Wednesday, May 16, 2012

ယာဉ်ပိတ်မှုကြောင့် ပြဿနာဖြစ်

 
ဈေးကြိုပို့ယာဉ်နှင့် ၂၃၂ ပါရမီယာဉ်တစ်စီးတို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများမှုဖြစ်ပွား၊ ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး BY-EMG

ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။

ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က “ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့ သိရပါတယ်။ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲလို့ အပြည့်အစုံ မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှန်အတိုင်း ဖြစ်အောင် တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က “အဲဒီဈေးကြိုပို့ယာဉ် မောင်းတဲ့သူက ကျွန်တော်တို့ ၂၃၂ ပါရမီယာဉ်လိုင်းပြေးနေတဲ့ လမ်း ကြောင်းပေါ်မှာ တရားမ၀င်ပြေးဆွဲ နေတယ်။ သူနဲ့လည်းခဏခဏပါရမီ ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက် တွေနဲ့စကားများကြတယ်။ အဲဒီနေ့ မှာလည်း တရားမ၀င်ပြေးဆွဲလို့ အမှတ် ၂၃၂ ပါရမီယာဉ်တစ်စီးက ယာဉ်နောက်လိုက်တွေနဲ့ စကားများ ခဲ့ကြပါတယ်။ အဲဒီနေ့က ညပိုင်းမှာ ဈေးကြိုပို့ယာဉ် မောင်းနေတယ်ဆိုတဲ့ သူနဲ့သူ့သားသူငယ်ချင်း ယာဉ်မောင်း သုံးယောက်နဲ့ လူအုပ်စုကကားတစ်စီး နဲ့ ၂၃၂ ဂိတ်ကိုလာပြီး သူတို့ ဒီလမ်းကြောင်းမှာ ကားပြေးဆွဲမယ်စတဲ့ အကြောင်းအရာတွေ လာပြောတဲ့အချိန် မှာ စကားများလာတဲ့ ယာဉ်နောက်လိုက်ရဲ့ အဖေဖြစ်သူ ဦးခင်ဇော်နဲ့ တခြားသူတွေအ ဖွဲ့တစ်ဖွဲ့က၀င်ပြီးတော့ ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ အဲဒီ ၀င်ခုတ်တဲ့သူကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူ့ကိုမမိခင်မှာ ကျွန်တော် တို့ရဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ရဲခစန်းက ခေါ်စစ်ပါ တယ်။ ပြီးမှ ပြန်လွှတ်ပေးတာပါ” ဟု ပြောကြားခဲ့သည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဈေးကြိုယာဉ်မောင်းဖြစ်သူ ဦးစိန်မိုးက “ကျွန်တော်ရပ်ထားတဲ့ ကားရှေ့ကိုအဲဒီ ၂၃၂ ကားကရပ်ထားတော့ ကျွန်တော့်ရဲ့ကားထွက်လို့မရဘူး။ ဒါနဲ့ ဟွန်းတီးပြီး ရှေ့တိုးခိုင်းပါတယ်။ မလွတ်မကင်း ရှေ့တိုးပြီးတော့ရအောင် ထွက်တယ်။ ပြီးတော့ သူတို့ကို ကျွန်တော်ကပြန်ကြည့်မိတာကစပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ကား နောက်ကို အယောက်၂၀လောက်ပါ တဲ့ သူတွေက ပြေးလိုက်လာတော့ မောင်းပြေးထွက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ထမင်းစားပြီး အပြန်ကျတော့ အခုသေဆုံးသွားတဲ့သူရဲ့ အမေက နင်တို့ကို ၂၃၂ပါရမီဂိတ် ဂိတ်မှူး ဗိုလ်ကြီးအောင်အောင်က ခေါ်နေတယ်လို့ပြောတော့ ကျွန်တော်ရယ်၊ သေသွားတဲ့သူရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သုံးယောက်က အဲဒီဂိတ်ထဲကို ဂိတ်မှူးနဲ့ ၀င်စကားပြောလို့ ၁၀ မိနစ်လောက်အကြာမှာ လူနှစ်ယောက် က ပြေးဝင်လာတယ်။ ကျွန်တော့်သားနဲ့ စပယ်ယာတစ်ယောက်က ကားပေါ်မှာ ထိုင်နေခဲ့တယ်။ အဲဒီကားပေါ်ကိုလည်း ဓားနဲ့ ၀င်ခုတ် ပါတယ်။ တစ်ယောက်ကဓားကိုင် ထားတယ်။ တစ်ယောက်က တုတ် ကိုင်ထားတယ်။ ဓားကိုင်ထားတဲ့ သူက ဖိုးညီကိုထိုးလိုက်တော့ ကျွန်တော်လည်း ထပြီးထွက်ပြေးပြီးတော့ နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့တာပါ။ ဂိတ်မှူးနဲ့ စကားပြောနေတဲ့ အကြောင်းအရာတွေ က ဒီလိုအချင်းများနေတာတွေ ဆက်မဖြစ်ဖို့နဲ့ ကျွန်တော်တို့မှာရှိတဲ့ ကားကိုကုမ္ပဏီတစ်ခုမှာ အပ်ဖို့ပြောနေတဲ့အချိန်မှာပဲ ၀င်ပြီး ခုတ်တာပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ဓါတ်ပုံ-ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...