Thursday, April 12, 2012

ကိုးယို ကားယားနိုင်တဲ့ ပန်းပိတောက် (၁၃၉)



ပင်မြင့်ထက်က ပန်းပိတောက်
အတာ တခေါက် ရောက်လေတိုင်း
လှချင်တိုင်း လှနေပါရဲ့...
အို... အံသြစရာကောင်းလွန်းတဲ့
ရနံ့တွေကလည်း သင်းပြန့်လွန်းလှတယ်..
လေတိုက်တိုင်းလည်း ယိမ်းနွဲ့နွဲ့ ဟန်ချီလို့
ရေသဘင် ဒီသင်္ကြန်မှာပင်
ကာရံတွေ စို ကာလာ အရောင်ထင်လို့
သူနေဟန် အကိုင်းခတ်က ထင်ရှားလှလေ...။

ကိုးယိုကားယား လှချင်တိုင်း လှနေပါရဲ့
ယိမ်းချင်တိုင်း ယိမ်းနေပါရဲ့
ခြေတိုင်တွေလည်း ရွက်ကြွေတွေနဲ့
လစ်ဟာနေပါရဲ့ အပေါ်ယံ အဖူးပွင့်တွေကလည်း
စိုရေကြည် ဖြန်းပတ်လို့ သူနေဟန် အလှတင့်လို့
အို... ကြည့်နေသူ ပန်းအောက်ဆီက
မျက်တောင်ပင် ခက်ရမှာ မေ့ပျောက်ရလေ....။

အမြင့်ပင်ယံထက်မှာ တင့်တယ်လှ ပိတောက်ဝါ
နွေ အတာ သင်္ကြန်ဆီကြိုလို့ သူရောက်လာတော့
အစဉ်လာ မပျောက်အောင်လို့ အစွမ်းကုန် ထွန်းပြကြလို့
စိုနေဟန် ကိုးယိုကားယား လေယူရာ တိမ်းရှောင်တက်တဲ့
သူတို့ အလှကုန်ကို ငေးကြည့်ရ ဒီရင်အစုံမှာတော့
အလိုလေ... တွေးကြောက်လို့ ဖုံးဖိခဲ့ပေါ့...။


ပြေးချင်တိုင်း ပြေးနေတဲ့ အတာသင်္ကြန် အလှကားရယ်..
ခုန်ချင်တိုင်း ခုန်နေကြတဲ့ ပင်ယံထက်က ပန်းပိတောက်ရယ်...
ကြည့်ချင်တိုင်း ကြည့်နေကြတဲ့ အပင်အောက်က ပရိသတ်ရယ်...
လောင်းချင်တိုင်း လောင်းနေကြတဲ့ သူတို့ရယ်...
အပြင်းစား တိုက်ခိုက်နေတဲ့ မီးသတ်ပိုက်ကြီးရယ်..
အစိုခံ အတိုက်ခိုက် သူမတွေရယ်...
လန်ချင်တိုင်း သွားရတဲ့ အနုစား ပန်းပိတောက်တွေရယ်...
ကာကွယ်ရေ မကောင်းခံတဲ့ အပေါ်ယံ ပိတ်စတွေရယ်...
ခံစစ်ဖြစ်နေတဲ့ သူတို့ ခံတပ်ကြီးတွေက စိုစွက်နေတော့ အထင်သားကြီးနဲ့
အခုတော့လည်း အရောင်းဈေးတန်းကြီး တစ်ခုလိုပဲလေ....။

မရှိတော့ဘူး မရှိတော့ဘူး သွားပြီ...
ပန်းပိတောက်တွေ အရောင်းဈေးတန်းပေါ်မှာ
ဝယ်သူများလွန်းလို့ အချို့ကလည်း
အလန်းဇယားတွေလား ဆန်းစစ်ကြလို့
ရေချိန်ထိုးခဲ့ရ အဲဒါတွေက
ရေတွေစိုလို့ အလေးချိန် အသိသာကြီးနဲ့
အလေးပို ဈေးချိုလို့ စင်တင်တဲ့ည သူတို့ နွမ်းခဲရပေါ့...။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...