Thursday, April 19, 2012

ဒီနေ့ ဟစ်တလာ နဲ့ သူ့ရဲ့ မွေးနေ့ပါ ဘာတွေကွာခြားသလဲ သိချင်နေကြပြီ...


ကဲ... ဒီနေ့တော့ မွေးနေ့ ဟစ်တလာနဲ့ သူရဲ့ မွေးနေ့ပါ..။ သို့သော် လက်ရှိ အကောင်းတွေကို လက်ခံလာ တဲ့ သူကို ဘယ်လို သုံးသပ်ပြီ.. သူကို ဆုတောင်းပေးချင်ပါသလဲ..။ ကောင်းသော ဆုတောင်းလေးတွေ တော့ ရင်ထဲမှာ အပြည့်ပါ..။ သို့သော် သူကို မှီနေတဲ့ ပြည်သူတွေအတွက် သူ့ကို အကြောင်းပြု ကျန်သူ တွေ ကောင်းစေဖို့ ဆုတောင်းပေးချင်တယ်..။ လာချင်ကောင်းပါစေ... ပွင့်လင်းသော ဖြောင့်မတ်သော နည်းကောင်းတွေကို သယ်ဆောင်လို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းကျိုးတွေကို သယ်ဆောင်နိုင်တဲ့ နိုင်ငံသားကောင်း တယောက် ဖြစ်ပါစေ..။ အများ မနှစ်သက်သော နည်းမှားတွေကို နှစ်သစ်ကူးတဲ့ ဒီလို သူ့ရဲ့ မွေးနေ့မှာ စ၍ နောက် သူရှိသမျှ ကာလပတ်လုံး သူအသက် သူလုပ်ဆောင်ချက်တွေ အတ္တအတွက် မဟုတ်ပဲ... ပြည်သူ့အတွက် ဖြစ်ပါစေလို့ ဆုတောင်းပေးချင်တာ... သူ့အတွက် ပြည်သူ့အတွက်တွေပါ..။ 
ပြည်သူအတွက် အသက်ဆက် တိုးတက်အောင်မြင်ပါစေ...။ အတ္တကိုရှောင် လူတို့ဘောင် တိုးတက် အောင်မြင်ပါစေ..။ အမျက်ဒေါသ မရှိရ ပြည်ချစ် တို့ ခေါင်းဆောင်....။ ပြည်သူ ချစ်အောင် အတ္တရှောင် တိုးတက် တို့ ခေါင်းဆောင်...။ ဟစ်တလာ မောင်.. အတ္တကောင် မဖြစ်အောင် ကောင်းကျိုးတွေကို ဆောင်..ဆိုသလို ပြည်သူတွေ ယုံကြည်မှုတွေ အပြည့်နဲ့ မျက်စိမကန်းစေချင်ဘူး။ စက္ခုနှစ်ကွင်း အလင်းရကာမျှ အလင်းမရကြတဲ့ သူတို့အတွက် အမှောင်ဘဝ ပြန်မရောက်စေချင်ဘူး..။ ပြည်သူ့အလင်းကို ဒီလို မွေးနေ့မှာ အကောင်းဆုံးလက်ဆောင်တခုလောက် ပြည်သူတွေ ကြားချင်မှာ အမှန်ပဲ...။
ယနေ့...ဧပြီ..၂၀ရက်နေ့တွင်..ကျရောက်သော...သမ္မတကြီး၏..၆၇နှစ်မြောက် မွေးနေ့တွင်...သမ္မကြီး၏ ကိုယ်ရေးအကျဉ်းမသိရှိသေးသူများအတွက်... အင်တ်ာနက်မှ..တွေ.ရှိခဲ့သော... သူ့အကြောင်း.. တချို့ တဝက်ကို ...ဖော်ပြပေးလိုက်ပါတယ်....နိုင်ငံတော်သမ္မတ (အဂ္ဂမဟာသရေစည်သူ) ဦးသိန်းစိန်သည်
၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့်တို့မှ ဖွားမြင်ခဲ့သူဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။
 
ထို့နောက် စစ်တက္ကသိုလ် ၊ အပတ်စဉ် (၉) တွင်တက်ရောက် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်) ရရှိခဲ့ပြီး 
၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊ 
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့် ခလရ(၈၉) တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ (၈၉)၊ နတခနှင့် ကက (ကြည်း)တို့တွင် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး (၂) အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ...
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှားခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။

By: Thi Ha

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...