Saturday, April 14, 2012

အမိန့်ရဲ့ နောက်ကွယ်က ရာထူးက ကြီးနေသလား


စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတဲ့အကြောင်း ပိုပြီးထင်ရှားတဲ့ ဥပမာပြရရင် မကြာခင်ကပဲ ကာချုပ်မင်းအောင်လှိုင်ကို ကာချုပ်အဖြစ် ပြန်လည်အတည်ပြု ခန့်အပ်ခြင်းဆိုတဲ့ အောက်ပါအမိန့်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တယ်။


ဒီအမိန့်ကိုကြည့်ရင်-

-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းလို့ ခေါင်းစဉ်တပ်တာကိုက အစဉ်အလာမဟုတ်ဖဲ ထူးခြားနေတယ်။
-ပြန်လည်အတည်ပြု ခန့်အပ်တယ်ဆိုတဲ့အမိန့်မျိုး အရင်ကမရှိခဲ့ပါ။ သတင်းစာတွေမှာ ပါနေကျက ဥပမာ-ညွှန်ကြားရေးမှုးချုပ်တဦးကို အစမ်းခန့်ကာလ တနှစ်ပြည့်တဲ့အတွက် အတည်ပြုခန့်တယ်ဆိုတဲ့ အရေးအသား အမိန့်မျိုးသာ ရှိခဲ့ဘူးတယ်။
တဘက်ကကြည့်ရင် ကာချုပ်လိုရာထူးကို အစမ်းခန့်ဆိုတာ မရှိပါ။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကာချုပ်ရာထူးခန့်ခဲ့တာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်။ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့စွဲနဲ့ အတည်ပြု ခန့်ခဲ့တာ ဖြစ်တယ်။ ၂၀၁၁ ခု မတ်လ ၃၀ ရက်ဆိုတာ ဦးသိန်းစိန်အစိုးရ စတင်အသက်ဝင်တဲ့နေ့ဖြစ်တယ်။ အစိုးရသစ်တက်တဲ့နေ့မှာ (အနားယူပြီဆိုတဲ့) ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ကာချုပ် ခန့်ခဲ့တာက ရှေ့နောက်မညီ ဖြစ်နေတယ်။
အခြေခံဥပဒေအရဆိုရင် ကာချုပ်မင်းအောင်လှိုင်ကိုခန့်တဲ့အမိန့်ရက်စွဲအရ လက်မှတ်ထိုးရမှာက သမ္မတဦးသိန်းစိန်သာ ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်သူ လက်မှတ်ထိုး ခန့်ခဲ့သလဲဆိုတာ ပဟေဠိ ဖြစ်နေတယ်။ ဒီအချက်ဟာ ဦးသိန်းစိန် ၀ါရှင်တန်ပို့စ်ကိုပြောသလို ကာချုပ်ကို သမ္မတကခန့်တာပါဆိုတာနဲ့ မကိုက်ညီဘဲ လွဲနေတယ်။
ဒီမှာတင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ခန့်ခဲ့တဲ့ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အခြေခံဥပဒေနဲ့ အတင်းကိုက်ညီအောင်ဆိုပြီး ထုတ်ပြန်တဲ့သဘောနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ ကိုယ့်ယိုးကားယား ခေါင်းစဉ်မျိုးတပ်ပြီး ဦးသိန်းစိန် ကတိုက်ကရိုက် လက်မှတ်ထိုးခဲ့ရတဲ့ပုံ ဖြစ်နေတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့အမိန့်ကို သမ္မတဦးသိန်းစိန်က ပြန်လည်အတည်ပြုပါသည်လို့ ထပ်ဆင့် အမိန့်ထုတ်ရတာကိုကြည့်ရင်
-စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတယ်
-ကာချုပ်ကို စစ်တပ်ကသာ ခန့်တာဖြစ်တယ်ဆိုတာ ထင်ရှားနေတဲ့အတွက် သမ္မတ ဦးသိန်းစိန် Washington Post ကို လက်လွတ်စပယ်ပြောတာနဲ့ ဆန့်ကျင်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျပ်အတည်း
ဖော်ပြခဲ့တဲ့ အထောက်အထားတွေအရ အခြေခံဥပဒေမှာ စစ်တပ်က သမ္မတထက် သြဇာကြီးလွန်းနေတယ်လို့ Washington Post သတင်းစာကို ဒေါ်အောင်ဆန်းစုကြည်ပြောတာ သွေးထွက်အောင် မှန်နေတယ်။ အဲသလို စစ်တပ်သြဇာကြီးလွန်းတဲ့ အခြေခံဥပဒေမျိုးနဲ့ ဒီမိုကရေစီ လမ်းကြောင်းရောက်အောင် သွားနိုင်ပါ့မလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်တယ်။

လွှတ်တော်နိုင်ငံရေးကို ၀င်ကထဲက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာပါမည်ဆိုတဲ့ကတိကလည်း ရွေးကောက်ပွဲ ဥပဒေအရ အလိုလို ပေးထားပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတွေဘက်က အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဖို့နေနေသာသာ ဝေဖန်မိရင်တောင် ဒီကတိချိုးဖောက်မှုနဲ့ အရေးယူခံရမဲ့ကိန်း။ လက်ရှိ လွှတ်တော်နိုင်ငံရေးအတိုင်း ဆက်လိုက်ရင်လဲ အခြေခံဥပဒေ ပုဒ်မ (၇) ပါ စည်းကမ်းပြည့်ဝတဲ့ ရွှေရည်စိမ် ဒီမိုကရေစီဆိုတာပဲရမယ်။
နိုင်ငံရေးစနစ်တခုရဲ့အခြေခံဆိုတာ အစိုးရကွန်စတီးကျူးရှင်းတွေဖြစ်လာအောင်လုပ်ပေးဖို့ ဖြစ်လာတဲ့ ကွန်စတီကျူးရှင်းတွေကို ပြင်နိုင်ဖို့ဆိုတာတွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျော့ဝါရှင်တန် တချိန်က ပြောဘူးတယ်။
ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင် ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့ ကြိုးစားရင်လဲ စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမဲ့ နိုင်ငံရေး အကျပ်အတည်းဖြစ်တယ်။
တကယ်တော့ ဒေါ်စုတဦးတည်းသာမဟုတ်။ အစိုးရစပွန်ဆာလုပ်တဲ့ လွှတ်တော်နိုင်ငံရေးကို ဖြတ်သန်းနေတဲ့ နိုင်ငံရေးသမားတိုင်း အခြေခံဥပဒေထဲက (ပြင်လဲ ပြင်သင့်တဲ့) စစ်တပ်သြဇာဖယ်ရှားဖို့ ပြင်မယ်ဆိုရင် ဒီအကျပ်အတည်းကို ကြုံတွေ့ရမှာဖြစ်တယ်။ သူတို့ရွေးချယ်တဲ့လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တယ်။


NLABR & Lwin Pwin
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...