Monday, May 10, 2010

အမေ့ကိုဂုဏ်ပြုသောနေ့တစ်နေ့၏ အကြောင်း

ကမ္ဘာလောကကြီးက သတ်မှတ်ပေးသော အမေနေ့ ခေါ်နေသောနေ့ထက် သားသ္မီးတိုင်း သတ်မှတ်သော အမေနေ့က မြတ်နိုးစရာကောင်းသော အရာပင်ဖြစ်သည်။ သားသမီးတွေ မိဘတိုင်းအပေါ်ထား တက်သော မွန်မြတ်သော စိတ်ထားကို မြတ်နိုးကြမှာ အမှန်ပင်ဖြစ်သလို လောက ဘယ်လိုပင် သတ်မှတ်ပေးသော အမေနေ့ကို အများလုပ်မှ သိသော အရာထက် သားသ္မီးတိုင်းလုပ်ပေးသော အရာကိုလိုချင် ကြသည်ကိုလည်း ထိုနေ့ကို ကြည့်ရ်ျသိရှိနိုင်ပါသည်။ သို့သော် မည်သည့်အရာမဆို ထင်ရှားရှိမှ ကောင်းသည်ထက် မိမိကိုယ်တိုင်ခံစား နားလည်တက်လျှင် မိမိ မိဘများကို ကျေးဇူးဆပ်တက်သော အသိ စိတ်ဓာတ်ရှိမှသာလျှင် ကောင်းမွန်မြင့်မြတ်ပါသည်။ မိဘသည်လည်း မွေးမိဘ ကျွေးမိဘ သင်မိဘစသည်များစွာရှိပေသည်။ ထို့ကြောင့် မိမိတို့ စဉ်းစားနိုင်စွမ်းရည်ရှိသော ပညာရှင်များပင် ဖြစ်သကဲ့သို့ ကျေးဇူးတရားတို့ သဘာဝဓမ္မကို ကောင်းစွာသိပေမည်ပင်ဖြစ်သည်။ ထို့တွင် ကျွန်ုပ်သည်ပင် မိဘများ၏ ကျေးဇူးတရားများကို အစဉ်အောက်မေ့နေသည်ပင်ဖြစ်ပေသည်။ မည့်ကဲသို့ ဆိုစေဦးတော့ သားသ္မီးတို့ဘ၀ကို တိုးတက်စေသော အောင်မြင်စေသော အဆင့်တန်းရှိစေသော ဘ၀ကိုမြင်စေချင်သော မိဘတိုင်းကို ကျွန်ုပ်မိဘကဲ့သို့ပင်ဖြစ်ပေသည်။ မည်သူတစ်ဦး တယောက်က အမြင်မှားသော သံသယရှိစေကာမူ အမေဆိုသော မေတ္တာရှင်တို့က အမြဲခွင့်လွတ်နေမည်ပင်ဖြစ်သည်။ သင်လည်း သင့်မိဘကို ကြည့်ရှုနိုင်သော သားသမီးကောင်းဟု အမြဲယုံကြည်မိပါသည်။ ယုံကြည်သလိုလည်း သင်အတွက် အမေဟူသော မေတ္တာက ကြိုဆိုလျှက်ပင်သည်။ နောက်ဆုံးတော့ အမေ့ မေတ္တာဟာ မည်သူကမှ ပေးဆပ်ခြင်းငှာမစွမ်းနိုင်ပါ။ အမေဟူသော မိခင်တိုင်းကသာ ပေးစွမ်းနိုင်သော အရာပင်ဖြစ်သည် ဟု ထင်မြင်ရေးသားရင်း အမေ့ မေတ္တာတွေကို သဲပွင့်ပမာလောက် မဆိုလောက်သော ရေးသားခြင်းမျိုးဖြစ်ရေးသားမိပါသည်။         ။
                                                                                                              ပုည(ရာမည)

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...