Thursday, April 12, 2012

သူတို့ဆီက မြို့ပြခရီးသွား သယ်ယူပို့ဆောင်ရေးစံနစ်


သူတို့ဆီက မြို့ပြခရီးသွား သယ်ယူပို့ဆောင်ရေးစံနစ် Urban Transport and Commuting System

မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ လူဦးရေဟာ (2011) မှာထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ လူဦးရေ (14-Million)ကျော်သွားပါပြီ။ သန်း(၇၀)သော မြန်မာပြည်လူဦးရေ ရဲ့ (၅)ပုံ (၁)ပုံ ပမာဏပါ။( ဒေါက်တာကျော်လတ် ရဲ့ ခန့်မှန်းချက်နဲ့ အနည်းငယ်ကွဲလွဲပါတယ်။) ဒါဟာရန်ကုန်ကိုနေ့တစ်ဓူဝ ၀င်ထွက်နေတဲ့ ရပ်ဝေးခရီးသွားတွေကို ထည့်မတွက်ထားသေးဘူး။
နေပြည်တော်လို မြို့မျိုးပေါ်လာပေမယ့်လည်း နေပြည်တော်ဟာ ရန်ကုန်ဖြစ်လာဘို့မလွယ်ပါဘူး။ ၀န်ထမ်းဦးရေ သိန်းနဲ့ချီပြီး လူဦးရေ ကိုတက်အောင်လုပ်ပေမယ့်လည်း အဲဒီဝန်ထမ်းတွေဟာ နေပြည်တော်မှာ အခြေချမယ့်သူ အင်မတန်ရှားပါလိမ့်မယ်။ နေပြည်တော်အခြေကျစပြုတဲ့ (၂၀၀၇) ကနေပြီးတော့ အခု(၂၀၁၂) ငါးနှစ်တာကာလအတွင်း နေပြည်တော်ကို သွတ်သွင်းလိုက်တဲ့ လူဦးရေထက်ကို အဲဒီနှစ်တွေအတွင်း ရန်ကုန်ကို ပြောင်းရွှေ့ အခြေချလာတဲ့ လူဦးရေကပိုများတာကို စစ်တမ်းအချို့ကနေ ကျွန်တော်သတိထားမိပါတယ်။ အခုဆို နေပြည်တော်မှာ စီမံကိန်းတွေရပ်လိုက်တာကြောင့် နေပြည်တော်လူဦးရေဟာ တစ်ဟုန်ထိုးတိုးတက်လာဘို့ အခွင့်ပိုနည်းပါတယ်။
ရန်ကုန်ကတော့ ကြည့်ရင်းကြည့်ရင်း Mega City တစ်ခုဖြစ်မှန်းမသိဖြစ်လာပါပြီ။ တစ်ပြိုက်နက်တည်းမှာပဲ ကျွန်တော်တို့ ရဲ့ မြို့တော် ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဏကို အလျင်အမြန်ကုစားဘို့ရာ လိုအပ်နေပါပြီ။ ဒါပေမယ့် လောလော၊ လောလော လုပ်ရန်ဟုမဆိုလိုပါ။ ဒါကောင်းတယ်လို့ တစ်ယောက်ကပြောလိုက် လုပ်လိုက်၊ ဟိုဟာကောင်းတယ်လို့ နောက်တစ်ယောက်ကပြောလိုက် ဟိုဟာလိုက်လုပ်လိုက်နဲ့ ဆေးမြီးတိုပေါင်းစုံကြားမှာ သားသေရတဲ့ အဖြစ်မျိုးနဲ့ ကျွန်တော်တို့ရဲ့ မြို့ပြတွေကို မရောက်စေချင်လို့ သူတို့ဆီက မြို့ပြသယ်ယူပို့ဆောင်ရေးအကြောင်း တစ်စေ့တစ်စောင်းကို ဒီနေ့တင်ပြချင်တာပါ။
ရထားပို့ဆောင်ရေးစံနစ်
ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ မြို့ပြတစ်ခုမှာ ရထားသယ်ယူပို့ဆောင်ရေးစံနစ်ဟာ အတော်အရေးပါပါတယ်။
အကြောင်းက -
(၁) ရထားမှာ လက်ရှိရန်ကုန်က ဘတ်(စ)ကားတွေလို လမ်းလယ်ခေါင်ရပ်ပြီး လူအတင်အချလုပ်နေလို့ လမ်းပိတ်ရတာမျိုးမရှိပါဘူး။
(၂) ရထားဟာ ဘတ်စကားထက် ၀န်တင်နိုင်မှုနဲ့ ဆီစားနှုန်းအချိုးမှာ အလွန်ကွာဟပါတယ်။
( FUEL CONSUMPTION ADVANTAGE )
(၃) ရထားဟာ တစ်စီးထဲနဲ့ လူအများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ ရုံးဆင်းရုံးတက်ချိန်တွေမှာ ပုံမှန်ခုနှစ်တွဲပါတဲ့ ရထားတစ်စီးဟာ လူ(၆၀၀)ခန့်ထိ သယ်ပို့ပေးနိုင်ပါတယ်။ ( Mass transport )
(၄) လူအများခရီးသွားတတ်တဲ့ လမ်းကြောင်းအနီးမှာ ရထားလမ်းတစ်ခုသာ တည်ဆောက်ပေးနိုင်ရင် အလုပ်သွားအလုပ်ပြန် အချိန်တွေမှာ ရထားဟာ အချိန်ကုန်သက်သာစေပါတယ်။
( Time Saving Advantage )
သူတို့ဆီကမြို့ပြတွေမှာ ရထားလမ်းတွေကို လူဦးရေသိပ်သည်းသော အစိတ်အပိုင်းတွေ၊ စီးပွားရေးရပ်ကွက်တွေကို ဖြတ်သန်းဖောက်လုပ်ထားကြပါတယ်။ အဲဒီထဲကမှ အဓိကကျတဲ့ ဘူတာတွေမှာ အနီးအနားတစ်ဝိုက်နဲ့ ရထားလမ်း မဖောက်လုပ်နိုင်သေးတဲ့ နေရာတွေကို ဖြတ်သန်းဆက်သွယ်ဘို့ ဘတ်စကားဂိတ်တွေထားရှိပါတယ်။
မြို့တော်တွင်းမှာပြေးဆွဲတဲ့ရထားအများစုဟာ third rail လို့ခေါ်တဲ့ သံလမ်းတစ်လျှောက်သွယ်တန်းထားတဲ့ high-Amp DC လျှပ်စီးချောင်း (သို့) ကောင်းကင်ဓါတ်ကြိုးမှ လျှပ်စစ်ကို အသုံးပြုပြီး ခုတ်မောင်းပါတယ်။ လျှပ်စစ်ဓါတ်အားအသုံးပြုထားလို့ မြို့တော်တွင်း မလိုအားအပ်သော မီးခိုးထွက်မှုကို မဖြစ်စေပါ။ ( Green Transport )
ရထားကို (၅)မိနစ်တစ်စီးကျ ပြေးဆွဲနေသည် ဆိုပါစို့။ မြို့တော်တွင်း ဖြတ်သန်းသွားတဲ့ ရထားလမ်းတွေဟာ မြေပြင်မှာသာသွားနေမယ်ဆိုရင် ကားတွေ၊လူတွေဟာ ရထားသံလမ်းကူးဘို့ စောင့်လို့ဆုံးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ရထားလမ်းတွေကို မြေပြင်ကနေအပေါ်မြှင့်ပြီး မိုးပျံရထားလမ်း(elevated track)ပေါ်မှာ သွားစေပါတယ်။ ဒါပေမယ့် တန်ဘိုးကြီးမြေနေရာပေါ်မှာ အထပ်မြင့်ဆောက်ထားတဲ့ မြို့လယ်ခေါင်ရပ်ကွက်တွေကို ဖြတ်တဲ့အခါ မိုးပျံရထားဟာ မတတ်သာတဲ့အဆုံး နည်းပညာအရကော၊ ကုန်ကျစံရိတ်အရပါ ဈေးကြီးတဲ့ မြေအောက်ရထားလမ်းကို ဖြတ်သန်းရပါတော့တယ်။
