Friday, August 31, 2012

ဝါခေါင်လပြည့် မေတ္တာနေ့ (ပထမပိုင်း)




ပန်းရနံ့ ခတ္တာတို့ ချပ်ဝတ်လွှာ အစုံစုံ လှပသော လဝါခေါင် မေတ္တာနေ့ကို မကြာခင် ရောက် လာတော့မည့်မို့ အစဉ်လာကောင်းတဲ့ မြတ်ဗုဒ္ဓရဲ့ ရင်ခွင်မှာ မွေးဖွာကြသော သူတော်စင်တွေ အတွက် (Discourse on Loving-kindness) မေတ္တာသုတ်လာ တရားအကြောင်းလေးကို ရေး စပ်မိပါတယ်။

ယနေ့ သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ (The full moon day of Wagaung) ဝါခေါင်လပြည့်နေ့ဟာ ခတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းပါလို့ ဝါခေါင်မိုးစက်တွေကို သယ်ဆောင်ပြီးကာ စိုပြေလန်းဆန်းစွာ ရောက်ရှိလာသည့် အချိန်အခါ ပင် ဖြစ်သည်။

Loving-kindness or compassionate love purifies the mind and the mind becomes a very energetic force to radiate for the well-being of others. Loving-kindness is the basic of morality, concentration and wisdom as to the way of meditation.

When practiced together with wisdom and insight, loving-kindness or metta will indeed become a powerful healing force which will transform us into a more compassionate and caring community, as well as transmuting all negative energies and entities into light, love and harmony. ဟု အင်္ဂလိပ် လို အဓိပ္ပာယ် အနည်းငယ် ဖွင့်ဆိုလိုက်ပါတယ်။

ထို့အပြင် *ဝါဆိုပန်း မင်းလွင်ပုန်းညက်နွမ်းရက် အလွန်ကြွေ ပြီ မို့ သိဟ်ရာသီ ဝါခေါင်မိုး နဲ့ လှမ်းလာခဲ့တော့ ခတ္တာ ရေ* လို့ ဆိုကြတာလည်း ကြားဖူး ကြမည်သာ ဖြစ်သည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ခေါ်ရတာက ပါဠိ အဋ္ဌကထာဋီကာ (According to Pali Canon, Commentaries, Sub-Commentaries) အသွားအလာ အဆိုအမိန့်တို့ကိုကြည့်ရှု ရှေ့နောက်ထောက်ထား၍ (Loving-kindness Sutra or Discourse) ဆိုတဲ့ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက် ယူဆပြီး မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ် မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိ မြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်း စံပျော်တော်မူသော ကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော် (၅၀၀) တို့ ဘုရားထံမှာ (Meditation method or how to practice meditation) ဆိုသော ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေ ကြပါတယ်။ သံဃာတော်တို့၏ (Observing Sila or Moralities) သီလအရှိန်ကို တောအုပ်ထဲ တွင် ရှိနေကြသော နတ်များက လွန်စွာလေးစား ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြလို့ ရှောင်နေကြပါတယ်။

ဥပမာ ပြောပြရရင် မိမိအိမ်ကို လေးစားထိုက်သော သူတို့လာလျှင် နေရာဖယ်ပေးရသလို လူသားတို့၏ (Method of Association) တစ်ခု လည်း ဖြစ်ပါတယ်။ သို့သော် အနေကြာ လာသောအခါ အိမ်ရှင်တို့မှာ နေထိုင်ရတာ ကြပ်တည်းသလို ဖြစ်ကြရပါတယ်။

ပြီးတော့ အဲဒီတောထဲမှာ တရားအားထုတ်နေတဲ့ သံဃာတွေကို ကြည်ညိုလေးစား သည့် တောစောင့်နတ်များ၊ တောင်စောင့်နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများတွေ အနေကြပ်ကြတဲ့ အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြသည့် သံဃာတော်များကို ခြိမ်းခြောက် ကြ၊ ချောက်လှန့်ကြပါတယ်။ အဲဒါကြောင့် ပုထုဇဉ်နယ်တွင်းမှာသာ ရှိနေသေးတဲ့ သံဃာတော် များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလ မှာပဲ မြတ်စွာဘုရားရှင် သီတင်းသုံးတော် မှုသော ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရတယ်။ မြတ်စွာဘုရားက တရားအားထုတ်ကြ သည့် ရဟန်းတွေကို မေးစစ် ကြည့်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက် တင်ကြပါတယ်။

အဲဒီအချိန်မှာ မြတ်ဘုရားက ချစ်သား ရဟန်းတို့ သင်ချစ်သားတို့သည် အဲဒီတောထဲက နတ်တွေ ကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့် တာဖြစ်ပါတယ်။ ချစ်သားရဟန်းတို့ သူတို့နေရာမှာ သူတို့ ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောထဲကိုပဲပြန်သွားကြ၊ တော အုပ်ထဲသို့မ၀င်ခင် အဲဒီထဲမှာရှိတဲ့ နတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်း ကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူ ပါတယ်။ မေတ္တာ သုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့ ထိုတောအုပ်ထဲကို ပြန်သွားကြရပါတယ်။ တော မ၀င်ခင် မေတ္တာပွားကြတဲ့ အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို ၍ နေရာပေး ကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ အဲဒီတောထဲမှာပဲ ၀ါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ ရဟန်းတော် အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ခဲ့ကြပါတယ်။

