Friday, April 13, 2012

မန္တလေး သင်္ကြန် ဆိုင်ကယ်ပျောက်ဆုံးမှု များပြား


မန္တလေး သင်္ကြန် ဆိုင်ကယ်ပျောက်ဆုံးမှု များပြား ။
ကိုဝိုင်ဝိုင်ကေ

၁၂-၄-၁၂ နေ့ သင်္ကြန် အကြို စသည့်နေ့တွင် လည်ပတ်ကြသော ဆိုင်ကယ်သမားများသည် ရေပတ်မဏ္ဍပ်များတွင် မြူးတူးပျော်ပါးရန်အတွက် လမ်း၏ဘေးပတ်ဝန်းကျင်များတွင် ရပ်နားကြရသည်။
ထိုအနီးတွင် ပွဲတော်လုံခြုံရေး အဖြစ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ ရှိသည့် ။

 
ဆိုင်ကယ်ပျောက်ဆုံးသည် ဧရိယာ ရှိ ထက်မြက် မဏ္ဍပ် ။


သင်္ကြန်အကြိုနေ့ ညနေ(၆)နာရီဝန်းကျင် ခန့်က ၂၂(စီ)လမ်းနှင့် လမ်း (၈၀) ရှိ ထက်မြက်မဏ္ဍပ် ဧရိယာအနီးတွင် လိုင်စင်ပါ ဆိုင်ကယ်   ( ၃ ) စီးပျောက် ဆုံးခဲ့သည်။

ထိုသို့ ပျောက်ဆုံးခြင်းကြောင့် ဆိုင်ကယ်ပိုင်ရှင်များမှ ကူညီပါရစေ ဟုကြွေးကြော်ထားသော အနီးရှိ လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ဝင်များကို အကူအညီတောင်းခံခဲ့ကြသည်။

ဆိုင်ကယ် ပျောက်ဆုံးသူများ


သို့သော် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဤအချိန် ကာလတွင် မိမိတို့လည်း မည်သို့မျှ မတတ်နိုင်ကြောင်း ပြန်ပြောသဖြင့် ပျောက်ဆုံးသူများနှင့် စကား အခြေအတင် အငြင်းပွားခဲ့ရကြောင်း ပျောက်ဆုံးသွားသူ တစ်ဦးမှ ပြောကြားသည်။


တာဝန် မယူနိုင်ကြောင်း ပြောကြားသဖြင့် အခြေအတင် ငြင်းခုန် နေသည် .။


မန္တလေးတွင် သင်္ကြန်ကျရောက်သည့် အချိန်တိုင်း နှစ်စဉ် ကျူံးပတ်လည် သည် အဓိက လည်ပတ်ကြသောနေရာဖြစ်သည်။ ဆိုင်ကာ် မြို့တော် ဖြစ်သည့် အားလျော်စွာ လူငယ်အများစု သည် ဆိုင်ကယ်များဖြင့် လည်ပတ်ကြသည် ဖြစ်သည်။ ထို့ အတူ တရုတ်မှ တရားမဝင် သယ်ဆောင်နေသော လိုင်စင်မဲ့ ဆိုင်ကယ်များတင်သွင်းမှုကြောင့် ဆိုင်ကယ် ခိုးယူသူများ အတွက် ခိုးယူပြီးနောက် နယ်များ/ရွာများတွင် လိုင်စင်မဲ့ဘီးများအဖြစ် ရောင်းချကြသည်။

မသိရိုးသားသော နယ်ခံများမှ လိုင်စင်မဲ့ အဖြစ် ဝယ်ယူပြီး စီးနင်းကြသည့်အတွက် အမှုအခင်းကြုံရသောအခါ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များသည် မူဆယ်-မန္တလေး လမ်းကြောင်း တစ်လျောက် တရားဝင်သဖွယ် လွပ်လတ်စွာ သယ်ယူခွင့် ရနေသကဲ့သို့ လမ်းတွင် စစ်ဆေးရန်တားသည့် နေရာတိုင်း တစ်စီး(၅၀၀)မှ(၁၀၀၀)ကျပ် ခန့်ပေးလိုက်လျှင် ဖြတ်သန်းခွင့်ရနေပြီး တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ(၁၀၀)ခန့် ဝင်ရောက်နေပြီး တစ်စီးလျှင် မတပ်ဆင်ရသေးသော ဆိုင်ကယ် နှစ်စီးစာ တင်ဆောင်ကြသည်အတွက် တစ်စီးဖြတ်သွားတိုင်း ၃စီး ဝင်သည့် သဘောပင် ဖြစ်ကြောင်း ဂုတ်တွင်းအနီး နောင်ပိန်လမ်းခွဲ မှ ခေါက်ဆွဲဆိုင်ရှင် တစ်ဦးမှ ပြောကြားသည်။


သတင်း / ဓါတ်ပုံ -

ကိုဝိုင်ဝိုင်ကေ နှင့် အဖွဲ့

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...