Saturday, April 21, 2012

ဒီလိုလည်း ကျွန်အဖြစ်ပို့ချင်တာလား

 
မြန်မာ၊ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီ တို့မှ 
အိမ်ဖော်ရရှိရေး အတွက်မလေးရှား၏ အားထုတ်မှုများ
အပိုင်း (၁)

မလေးရှားနိုင်ငံရှိ နိုင်ငံခြားအိမ်ဖော်ရှာဖွေရေးအေဂျင်စီများအဖွဲ့ (Malaysian Association of Foreign Maid Agencies (PAPA)) က မလေးရှား သည် မြန်မာနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ နှင့် အရှေ့တီမော တို့မှ အမျိုးသမီးများကို အိမ်ဖော်အလုပ်သမအဖြစ် ခေါ်ယူရန် အစိုးရကို အဆိုပြုတောင်း ဆိုခဲ့သည်။ အဖွဲ့ ဥက္ကဋ္ဌ Alwi Bavutty ကထိုနိုင်ငံများမှ အိမ်ဖော်များရလျှင် မလေးရှားနိုင်ငံအနေနှင့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင်များမှ အိမ်ဖော်ရရှိရေးအတွက် မှီခိုအားကိုးနေရမှုများ ရှိတော့မှာ မဟုတ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနကို အဆိုပြုလွှာတင်ဖို့ ပြုလုပ်နေပါတယ် - ဟု သူက ဘနားမားသတင်းစာ (Bernama) သို့ တနင်္လာနေ့ (09.04.2012) ကပြောကြားခဲ့သည်။
သူက လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး Datuk Dr S. Subramaniam ၏အင်ဒိုးနီးရှားအိမ်ဖော်ကိစ္စ နှင့်ပတ်သက်၍ မလေးရှား-အင်ဒိုးနီးရှားဆွေးနွေး အဖြေရှာနေခြင်းကို ကန့်ကွက်လိုက်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တောင်းဆိုသော အိမ်ဖော်လစာတိုးရေးကိစ္စ၊ ဥပဒေကာကွယ်မှုနှင့် ပိတ်ရက်စသည့် အခွင့်အရေးများကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ညှိနှိုင်းဆွေးနွေးနေခြင်းကို Alwi ကကန့်ကွက်ခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုမှာ ညှိနှိုင်းဆုံးဖြတ်၍ မရဘဲ အဆုံးသတ်ခဲ့သည်။
Alwi က မလေးရှားသည် အင်ဒိုနီးရှားမှ အိမ်ဖော်ပို့ခြင်း ပိတ်ထားသော်လည်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှ ခေါ်ရနိုင်သည် ဟုယခင်က ပြောခဲ့သည်။ ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့သူဖြစ်သည်။ မူဆလင်မဟုတ်သော အမျိုးသမီးများကို အိမ်ဖော်အဖြစ် ထိုနှစ်နိုင်ငံမှ မခေါ်ယူပါ ဟုသူကပြောခဲ့သည်။ အိမ်ဖော်တို့သည် တစ်လ မလေးရှားရင်းဂစ် ၅၀၀ အနည်းဆုံးရကြကြောင်း၊ သူတို့တော်လျှင် အိမ်ရှင်လစာတိုးပေးမှာ သေချာကြောင်း Bernama သို့ပြောခဲ့သည်။
အင်ဒိုနီးရှားသည် ၂၀၀၉ ဇွန်လတွင် အိမ်ဖော်ပို့မှုရပ်ခဲ့သည်။ ၂-နှစ်ကြာ ၂၀၁၁ မေလတွင် နှစ်နိုင်ငံဆွေးနွေးပြီး အိမ်ဖော်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းခဲ့ကြသည်။ သို့သော် ထိရောက်သောဆုံးဖြတ်မှု မရရှိသေးဘဲ၊ ဆွေးနွေးဆဲ ဖြစ်ပြီး၊ ၂၀၁၂ မေလအကုန်တွင် အင်ဒိုနီးရှားအိမ်ဖော်များ မလေး ရှားသို့ရောက်လာဖွယ်ရှိသည်ဟူသော သတင်းသာရရှိပါသည်။
အရှေ့တီမော သံအမတ်ကြီး Juvencio Da Jesus Martins က မလေးရှားသို့အိမ်ဖော်ပို့ရေးအတွက် စီစဉ်ဆောင်ရွက် ရန်ကြိုးစားမည် ဖြစ်ကြောင်း သောကြာ နေ့ (20.01.2012) တွင်ပြောဆိုလိုက်သည်။
