Monday, April 23, 2012

စစ်သားလွှတ်တော်ကိုယ်စားလှယ်များအား အစားထိုး ပြောင်းလဲ


မြင့်လှိုင်၊

၂၀၁၂ ဧပြီ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး မှ
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်များတွင် မြန်မာစစ်သားကိုယ်စားလှယ်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသူများအား အစားထိုး ပြောင်းလဲခြင်းဆိုင်ရာ ကြေငြာချက် နှစ်ခုကို မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၂ ဧပြီ ၂၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ကြောင်း ဧပြီ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။ 
 
အစိုးရသတင်းစာတွင် ဖော်ပြထားချက်အရ ကြေငြာချက်အမှတ် ၂၂/၂၀၁၂ ဖြင့် စစ်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးအား အစားထိုး ပြောင်းလဲလိုက်သလို ကြေငြာချက်အမှတ် ၂၃/၂၀၁၂ ဖြင့် စစ်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။ ယခင် ခန့်အပ်ခဲ့တဲ့ စစ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦး အမည်စာရင်းကို မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၁ ဇန်န၀ါရီ ၂၀ ရက်နဲ့ ၂၉ ရက်နေ့များတွင် ကြေငြာခဲ့ပြီး စစ်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များစာရင်းကိုတော့ ၂၀၁၁ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။ 
 
ကာကွယ်ရေးဦးစီးချုပ်က ယခင် တင်သွင်းခဲ့တဲ့ စစ်သားကိုယ်စားလှယ်များဟာ ဗိုလ်မှူးအဆင့် ရှိသူများ ဖြစ်ပြီး ယခု ပြောင်းလဲ ခန့်အပ်လိုက်သူများကတော့ ဒု - ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်အဆင့် ရှိသူများ ဖြစ်ကြပါတယ်။ ယခု ခန့်အပ်လိုက်တဲ့ စစ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးတွင် ဗိုလ်မှူးချုပ် လေးဦး၊ ဗိုလ်မှူးကြီး ကိုးဦးနဲ့ ဒု - ဗိုလ်မှူးကြီး ၂၆ ဦး ပါဝင်ပြီး အများအားဖြင့် ကြည်းတပ်မှဖြစ်ကာ ရေတပ်နဲ့ လေတပ်မှ ဒု - ဗိုလ်မှူးကြီး တဦးစီ ပါဝင်ပါတယ်။ ထိုနည်းတူ စစ်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးတွင်လည်း ဗိုလ်မှူးချုပ် လေးဦး၊ ဗိုလ်မှူးကြီး ငါးဦး၊ ဒု - ဗိုလ်မှူးကြီး ၁၁ ဦး ပါဝင်ကာ ရေတပ်နဲ့ လေတပ်မှ ဒု - ဗိုလ်မှူးကြီး တဦးစီ ပါဝင်ပါတယ်။ ထိုသို့ စစ်သား လွှတ်တော်ကိုယ်စားလှယ်တွေ အစားထိုး ပြောင်းလဲခြင်းဟာ ရွေးကောက်ပွဲ ပုဒ်မ ၃၃ နဲ့အညီ အကြောင်းကြားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲတာ ဖြစ်ကြောင်း ကြေငြာချက်များတွင် ရေးသားထားပါတယ်။ စစ်တပ် ဖွဲ့စည်းပုံအရ ဒု - ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်တို့ဟာ ဗိုလ်မှူးအဆင့်ထက် တဆင့်စီ ရာထူးမြင့်သူများ ဖြစ်တဲ့အတွက် အခု ခန့်အပ်လိုက်တဲ့ စစ်သားလွှတ်တော်ကိုယ်စားလှယ်များဟာ အရင် စစ်သားလွှတ်တော်ကိုယ်စားလှယ်များထက် လုပ်ပိုင်ခွင့် ပိုမို ရရှိနိုင်မလားလို့ တွေးစရာ ရှိပါတယ်။ လက်ရှိ အစားထိုး ခန့်အပ်မှုအရ လွှတ်တော်တခုစီတွင် ပါဝင်တဲ့ ဗိုလ်မှူးချုပ်လေးဦးစီနဲ့ ဗိုလ်မှူးကြီးများဟာ သူတို့ထက် ရာထူးငယ်တဲ့ ဒု - ဗိုလ်မှူးကြီးများအပေါ် သြဇာသက်ရောက်နိုင်ဘွယ် ရှိပါတယ်။ ရာထူးအာဏာ မက်မောလှတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်းဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်မှ စတင်ကာ မြန်မာနိုင်ငံကို စစ်တပ်မျိုးဆက် အုပ်စိုးနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပြီး စစ်ဗိုလ်လောင်းများအား စစ်တပ်ရဲ့ အရေးပါပုံကို အလွန်အမင်း ချဲ့ကား ပြောဆို သင်ကြားပေးကာ နိုင်ငံရေးအာဏာ လက်မလွှတ်ချင်အောင်၊ စစ်တပ်လက်ထဲ အာဏာမရှိရင် တိုင်းပြည် ပျက်စီးနိုင်သယောင်ယောင် ၀ါဒမှိုင်းတိုက်ကာ ပုံစံသွင်းခဲ့ပါတယ်။ 
 
