Thursday, April 12, 2012

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပြေးဆွဲတော့မည့် ANA လေယာဉ်

ကြာသာပတေးနေ့၊ ဧပြီလ ၁၂၊ ၂၀၁၂
မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်ကြတော့မည့်
နိုင်ငံခြားကုမ္မဏီများနှင့်ဂျပန်လေကြောင်းလိုင်း။
ANA လေကြောင်းလိုင်းက မြန်မာနိုင်ငံနှင့်
လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲမည်.....

... ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်း All Nippon Airways Co. (ANA) သည် မြန်မာပြည်နှင့် လေကြောင်းခရီးစဉ် ၁၂ နှစ်ကြာ ရပ်နားထားခဲ့ရာမှ ယခုအခါ ပြန်လည်စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။ ]]ကျွန်တော်တို့အနေနဲ့ လေကြောင်းခရီးစဉ်တွေ အမြန်ဆုံးပြေးဆွဲနိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်နေပါတယ်}}ဟု လေကြောင်းလိုင်း ဥက္ကဌှ့Shinichiro Ito က ပြောကြားခဲ့ဟု သိရသည်။

TSE နှင့် Daiwa က မြန်မာပြည်တွင် Stock Exchange
ထူထောင်ရန်ကူညီမည်......
မြန်မာနိုင်ငံသည်Tokyo Stock Exchange (TSE) နှငDaiwa Security Group စ တို့၏အကူညီဖြင့် ၂၀၁၅ တွင်stock market ထူထောင်ရန် မြန်မာ့ဗဟိုဘဏ်နှင့် သဘောတူညီမှု ရရှိထားကြောင်းသိရသည်။ လာမည့် မေလလယ်ခန့်တွင်MoU လက်မှတ်ရေးထိုးကြရန်ရှိကြောင်း သိရသည်။

စင်္ကာပူကုမ္ပဏီက မြန်မာပြည်တွင်iber cable
ကွန်ယက်တည်ဆောက်မည်......
source: Xinhua
စင်္ကာပူကုမ္ပဏီ International Telecommunication Holding Ltd (ITHL) က မြန်မာနိုင်ငံတွင် fiber cable ကွန်ယက်တည်ဆောက်ပေးရန် သဘောတူညီမှုရထားကြောင်း သိရသည်။ ITHLနှင့် MPT တို့၏ သဘောတူညီချက်အရ ITHL က မြန်မာပြည်၏ တယ်လီဖုန်းနှင့် အင်တာနက်အမြန်နှုန်းတို့အတွက် optical fiber network တည်ဆောက်ပေးမည်ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားကုမ္ပဏီများ မှတ်ပုံတင်ရန် သုံးပတ်သာ အချိန်ပေးရန်လို...
source: IFLR
မြန်မာ့ကုမ္ပဏီမှတ်ပုံတင်ရုံး Company Registration Office (CRO) မှ ဦးစီးချုပ် ဦးအေးကို၏အဆိုအရ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်လိုလျှင် ယခင်က တစ်နှစ်ခန့်အချိန်ပေးခဲ့ရသော်လည်း ယခုအခါ သုံးပတ်အတွင်း မှတ်ပုံတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်လိုသော ကုမ္ပဏီအနေဖြင့် မိမိနှင့်သက်ဆိုင်မည့် ဝန်ကြီးဌါနနှင့် ပထမဦးစွာ ညှိနှိုင်းပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် Myanmar Investment Commission (MIC) သို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ MIC ၏ အပတ်စဉ်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဆိုပါက လျှောက်ထားသော အပတ်အတွင်းမှာပင် ခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခွင့်ပြုချက်ကို သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါစီမံချက်ကိုForeign Investment Law အသစ် အတည်ပြုချက်မရှိသေးမီပင် ချက်ခြင်း အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း သိရသည်။ MIC မှ အထက်တန်းအရာရှိတစ်ဦးအဆိုအရ လိုအပ်သော လျှောက်လွှာပုံစံများနှင့် လျှောက်ထားမှုအားလုံးကို နေပြည်တော်သို့ ကိုယ်တိုင်သွားရောက် လုပ်ဆောင်ရန်မလိုဘဲ online မှာပင် အပြည့်အစုံပြုလုပ်နိုင်ရန်အတွက် ခြောက်လစီမံကိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း သိရသည်။

MMCPမှ ကိုသစ်စိမ်း(ဘာသာပြန်)အားကျေးဇူးတင်ရှိပါသည်.


No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...