Thursday, April 12, 2012

ငြိမ်းချမ်းရေးအတွက် စမတ်ပါဝါသုံးတဲ့ ကေအဲန်ယူနဲ့ နော်စီိဖိုးရာစိန်


ငြိမ်းချမ်းရေးအတွက် စမတ်ပါဝါသုံးတဲ့ ကေအဲန်ယူနဲ့ နော်စီိဖိုးရာစိန်

ဒီတစ်ခေါက် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်မှာ ထူးခြားမှုတွေ တပုံတပင်ရှိပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီးကတည်းက တော်လှန်ရေးဆင်နွှဲခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးကို အမျိုးသမီးခေါင်းဆောင်တွေ ကိုယ်စားပြုပြီး ဆွေးနွေးခြင်းဖြစ်ပါတယ်။ အရင့်အရင်က ဆွေးနွေးပွဲမြင်ကွင်းတွေနဲ့ အတော်ကြီး ကွာခြားတာ တွေ့ရပါတယ်။

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဆိုတာကို ကြားဖူးနေပေမဲ့ ကျနော့်လို သာမန်ပြည်သူတစ်ဦးအဖို့ အခုမှပဲ ဓာတ်ပုံတွေထဲကနေ သဲသဲကွဲကွဲ မြင်ဖူးပါတယ်။ နော်စီဖိုးရာစိန် ဆိုတာ ကျနော်တို့ ငယ်ငယ်က ဒဏ္ဍာရီဆန်ဆန် ကြားဖူးတဲ့ ပြည်တွင်းစစ်ကာလ ပဲခူးရိုးမ အရှေ့ခြမ်းမှာ တိုက်ရဲခိုက်ရဲ သတ်ရဲတဲ့ တော်လှန်ရေးရဲမေကြီး ‘နို့တစ်လုံးစိန်’ လို ကြမ်းကြမ်းရမ်းရမ်း အမျိုးသမီးကြီးလို့ အရင်က စိတ်ထဲထင်နေတာပါ။ သမိုင်းကြောင်းကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးတစ်ခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်ပြီး၊ ကရင်လက်နက်ကိုင်တပ်သားတွေကို ဦးဆောင်နေသူဆိုတော့ အဲဒီလိုပဲ တွေးထင်မိပါတယ်။

ဒါပေမဲ့ ဒီနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ မြင်တွေ့နေရတဲ့ နော်စီဖိုးရာစိန် က ကျနော့်စိတ်ကူးထဲကပုံရိပ်နဲ့ လုံးဝခြားနားပါတယ်။ မြန်မာအစိုးရ အဆက်ဆက်က သောင်းကျန်းသူအဖွဲ့လို့ နာမည်ပေးထားတဲ့ ကေအဲန်ယူအဖွဲ့ရဲ့ ခေါင်းဆောင် အမျိုးသမီးဟာ အမျိုးသားတွေကြားမှာ အိနြေ္ဒရရ ငြိမ်းချမ်းရေး ခြေလှမ်းလှမ်းနေတဲ့ မြင်ကွင်းဟာ ကြည့်မြင်ရသူအားလုံးကို မှင်တက်မိစေပါတယ်။

နော်စီဖိုးရာစိန်နဲ့ နော်မေဦး ဆိုတဲ့ အမျိုးသမီးနှစ်ဦးကို ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်း ဦးဆောင်ဝင်ခိုင်းပြီး ဆုံးဖြတ်ချက်အာဏာကုန် လွှဲပေးတဲ့ ကေအဲန်ယူ ဗဟိုကော်မတီနဲ့ ရဲဘော်အားလုံးကို အခုငြိမ်းချမ်းရေးမြင်ကွင်းကြောင့် ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်တိုက်ဖြစ်နေတာကို မလိုလားသူတွေ ရှိနိုင်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ အုပ်စုတိုင်း ဘက်တိုင်းမှာ တဖက်ကိုတဖက် အပြုတ်ချေမှုန်းရေး စိတ်ကူးတွေ ရှိနေမြဲမို့ပါ။ ဒါပေမဲ့ နေ့စဉ် လူထုတွေရဲ့ ဒုက္ခအ၀၀ တာဝန်တွေ ထမ်းထားရတဲ့ ခေါင်းဆောင်တွေအဖို့ အဲဒီစိတ်ကူးခံစားချက်က လက်တွေ့မကျဘူးဆိုတာ ဆယ်စုနှစ်တွေချီ ပဋိပက္ခတွေ ရှည်ကြာလာတာနဲ့အမျှ ပိုသိမြင်လာမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ရင် ပြေးကြလွှားကြ အိုးအိမ်စွန့်ခွာကြ သေဆုံးကြရသူတွေ၊ တောတောင်တွေထဲက ရွာပုန်း ရွာရှောင် များစွာရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး၊ အခြားနိုင်ငံရဲ့ နယ်စပ်တလျှောက် ခိုလှုံနေရသူတွေ၊ ပေးကမ်းစာနဲ့ ရပ်တည်ရတဲ့ ဒုက္ခသည်စခန်းတွေ၊ ဘ၀တလျှေက်လုံး စတေးထားရတဲ့ ရဲဘော်တွေ၊ စတဲ့ ပြဿနာတွေရဲ့ အဖြေက စစ်မီးတောက်ငြိမ်းရေးမှတပါး အခြားမရှိနိုင်ပါဘူး။

