တွေကို ကိုယ်အမူအရာ နှုတ်အမူအရာကောင်းလာအောင်၊ ဗဟုသုတနည်းသေးသော တပည့်တွေကို ဗဟုသုတတွေ ပြည့်စုံလာအောင်၊ မမှန်သေးသော ဘဝအပြောင်း အလွဲတွေထဲ အယူအဆကောင်းပြီး မှန်ကန်မှု အပြည့်နှင့် ဘဝခရီးလမ်း ကို လျှောက်လှမ်းနိုင်အောင်၊ ဘဝပုံပြင် တစ်ပုဒ်ပမာ ဝိုးတဝါးဖြစ်နေသော တပည့်တွေကို ရည်မှန်းချက်ကောင်းကောင်းနှင့် ဇွဲလုံ့လအပြည့် လျှောက်လှမ်းနိုင်အောင် တပည့်လက် သားတွေ အပေါ်ထားရှိကြသည်မှာ ကမ္ဘာမှာ ရှားသော အာစရိယမှ အာစရိယတို့၏ ဂုဏ်များသာ ဖြစ်ပါသည်။


ဆရာ့မေတ္တာဟူသည်.....

ဆရာ့မေတ္တာ ပန်းရွှေကြာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုပန်း နေမှာ နွမ်းလို့ပေါ့...။
ဆရာ့မေတ္တာ ဆန်းစန္ဒာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုဆန်း တိမ်လွှာ ဖုံးလို့ပေါ့...။
ဆရာ့မေတ္တာ စမ်းရေပြာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုစမ်း နွေမှာ ခမ်းလို့ပေါ့....။
ဆရာ့မေတ္တာ တောင်တန်းပြာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုမှာ မြူတွေ စိုင်းလို့ပေါ့...။
ဆရာ့မေတ္တာ မြေကမ္ဘာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုမြေ ရေလွှား ဖုံးလို့ပေါ့...။
ဆရာ့မေတ္တာ ကောင်းကင်ပြာနှင့် ပမာနှိုင်းဆို မပြောလိုဘူး ထိုမှာ တိမ်စိုင်ဖုံးလို့ပေါ့...။
ဆရာ့မေတ္တာ နှိုင်းရာမရှိ ပကတိက သီတာချမ်းမြ တစ်ပေါက်ကျကဆရာ့မေတ္တာ မြသီတာတဲ့...။
ဆိုရိုးပြုသား ဤစာသားသည် လင်္ကာလည်းဖြစ် ဂုဏ်လည်းဖြစ်၍ ကမ္ဘာတစ်ခွင် တည်ပါစေသော် တည်စေသော်ဟု ဆုတောင်ချွေသည် များထိုထိုတို့ သိစေသား...။


ဤဆောင်းပါးကို သာသနာနှစ် (၂၅၅၃) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၂) ခုနှစ်
ခရစ်နှစ် (၂၀၁၀) တွင် ထုတ်ဝေသော the voice of Samgha မဂ္ဂဇင်းမှာ
ပုည (ရာမည) ဟူသော ကလောင်ဖြင့် ရေးသားခဲ့ပါသည်။
ယ္ခုအခါ စာရေးသူ ပုည (ရာမည) (ခ) တက္ကသိုလ်မြတ်မင်းမှ ပြန်လည် တင်ပြပြီး
သီတဂူဆရာတော်ကြီးအား ပူဇော်လိုက်ပါသည်။


တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...