Saturday, April 14, 2012

ဒေါ့ဖုန်းယန် KIA တပ်စခန်း KIA ပြန်လည် ရယူ


သင်္ကြန်ကာလ ကချင်မှာ တိုက်ပွဲ ဆက်ဖြစ် BY-BBC

သင်္ကြန်ကာလမှာ မြန်မာနိုင်ငံ အနှံ့ ပျော်ရွှင် ရေကစားနေကြချိန်မှာ ကချင်ပြည်နယ်အတွင်း နေရာ တော်တော်များများ မှာတော့၊ အမြောက်သံ ဗုံးသံ ကျည်ဆံတွေနဲ့ တိုက်ပွဲတွေ တောက်လျောက် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကေအိုင်အေနဲ အစိုးရ စစ်တပ် အကြား အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်တဲ့ နေရာတွေကတော့ မိုးမောက်မြို့နယ် ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းနဲ့ ဝိုင်းမော်မြို့နယ် ‘ကန်ဒေါင်ယန်’ အနီးတဝိုက်မှာလို့ ဆိုပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ -‘မြို့သစ် - ကုန်းလော်’ရွာအနီးမှာ ကေအိုင်အေနဲ့ စစ်တပ်အကြား သောကြာနေ့ မနက် (၈)နာရီမှ (၈)နာရီခွဲအထိ တကြိမ်၊ နေ့လည် (၃)နာရီ ကနေ ညနေ (၆)နာရီကျော်အထိ တကြိမ် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)လက်အောက်ခံ တပ်ဖွဲ့တွေ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပြီး၊ အစိုးရ စစ်တပ်ဖက်က (၄)ယောက် ကျဆုံးကာ (၃) ယောက် ဒဏ်ရာရတဲ့အပြင်-မြင်းတွေပါ ဒဏ်ရာရမှုရှိခဲ့ကြောင်း ကေအိုင်အေ ဖက်က ဆိုပါတယ်။

အခုလို တိုက်ပွဲတွေ တကျော့ပြန် အရှိန်မြင့် လာရတာကတော့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက ဒေါ့ဖုန်းယန်အနီး တောင်ထိပ်ပေါ်ရှိ ကေအိုင်အေ ရှေ့တန်း စခန်းငယ်တခုကို အစိုးရ စစ်တပ်ဖက်မှ အင်အား(၁ဝဝ)ကျော်နဲ့ တက်ရောက် သိမ်းပိုက်လာတဲ့ အတွက် ကေအိုင်အေဖက်က ဆုတ်ခွါ ပေးလိုက်ရတာက စတင်တယ်လို့ ဆိုပါတယ်။

မနေ့က ကြာသပတေးနေ့ တုန်းကလဲ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ‘ရေတံခွန်’ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဖက်မှ (၁ဝ)ယောက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့သလို၊ ည (၁၁)နာရီ လောက်တုန်း ကလဲ မိုးမောက်မြို့နယ် ‘ခဝမ်ဘန်’ ရွာအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ အစိုးရ စစ်တပ်ဖက်မှ အင်အား(၁ဝ)ယောက်ကျော်ပါ ဟိုင်းလတ်ကားတစီး မိုင်းထိကာ ဂျောက်ထဲ ထိုးကျသွားရကြောင်း ဒေသခံတွေ အပြောအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၁၁)ရက်နေ့က ဆုတ်ခွါပေးလိုက်ရတဲ့ ရှေ့တန်းစခန်းကိုတော့ မနေ့က သောကြာနေ့ ညနေပိုင်းမှာပဲ ကေအိုင်အေဖက်က ပြန်လည် ရယူ လိုက်နိုင်တယ်လို့ ပြောပါတယ်။

အခုလို တိုက်ပွဲတွေ အရှိန်မြင့်လာမှုကြောင့် - ဗန်းမော်-လွယ်ဂျယ်လမ်းကိုလဲ ကေအိုင်အေ ဖက်ကနေ- ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကစပြီး ပိတ်ဆို့ ထားလိုက်ပြီလို့ ဆိုပါတယ်။

ကေအိုင်အေ ဖက်ကနေ- လမ်းကြောင်းပေါ် သွားလာနေကြတဲ့ ကားသမားတွေကို အသိပေးထားပြီး ဖြစ်သလို၊ မိုးမောက်မြို့နယ်အတွင်း-‘ခဝမ်ဘန်’ဒေသတဝိုက်အထိလဲ စာထုတ် စာကပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
 

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...