Monday, May 14, 2012

အာရှ လက်နက်အားစမ်းစစ်ပွဲကြီး ဆင်နွှဲတော့မည်လော

 

အာရှ လက်နက်အားစမ်းစစ်ပွဲကြီး ဆင်နွှဲတော့မည်လော

 
by General Knowledge 
 
ယခင်က အထိအခိုက် မခံသောဒေသ (Sensitive Region)အဖြစ် အရှေ့အလယ်ပိုင်းဒေသကို လူသိများခဲ့ကြသည့်အကြောင်းမှာ အစ္စရေး၊ ပါလက်စတိုင်း ပြဿနာအစ ဘာသာရေးစစ်ပွဲဆင်နွှဲရန် စိန်ခေါ်မှုပြုနေကြသည့် အာရပ်နိုင်ငံများ၏ ပြဿနာဖြစ်သော အထိမခံသောနယ်မြေအဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နားစိုက်နေကြပေသည်။
ယခုအခါ လက်နက်ပြိုင်ဆိုင် ရန်လိုမှုများရှိသောဒေသများအဖြစ် ကျွန်ုပ်တို့ နေထိုင်ရာ အာရှသို့ ရောက်ရှိလာကြောင်း တွေ့မြင်ရသည်။

မြောက်ကိုရီးယား၏ ရန်လိုမှု
ယခုလက်ရှိ ခေါင်းဆောင်သစ် ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ ကင်အီဆွန်းမွေးနေ့နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၁၃ ရက်နေ့က မြောက်ကိုရီးယားတို့သည် ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်မည် ဟု ကြေညာခဲ့သည်။
သို့ရာတွင် အမေရိကန်နှင့် ဂျပန်၊ တောင်ကိုရီးယားတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ၎င်းမှာ နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ပြခဲ့သောကြောင့် ယခုလုပ်ရပ်မှာ အယောင်ဆောင်လုပ်ရပ်သာ ဖြစ်ကြောင်း ဖော်ပြကြသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ အသင့်အနေအထား တပ်လှန့်ထားကြပြီး ၎င်း ဒုံးပျံ မိမိတို့ နိုင်ငံများအပေါ်မှ ဖြတ်သန်းသွားပါက ပစ်ချမည်ဟု သတိပေး ကြေညာခဲ့သည်။ ယခင်အချိန်ကလည်း ဂျပန်နိုင်ငံပေါ်သို့ ဖြတ်သန်း၍ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းတို့ကြောင့် ဂျပန်တို့က မကျေမနပ်ဖြစ်နေကြသည်။ မကြာမီက တွေ့ရှိရသော ကောင်းကင်ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားတို့သည် တတိယအကြိမ် မြေအောက်နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲရန် ပြင်ဆင်နေသောကြောင့် မဟာမိတ် တရုတ်တို့ကပါ ၎င်းလုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် တရုတ် တုံ့ပြန်မှု
ယခုကဲ့သို့ ဒုံးပျံ လွှတ်တင်မှုအပေါ် ကုလသမဂ္ဂက ၎င်းတို့၏ သဘောတူညီချက်ကို မချိုးဖောက်ရန် သတိပေးခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း လုံးဝ ဝေဖန်ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ သို့ရာတွင် မြောက်ကိုရီးယားတို့က ၎င်းဒုံးပျံကို ဖြစ်အောင် လွှတ်တင်ခဲ့ပြီး (၂) မိနစ်ခန့်အကြာတွင် ပင်လယ်တွင်းသို့ ထိုးကျခဲ့သည်။
ယင်းကိစ္စကို လုံခြုံရေးကောင်စီက ကိုရီးယားတို့အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် ရုရှားကမူ ဆိတ်ဆိတ်နေခဲ့သည်။ မအောင်မြင်သော မြောက်ကိုရီးယား၏ ရန်လိုဒုံးပျံလွှတ်တင်မှုအပေါ် တရုတ်တို့က သည်းခံတော့မည် မဟုတ်ဟု ကြေညာခဲ့သည်။ မြောက်ကိုရီးယားက ရန်လိုသော လုပ်ရပ်ကို နောက်ထပ်လုပ်လာခဲ့လျှင် ပိုမိုထိရောက်သော အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ သဘောတူခဲ့ကြသည်။