အရှိန်နဲ့ မိုးပေါ်မှာသွားနေတဲ့ရထားမှာ လိုက်ပါတဲ့သူတွေဘေးအန္တရာယ်ကင်းရှင်းဘို့ ရထားတိုင်းဟာ တံခါးအလုံပိတ်ပြီး air-con ဖြင့် ventilation (သန့်ရှင်းသော လေအ၀င်အထွက်စံနစ်) တပ်ဆင်ထားရပါတယ်။
ရထားနဲ့ခရီးသွားကြတဲ့သူတွေမှာ တစ်ကိုယ်ရေသုံးလက်ဆွဲတန်ဆာပါလာမှာပါဘဲ။ ဒီလက်ဆွဲတန်ဆာတွေမှာ အောက်ခြေမှာဘီးတပ်ဆင်ထားတဲ့အခါ ရထားထဲအလွယ်တစ်ကူ ၀င်ရောက်ဘို့၊ ကလေးတွေကို လက်တွန်းလှည်းထဲထည့်ပြီး ဆွဲလာတဲ့အခါ လက်တွန်းလှည်းအလွယ်တစ်ကူ ၀င်ထွက်နိုင်ဘို့ ၊ ဘီးတပ်လက်တွန်းလှည်းနဲ့လာတဲ့ မသန်မစွမ်းသူတွေအဆင်ပြေစေဘို့ရည်ရွယ်ပြီး ဘူတာစင်္ကြန်ကိုရထားကြမ်းခင်းနဲ့ တစ်ပြေးညီပုံစံပြုတည်ဆောက်ထားပါတယ်။
ရထားလက်မှတ်
ရထားလက်မှတ်/ ကားလက်မှတ်အကြောင်း အကျယ်ကိုအောက်ပါပို့စ်တွင် ဖတ်နိုင်ပါသည်။
ipay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်
https://www.facebook.com/note.php?note_id=335559886500247
ဘတ်(စ)ကား
ဘတ်(စ)ကားအကြောင်းရေးမယ်ကြံတော့ စင်္ကာပူမှာ စီးပွားရေးလုပ်နေတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားကို သွားသတိရတယ်။ ငါဒီမှာရောက်တာ 10 နှစ်ကျော်ပြီ။ ဒီဘတ်(စ)ကားကြီးတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ၊ တစ်ခါမှမကြုံဖူးဘူးတဲ့။ သူတို့ဆီမှာ ရထားနဲ့ ဘတ်(စ)ကားတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းက တစ်ဦးတည်းပါ။ ထိုဘတ်(စ)မောင်းတဲ့သူဟာ ကားမောင်းတတ်ရုံနဲ့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး၊ လူမှုဆက်ဆံရေး အကုန်လုံးနဲ့ ချိန်ထိုးပြီးမှ ခန့်ပါတယ်။ ခန့်ပြီးတဲ့ တန်းမောင်းလို့မရသေးပါဘူး။ စံနစ်တကျ ထပ်ပြီး ထရိန်နင် ပေးပါသေးတယ်။ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ကျော်လွန်ပြီးမှ ကားပေါ်တက်မောင်းရတာပါ။