လူထုကြားမှာ မကင်းမကွာ နေထိုင်လုပ်ကိုင်နေသူတိုင်း ငြိမ်းချမ်းရေးသာအဖြေလို့ အားလုံးသိပြီးဖြစ်ပါတယ်။ လက်ရှိ ကေအဲန်ယူ ခေါင်းဆောင်ပိုင်းဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဆုပ်ကိုင်ပြီး ရင့်ကျက်မှုအားကြီးတဲ့ တော်လှန်ရေး အဖွဲ့အစည်းဆိုတာ အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ထင်ရှားနေပါတယ်။

ဒါထက်ပိုပြီး ကေအဲန်ယူရဲ့ လှပတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကတော့ နော်စီဖိုးရာစိန်နဲ့ နော်မေဦး တို့ကို အဓိကကျတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဦးဆောင်တာဝန်တွေ ပေးလိုက်တာပါ။ ဂျိုးဇက် အက်စ်နိုင်း ရဲ့ စကားတွေနဲ့ပြောရရင် ပါဝါအမာ (hard power) ကို ဦးဆောင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးက ငြိမ်းချမ်းရေးဆိုတဲ့ ပါဝါအပျော့ (soft power) လုပ်ငန်းစဉ်မှာ အသင့်တော်ဆုံး သူတွေကို အမှန်အကန်ဆုံး နေရာပေးခဲ့တာပါ။ အဲဒီ ကေအဲန်ယူရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ဟာ လက်နက်နဲ့ တိုက်ယူတာထက် ပိုမိုထိရောက်တယ်ဆိုတာ လက်ရှိ ငြိမ်းချမ်းဆွေးနွေးပွဲ အောင်မြင်မှုတွေက ပြသနေပါတယ်။

နောက် ဒီနေရာမှာ ဟားဗတ်တက္ကသိုလ် စိတ်ပညာရှင် စတီဗင် ပင်ကာ (Steven Pinker) ရဲ့ အမျိုးသမီးတွေဦးဆောင်ရင် ကမ္ဘာကြီး ပိုငြိမ်းချမ်းမယ်ဆိုတဲ့ အယူအဆကို ကျနော် အမှတ်ရပါတယ်။

ပင်ကာ က “သမိုင်းတလျှောက် အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး အင်အားစုတွေ ဖြစ်တယ်၊ နောင်လည်းဆက်ဖြစ်နေဦးမယ်၊ ပုံမှန်အားဖြင့် ဒေသစစ်ပွဲတွေဆိုတာ အမျိုးသားတွေရဲ့ ဂိမ်းပွဲဖြစ်တယ်။ အမျိုးသမီးတွေက အခြားအုပ်စုတွေအပေါ် ဘယ်တော့မှ ကျူးကျော်တိုက်ခိုက်တာ မရှိဘူး။ မိခင်တွေနဲ့ အမျိုးသမီးတွေဟာ ရင်သွေးတွေကို ပြုစုပျိုးထောင်ရင်း မျိုးဆက်ကိုရှင်သန်စေခြင်းဖြင့် ငြိမ်းချမ်းရေးကို ဆင့်ကဲထိန်းသိမ်းကြတယ်၊ အမျိုးသားတွေက အမိန့်ပေးမှုလို ပါဝါအမာတွေကို ဦးစားပေးတယ်၊ အမျိုးသမီးတွေက ဆွဲဆောင်ခြင်း၊ စည်းရုံးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ ပါဝါအပျော့ကို မွေးရာပါထိုးထွင်းကြံဆ ဆောင်ရွက်နိုင်စွမ်းရှိတယ်” ဆိုတာပါ။