တကယ်တော့ ဗိုလ်နေ၀င်း (သခင်ရှုမောင်) ကိုယ်တိုင်က တိုင်းပြည် လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်လိုတဲ့သဘောနဲ့ ရဲဘော်သုံးကျိပ်ဝင်အဖြစ် ပါဝင်ခဲ့ခြင်း မဟုတ်ဘဲ သူ အလုပ်လုပ်နေတဲ့ စာတိုက်ကြီးတွင် အလွဲသုံးစားမှုဖြစ်ကာ ငွေ ပြန် မဆပ်နိုင်ဖြစ်နေစဉ် သူနဲ့ ရင်းနှီးသူ နိုင်ငံရေးသမားတဦးက ရဲဘော်သုံးကျိပ်အဖွဲ့ထဲ လိုက်ရန် ထည့်ပေးလိုက်တဲ့အတွက် စစ်သင်တန်း တက်ဖြစ်ခဲ့တာဖြစ်ကြောင်း ရှေးလူကြီးများက ပြောပြပါတယ်။ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါများဟာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်စောမောင် ဦးစီးတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အာဏာသိမ်းစေခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၊ ၁၉၉၂ ဧပြီ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်စောမောင်ရဲ့ ရာထူးကို ရယူခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ် မင်းအောင်လှိုင်အား လွှဲပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေတွင် ဗိုလ်ချုပ်သန်းရွှေလက်ထဲ၌ အာဏာ ရှိမနေတော့သော်လည်း စစ်တပ်ရာထူးက ထွက်ထားကြတဲ့ လက်ရှိ အစိုးရနဲ့ လွှတ်တော်ထဲက ပုဂ္ဂိုလ်များကတော့ ဗိုလ်ချုပ်သန်းရွှေအား အရိုအသေပေးနေဆဲဖြစ်ကြောင်း အချို့သတင်းရပ်ကွက်များက ပြောပြကြပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေ ဒုက္ခ ရောက်နေစဉ် အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၅ ရာနှုန်းရှိတဲ့ မြန်မာစစ်ဗိုလ်စစ်သားများ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်ရိုက် ခန့်အပ်နိုင်ပါတယ်။ ထိုသို့ ခန့်အပ်မှုကို မတရားမှုတခုအဖြစ် အများက ရှုမြင်ကြသော်လည်း မြန်မာစစ်တပ်ကတော့ ဒါဟာ တရားနည်းလမ်းကျတယ်လို့ ယူဆလျက် ရှိပြီး စစ်တပ်အနေနဲ့ တိုင်းပြည်အရေးကိစ္စတွေကို ၀င်ရောက် စွက်ဖက်သင့်တယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။
 
 http://burmatoday.net/news.php?news_ID=309
 
သတင်း - စစ်သား လွှတ်တော်ကိုယ်စားလှယ် အစားထိုး ပြောင်းလဲ - Apr 23 2012 05:45 AM EST

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...