မြို့တော်သယ်ယူပို့ဆောင်ရေးမှာသုံးတဲ့ ခေတ်မီဘတ်(စ)ကားကြီးတွေဟာ လူဆင်းရ၊ တက်ရလွယ်ကူအောင်ပြုလုပ်ပေးထားကြပါတယ်။ ပလက်ဖောင်းပေါ်ကနေ ခြေတစ်လှမ်းအကွာမှာဘဲ ဘတ်စကားပေါ်ရောက်သွားပြီး၊ အတက်အဆင်းအစား ဆင်ခြေလျှော လျှောက်လမ်းနဲ့တင်ဘဲ ကိုယ်ထိုင်မယ့်နေရာကိုရောက်ရှိနိုင်ပါတယ်။ တစ်ခါ ဘတ်စကားပေါ်မှာ ဘီးတပ်ကုလားထိုင် အလွယ်တက်လို့ရဘို့ အဆင်ပြေအောင် နေရာဖန်တီးပေးထားပါတယ်။ ဘတ်စကားရဲ့ အပေါက်ဝကြမ်းခင်းက လမ်းမျက်နှာပြင်ကနေတိုင်းရင်(၈)လက်မ၀န်းကျင်ရှိပါတယ်။ အပေါက်ကြမ်းခင်းကို အလွယ်တစ်ကူတင်လို့ချလို့ရအောင်လုပ်ထားလို့ ဘတ်(စ)ကားကို ပလက်ဖောင်းနဲ့ ကပ်ပြီးရပ်လိုက်တဲ့အခါ (၆)လက်မမြင့်တဲ့ ပလက်ဖောင်းပေါ်က ဘီးတပ်ကုလားထိုင်ဟာ ချပေးတဲ့ကြမ်းခင်းကနေ ကားပေါ်အလွယ်တစ်ကူရောက်ရှိနိုင်ပါတယ်။ အပေါက်နဲ့ တည့်တည့်မှာ ကွက်လပ်လုပ်ပေးထားပြီး၊ ကိုယ့်ဘီးတပ်ကုလားထိုင်(wheel chair)ကို ရပ်ပြီးတဲ့နောက် မလှုပ်စေရန် ခါးပတ်နဲ့ ထိန်းထားလို့ ရပါတယ်။
အမြန်ဘတ်(စ)ကားကြီးတွေ(ဥပမာ-လေဆိပ်သွားတဲ့ ဘတ်စကားတွေ) မှာ ယာဉ်မောင်းနောက်ကြောနဲ့ အပေါ်ထပ်တက်တဲ့ လှေခါးရင်းကြားမှာ Luggage Rack အထုပ်တင်ရန်စင်ရှိပါတယ်။
လုံခြုံရေးအတွက် ကားအတွင်း CCTVကင်မရာတပ်ဆင်ထားပါတယ်။ ထို့နည်းတူ ဘတ်(စ)ကားယာဉ်ကြောအတွင်းစည်းကမ်းမဲ့ မောင်းနှင်ကြတဲ့ ယာဉ်များနဲ့ အရေးပေါ်အခြအနေ( ဥပမာ-accident )အတွက် ကင်မရာလည်းပါပါတယ်။ ကားတွေကို GPS စံနစ်နဲ့ ဆက်သွယ်ထားပြီး ကားရဲ့ ရောက်ရှိတည်နေရာကို သက်ဆိုင်ရာစံနစ်အတွင်း သတင်းပို့လွှတ်ပါတယ်။ ထိုသတင်းပို့ချက်အပေါ်မူတည်၍ ဘတ်(စ)ကားမှတ်တိုင်မှာ ထောင်ထားတဲ့ LED board တွေမှာ ထိုမှတ်တိုင်သို့ ဘတ်စကားရောက်ရှိချိန်ကိုဖော်ပြပေးပါတယ်။
LED board မရှိတဲ့မှတ်တိုင်တွေမှာတော့ next bus လိုမျိုး sms service တွေကနေ နောက်ရောက်မည့် Bus ဘယ်အချိန်လာမလဲဆိုတာကို မေးလို့ရပါတယ်။ ထို့နည်းတူ ကားတွင်းတပ်ဆင်ထားတဲ့ LED monitor မှာနောက်ရောက်မည့် မှတ်တိုင်ကို ဖော်ပြပေးသလို စပီကာမှလည်း ကြေငြာပေးပါတယ်။
