Friday, April 13, 2012

အကြိုနေ့ပေးဆပ်မှုများ

အကြိုနေ့ပေးဆပ်မှုများ

(၁၂.၄.၂၀၁၂)ရက်နေ့ ကြာသာပတေးနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အကြ...ိုနေ့ဖြစ်သည်။ ယင်းနေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း(၄၈)ဦးတို့အား (အခမဲ့) ကူညီသဂြိုလ်ပေးခဲ့ရာတွင် အသက်(၁၀၄)နှစ် ရှိပြီဖြစ်သော အမေကြီးဒေါ်အေးစိန်၊ အသက်(၁၀၈)နှစ်ရှိပြီဖြစ်သော အမေကြီးဒေါ်လေးခင် တို့အပြင် လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ဝင်းအတွင်းရှိသော သက်တော်ရှည်ကျောင်းမှသက်တော်(၈၅)နှစ်ရှိသော ဆရာတော် ဦးပညာသာမိ တို့လည်း ပါဝင်ခဲ့သည်။ သင်္ကြန်အကြိုနေ့ကာလဖြစ်သောကြောင့် အထူးနိဗ္ဗာန်ယာဉ်ကြီးများနှင့် ကူညီဖေးမမှုများကို အထူးသတိထား၍ မောင်းနှင်ခဲ့ရသည်။ စတိတ်ရှိုးများ၊ ရေကစားမဏ္ဍပ်ကြီးများ၊ ရေပက်ခံကားများ၊ လမ်းမပေါ်တွင်ရေကစားကြသူများ၊ သောက်စား ၊ မူးယစ်၊ ကခုန် ကြသူများကို အတတ်နိုင်ဆုံး ရှောင်ကွင်း၍ မောင်းနှင်ခဲ့ရသည်။

သက်တော် (၈၅)နှစ်ရှိပြီဖြစ်သော ဆရာတော်ဦးပညာသာမိ၏ ရုပ်ကလာပ်အား နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်အား အပူဇော်ခံထားရှိရာသက်တော်ရှည်ကျောင်းတိုက်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့် အသင်းသား/သူများသည် အထူးနိဗ္ဗာန်ယာဉ်ကြီးနှင့်အတူ ရှေ့ပြေး ပုံတော်တင်ယာဉ်၊ ဖယ်ရီကားတို့ဖြင့် သွားရောက်ပင့်ဆောင်ကာ ရန်ကုန်လေဆိပ်မီးပွိုင့် လမ်းခွဲဖြစ်သောကျောက်ရေတွင်းလမ်းမှတဆင့် ရေဝေးသုဿာန်သို့ ပင့် ဆောင်ခဲ့ကြသည်။ ယခင် နှစ်များတွင် လမ်းပိတ်ဆို့မှု အများဆုံးဖြစ်သော မြောက်ဥက္ကလာလမ်းမကြီးသည် ကွန်ကရစ်လမ်းခင်း လက်စဖြစ်နေသောကြောင့် စတိတ်ရှိုးခုံများ၊ ရေကစားမဏ္ဍပ်များ နည်းပါးနေသောကြောင့် သွားလာရာတွင် အဆင်ပြေခဲ့သည်။ သို့ရာတွင် သရက်တောကျောင်းတိုက်သို့ သွားရာတွင် မဖြစ်မနေဖြတ်သန်းသွားရမည်ဖြစ်သော ပြည်လမ်း၊ တံတားဖြူကန်ဘောင် တလျှောက်တွင် စတိတ်ရှိုးများ၊ ရေကစားမဏ္ဍပ်ကြီးများ ရှိနေသောကြောင့် အနည်းငယ်ကျန့်ကြာခဲ့ရသည်မှလွဲ၍ အဆင်ပြေ ခဲ့ရသည်။
မြန်မာပြည်တွင်း ပြည်သူပြည်သား လူကြီးလူငယ်မရွေးတို့သည် ယခုလိုအခါကြီးရက်ကြီး၊ ပွဲကြီးလမ်းကြီးများ ရှိသော နေ့ရက်များတွင် မည်မျှပင်ပျော်ရွှင်မြူးတူးကြပါစေ ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လူသားချင်း စာနာစိတ်ဖြင့်လူမှုရေးလုပ်ဆောင်ပေးဆပ်မှုများအပေါ် နားလည်ပေးမှုများစွာဖြင့် ပြန်လည်၍ဖေးမမှု၊ ကူညီမှုများ ပြုလုပ်ပေးကြ ပါလျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိုရ်တရားထွန်းကားရာ ပျော်ရွှင်ဖွယ် တိုင်းနိုင်ငံကြီးတစ်ခုဖြစ်လာပါတော့မည်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...