ဒီအချက်တွေက နောစီဖိုးရာစိန်နဲ့ နော်မေဦးတို့ရဲ့ တစ်ဖက် အုပ်စုတွေနဲ့အပြိုင် ဆွေးနွေး အောင်နိုင်မှုတွေက သက်သေခံနေပါတယ်။ ကေအဲန်ယူဟာ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းဆိုပေမဲ့၊ ပါဝါအမာနဲ့ ပါဝါအပျော့ ပေါင်းစပ်ပြီး မဟာဗျူဟာကျတဲ့ စမတ်ပါဝါ ဖြစ်အောင် ကစားတတ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ တွေ့ရပါတယ်။ ကေအဲန်ယူ ငြိမ်းချမ်းရေးခေါင်းဆောင်အဖွဲ့နဲ့ ယှဉ်ရင် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှာ ယောက်ျားသားတွေချည်းလွှမ်းမိုးနေတာမို့ ငြိမ်းချမ်းရေး စိတ်ဓာတ်ရှိဦးတော့ သမားရိုးကျ ဆန်လွန်းတယ်လို့ ကျနော် မြင်ပါတယ်။

ခေတ်သစ်ခေါင်းဆောင်မှုဟာ အထက်အောက် အမိန့်ပေး ပိရစ်မိပုံစံကို ကျော်လွန်ပြီး၊ မျှဝေတဲ့ခေါင်းဆောင်မှု (shared leadership)၊ ဖြန့်ဝေတဲ့ ခေါင်းဆောင်မှု (distributed leadership) ဆိုတဲ့ အလယ်ဗဟိုကို ၀ိုင်းထားတဲ့ စက်ဝိုင်းပုံဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ ဆုံးဖြတ်သူမျှ မဟုတ်ဘဲ ကွန်ယက်ဖွဲ့မှုနဲ့ ပူးအောင်ဆောင်ရွက်အောင် စည်းရုံးမှုတွေ လုပ်ယူရပါတယ်။ အဲဒီ ကမ္ဘာ့ခေါင်းဆောင်မှု အခင်းအကျင်းသစ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒါကို လက်ရှိ ထိထိရောက်ရောက် အသုံးချပြနိုင်တာ ကေအဲန်ယူ အဖွဲ့အစည်းလို့ ဆိုရပါမယ်။

ပါဝါအပျော့နဲ့ စမတ်ပါဝါတွေအကြောင်းရေးသားတဲ့ ဂျိုးဇက်အက်စ်နိုင်း က “လူ့အဖွဲ့အစည်းနဲ့ လူထုက ခေါင်းဆောင်တွေကို သူရဲကောင်းဆန်ဆန် အမိန့်ပေးတဲ့သူတွေလို့ မရှုမြင်သင့်တော့ဘူး။ အဖွဲ့အစည်းအတွက်၊ အုပ်စုအတွက်၊ ကွန်ယက်အတွက်၊ တိုင်းပြည်အတွက် မစ်ရှင်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အားပေးတိုက်တွန်းသူတွေအဖြစ်သာ ကြည့်မြင်သင့်တယ်” လို့ ဆိုပါတယ်။

“အတိတ်က အစဉ်အလာအရ ကျားမ ခွဲခြားမှုတွေကြောင့် ပျောက်ဆုံးခဲ့ရတဲ့ ‘ပါဝါအပျော့တွေ’ ကို ခေတ်သစ် ခေါင်းဆောင်မှုနဲ့ လုပ်ငန်းမစ်ရှင်တွေ အောင်မြင်ရေးအတွက် ပါးပါးနပ်နပ် အသုံးချဖို့ လိုအပ်လာတယ်။ အမျိုးသားရော အမျိုးသမီးပါ ပါဝါအမာနဲ့ ပါဝါအပျော့ skills တွေကို အညီအမျှ ဆက်စပ်အသုံးချတတ်ဖို့ လိုအပ်တယ်"

