Wednesday, April 18, 2012

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးအဖွဲ့ ဂျပန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်

 
2012-04-18
သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ၀န်ကြီး အဖွဲ့ဝင်တချို့ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီလ ၂၀ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ပြီး ဂျပန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရ ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။

ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ဧပြီလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့စဉ်ကတည်းက ဂျပန်ုအစိုးရဟာ မြန်မာအစိုးရ အဆက်ဆက်နဲ့ ဆက်ဆံရေး နီးကပ်အောင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ချထားခြင်းဟာ မြန်မာအစိုးရကို တရုတ်နိုင်ငံနဲ့ နီးကပ်သွားအောင် တွန်းအားပေးသလိုဖြစ်မယ်ဆိုတဲ့ အယူအဆကို ဂျပန်နိုင်ငံက လက်ခံယုံကြည်ထားတယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ် အဖြစ် ၂၀၀၉ ခုနှစ်က ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖူးပါတယ်။

 http://www.rfa.org/burmese/news/u-thein-sein-japan-trip-04182012095223.html

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...