တောင်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်
မြောက်ကိုရီးယား၏ မအောင်မြင်သော ဒုံးပျံလွှတ်တင်စမ်းသပ်မှုမှာ ကုန်ကျစရိတ် ဒေါ်လာ သန်း ၈၅၀ ခန့်ဖြစ်ပြီး ၎င်း ပမာဏ သည် မြောက်ကိုရီးယား၏ ငတ်မွတ်နေသော ပြည်သူများအတွက် စားနပ်ရိက္ခာ တစ်နှစ်စာ ဖူလုံနိုင်သည့် ငွေ ပမာဏဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတက ထုတ်ပြန်ပြောဆိုခဲ့သည်။ တောင်ကိုရီးယား သမ္မတအနေဖြင့် မိမိ၏ပြောကြားချက် ကို တောင်းပန်ရမည်ဖြစ်ပြီး ဤပြောဆိုမှုသည် မိမိတို့၏ အဓိကကျသော နှစ်ပတ်လည် အထိမ်းအမှတ် ပွဲကြီးကို စော်ကားရာရောက်ကြောင်း၊ ထို့ပြင် တောင်ကိုရီးယားတို့ကလည်း မြောက်ကိုရီးယား၏ မည်သည့်မြို့ကိုမဆို ရောက်အောင် ပစ်ခတ်နိုင်သော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ် စမ်းသပ်ပြခဲ့သည်။
ထို့ကြောင့် မြောက်ကိုရီးယားတို့ကို ပိုမိုဒေါသထွက်စေပြီး မြင့်မြတ်သော စစ်ပွဲတစ်ခုကို ဆင်နွှဲမည်ဖြစ်ကာ မီးတောင်ကြီး ပေါက်ကွဲ သကဲ့သို့ စိတ်ဆိုးနေသော မြောက်ကိုရီးယား ပြည်သူများ၏ တိုက်ခိုက်မှု စစ်ပွဲကို တောင်ကိုရီးယားတို့ ခံစားရလိမ့်မည် ဟု ကြေညာခဲ့သည်။

အိန္ဒိယ တာဝေးပစ် ဒုံးကျည်၏ နောက်ဆက်တွဲ
အိန္ဒိယတို့သည် ၂၀၁၂ ဧပြီ ၁၉ ရက်နေ့က Wheeler Island မှ မိုင် ၅၅၀၀ ရောက်အောင် ပစ်ခတ်နိုင်သည့် အဏုမြူထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဟင်ဒီဘာသာစကားအရ “မီး” ဟု အဓိပ္ပာယ်ရသည့် Agni V တာဝေးပစ် ဒုံးကျည်သည် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းကို ထိမှန်အောင် ပစ်ခတ်နိုင်ကြောင်း အိန္ဒိယ အစိုးရက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့သည်။
ယခုအခါ အဏုမြူထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်ပိုင် နိုင်ငံအဖြစ် အိန္ဒိယတို့သည် ကမ္ဘာပေါ်ရှိ စစ်ရေးအင်အား အဆင့်မြင့် နိုင်ငံများ အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ တရုတ်၏ တုံ့ပြန်မှုမှာ နောင်အနာဂတ်တွင် တရုတ်တို့၏ စစ်ရေးရာကို အိန္ဒိယအနေဖြင့် မည်သို့မျှ ကျော်လွှားနိုင်မည် မဟုတ်သေးဟုသာ တုံ့ပြန်ခဲ့သည်။ ထို့ပြင် ပါကစ္စတန်ကလည်း ကျောင်းတော်က ရန်စပြခဲ့သည့်အတိုင်း အိန္ဒိယတို့၏ တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ချက်ချင်းပင် ဧပြီ ၂၅ ရက်နေ့တွင် ၎င်းတို့၏ တာဝေးပစ် ဒုံးကျည် ရှဟိန်တစ်အေကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။

