Saturday, April 21, 2012

ဘက်စုံပေးဆပ်မှုများ

 
ဘက်စုံပေးဆပ်မှုများ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မိုးမခ
ဧပြီ ၂၁၊ ၂၀၁၂
 
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထပ်မံ၍ တိုးချဲ့ပေးဆပ်မည်ဖြစ်သော အရေးပေါ်ကူညီ ကယ်ဆယ်ရေးတည်းဟူသော မီးလောင်ကျွမ်းမှု၊ မော်တော်ယာဉ်တိုက်မှု စသည့်မှုခင်းများတွင် အသက် အန္တရာယ် စိုးရိမ်ရသောလူနာများအား အချိန်မီအသက်ကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ ဆေးရုံကြီးများသို့ ပို့ဆောင်ကယ်တင်နိုင်ရန်ရည်ရွယ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ် လူနာတင် ယာဉ်အား မေလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည်။
 
လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါကြမည့် လူမှုရေးသမား အားလည်း မြန်မာနိုင်ငံ တိုင်းကြက်ခြေနီအဖွဲ့မှ လာရောက်၍ အရေးပေါ်ရှေးဦးသူနာပြုစုနည်းသင်တန်းအား စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ရာ လူမှုရေး သမား အယောက် (၃၀) ဦးတို့သည် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။

၁၉၊ ၄၊ ၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားဖြစ်သူ ဦးသန်းစိန်၏ မိခင် ဒေါက်တာဒေါ်ကြည်ကြည်သည် အ သက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ အမောဖောက်ကာ အသက်ရှု ရန်ခက်ခဲသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) မှ အောက်ဆီဂျင်အိုးသွားရောက် ပေးပို့ခဲ့ သော်လည်း လူနာ၏အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆရာဝန်၏ ညွှန်ကြားချက် အရ အရေးပေါ်ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။ 
 
ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိသီတဂူဆရာတော်ဘုရားကြီး လှူဒါန်းထားသော အရေးပေါ် လူနာတင်ယာဉ်အား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကြက်ခြေနီသင်တန်းဆင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများမှ လျင်မြန်စွာဖြင့် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ ဦးသန်းစိန်၏နေအိမ်သို့ သွား ရောက်ကာ မိခင်ဖြစ်သူ ဒေါက်တာဒေါ်ကြည်ကြည်အား လူနာတင်ယာဉ်ပေါ်သို့ သယ်ဆောင်ပြီး ဆရာဝန် ညွှန်ကြား ထားသော အလုံမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံသို့ အောက်ဆီဂျင်ပေး၍ ပို့ဆောင်ခဲ့သည်။ အာရှတော်ဝင်ဆေးရုံသို့ရောက်ရှိသော် အရေး ပေါ်ကုသဆောင်တွင်းသို့ အချိန်မီသယ်ဆောင်ပို့သခဲ့ကာ ဆေးရုံရှိ ဆရာဝန်ကြီးများ၏ကုသမှုကိုခံယူခဲ့သည်။

မိခင်ကြီး ဒေါက်တာ ဒေါ်ကြည်ကြည်သည် ယနေ့ ၂၀၊ ၄၊ ၂၀၁၂ ရက်နေ့တွင် ကျန်းမာရေးပြန်လည် ကောင်းမွန်ကာ သတိပြန်လည်ရရှိ နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် များစွာဝမ်းမြောက်ပီတိ ဖြစ်မိသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူ့လောကထဲသို့ ရောက်ရှိလာသောကလေးငယ်များအတွက် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်မွေးဖွားပေးခဲ့သလို၊ ကလေးငယ်များ၏ ပညာရေး (ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများ) ကို ပို့ချသင်ကြားပေးခဲ့သည့်အပြင် လူငယ် /ရွယ်များအတွက်လည်း ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (ရေး – ဖတ် – ပြော) သင်တန်းများ၊ လူမှုရေးသင်တန်းများအပြင် အလုပ် အကိုင်ရှာဖွေရေးအတွက် စာရင်းကိုင် သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာသင်တန်းများကိုပါ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ သည်။ 
 
၎င်းအပြင် ကျန်းမာရေးချို့တဲ့သော လူနာများအားလည်း (အခမဲ့) ဆေးဝါးကုသပေးခြင်းတို့ကိုပြုလုပ် ပေးကာ ဘဝတစ်ပါးသို့ ကူး ပြောင်းသွားသော သူတို့အတွက်လည်း နာရေးကူညီမှုလုပ်ငန်းအား (အခမဲ့) ကူညီဖေးမပေးဆပ်ခဲ့သည်။ ယခုဆိုလျှင် အသက်မဆုံးရှုံး သင့် ဘဲ မဆုံးရှုံးရအောင် အချိန်မီ အသက် ကယ်တင်နိုင်ရန် အရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ဆောင်မှုအားလည်း တိုးချဲ့လုပ်ကိုင်ပေးဆပ် နိုင်ပြီဖြစ် တော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကမ္ဘာမြေပြင်သို့ရောက်ရှိလာသော လူသား များ၏ ကမ္ဘာမြေပြင်မှ ပြန် လည်ထွက်ခွာသွားသည့်အချိန်အထိ လိုအပ်မှုများကို အရှိန်အဟုန်မြင့်စွာဖြင့် လူသားချင်းစာနာစိတ်မွေး၍ ဘက်စုံပေးဆပ်ကူညီမှုများကို တိုးချဲ့လုပ်ဆောင်နေပြီဖြစ်တော့သည်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...