Tuesday, April 17, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖွင့်

 
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်ဆန်းတရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကံစမ်းမဲ ဖောက်ရာ ပထမဆုအဖြစ် ကမာမက်ကျေးရွာက ရရှိသွားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဧပြီလ ၁၆ ရက်နေ့က ထူထောင်ထားခြင်း ဖြစ်သည်။ ဖောင်ဒေးရှင်း၏ ရန်ပုံငွေထဲမှ ကျပ်သိန်း ၃၀၀ ကို ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်မှ ကျေးရွာအုပ်စု ပေါင်း ၆၂ စုတွင် ကံစမ်းမဲသုံးခုဖောက်ခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ကမာမက်ရွာက လည်းကောင်း၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆတိုင်မွန်ရွာ က လည်းကောင်း၊ တတိယဆု ကျပ် သိန်း ၅ဝ ကို ပုပ္ပါးရွာက လည်းကောင်း အသီးသီး ရရှိသွားခဲ့ခြင်းဖြစ်သည်။ 

“ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနဲ့ ကပ်လျက်မှာရှိတဲ့ စင်မှာ အခမ်းအနားဖွင့်တယ်။ ပြီးတော့ ရွာသုံးရွာ ကံစမ်းမဲကို ၆၂ အုပ်စု ကိုယ်စားပြုပြီးတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ မဲနှိုက်ပေးပါတယ်။ ပထမဆု ကမာမက်က ရသွားပါ တယ်”ဟု ဦးခွန်သာမြင့်က မဇ္ဈိမကို ပြောသည်။
dkkfoundation
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖောက်ရာတွင် မဲပေါက်သော ကော့မှူးမြို့နယ် ကမာမတ်ကျေးရွာမှ လူကြီးတဦးအား ဒေါ်အောင်ဆန်းစုကြည်က ဆုငွေပေးအပ်နေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


ကော့မှူးမြို့ရှိ ဝိဇ္ဇောဒယ ကျောင်းတိုက်မှ ဆရာတော်အား ဒေါ်အောင်ဆန်းစုကြည်က သင်္ဃန်းကပ်လှူပြီး နောက် ကံစမ်းမဲ အစီအစဉ် ပြုလုပ်ခြင်း ဖြစ်သည်။

ကော့မှူးမြို့မှ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဆဆိုင်မွတ်ကျေးရွာ ဒေသခံ ဦးစိုးမြင့်က မဲပေါက်ငွေကို ဆင်းရဲကျေးရွာလေး အတွက် လိုအပ်သည့်နေရာတွင် အသုံးချနိုင်မည်ဖြစ်၍ ဝမ်းသာကြောင်း ပြောသည်။

“ဝမ်းလည်းသာပါတယ်း။ ကံလည်း ထူးပါတယ်။ ဒီပါတီကိုလည်း လေးလည်း လေးစားတယ်။ ဂုဏ်လည်းယူပါတယ်။ ဝမ်းလည်းသာပါတယ်။ ကျနော်တို့ရွာမှာ ခုလို ဒုက္ခရောက်ပြီး လိုအပ်နေတဲ့နေရာ၊ ဆင်းရဲ နွမ်းပါးတဲ့အတွက် ခုလို ဆုရသွားတော့ အတိုင်းနဲ့အလွန် ဝမ်းမြောက်ပါတယ်။ ကျနော်တို့ကျေးရွာ လိုအပ်တဲ့နေရာလေးကို သုံးလို့ရတာ ဝမ်းသာပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဆတိုင်မွတ်ကျေးရွာသည် လိုအပ်ချက် များစွာရှိနေသော်လည်း အဓိကအားဖြင့် မိုးတွင်းကာလတွင် ရေကြီးသည့်အခါ တခါတရံ ရေမြုပ်လေ့ရှိသဖြင့် ရေမတိုးနိုင်ရန် (တာ)ကာရန် လိုအပ်နေသလို၊ အမက စာသင်ကျောင်းလည်း ပြန်လည်
ပြုပြင်ရန် လိုအပ်နေပြီး မည်သည့် နေရာတွင် အသုံးပြုသွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးစိုးမြင့်က ဆက်ပြော သည်။

အဆိုပါ ဆုငွေများကို ကံစမ်းမဲ ပေါက်ခဲ့သော ကျေးရွာသားများ ကိုယ်တိုင် စည်းဝေး ဆုံးဖြတ်၍ အများအကျိုးရှိမည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်ချက် တခုခုအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးခွန်သာမြင့်ကပြောသည်။

ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတအနုပညာရှင်များ ဖြစ်သော လူမင်း၊ဝေဠုကျော်၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ အနဂ္ဂ၊ သျှီ၊ သံသာဝင်း၊ သားထွေးတို့ အပါအဝင် လိုက်ပါ ကူညီခဲ့ပြီး ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားအပြီး ဒေါ်အောင်ဆန်းစုကြည်က စင်ပေါ်တက်ပြီး အဆိုတော်များနှင့်အတူ “မြနန္ဒာ”သင်္ကြန်သီချင်း သီဆိုဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က သိန်း ၁ဝဝ မတည်ကာ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ပြည်သူ လူထုအတွက် လူမှုရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့သွားရန် ရည်ရွယ်၍ ထူထောင်လိုက်ခြင်း ဖြစ်ကာ ပထမဆုံး အဖြစ် ကော့မှူးမြို့နယ် ကျေးရွာသားများအတွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဆောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းမြောင်းမြမြို့တွင် အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစုတို့မှ မွေးဖွားခဲ့သည်။

၁၉၆ဝ ခုနှစ်က ဒေါ်ခင်ကြည်အား မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် အိန္ဒိယနှင့် နီပေါလ် နိုင်ငံများ အတွက် ပူးတွဲတာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် သံအမတ် တာဝန်အပြင် လွှတ်တော်အမတ်၊ မြန်မာ အမျိုးသမီးအသင်း ဥက္ကဋ္ဌနှင့် အခြား လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့၏ စွမ်းဆောင်မှုကို အစိုးရမှ အသိအမှတ် ပြုသောအားဖြင့် မဟာသီရိသုဓမ္မဘွဲ့ကိုလည်း ချီးမြင့်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပြီးနောက် သားကြီး ဦးအောင်ဆန်းဦး နှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...