"အခြေအနေအရ လိုအပ်တဲ့အခါ အမျိုးသားတွေက အမျိုးသမီးလို စဉ်းစား လုပ်ကိုင်တတ်ဖို့ လိုအပ်သလို၊ အမျိုးသမီးတွေကလည်း အမျိုးသားလို ပါဝါအမာကို အသုံးချတတ်ဖို့ လိုအပ်တယ်။ အနာဂတ် ကမ္ဘာရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးဟာ ခေါင်းဆောင်လုပ်သူတွေက ပါဝါ အမာနဲ့ ပါဝါ အပျော့ နှစ်ခုကို ကျွမ်းကျင်စွာပေါင်းစပ်ပြီး စမတ်ကျတဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်မှုအပေါ်မှာသာ မှီတည်နေတယ်” လို့ အက်စ်နိုင်းက ပြောပါတယ်။

စိတ်ပညာရှင် စတီဗင် ပင်ကာ ကလည်း “ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ဆက်ရှိနေတာ ဆက်ဖြစ်နေတာဟာ အမျိုးသမီးတွေကို အသိပညာနဲ့ လုပ်ပိုင်ခွင့် ပေးမှု အားနည်းခဲ့တာတွေကြောင့်၊ ကျားမ အစဉ်အလာ ခွဲခြားမှုတွေကြောင့် ဖြစ်တယ်။ အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဟာ အမျိုးသမီးတွေကို ပညာပေးမှု၊ အသိပညာနဲ့ လုပ်ပိုင်ခွင့်ပေးမှု (empowerment of women) အပေါ် အများကြီး တည်မှီနေတယ်လို့” ဆိုပါတယ်။

ကေအဲန်ယူအဖွဲ့အနေနဲ့ ခေါင်းဆောင်မှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေကို နေရာပေးလာပေမဲ့၊ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဘက်မှာတော့ ဖိုဝါဒကပဲ ကြီးစိုးလွှမ်းမိုးနေပုံရပါတယ်။ ယောက်ျားသားတို့ ကြီးစိုးထားတဲ့ နိုင်ငံရေးလောက၊ အုပ်ချုပ်ရေးလောကထဲ အမျိုးသမီးတွေကို ထည့်သွင်းနေရာပေးဖို့ တွန့်ဆုတ်နေဟန် ရှိနေပါသေးတယ်။

အလားတူပဲ ကျနော်တို့ရဲ့ တိုက်ပွဲဝင်သူရဲကောင်း ၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲတွေနဲ့ ဦးဆောင်မှုတွေမှာ ဖိုဝါဒက ကြီးစိုးနေတာပဲ တွေ့မြင်ရပါတယ်။ ကျနော်တို့ အကိုတော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်တို့ ဘာမှ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ ခေတ်သစ်အဖွဲ့အစည်းသဏ္ဍန်အရတော့ သူတို့စတိုင်က အနည်းငယ် တောင့်တင်းဟန် ရှိတယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ့ တော်လှန်ရေး ဖြတ်သန်းမှုရှိတဲ့ နော်စီရာဖိုးစိန်နဲ့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ နော်မေဦး တို့ကို ငြိမ်းချမ်းရေး ဦးဆောင်မှု နေရာပေးတဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးအဖွဲ့ထံက ကျနော်တို့ စမတ်ပါဝါ သင်ခန်းစာယူစရာ ရှိလာပါတယ်။

သို့သော် သူတို့နှစ်ဦးစလုံးက ဖခင်တွေ၊ တော်လှန်ရေး ဆွေမျိုးသားချင်းတွေရဲ့ ဩဇာကြီးမှုကြောင့် ဒီလိုရာထူးနေရာတွေ ရတာလို့ စောဒက တက်စရာ ရှိပါတယ်။ သူတို့ဟာ ချွင်းချက် မဟုတ်ပါဘူး။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ အာရှနိုင်ငံတွေက ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင် အမျိုးသမီးတွေဟာ သူတို့ ဖခင်တွေ၊ ခင်ပွန်းတွေ၊ အစ်ကိုတွေရဲ့ ဩဇာ အကူအညီ တစိတ်တစ်ပိုင်း ယူခဲ့ရတာချည်းပါပဲ။ ဒါဟာ အာရှရဲ့ ဒီမိုကရေစီ နုနယ်မှုကြောင့် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာ အတွေ့အကြုံရင့်ကျက် ထက်မြက်တဲ့ အမျိုးသမီးတွေ ဦးဆောင်နေတဲ့အတွက် ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အကြမ်းဖက်ပဋိပက္ခလျော့ကျရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေအတွက် အားတက်မိပါတယ်။





Category: သူ့အမြင် Written by ၀င့်ထန်း
 
ဝင့်ထန်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...