Wednesday, April 11, 2012

အထူးသတင်းပေးချက် Tsunami warning (၁၂၆)


အထူး အရေးပေါ် သတင်း ... ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း - ၁၁-၄-၂၀၁၂ ရက် ညနေ
*****သတိ****

အင်ဒိုနီးရှားမှာ ဒီနေ့ (ဧပြီလ ၁၁ ရက်နေ့) နေ့လည် ၂ နာရီခွဲအချိန်က ၈.၉ ရစ်ခ်ျတာစကေးအင်အားရှိတဲ့ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားပြီး စူနာမီအရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်.. စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း စူနာမီသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်.. မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တွေကိုလည်း စူနာမီလှိုင်း ရောက်ရှိနိုင်လို့ မြန်မာကမ်းရိုးတမ်းနေပြည်သူတို့ သတိရှိနေဖို့ လိုပါတယ်.. အားလုံးသိရအောင် ရှယ်ပေးကြပါအုံးနော်..




ထိုင်းနိုင်ငံမှ ဆိုနာမိ ကိုရှောင်ပြေးနေသော ကမ်းရိုး တမ်းနေ ပြည်သူများ

 

ထိုင်းနိုင်ငံ Krabi ဒေသတွင် နိုင်ငံခြားခရီးသည်များအား လုံခြုံစိတ်ချရာ နေရာအမြင့်သို့ ပို့ဆောင် စုစည်းစေပြီး ဆူနာမီရေလှိုင်းအန္တရာယ်အား ကြိုတင်ရှောင်ရှားမှု ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် Tsunami alert ထုတ်ပြန်လိုက်ပါပြီ...
မြန်မာနိုင်ငံအတွက် စူနာမီလှိုင်းခန့်မှန်းရောက်ရှိချိန်များမျာ...

CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
PYINKAYAING 15.9N 94.3E 1150Z 11 APR
SITTWE 20.0N 92.9E 1226Z 11 APR
MERGUI 12.8N 98.4E 1316Z 11 APR
YANGON 16.5N 96.4E 1507Z 11 APR

မြန်မာ နိုင်ငံ အတွက် စုနမိ ရောက်ရှိ မည့် နေရာများ နှင့် အချိန် များ မှာ

စစ်တွေ ၊ ကျောက်ဖြူ ၊ မြိတ်၊ ပြင်ခရိုင် ၊ ရန်ကုန် တို့  ဖြစ်သည်။
ယနေ့  ည ဖြစ်သည်


မန်မာနိုင်ငံအတွက် Tsunami alert ထုတ်ပြန်လိုက်ပါပြီ။

မြန်မာနိုင်ငံအတွက် စူနာမီလှိုင်းခန့်မှန်းရောက်ရှိ ချိန်များမှာ

CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
PYINKAYAING 15.9N 94.3E 1150Z 11 APR
SITTWE 20.0N 92.9E 1226Z 11 APR
MERGUI 12.8N 98.4E 1316Z 11 APR
YANGON 16.5N 96.4E 1507Z 11 APR

မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ
Sumatra ကျွန်း ပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ
ငလျင်လှုပ်ခတ်သွားပါသသည်။

ငလျင်ဗဟိုချက်က စူမတ်တြာကျွန်းမြောက်ဘက်
၈.၉ ရစ်ချတ်စကေး ဆူနာမိလှိုင်းဖြစ်မယ်လို့ သတိပေးထားတယ်။

နီးစပ်ရာ ဆက်လက်သတိပေးကြပါ။
Post By Ko Kyi Win
----------------------------------------

ထားဝယ်မြို့ တော်
Messenger News Journal

ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး

လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊
မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။
အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။
အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊
အနောက်တောင်ဘက.် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။
အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။

မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။
ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။

၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ
ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။

ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။
ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။
ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။
ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။
နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။

ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။
၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။
အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။
----------------------------------------------------------------

Bo Thu
CNN Breaking News မှာ အင်ဒိုနီရှားနိုင်ငံသားတွေ တိုက်တွေထဲက အားလုံးထွက်ပြေးနေတာတွေ.. ကြိုတင်ပြင်ဆင်တာတွေလွှင့်နေပါတယ်။
CNN ကတော့ ၂၈ နိုင်ငံလောက်ထိလိမ့်မယ်လို့ ပြောဆိုနေပါတယ်..
မြန်မာပြည်က ပင်လယ်ကမ်းစပ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသက လူထုတွေ ဘေးကင်းကောင်းအမြန်ဆုံးကယ်တင်ကြပါ...
သေတော့မှ ငိုမနေကြပါနဲ့... လုပ်နိုင်သလောက်လုပ်ကြပါ...




အင်ဒိုနီးရှားနိုင်ငံ ငလျင် မှတ်တမ်းတင်ဓာတ်ပုံ များ

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...