ဘာလိုသေးလည်းအချစ်ရယ်လို့မေးရင် လိုအပ်နေပါသေးတယ်လို့ ခရီးသည်တွေဆီက ငြီးညူသံတွေလာတုန်းပါဘဲ။ မနက်ခင်းရုံးတက်ချိန်မှာ ကားကတားပေမယ့် မရပ်ဘူးလို့ လူထုအော်လံကနေ တင်ပြတာ တွေ့ဘူးပါတယ်။ မနက်ခင်းနဲ့ ညနေ ရုံးတက်ရုံးဆင်းချိန် (peak hour) တွေမှာ Bus နဲ့ train တွေကို ပိုပြီးစိပ်စိပ်ပြေးဆွဲပေးပါတယ်။
ဒါပေမယ့် ဘတ်စကား ဒရိုင်ဘာ (Bus captain) ဟာ သူ့ကားမှာ နောက်ထပ်လူထပ်တက်ခွင့်ပေးရင် ကားပေါ်ပါ ခရီးသည်တွေအတွက် အရမ်းကြပ်ညပ်နေလိမ့်မယ်လို့ ယူဆရင် ဆင်းမယ့်သူလည်းမပါဘူးဆိုရင် မှတ်တိုင်မှာ ခရီးသည်ရပ်စောင့်နေပေမယ့်လည်း ဆက်မောင်းခွင့်ရှိသလို၊ တက်မယ့်လူကိုလည်းတားမြစ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို တိုင်ကြားချက်ကြောင့် driver ကိုအရေးမယူပါဘူး။ ဒီ့အစား အတိုင်အတောထူတဲ့ နေရာတွေကို ပြေးဆွဲတဲ့ bus အရေအတွက်ကို ထပ်တိုးပါတယ်။
လူများတဲ့ မှတ်တိုင်တွေမှာ ဘတ်(စ)ကားတိုင်းရပ်ပါတယ်။ လူနည်းတဲ့အခါ ဘတ်(စ)ကား မှတ်တိုင်နားနီးရင် အရှိန်လျှော့ပါတယ်။ တစ်ခါတစ်ရံ ဟွန်းသံတစ်ချက်ပေးပြီး လူကို သတိပေးပါတယ်။ ဒီအခါ ဘတ်စကားနံပါတ်ကို ကြည့်ပါ။ မိမိစီးမယ့်ကားဆိုရင် လက်ပြတားပါ။ အနားရောက်လို့မှ လက်မတားရင်၊ ဘတ်(စ)ကားပေါ် ဆင်းမယ့်ခရီးသည်လည်းမပါဘူးဆိုရင် မရပ်တော့ဘဲ ဆက်မောင်းသွားပါလိမ့်မယ်။
ဘယ်လောက်ဘဲ ပြည့်စုံအောင် ဖန်တီးပေးထားပေမယ့် သူတို့မှာလည်း အားနည်းချက်အချို့ ရှိနေပါသေးတယ်။ ကားပေါ်မှာ ရထားတွေလို မှတ်တိုင်စဉ်မြေပုံကို ထင်သာမြင်သာ မချိတ်ဆွဲထားပါဘူး။ နောက်တစ်ခု မှတ်တိုင်တစ်ခုနဲ့ တစ်ခုအကြား distance အကွာအဝေးဘယ်လောက် ရှိသလဲဆိုတာလည်း မသိရပါဘူး။ distance ကို ဘာလို့ သိဘို့လိုသလဲဆိုတော့ လက်မှတ်ခက အချို့နေရာမှာ မှတ်တိုင်အစား taxi တွေလို distance နဲ့ ယူလို့ပါ။
TAXI
တက္ကစီ မှန်ရင် မီတာနဲ့ ပါ။ ဆိုင်ကယ်ကယ်ရီနဲ့ သုံးဘီးတွေကတော့ မီတာမပါကြပါဘူး။ ကြိုက်ဈေးပါဘဲ။
တက္ကစီခတွက်ပုံဟာ သာမာန်လူတစ်ယောက်အဖို့ နားလည်ရန်ခက်ခဲပါတယ်။ အကြမ်းဖျင်း သိရအောင် singapore တက္ကစီခ ဇယားကို အောက်ပါ link မှာလေ့လာနိုင်ပါတယ်။
http://www.taxisingapore.com/taxi-fare/