ရဟန္တာတွေဖြစ်ပြီးနောက်ပိုင်း မကြာခင်တွင် ရဟန်းတော်အားလုံး ဘုရားဖူးဖို့၊ ပြန်လည် အစီရင် ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ် များချောက်သဖြင့် ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ၀ါဆိုနေ့ပါပဲ။ (Metta or Loving-kindness Discourse) မေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ နာကြားပြီး ထိုတော သို့ပြန်၍ ၀ါကပ်ခဲ့ရတာ ဖြစ်ပါတယ်။့ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာ သုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ (Loving-kindness) မေတ္တာဆိုတာကို (According to Abhidhamma) အဘိဓမ္မာမှာ (Respective Dhamma) တရားကိုယ်အားဖြင့် (Non-Hatred) အဒေါသ စေတသိက်လို့ ဆိုပါတယ်။ (Non-Anger) အမျက်မထွက်ခြင်း၊ (Non-Hatred) စိတ်မဆိုးခြင်း၊ (Non-violence) မဖျက်ဆီးခြင်း၊ (Non-Revulsion) မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည် (Meaning) အဓိပ္ပာယ်များ ရပါတယ်။

ဒါကြောင့်လည်း (Association or Environment) မှာပဲ ကြည့်ကြည့် မိမိ သူတစ်ပါး အသိုင်းဝိုင်းထဲမှာ (Hatred) ဒေါသတရားက ရန်ညှိုးရန်သူဖွဲ့တဲ့ (Unwholesome Dhamma) မကောင်းတရားဖြစ်လို့ (Non-Hatred) အဒေါသတရားက မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ (Wholesome Dhamma) အကောင်းတရား ကုသိုလ်တရားတွေ ဖြစ်သည်။ အဲဒီတော့ (Hatred) ဒေါသသည် (Element of Fire) အပူဓာတ်ဖြစ်လို့ (Association or group) အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ (Non-Hatred) အဒေါသကတော့ (Element of peace) အအေးဓာတ်ဖြစ်တဲ့အတွက် (Association or group) အဖွဲ့အစည်းကို (Root of Encourage) အားပေးခိုင်မြဲစေပါတယ်။

ထိုသဘောတရားများသည် မှန်ကန်ပါတယ်။ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းတမ်းတဲ့ သဘောတွေ လွှမ်းမိုးနေတာကြောင့် (Approaching and Association Method) ချဉ်းကပ်ပေါင်းသင်းဖို့ နည်းလမ်းက အလွန်ခက်ပါတယ်။ အဲဒီလို ဒေါသအားကြီးသော သတ္တဝါများသည် သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။

ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် လူသားတိုင်း ရှိသင့်တဲ့ (Loving-kindness meditation or Observing Loving-kindness) မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊ မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ (Loving-kindness meditation) မေတ္တာဘာဝနာဖြင့် (Hatred) ဒေါသကို (Reduce) လျော့၍ လျော့၍၊ (burn down) နှိမ်၍ နှိမ်၍၊ (Remove) ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် (Respective qualification) ဂုဏ်အရည်အချင်းများ (Development) တိုးတက်လာမည် ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ (Benefit) အကျိုးစီးပွားရှိသည့် အလုပ်၌ (Skillful)ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထ န ဇာနာတိ စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် (Good Result) ကောင်းကျိုး၊ (Bad Result) ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူ ပါသည်။

အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင် ပါသည်။

ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများသည် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။ (One who can be a skillful in goodness)

၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။ (One who can keep on work as skillful power)

၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။ (upright, Straightforward)

၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။ (gentle in speech)

၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။ (Humble and not conceited)

၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။ (Contented and easily satisfied)

၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။ (Unburdened with duties and frugal in their ways)

၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။ (Unburdened with duties and softness of mind and matter)

၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက် ဖြစ်လာလိမ့်မည်။ (Peaceful and calm and wise and skillful)


၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍မောင်းနှင် မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် (Fire of Craving) ရာဂဖြင့် ညိကပ်ခြင်း၊ (Fire of Hatred) ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည် ဖြစ်သည်။ ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း ဟောတော်မူပါသည်။

(ပထမပိုင်း)
တက္ကသိုလ်မြတ်မင်း

1 comment:

  1. ဆရာရေ...၀ါခေါင်လပြည့် မေတ္တာတော်နေ့အကြောင်း ပို့စ်ကောင်းလေးကို ဖတ်သွားပါတယ်နော်....ဒုတိယပိုင်းလေးလဲ အားပေးဖို့ စောင့်နေပါ့မယ်..
    လေးစားလျက်..မိုးနတ်

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...