တရုတ်နှင့် ရုရှားတို့၏ စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စောင့်ကြည့်နေ
အာရှနိုင်ငံများသည် ရုရှားထံမှ စစ်လက်နက် နည်းပညာများကို အဓိကဝယ်ယူရာ နိုင်ငံများ ဖြစ်လာနေသည်ဟု ရုရှားအစိုးရ၏ စစ်လက်နက် ရောင်းချမှုဆိုင်ရာ အေဂျင်စီက ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရုရှားလက်နက်ရောင်းချမှု ၄၃ ရာခိုင်နှုန်းကို အာရှနိုင်ငံများမှ ဝယ်ယူခဲ့သည်။ ထို့ပြင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လက်နက် တင်သွင်းမှုများထဲမှ ရှေ့တန်းရောက်နေသော နိုင်ငံများမှာ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ တရုတ်၊ စင်ကာပူနိုင်ငံများဖြစ်ကြောင်း စတော့ဟုမ်းမြို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနက ဖော်ပြခဲ့သည်။ ရုရှားနှင့် တရုတ်နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယ၏ ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်ခဲ့ပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်တို့၏ တုံ့ပြန်မှုသည် အိန္ဒိယအပေါ်တွင် သက်ရောက်လျက်ရှိသည်။
သို့သော်လည်း တရုတ်နှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရေး အတွက်သာ ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ် လူဝေမင်းက သတင်းထောက်များအား ပြောကြား ခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်မှ စစ်သင်္ဘော ၁၆ စင်းနှင့် ရေငုပ်သင်္ဘော နှစ်စင်းပါဝင်ပြီး ရုရှားနိုင်ငံ ပစိဖိတ် စစ်သင်္ဘော လေးစင်း ပါဝင်ခဲ့သည်။ အလားတူ ရုရှားစစ်လေယာဉ်များနှင့် ရေတပ် တိုက်ခိုက်ရေးတပ်များ ပါဝင်ခဲ့သည်ဟု တရုတ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်သည့်နေရာမှာ တရုတ်နှင့် အမေရိကန်တို့၏ မဟာမိတ် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဂျပန်နိုင်ငံတို့နှင့် ရေပိုင်နက် အခင်းဖြစ်ပွားရာ တောင်တရုတ်ပင်လယ်တွင် ဖြစ်သည်။

မြောက်ကိုရီးယား နောက်ဆုံးကြိမ်းဝါးမှု
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်အား စစ်ရေးဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ၎င်းတို့၏ နိုင်ငံပိုင်သတင်းစာများက ဧပြီ ၂၃ ရက်နေ့က ဝေဝေဆာဆာ ဖော်ပြခဲ့သည်။ တောင်ကိုရီးယားနိုင်ငံကို ၃ မိနစ်နှင့် ၄ မိနစ်အတွင်း ပြာပုံအဖြစ် ရောက်ရှိသွားစေရန် မိမိတို့၏ အသုံးပြု နည်းလမ်းအတိုင်း လုပ်ဆောင်သွားနိုင်ကြောင်း ကြုံးဝါးခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် သမ္မတ လီမြောင်ဘတ်နှင့် ပတ်သက်သည့် အကြောင်းရှိသည်များကို နှစ်ပေါင်းများစွာ သုံးသပ်လာကြသည်။ ပြီးခဲ့သော သောကြာနေ့ ဧပြီ ၂၀ ရက်နေ့က ကင်အီဆွန်းရင်ပြင်၌ ထောင်ပေါင်းများစွာသော ပြည်သူများ စုဝေးခဲ့ကြပြီး တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် မဟာမိတ်များအား သုတ်သင်ရှင်းလင်းရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ထို့ပြင် မြောက်ကိုရီးယားစစ်တပ်သည် ရန်သူ အမေရိကန်တို့အား တစ်ချက်တည်းနှင့် အလဲထိုးနိုင်သောအင်အား ရှိကြောင်း မြောက်ကိုရီးယား၏ ဒုတိယ ဗိုလ်ချုပ်ကြီး ရီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် ဆိုက်ဘာ တိုက်ခိုက်မှုဖြစ်စေ၊ အခြား စစ်ရေးနည်းလမ်းအရဖြစ်စေ တောင်ကိုရီးယားနိုင်ငံကို မကြာမီ တိုက်ခိုက်လာနိုင်သည်ဟု ဆိုးလ်မြို့တော်၏ နိုင်ငံရေးကျွမ်းကျင်သူများက ဧပြီ ၂၂ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။
ထို့ကြောင့် ယခုလက်ရှိ အခြေအနေမှာ မထင်မှတ်သော အချိန်အတွင်း အာရှဒေသတွင် စစ်ပွဲတစ်ခု ပေါ်ပေါက်လာနိုင်ပြီး ဆရာကြီးများပင် ထိန်းသိမ်း မရဖြစ်လာနေသော တပည့်တစ်ဦးကို မည်သို့ ဆက်လက်ထိန်းထားကြမည်နည်းဟူသော သံသယအတွေးများဖြင့် နိုင်ငံတကာ အကဲခတ်များက ရင်တမမဖြင့် နေ့စဉ်စောင့်ကြည့်နေကြရပေဦးမည်။
ကိုလင်းမာန်အောင်
LWIN PWIN
NLABR
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...