အောင်မြင်မှု သီအိုရီရဲ့ နောက်ဆုံးစာမျက်နှာ
လျပ်တပြတ် ဘဝထဲကို
တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်လို့
လောကဓံက အပေါ်ယံ စကား တစ်ခါ နှစ်ခါ စိုးစွတ်ရုံနဲ့
မြင့်မိုရ်တောင်ကြီး မွန်းတည်းနိုင်မလား...
ဘာကိုမှ ဘဝကို ခြေတော် မတင်ခိုင်းတော့ဘူး..
လှောင်အိမ်ထဲက အစိမ်းသက်သက်နဲ့
မျှော်လင့်မိတဲ့ တနေ့တော့ ဆိုတဲ့
လေရိုင်းထဲက ပန်းတစ်ပွင့် ပွင့်လာမလဲ....။
လေရိုင်းတွေ တိုက်ခိုက်လာတဲ့
မီးလျှံတစ်ခုလို နာကျင်ယိမ်းထိုး
စုတ်ပြဲသွားတဲ့ ပြက္ခဒိန်မှာတော့
ဘဝရဲ့ မနက်ဖြန်အတွက်
ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်တော့
နာမည်ဆိုး မရှိခဲ့ဘူးလေ...။
ရပ်တည်မှု မတူညီတဲ့
လူ့ဘဝ ဇာတ်ခုံထဲ
အမှား လက္ခဏာ အမှန် လက္ခဏာ
ဝေဖန် သုံးသပ်ရင်း ဘောင်ခတ်ထားတဲ့
ကန့်သတ်ချက်တွေကို ကျော်ဖြတ်ခဲ့ပေါ့...။
ကိုယ်တိုင် ကျော်ဖြတ်ခဲ့တဲ့
လူ့ဘဝရဲ့ ခရောင်းလမ်းထက်မှာ
သွားလာ လှုပ်ရှားနေတဲ့ သူတိုင်း
လောကဓံ လှိုင်းကြီး လှိုင်းငယ်တွေကြားမှာ
လူးလားလို့ လူ့ဘဝ ပန်းတစ်ပွင့် ဖြစ်ခဲ့ကြပြီပေါ့..။
ဒီလမ်းရောက်မှ ဒီလမ်း မသွားချင်ဘူး..
ကိုယ်တိုင် ငြင်းဆိုနေပေမဲ့
လူ့ဘဝဆိုတာ ခန့်မှန်းချက် တွက်ထားတဲ့
သခ်ာၤတစ္ပုဒ္လုိမွ မဟုတ္တာ...။
ဒါပေမဲ့....
နိယာမတစ်ခုရဲ့ ဘဝဝန်းကျင်ထဲ
ညီမျှခြင်း တစ်ခု ရှုထောင့်တစ်ခုအနေနဲ့
ဘဝသခ်ာၤေတြ တြက္ဆထားတဲ့
ရလာဒ် အဖြေမှန်ဆိုတာ
ကိုယ့်အထွာ ကိုယ့်မြင်ကွင်း
ကိုယ့်အတိုင်းတာ တစ်ခုလောက်ပဲ ဖြစ်မှာပေါ့..။
တကယ်တော့...
ဘဝဆိုတာ ရေစီးထဲက ဗေဒါလို..
မသေခြာဘူး မရေရာဘူး...
စိတ်ကူးနှင့် မျောနေတဲ့ ပုံရိပ်တစ်ခုပေါ့..။
ကိုယ့်ပုံရိပ်တွေနှင့် မျှော်လင့်ချက်ရဲ့
ဆေးရေး ပန်းချီတစ်ချက်ဟာ
အရိပ် အရောင် မတောက်ပလို့
မစွန့်ပစ်လိုက်ပါနဲ့ ...
ကံတရားရဲ့ ဝိညာဉ်နိုးကြားလာတဲ့ တနေ့..
ရှင်သန်လာလိမ့်မယ်လေ...။
ပျော်ရွှင်မှုတွေ မျှော်လင့်ချက်တွေ
စီးဆင်းနေသော နောက်ဆုံး စာမျက်နှာထက်
ဘဝသမိုင်း တံဆိပ်တပ်ဆင်ရင်း
လောကဓံ သီအိုရီ လှိုင်းကြမ်းတွေကို ကူးခတ်လို့
လက်တွေ့ ဘဝရဲ့ ပန်းတိုင်ကို သွားကြစို့ကွယ်...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment