Friday, April 20, 2012

တရုတ် ကြေးနီ ကုမ္မဏီကို ရွာလုံးကျွတ် ဆန္ဒပြ



မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်းလည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့  လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း ရွာသူရွာသားတွေ က ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀) လောက်က ကုမ္မဏီ ရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် နဲ့ ကြေးနီထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...