Sunday, April 22, 2012

သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ

သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ
 
 
အလွယ်လေး ပေးလိုက်တဲ့
"စစ်" မှန်ခဲ့တဲ့ ပြည်..။
ကြွေး ရှင်က များ..။
သွားခဲ့မိတဲ့ ပြည်တိုင်းလည်း..။
ဟားတိုက်လို့ ကြွေးတောင်းနေဆဲ..။

တက္ကသိုလ်မြတ်မင်း

အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ်ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။

ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ်ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင်အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ရင် ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။
နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်။ 
 
နေပြည်တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ်ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၇၀ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။
 
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပြပါတယ်။
 
 
မောင်သိန်းနိုင် (နေပြည်တော်)

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...