Tuesday, April 10, 2012

ငြိမ်းချမ်းရေး အတာသင်္ကြန် (၁၃၅)


နွေဂိမှန် နှစ်သစ်ကူး အတာတံခူး သင်္ကြန်အခါ
ပြည်မြန်မာ ပိတောက်ဖူး ရနံ့ထူးတဲ့ နှစ်သစ်ချိန်ခါ တိုးတက်စေမှာ တကယ်ပါ..
အောင် မပါ မထူး ဆန်း တဲ့ ပြည်မြန်မာ ... ထောင် ပမာ မည်းမှောင်လှတာ..
လူဘောင်က တို့မြန်မာ အသိပါ... ပြည်ထောင်စုတဲ့ တို့ပြည်မြန်မာ ငြိမ်းချမ်းရေးတောင်းလို့..
မတူကွဲပြားမှု မရှိတဲ့ ဗျူဟာနည်းအသစ်နဲ့... တို့ပြည်သစ် ထူထောင်လာ....
အစဉ်လာကောင်းတဲ့ တို့မြန်မာပြည်မှာ အမေစုတဲ့ ပြည်ချစ်ခေါင်းဆောင်ပါ...။

ရွက်ဟောင်းကြွေကျ ရွက်သစ်ဝေကြတဲ့
နှစ်သစ်မင်္ဂလာ သင်္ကြန်ရေစဉ်
အတာသဘင်မှာ အဆိုးတွေပယ်ချ
အကောင်းတွေ ဆုံကြလို့
ခဝါချဖို့ လမ်းသစ်တီထွင်ခဲ့သူ....။

အစဉ်လာကောင်းတဲ့ အမျိုးတွေမို့
ဘိုးဘွားစဉ်ဆက် ရဲစွမ်းထက်တဲ့
သူ့အသွင် သမိုင်းထက်မှာ
စာပန်းချီတင်လို့ ပြည်မြန်မာအရေးကို
အလေးပေးလို့ ငြိမ်းချမ်းရေးပေးခဲ့သူ....။


အဘိုးအမည် ဗိုလ်မင်းရောင်
အဘအမည် ဗိုလ်အောင်ဆန်းတဲ့
ထူးကဲတဲ့ သူအမည်နဲ့ ရဲစွမ်းသတ္တိတို့က
လွတ်လပ်ရေးကို အသွင်ဆောင်ခဲ့ပြီ
မကြာမှီ ...
သူတို့သွေးသား အမိမြေဖွား
အာဇာနည်ဆန်းက ငြိမ်းချမ်းရေးနဲ့
လူ့အခွင့်ရေး ကမ္ဘာကို ထွန်းလင်းစေမည့် သူ...။



တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...