Thursday, April 26, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီနိုင်ငံခြားရေဝန်ကြီး တွေ့ဆုံစဉ်

 
ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်း ၉ နာရီခွဲ အချိန်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Giulio Terzi တို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်တွေ့ဆုံခဲ့ပြီး ပူတွဲ သတင်းစာရှင်းလင်ပွဲတစ်ရပ်ကို နံနက် ၁၀နာ၇ီခွဲ့ အချိန်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည် ။

ရန်ကုန်၊ ဧပြီ - ၂၆ ရက်နေ့ အဆိုပါ တွေ့ဆုံမှုမှာ...

NLD ကိုယ်စားလှယ်များ လွှတ်တော်တက်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ယခုကျင်းပနေသော လွှတ်တော်အစည်းအ ဝေးများသို့ မတက်ရောက် သည့် ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာ တစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ မဟုတ်ကြောင်း၊ နိုင်ငံရေး အရ မဆုတ်သာ မတိုးသာသည့်အခြေအနေသို့ ရောက်ရှိစေရန် တွန်းအားပေးမည်မဟုတ်ကြာင်းနှင့် ပါတီ ကို ထောက်ခံအားပေးသူများလည်း တစ်သဘော တည်းရှိမည်ဟုထင်မြင်ကြောင်း ယနေ့နံနက်ပိုင်းက သတင်း စာရှင်း လင်းပွဲတွင်ပြောကြားခဲ့သည်။



သို့ရာတွင် ဘီဘီစီသတင်းဌာန၏ မည်သည့်အချိန်၌ ပါလီမန်ထဲ သွားနိုင်မည်လဲဟူသော မေးခွန်းကို “အဲဒီ့မေးခွန်းကို ကျွန်မအခု အဖြေမပေးနိုင်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်သည်ဟု သူမကပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲ၌ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုပြောကြားသွားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့သည်။သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသောရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့သည်။
 
7Day News Journal
http://www.facebook.com/7daynews
 

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...