Wednesday, April 25, 2012

တ.စ.ည ပါတီက အခမဲ့ ဖွင့်လှစ်မည့် အသုံးချနိုင်ငံရေးသိပ္ပံသင်တန်း



တ.စ.ည ပါတီက အခမဲ့ ဖွင့်လှစ်မည့် အသုံးချနိုင်ငံရေးသိပ္ပံသင်တန်း

အောင်ကိုကိုလတ်  (မြစ်မခ)
ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ၏ တိုင်းရုံးတွင် ‘အသုံးချနိုင်ငံရေး သိပ္ပံ’ သင်တန်းအား ၂၀၁၂ခုနှစ် မေလဆန်းပိုင်းမှ စတင်တာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 “သင်တန်းသားတွေကို ၁၀ တန်းအောင် သင်တန်းစိတ်ဝင်စားသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းဆရာ အနေနဲ့ ကျွန်တော်လည်း သင်ကြားပေးမှာပါ။ ဒေါက်တာ မျိုးမြင့်၊ ဒေါက်တာလှမောင်တို့အားတဲ့အချိန်နဲ့ညှိနိုင်း ပြီး သင်ကြားမယ့်ရက် သတ်မှတ်ပြီး သင်ကြားမှာဖြစ်တယ်” ဟု တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီမှ ဦးဝင်းမြင့် ကပြောသည်။


အဆိုပါသင်တန်းအား Unity Education Committee မှ ဦးစီး၍ ဦးဝိစာရလမ်းနှင့် ယောမင်းကြီးလမ်းထောင့်ရှိ (ဆောက်လုပ်ရေးမှတ်တိုင်အနီး) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တိုင်းရုံးတွင် အခမဲ့သင်ကြား ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

“ဘယ်လိုသင်တန်းပဲဖြစ်ဖြစ်ပေါ့ ပါတီတွေက အခမဲ့သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးလာတာ ကျွန်တော်အမြင် တော့ကောင်းပါတယ်။ နောက်ပြီး အခုခေတ်လူငယ်တွေစိတ်ဝင်စားတဲ့ နိုင်ငံတိုးတက်ဖို့အတွက် တစ်ထောင့် တစ်နေရာကအကျိုးပြုနိုင်တဲ့ သင်တန်းမျိုးတွေကို ဖွင့်လှစ်ပေးလာနိုင်တယ်ဆိုရင် ပိုကောင်းမယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းက အခမဲ့သင်တန်းများအား စိတ်ပါဝင်စားသူ ကိုလှမင်း ကပြောသည်။

အဆိုပါသတင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ (၄၀) ဦးသတ်မှတ်ထားပြီး တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် လိုင်စင်ဓာတ်ပုံ (ပတ်(စ်)ပို့ပုံ) နှစ်ပုံနှင့် ကိုယ်ရေးမှတ်တမ်း အကျဉ်းဖြင့် လျှောက် ထားနိုင်ပြီး လျှောက်လွှာတွင် သင်တန်းတက်ရောက်လိုသည့် ရည်ရွယ်ချက်အပြည့်စုံကို ရေးသားဖော်ပြရမည် ဖြစ်သည်။

သင်တန်းကာလအား နှစ်လ (မေ၊ဇွန်)ဟု သတ်မှတ်ထားပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂နာရီမှ ညနေ ၅နာရီတွင်း သင်ကြားပေးမည်ဖြစ်ပြီး  သင်တန်းဆင်းလက်မှတ်များအား ပေးအပ်သွားမည်ဖြစ်သည်။

သြဂုတ်လပိုင်းတွင်လည်း စီမံ့ခွဲမှုသင်တန်းများ၊ လူမူဝန်ထမ်းလုပ်ငန်းသင်တန်းများ၊ ကိုယ်ကျင့်တရားသင်တန်း များ၊ မီဒီယာ နှင့် လူထုဆက်နွယ်မှု သင်တန်းများစသော သင်တန်းများကို တ.စ.ညပါတီက ဆက်လက်ဖွင့်လှစ် သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

by Shwe Myitmakha Media Group on Wednesday, April 25, 2012 at 10:05am ·

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...