Monday, April 23, 2012

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုမည်ဟု သမ္မတပြော

Thein-Sein-parliament-session-august-22-2011


ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း ဂျပန်နိုင်ငံတွင် ရောက် ရှိနေသည့် သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တိုကျိုမြို့ နယူးအိုတာနီဟိုတယ်တွင် ဂျပန်မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဝင်ရောက်ရေး အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးသိန်းစိန်က ဖြေကြား လိုက်ခြင်း ဖြစ်သည်။


“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီး ကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု မဇ္ဈိမက ရရှိထားသည့် အသံဖိုင်တွင် ပါရှိသည်။

Thein-Sein-parliament-session-august-22-2011

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လိုလားချက်တခုဖြစ်သော လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်အစား၊ လေးစားလိုက်နာမည်ဟု ရွတ်ဆိုလိုကြောင်း သမ္မတမှ တဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြထားသည်။

NLD ၏ တင်ပြမှုနှင့် ပတ်သက်၍ သမ္မတမှ အဆိုပါ စကားရပ်ကို ပြောင်းလဲရန် အစီအစဉ် မရှိကြောင်း ဂျပန် သတင်းဌာန တခု၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသော်လည်း သမ္မတမှ ထိုသို့ ပြောကြား သွားခြင်း မရှိဟု နယူးအိုတာနီဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်သို့ တက်ရောက်ခဲ့သည့် ရန်ကုန်မီဒီယာဂရု(ပ်) လီမိတက်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

NLD က လိုလားနေသည့် ကျမ်းကျိန်မှု စကားလုံးအသုံးအနှုန်း ပြောင်းလဲရေးနှင့် ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ပေး၍ ရနိုင်သည်ဟုလည်း အထက်တန်း ရှေ့နေကြီး ဦးအောင်သိန်းက သုံးသပ်သည်။

“ဒီဥစ္စာက ဥပဒေပြင်တဲ့ကိစ္စ မဟုတ်သေးဘူး၊ လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားလုံးကို အစားထိုးပြင်တာဟာ အခြေခံဥပဒေပါ ပုဒ်မ တခုချင်းကို ပြင်တဲ့အဆင့် မဟုတ်သေးဘူး။ အဲဒါဟာ သမ္မတက ညှိနှိုင်းပေးရင် ပြင်လို့ ရနိုင်တယ်လို့ ကျနော့်ဘက်က အဲဒီလိုမြင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

NLD သည် ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု များတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် ပါတီ၏ လွှတ်တော် အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ပါက အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုရမည် ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံပြင်ရေး ခက်ခဲနိုင်သည် ဟုလည်း ဦးအောင်သိန်းက သုံးသပ်သည်။

“ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ သဘောအရ ပြင်ဖို့ဆိုတဲ့ စကားလုံး ပြောရခက်မယ်ဗျာ။ လေးစား လိုက်နာ ဆိုတဲ့ဟာမျိုးက ကျနော်တို့ ပြင်နိုင်တယ်။ သူတို့ (အစိုးရ) က အဲဒီ စကားလုံးကြီးနဲ့ ချီလာရင် ကျနော်တို့က ပြင်ဖို့ တင်ဖို့တောင် မလွယ်ဘူးဖြစ်မယ်။ NLD ကို လွှတ်တော်ထဲ ဝင်စေချင် တယ်ဆိုရင်တော့ သူတို့ တနည်းတဖုံ စဉ်းစားပေးသင့်တယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်ပါက လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် ပါရှိသည့် "လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း အပိုဒ်တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည့် အတိုင်း ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည်မှာ "ကျွန်ုပ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရပြီးဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါ မည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင် ရွက်ပါမည်။ ထို့အပြင် ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန် ဝတ္တရားများ ကို ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကတိသစ္စာပြုပါသည်။" ဟု ပြဋ္ဌာန်းထားသည်။

ထို ဇယား ၄ ပါ "ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက်" အစား "လေးစားလိုက်နာ" ဟု NLD မှ ပြင်ဆင်လိုနေခြင်းဖြစ်သည်။ NLD ၏ အဆိုပါ ညှိနှိုင်းမှုတောင်းဆိုမှု မရရှိသေး မရှိသေးသည့် အတွက် တနင်္လာနေ့ တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့ NLD အမတ်များ တက်ရောက် ခြင်း မရှိသေးပေ။

မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်

http://www.mizzimaburmese.com/news/inside-burma/9251-2012-04-23-11-25-39.html

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...