Wednesday, May 9, 2012

ဒေါ်အောင်ဆန်းစုကြည် ဒုတိယ သမ္မတ အရည်အချင်းနှင့် ပြည့်စုံလာနိုင်စေမဲ့ နည်းလမ်းတစ်ခု



ဒေါ်အောင်ဆန်းစုကြည် ဒုတိယ သမ္မတ အရည်အချင်းနှင့် ပြည့်စုံလာနိုင်စေမဲ့ နည်းလမ်းတစ်ခု

by ခွန် ဒီးယမ်



နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များ ၏ အရည်အချင်းများကို လေ့လာကြည့်ရအောင်... ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ထဲက အပိုဒ် ၅၉။ထဲမှာ ဖော်ပြထားပါတယ်....

၅၉။ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်-

(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာရှိသူ ဖြစ်ရမည်၊

(ခ မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော

တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊

(ဂ ) ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ

ရှိရမည်၊

(င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ်၂၀

နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊

ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေးတွက်ရမည်၊

(စ ) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး

သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ

သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံခြား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏

လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း

ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊

ဆိုပြီးပါရှိပါတယ်... အဲဒီ အထဲမှာ ဒေါ်စုနဲ့ ဘယ်အချက် ငြိနိုင်ပါသလဲ... (က)၊(ခ)၊(ဂ) တို့ ညီညွှတ်တယ်ထားပါ...

(ဃ)မှာရော ကြည့်ရအောင်ပါ (ဃ)မှာ ပြောထားတာက ( နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိရမည်၊) လို့ ပြောထားတာပါ ။ ဒါကို တခြားသူတွေက စစ်တပ်က လူတွေပဲ အုပ်ချုပ်ရအောင်လို့ ဒီလို သတ်မှတ်ထားတယ်လို့ တဖက်သတ် ပြောကြပါတယ်... ဒါက မဟုတ်ပါဘူး... ဘာလို့လဲ ဆိုရင် စစ်ရေး အမြင်ရှိရမယ် ဆိုတာနဲ့ စစ်တပ်ကလူပဲ အုပ်ချုပ်ရမယ်လို့ မဟုတ်ပါဘူး၊ အဲလိုကျတော့ ယူဆကြပြီး စီးပွားရေး အမြင်ရှိရမယ် ဆိုတဲ့ ဟာကျတော့ စီးပွားရေးသမားလဲ ဖြစ်ရမယ်လို့ မယူဆကြဘူး... အမြင်ပဲ ရှိရမှာပါ... စစ်မှုထမ်းဖူးတဲ့သူ၊ စီးပွားရေး သမား (စီးပွားရေးလုပ်ဖူးတဲ့သူ) သူများရယ်လို့ မဟုတ်ပါဘူး... နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး အမြင်ရှိသူ မည်သူမဆို ဒီအချက်လေးနဲ့ ညီညွှတ်ပါတယ်... ပြောရမယ်ဆိုရင် ဒေါ်စု အနေနဲ့ ခက်ခဲတဲ့ အတားအဆီမဟုတ်ပါဘူး သူ့မှာ အမြင်ရှိရင် ရပါတယ်....

(င) မှာလည်း ဒေါ်စုနဲ့ ညီညွှတ်ပါတယ်...

(စ) မှာတော့ မညီညွှတ်တော့ပါဘူး...



ဒီအချက်မှာ ဒေါ်စု အဓိကနဲ့ အကြီးမားဆုံး ငြိမယ့် အချက်ပါပဲ...



အချက် ( စ ) နဲ့ပက်သက်ပြီး ထွက်ပေါက်တစ်ခု ရှိပါတယ် ။ ဒေါ်စုဟာ လက်ရှိမှာ အိမ်ထောင်သည်တစ်ယောက် မဟုတ်တော့ပါဘူး ။ မုဆိုးမတစ်ယောက်သာဖြစ်တယ် ။ ဒေါ်စုရဲ့ အမျိုးသား မိုက်ကယ် အဲရစ်ဟာ သေဆုံးသွားတာပင် ၁၃နှစ်လောက်ရှိပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီအချက်ဟာ အကျုံးမဝင်တော့ပါဘူး ။ ဆိုတော့ သားနှစ်ရောက်အရေးက ကျန်တယ် ။ ဒီအတွက်လဲ ထွက်ပေါက်ရှိပါတယ် ။ တစ်ခါတုန်းက မြန်မာထိပ်တန်း ဘိုချုပ်ကြီးတစ်ယောက်ရဲ့ သား စင်္ကာပူမတစ်ယောက်နဲ့ ယူသွားတုန်းက ဖြေရှင်းနည်းမျိုးကို အတုယူပြီး သား၂ယောက်လုံးကို အမွေစားအမွေခံ သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကျေညာလိုက်ရင် ဒီအချက်( စ ) ကိုလဲ ကျော်လွှားသွားနိုင်ပါလိမ့်မယ် ။ မကျေညာလဲ ဒီသား၂ယောက်လုံးက ဒီအမေဆီက ဘာမှ ရယူဖို့ မျှော်လင့်မထားကြတာ သေချာပြီးသားပဲ ။ တော်တော်ကြီးစဉ်းစား အဖြေထုတ်ထားရတဲ့ နည်းထူးတစ်ခု မဟုတ်ဘူးဆိုတာ သဘောသဘောပေါက်ပါတယ် ။ အရမ်းရိုးစင်းလွန်းပါတယ် ။ ပြီးတော့ မြန်မာပြည်အတွက် အများကြီးပေးဆပ်ထားပြီးသား ဒေါ်အောင်ဆန်းစုကြည်ကို ဒီထပ်ပိုပြီး ဘာမှ မနစ်နာစေချင်တော့ပေမဲ့ နည်းလမ်းတစ်ခု အကြံပေး ကြည့်ခြင်းသာဖြစ်ပါတယ် ။


LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

1 comment:

  1. ဆရာရယ် ရာထူးရဖို့ သားတွေကို အမွေဖြတ်ခိုင်းတာတော့ မကောင်းဘူးထင်ပါတယ်။ သားတွေကို နိုင်ငံသားပြန်ပြောင်းခိုင်းတာကမှ တော်ပါဦးမယ်ဗျာ။ ကျွန်တော်တော့ အဲ့လိုပဲ ဖြည့်စဉ်းစားမိပါတယ်။ ဒါဟာလည်း ခက်ခဲတဲ့ အရာမဟုတ်ပါဘူး။ သား၂ယောက်လုံးကို မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထုတ်ပေးနိုင်ရင် ကိစ္စက ပြီးပါပြီ။

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...