Wednesday, April 25, 2012

အိုင်စီတီပွဲအပြီးတွင် သင့်တော်သောဈေးဖြင့် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုနိုင်မည်ဟု ဆက်သွယ်ရေး ဒု-၀န်ကြီးပြောဆို


အိုင်စီတီပွဲအပြီးတွင် သင့်တော်သောဈေးဖြင့် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုနိုင်မည်ဟု ဆက်သွယ်ရေး ဒု-၀န်ကြီးပြောဆို



ယမင်း(မြစ်မခ)
ဧပြီ(၂၅)ရက်၊၂၀၁၂ခုနှစ်။

အင်တာနက်အသုံးချမှုပိုမိုမြှင့်တင်နိုင်ရေးအတွက် လာမည့်ဇွန်လွင် ကျင်းပမည့် National ICT Forum  ပွဲအပြီးတွင်  အင်တာနက်လိုင်းများအား သင့်လျော်သော ဈေးနှုန်းဖြင့် အသုံးပြုနိုင်ကြမည်ဖြစ်ကြောင်း ဧပြီလ ၂၃ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဖြေကြားခဲ့သည်။


မြန်မာနိုင်ငံရှိ သုံးစွဲမှုစရိတ်ကြီးမြင့်နေသော အင်တာနက်ဈေးနှုန်းများအား သက်သာနိုင်စေရန်နှင့် အင်တာနက် လိုင်းများ မြန်ဆန်စွာ အသုံးပြုနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ဧပြီလ ၂၃ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းကို “မကြာမီကာလအတွင်းမှာ အင်တာနက် လိုင်းတွေ ပိုကောင်းလာအောင်နဲ့  အခုလက်ရှိ သုံးစွဲနေတဲ့ အင်တာနက်ကြေးတွေ သက်သာစေအောင် ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ၀ိုင်းဝန်းအဖြေရှာ ကြည့်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဧပြီလ ၂၃ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဖြေကြားခဲ့သည်။

အင်တာနက်သုံးစွဲမှုတွင် မိမိသုံးစွဲသော download ပမာဏကိုသာ ပေးရမည့် တန်ဖိုးနည်း စနစ်ကိုလည်း Wimax စနစ်တွင် သုံးစွဲမည်ဖြစ်၍ အင်တာနက်သုံးစွဲမှု တန်းဖိုးများ လျော့ကျလာနိုင်ကြောင်း၊ အင်တာနက်လိုင်း ကောင်းမွန်ရေးနှင့် ပါတ်သတ်၍လည်း အင်တာနက်ကွန်ရက် အဆင်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး Internet Bandwidth ပမာဏအား 14 Gb အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောခဲ့သည်။
 

“အင်တာနက် လိုင်းတွေမကောင်းတာ ကြာပါပြီ။ မြို့ထဲကဆိုင်တွေလောက်ပဲ လိုင်းတွေ ကောင်းတယ်။ အင်တာနက်သုံးရင်လည်း တစ်နာရီကို (၄၀၀) ဆိုပေမယ့် လိုင်းမကောင်းတော့ တစ်နာရီသုံးရမယ့်နေရာ နှစ်နာရီလောက် သုံးရတယ်။ ပြီးတော့ တချို့ဆိုင်တွေဆို (၁၅)မိနစ်လောက် သုံးတာကို ၃၀၀ လောက်ပေးခဲ့ ရတယ် ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း  (၄၃) ရပ်ကွက်မှ မမေဖူးဇော်မှ ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်နီးချင်းအခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက် တပ်ဆင်ခဈေးနှုန်းများ ကြီးမြင့် နေရခြင်းမှာ Internet အခြေခံအဆောက်အအုံစတင် အချိန်ယူတည်ဆောက်မှုစရိတ် ကြီးမြင့်မှုပေါ်တွင် မူတည်နေကြောင်း၊ သုံးစွဲသူအရေအတွက်များလာသည်နှင့်အမျှ ကနဦးတပ်ဆင်ခများမှာ လျော့ကျသွားနိုင် ကြောင်းကိုလည်း သိရှိရသည်။ 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအင်တာနက်ဆက်သွယ်မှုစနစ်၌ ပုဂ္ဂလိကဆက်သွယ်ရေး ကွန်ယက်ကုမ္ပဏီများစွာထားရှိခြင်းကလည်း အင်တာနက်လိုင်းမြန်ဆန်မှုနှုန်း ကောင်းမွန်မှုကိုဖြစ်ပေါ်စေပြီး ၄င်းနိုင်ငံ၏ အင်တာနက်စနစ်တွင် လာမည့်နှစ်များ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ Free Wireless Network ing System စနစ်အား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်

မြန်မာ့အင်တာနက်ဆက်သွယ်ရေး ကွန်ယက် တွင်လည်း မြန်နှုန်းမြင့်စေရန်အတွက် ထိုကဲ့သို့ ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီ အများအပြားထား ရှိသင့်ကြောင်း  It ပညာရှင်တစ်ဦးက အကြံပြုပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်မှုစနစ်၌ မြန်မာဆက်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိသည့် Elite? ရတနာပုံတယ်လီပို့နှင့် Red Link၊ Fortune စသည့် ကုမ္ပဏီများက အဓိကဆောင်ရွက် နေကြောင်း သိရှိရသည်။

by Shwe Myitmakha Media Group on Wednesday, April 25, 2012 at 11:07 am
 

http://www.facebook.com/notes/shwe-myitmakha-media-group/%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%85%E1%80%AE%E1%80%90%E1%80%AE%E1%80%95%E1%80%BC%E1%80%B2%E1%80%A1%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%9E%E1%80%84%E1%80%B9%E1%82%94%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%80%85%E1%80%BA%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%82%94-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%A1%E1%80%84%E1%80%B9%E1%80%90%E1%80%AC%E1%80%94%E1%80%80%E1%80%B9%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%99%E1%80%8A/397646226922529

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...