မလေးရှားရှိ အိမ်ဖော်အေဂျင်စီများနှင့် အစိုးရပိုင်းက အရှေ့တီမောမှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် သူထံသို့တောင်းဆိုခဲ့ကြသည့်အတွက် ဤကိစ္စကို သမ္မတထံသို့တင်ပြအဆိုပြုမည်ဖြစ်ကြောင်း မကြာသေးမီကပြောခဲ့သည်။ သူ၏ အစိုးရက မီးစိမ်းပြသည်နှင့် အစွမ်းကုန်ကြိုးစားပေးမည် ဟု မလေးရှားကိုပြောပါသည်။ အရှေ့တီမောမှ အိမ်ဖော်များမလေးရှားသို့ပို့မည် အရေးမှာ ၂၀၀၅ ကတည်းက၊ မလေးရှားနိုင်ငံက ကမ်းလှမ်းခဲ့မှု ရှိခဲ့ပြီး၊
ထိုစဉ်က အရှေ့တီမောသံအမတ်၊ သမ္မတ (Jose Manuel Ramos-Horta) နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး (Datuk Seri Syed Hamid Albar) တို့ဆွေးနွေးခဲ့ကြသည်။ အိမ်ဖော် ဦးရေ ၁၀ ၀၀၀ မလေးရှားသို့စေလွှတ်ရေးဖြစ်သည်။
ထို့ဆွေးနွေးမှုမှာ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ မလေးရှားသည် မကြာမီက အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ အိမ်ဖော်စုစုပေါင်း ၃၂၀ ၀၀၀ ရရှိခဲ့သည်။ ထို့နောက်ဆက်လက်၍ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားမှ အိမ်ဖော်များကို ပိတ်ပင်ခဲ့ကြသည်။
ပေါ်တူဂီတို့၏ ကိုလိုနီအဖြစ်နှစ်ရာနှင့်ချီ၍ သိမ်းပိုက်ခြင်းခံခဲ့ရသော အရှေ့တီမောသည် ၂၀၀၂- ခုနှစ် မေလတွင် လွတ်လပ်ရေးရခဲ့သည်။ လူဦးရေ ၁.၂ သန်းရှိသာ အရှေ့တီမောတွင် ခရစ်ယာန်ဘာသာဝင် ၉၈%၊ နှင့် မူဆလင်၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်ပါသည်။
“ကျနော်တို့ နိုင်ငံမှာ မလေးရှားကို အိမ်ဖော်အဖြစ် စေလွှတ်ဖို့ မူဆလင် အမျိုးသမီးတွေ ရှိပါတယ်။” ဟု အရှေ့တီမော အစိုးရပိုင်းမှ Martins က ပြောသည်။ အရှေ့တီမောသည် မလေးရှားနှင့် အလွန်မဝေးသော အကွာဝေး၌ ရှိနေခြင်း၊ ဘာသာစကား တူညီမှု (အရှေ့တီမောသည် အင်ဒိုနီးရှား ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ကြသည်။)
ယခုလို မလေးရှားသို့ အိမ်ဖော်များ ပေးပို့ခြင်းအားဖြင့် အရှေ့တီမောသည် မလေးရှားနှင့် နှစ်နိုင်ငံကြား သံတမန်ရေးရာ ပိုအဆင်ပြေလာနိုင်ကြောင်း ပြောပါသည်။ အရှေ့တီမောအနေနှင့် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု အခက်အခဲကို မလေးရှားသို့အိမ်ဖော်များပို့ခြင်းဖြင့် ပြေလည်နိုင်မည် ဖြစ်သည့်အပြင် တိုင်းပြည်အတွက် လည်း ပြည်ပ၀င်ငွေ ရရှိလာနိုင်မည် ဟု အရှေ့တီမောက ဆိုသည်။
မလေးရှားနိုင်ငံ၏ ပြည်ပ အိမ်ဖော်ရှာဖွေရေးအေဂျင်စီ (PAPA) မှ ၀န်ကြီးချုပ် Najob Razak က အင်ဒိုနီးရှားနှင့် ညှိနှိုင်းဆွေးမှုများကို လွန်ခဲ့သော ၃- လကဆောင်ရွက်ခဲ့သည်။ အင်ဒိုနီးရှားမှ နောက်ထပ်အိမ်ဖော်များ ပို့မည်ဆိုလျှင် အလုပ်တစ်မျိုးတည်းကိုသာ လုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ က ဆွေးနွေးပါသည်။ (ကလေးထိန်းရမည်ဆိုလျှင် ကလေးထိန်းသည့်အလုပ်မှလွဲ၍ အိမ်အလုပ် မလုပ်၊ လူနာပြုစုရမည်ဆိုလျှင် လူနာကိုသာ ပြုစုမည်။ စသည့် One task Maid)။

သို့အတွက်ကြောင့် မလေးရှားနိုင်ငံသားများမှ လက်ခံနှစ်သက်ခြင်း မရှိသောကြောင့် အင်ဒိုနီးရှားမှ အိမ်ဖော်များ ပြန်လည်ရောက်လာရေးမှာ မသေချာသော်လည်း၊ မေလအကုန်တွင် အင်ဒိုနီးရှား အိမ်ဖော်များ ရောက်လာနိုင်ကြောင်း သာသတင်းထွက်ပေါ်လျက်ရှိသည်။
မလေးရှားသည် မြန်မာပြည်မှ အိမ်ဖော်ခေါ်ယူရရှိရေးအတွက် အပြင်းအထန်ကြိုးစားနေပါသည်။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...