Friday, April 13, 2012

မြန်မာလုပ်သားတွေအတွက် အကာအကွယ်ပေးမဲ့ သဘောတူညီချက်များ လိုအပ်နေပြီ


  မြန်မာလုပ်သားတွေအတွက် အကာအကွယ်ပေးမဲ့ သဘောတူညီချက်များလိုအပ်နေပြီ..
မလေးရှားကို မြန်မာအိမ်ဖော် အလုပ်သမားတွေ စေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မဲ့ အခြေခံ သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာကတိက၀တ် ပြုထားဖို့လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါ...တယ်။
မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့အကြား အိမ်ဖော် အလုပ်သမားတွေအတွက် MOU ခေါ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့အခါ ပါဝင်သင့်တဲ့ အချက်တွေကို ဒီအိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး Burma Campaign Malaysia အဖွဲ့ရဲ့ညွန်ကြားရေးမှူး ကိုထွန်းထွန်းက အခုလိုရှင်းပြပါတယ်။
" အဲဒီ MOU မှာ အဓိကပါရမယ့် အချက်တွေကို ကျွန်တော် high light ပေးထားတယ်။ ဒီအချက်တွေပါခဲ့မယ် ဆိုလို့ရှိရင် အဲဒီ MOU ကိုမှီးပြီးတော့ ရေးရမယ့် အလုပ်ရှင် အလုပ်သမားစာချုပ်တွေ အကုန်လုံးက ကောင်းမွန်တဲ့ စာချုပ်တွေ ဖြစ်သွားနိုင်တယ်။ လာမဲ့ ကျွန်တော်တို့ အလုပ်သမားတွေအတွက် အများကြီး အဆင်ပြေမယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ဦးသိန်းစိန်ကို ကျွန်တော် အိတ်ဖွင့်ပေးစာကို ပေးတာဖြစ်ပါတယ်"
ဒီအိတ်ဖွင့်ပေးစာထဲမှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့သတ်မှတ်ချက်တွေကို အခြေခံပြီး ပါဝင်သင့်တဲ့ အချက်အလက်တချို့ကို ဖော်ပြထားပါတယ်။
ဥပမာ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်နဲ့ လွတ်လွတ်လပ်လပ် စာချုပ်ခွင့်ရှိရမယ်။ လုပ်ကိုင်ရမယ့် အလုပ်အမျိုးစားနဲ့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ် စာချုပ်ထားရမယ်။ အလုပ်လုပ်ရမယ့် အလုပ်ခွင်အနေအထား၊ ရမယ့်လစာ စတာတွေကို မလေးရှားကို မသွားရောက်မီကတည်းက မြန်မာအလုပ်သမားနဲ့ မလေးရှားအလုပ်ရှင်တို့ သဘောတူ စာချုပ်ထားရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အလုပ်သမားရှာဖွေရေး ကုမ္ပဏီတွေ အနေနဲ့လည်း ဒီအချက်တွေကို ကြိုတင်စာချုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးရမယ် စသည်ဖြင့် မနေ့က ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီအချက်အလက်တွေကို အာမခံတဲ့ နိုင်ငံတကာ သဘောတူညီချက် C189 ကို မလေးရှားအစိုးရက လက်မှတ်ထိုး မထားတဲ့အတွက် မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ အိမ်ဖော် အလုပ်သမားတွေဟာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဆိုင် ခံစားနေရကြောင်းကိုလည်း အဲဒီအိတ်ဖွင့်ပေးစာထဲမှာ သတိပေး ဖော်ပြထားပါတယ်။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...