Friday, April 13, 2012

မနက်ဖြန် နိုင်ငံခေါင်းဆောင်များကို တောင်းဆိုချင်တယ်


မနက်က နိုင်ငံခေါင်းဆောင်များကို တောင်းဆိုပါသည် ဆိုတဲ့ စာတစ်စောင်နဲ့ပုံ FB မှာ တင...်ပေးလိုက်တာကို မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း ကော့မန့်လေး ရေးလာပါတယ်။ ရင်နာနာနဲ့ Phoe Kyaw ရဲ့ ကော့မန့်လေးကို အောက်ပါအတိုင်း ပြန်လည် တင်ပြအပ်ပါတယ်။
*******
ကျွန်တော်က မိုးမိတ်မြို့ကပါ မိုးမိတ်နားက သစ်တွေဆိုတရုတ်က ခိုးလို့ကုန်ပြီ အရာရှိပိုင်းကလည်း သူနည်းသူဟန်နဲ့ခိုးတယ် ဓနရှင်တွေကလည်း အာဏာရှင်နဲ့ပေါင်းပြီး ခိုးတယ် မိုးမိတ်နားက မိုးလိုရွာ ဆိုရင် အဲမှာတာဝန်ကျတဲ့ စစ်ဗိုလ်တွေဆို တရုတ်ကပေးတဲ့ ယာဘဆေးချလိုက် ပိုက်ဆံယူလိုက်နဲ့ မဟုတ်တာတွေကြီးဘဲ လုပ်နေတာ ရွာသားတွေဆိုရင် လူပိုဖြစ်ရင် ဆေးချတတ်ပြီလေ ခုတော့သစ်ကွက်တွေကို ကုမ္မဏီကိုပေးလိုက်ပြီလေ ပိုဆိုးဘဲ တိုင်လိုက်အရွယ်ပါမကျန် အားလုံးကို ခုတ်တော့တာဘဲ တရုတ်ကယူလိုက် ကုမ္မဏီက ယူလိုက်နဲ့ ကုန်ပြီလေ တ၇ုတ်တွေကို အဲမှာဆရာတဆူလိုဘဲ "လောပန်း ...လောပန်း" နဲ့ ဖားရတာ ကိုယ့်နိုင်ငံထဲဝင်လာတဲ့ သူခိုးတွေကို အဲ့ဒီလို ဆက်ဆံနေရတယ်။
အဲဒီမှာ သစ်လာဝယ်တဲ့တရုတ် တစ်ယောက်ရဲ့ လူယုံကိုပြောတာ "သစ်ကိုဝယ်တာမဟုတ်ဘူး ရာဘဆေးပြားနဲ လှဲပြန်တာတဲ့" ကောင်းကြသေးရဲ့လားဗျာ။ ဆေးကို သစ်ခုတ်သမားတွေဆီ ပြန်ရောင်းတာလေ အမြတ်တွေ အများကြီးရတယ် သစ်ခုတ်ခ ရပြီးတဲ့အပြင် ရာဘ ဆေးအတွက် အမြတ်ပါယူသွားတယ်လေ ခု "ဖြိုးစည်သူကုမ္မဏီ" က အဲဒီမှာခုတ်နေတာ ကျွန်းသစ်တွေကောဘဲ ခိုးတာဖြစ်နိုင်တယ် ကျွန်းသစ်ကတော့ တရားဝင် ပါမစ် မရလောက်ဘူး၊ နောက်မှာကုမ္မဏီခုတ်ထားတဲ့ ပုံတွေအများကြီး တင်လိုက်မယ် အကိုရေ။

ဓါတ်ပုံ - ကျော်ကျော် (Or) 정민재
See More

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...