Friday, April 20, 2012

ဝန်ကြီး ဦးအောင်မင်း ဒုက္ခသည် စခန်းများကို လာရောက် စစ်ဆေးရန်ရှိ

Ban_tom_yam ဒုက္ခသည် ဆိုင်ရာ ပြန်လည် နေရာ ချထားရေး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ ၀န်ကြီးများ လာရောက် စစ်ဆေးရန် ရှိသည်ဟု ယမန်နေ့ နံနက် (၈) နာရီခန့်တွင် ကျင်းပသော ဘန်းတုန်ယမ်း ဒုက္ခသည် စခန်း အစည်းအဝေး၌ ထိုင်းအာဏာပိုင် များက ပြောကြား ခဲ့သည်ဟု ဒုက္ခသည် များက ပြောပါသည်။ “ဒီလာမဲ့ ဧပြီလနဲ့ မေလ ကြားမှာလည်း  ပြည်ထဲရေး ၀န်ကြီး ဦးခင်ရီး နဲ့ ရထားဝန်ကြီး ဦးအောင်မင်းတို့က ဒီစခန်းတွေကို လာကြည့် တော့မှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ရှင်းပြ ခဲ့တယ်လေ” ဟု ဒုက္ခသည် တဦးက ဆိုပါသည်။


 အဆိုပါ ရှင်းလင်း ပွဲတွင် မြန်မာပြည် တွင်း၌ အေးချမ်း သွားပြီး တည်ငြိမ်မှု ရှိလာသော ကြောင့် ဒုက္ခသည် များကို ပြန်လည် နေရာ ချထားရန် အတွက် ပြန်လည် နေရာချထားရန် ၀န်ကြီးများ ကိုယ်တိုင် လာရောက် စစ်ဆေးခြင်းဖြစ်သည်ဟု ထိုင်းအာ ဏာပိုင်များကပြောပါသည်။
“ဒီဒုက္ခသည် တွေကို သူတို့ နေရာချ ထားပေးဖို့ စဉ်စားထားတာ ရှိတယ်လေ။ သူတို့က(၃) နေရာ ရာထားပေးပါတယ်။ (၁) ကဖားအံ၊ (၂) က မြဝတီ၊ (၃) က ထားဝယ် ခရိုင် ဒေသတွင်း တနေရာပေါ့လေ တို့ဖြစ်ပါတယ်။” ဟု ထိုင်းအာဏာပိုင် တစ်ဦး က ပြောကြား သွားပါသည်။

ရှင်းလင်းပွဲ ကျင်းပခဲ့သော ထိုင်းအာဏာပိုင် များမှာ အဖွဲ့ (၄) ဖွဲ့ မှဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ ကန်ချန ဘူရီခရိုင်၊ စံခရဘူရီ မြို့ နယ် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ (လဝက)၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ဌာနမှုးများ၊ ထိုင်းစစ်တပ်မှ အရာရှိများနှင့် ထိုင်းထောက် လှမ်းရေး ဌာနမှ အရာရှိများဖြစ်ပါသည်။ ၄င်းတို့သည် ဒုက္ခသည်စခန်း အတွင်း၌ရှိ သော တာဝန်ရှိသူ (၁၀၀) ခန့်ကို ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ ခြင်းဖြစ်သည်။
ဤကိစ္စသည် UN အဖွဲ့၌ အပြည့်အဝ တာဝန်ရှိသောကြောင့် အစစရာရာ အဆင်ပြေစေရန်အတွက် UN မှ တာဝန်ယူသွား ရန် ဖြစ်သင့်သည်ဟုလည်း တိုက်တွန်း ပြောကြား သွားပါသည်။
Ban_02ဘန်းတုန်ယမ်း ဒုက္ခသည် စခန်းနှင့် ဆက်စပ်နေသော နေရာသည်၊  မွန်ပြည်သစ် ပါတီက လွှမ်းမိုးသော နေရာဖြစ်ပါသည်။ မွန်ပြည်သစ် ပါတီသည်၊ လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ ဤသို့ကြောင့် စခန်းအတွင်း၌ နေထိုင်သူများသည်လည်း ချိန်မရွေး နေရပ်သို့ ပြန်ခွင့်ပြု ကြောင်း ထိုင်းအာဏာပိုင် များက ပြောကြား ခဲ့ပါသည်။

 “လောလောဆယ်တွင် စခန်းအတွင်း၌ အသိအမှတ်ပြု မခံရသေးသူ (ကရင်လူမျိုး) များကို ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ အနီးမှာ ရှိတဲ့ မက္ကသ ကျေးရွာ၌ နေရာ ချထားပေးဖို့ KNU တာဝန်ရှိသူတွေက စီစဉ် ပေးနေပြီး ဖြစ်တယ်။ ကျန်တဲ့ UNHCR က အသိအမှတ်ပြုတဲ့ သူတွေကိုတော့ ခုနက ထိုင်းအာဏာပိုင်တွေ ပြောသလို UN က တာဝန် ယူမလားတော့ မပြောတတ်ဘူး ”ဟု စခန်းမှ နေထိုင်သူ ဒုက္ခ သည် တစ်ဦးက ပြောပါသည်။

စခန်းရှိ ဒုက္ခသည် တချို့သည်လည်း နေရပ်ကို ပြန်နေကြပြီးဖြစ်ပါသည်။ ဘန်းတွန်ယမ်း ဒုက္ခသည် စခန်းသည် ၁၉၈၄ ခုနှစ် တွင် အစိုးရ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် လာကြသော စစ်ပြေး ဒုက္ခသည် များ ဖြစ်ပါသည်။ ဒုက္ခသည်ပေါင်း (၈၀၀၀) ကျော် ရှိရာက ယခုဆိုလျှင် (၅၀၀၀) ၀န်းကျင်ခန့်သာ ရှိတော့ကြောင်း သိရပါသည်။

ထိုင်းနိုင်ငံ စံခလ ဘူရီနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ နယ်စပ်တွင် ၂၀၀၇ ခုနှစ်၌ ဒုက္ခသည် စခန်း ပေါင်း (၁၀) ခုရှိပြီး ဒုက္ခသည် ပေါင်း (၁၅၆၀၀၀) ဦးရှိခဲ့ပါသည်။ ထိုဒုက္ခသည် များကို ထိုင်းနိုင်ငံမှ (၂၇) နှစ် တိုင်တိုင် အကူ အညီများ ပေးလာခဲ့ ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1477-2012-04-20-11-59-06.html

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...