ကားပေါ်မှာ ဘက်စုံသုံး LCD panel တစ်ခုပါပါတယ်။ touch screen ပါ။ အဲဒီဖန်သားပြင်ပေါ်မှာ ကုမ္ပဏီပင်မ ကွန်ယက်မှ on-call taxi bid များ၊ လမ်းပိတ်ဆို့မှုသတင်းများ၊ တက်နေပါတယ်။ ထို့ အတူ GPS ကိုလည်းထို board ပေါ်မှာ ကြည့်နိုင်ပါတယ်။ bluetooth့ headset ကနေ ပင်မရုံးကွပ်ကဲရေးဌာနကို walkie-talkie ပြောလို့ရတယ်။
The control panel view of a taxi.. အပေါ်က ပင်မဖန်သားပြင်၊ ဂီယာဘေးနားက ငွေပေးကဒ်ဖတ်စက်၊ ညာဖက်အလယ် မှ စာလုံးအနီလင်းနေသည်မှာ မီတာဖြစ်သည်။
( ထူးထူးခြားခြား ကားခေါင်းခန်းထဲ ဖုန်း(၁၂)လုံးချိတ်ထားတဲ့ taxi တစ်စီး ဟောင်ကောင်မှာ တွေ့ဘူးပါတယ်။ ကန်တုံစကားနဲ့ ပြောနေလို့ ဘာမှန်းတော့မသိပါဘူး။ လောင်းကစား ၊ စတော့ရှယ်ယာ တစ်ခုခုကို ပွဲစားလုပ်နေတာလို့ ခန့်မှန်းရပါတယ် )
ကားခပေးတဲ့အခါ ကဒ်တွေနဲ့ပေးရင် နည်းနည်းအင်ပါတယ်။ ငွေသားဘဲလိုချင်ကြတာများတယ်။ ဒါပေမယ့် ပေးလို့ရတယ်။ credit card၊ ကျနော် အရင်တင်တဲ့ ပို့စ်ထဲက ipay လိုမျိုး cash card၊ ဘတ်ကားစီးတဲ့ကဒ်၊ စတာတွေပေးလို့ရတယ်။ ပေးပြီးတာကို receipt တောင်းရင် ထုတ်ပေးပါတယ်။
တကယ်လို့ ကိုယ်သွားချင်တဲ့နေရာဟာ လမ်း (၂)မျိုး (၃)မျိုးလောက်နဲ့ သွားလို့ ရတဲ့ ခရီးမျိုးဆိုရင် ကိုယ့်ကို ဘယ်လမ်းကသွားချင်လဲလို့ မေးလိမ့်မယ်။ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းကိုပြောပါ။ မရေရာရင် သူ့ကို ဆရာမလုပ်ပါနဲ့။ မနက်ခင်း ရုံးသွားချိန်မှာ ပုံမှန်လမ်းအတိုင်းသွားရင် ကားပိတ်တာနဲ့ ခရီးမတွင်လို့ သူတို့ ကျွမ်းကျင်တဲ့ ဖြတ်လမ်းတွေကနေ သွားတတ်ပါတယ်။

ဘန်ကောက်လို tourist များတဲ့ မြို့တွေမှာ taxi နဲ့ သုံးဘီးတွေဟာ မီတာတက်အောင် ပတ်နေတာမျိုးတွေ၊ အပိုကြေးတောင်းခံတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးကြုံရင် tourist police ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ 199 လို service တွေတောင် လူတွေက အသုံးမ၀င်လို့ လျစ်လျူရှုထားတာ ကြာပါပြီ။
TAXI
တက္ကစီ မှန်ရင် မီတာနဲ့ ပါ။ ဆိုင်ကယ်ကယ်ရီနဲ့ သုံးဘီးတွေကတော့ မီတာမပါကြပါဘူး။ ကြိုက်ဈေးပါဘဲ။
တက္ကစီခတွက်ပုံဟာ သာမာန်လူတစ်ယောက်အဖို့ နားလည်ရန်ခက်ခဲပါတယ်။ အကြမ်းဖျင်း သိရအောင် singapore တက္ကစီခ ဇယားကို အောက်ပါ link မှာလေ့လာနိုင်ပါတယ်။
http://www.taxisingapore.com/taxi-fare/
ကားပေါ်မှာ ဘက်စုံသုံး LCD panel တစ်ခုပါပါတယ်။ touch screen ပါ။ အဲဒီဖန်သားပြင်ပေါ်မှာ ကုမ္ပဏီပင်မ ကွန်ယက်မှ on-call taxi bid များ၊ လမ်းပိတ်ဆို့မှုသတင်းများ၊ တက်နေပါတယ်။ ထို့ အတူ GPS ကိုလည်းထို board ပေါ်မှာ ကြည့်နိုင်ပါတယ်။ bluetooth့ headset ကနေ ပင်မရုံးကွပ်ကဲရေးဌာနကို walkie-talkie ပြောလို့ရတယ်။
( ထူးထူးခြားခြား ကားခေါင်းခန်းထဲ ဖုန်း(၁၂)လုံးချိတ်ထားတဲ့ taxi တစ်စီး ဟောင်ကောင်မှာ တွေ့ဘူးပါတယ်။ ကန်တုံစကားနဲ့ ပြောနေလို့ ဘာမှန်းတော့မသိပါဘူး။ လောင်းကစား ၊ စတော့ရှယ်ယာ တစ်ခုခုကို ပွဲစားလုပ်နေတာလို့ ခန့်မှန်းရပါတယ် )
ကားခပေးတဲ့အခါ ကဒ်တွေနဲ့ပေးရင် နည်းနည်းအင်ပါတယ်။ ငွေသားဘဲလိုချင်ကြတာများတယ်။ ဒါပေမယ့် ပေးလို့ရတယ်။ credit card၊ ကျနော် အရင်တင်တဲ့ ပို့စ်ထဲက ipay လိုမျိုး cash card၊ ဘတ်ကားစီးတဲ့ကဒ်၊ စတာတွေပေးလို့ရတယ်။ ပေးပြီးတာကို receipt တောင်းရင် ထုတ်ပေးပါတယ်။
တကယ်လို့ ကိုယ်သွားချင်တဲ့နေရာဟာ လမ်း (၂)မျိုး (၃)မျိုးလောက်နဲ့ သွားလို့ ရတဲ့ ခရီးမျိုးဆိုရင် ကိုယ့်ကို ဘယ်လမ်းကသွားချင်လဲလို့ မေးလိမ့်မယ်။ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းကိုပြောပါ။ မရေရာရင် သူ့ကို ဆရာမလုပ်ပါနဲ့။ မနက်ခင်း ရုံးသွားချိန်မှာ ပုံမှန်လမ်းအတိုင်းသွားရင် ကားပိတ်တာနဲ့ ခရီးမတွင်လို့ သူတို့ ကျွမ်းကျင်တဲ့ ဖြတ်လမ်းတွေကနေ သွားတတ်ပါတယ်။

ဘန်ကောက်လို tourist များတဲ့ မြို့တွေမှာ taxi နဲ့ သုံးဘီးတွေဟာ မီတာတက်အောင် ပတ်နေတာမျိုးတွေ၊ အပိုကြေးတောင်းခံတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးကြုံရင် tourist police ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ 199 လို service တွေတောင် လူတွေက အသုံးမ၀င်လို့ လျစ်လျူရှုထားတာ ကြာပါပြီ။

တော်ပါဦးမည်-

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...